Myanmar International News
သက်ကယ်ဘောလုံး- Life armour
Saturday, May 18, 2013
Saturday, May 18, 2013
သဘာဝဘေးအန္တရာယ် အမြဲကြုံတွေ့ရတဲ့ ဒေသတွေမှာ ဆောင်းထား
သင့်တဲ့ သက်ကယ်ဘောလုံးလို့ ဆိုပါတယ်။
လူလေးယောက် ဆံ့ပြီး ဖိအား ၉.၃ တန်လောက်တော့ အသာလေး ခံနိုင်ပါတယ်။ ၈၂ ပေအမြင့်က ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။
ယင်းအတွက်အထဲမှာ လေးယောက်စာအတွက် အလုံခြုံဆုံးအသက်ရှင်နိုင် ဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ရေထဲမှာလည်း ပေါ်နေမှာ ဖြစ်ပါ တယ်။ ကုန်းမှာရော၊ ရေမှာရော အသုံးပြုလို့ရမယ့် ယင်းသက်ငယ်ဘောလုံး
ကို ဂျပန် ကုမ္မဏီတစ်ခုက တီထွင်ထားခြင်း ဖြစ်ပါတယ်။
Life armour လို့အမည်ပေးထားပါတယ်။ သဘာဝ ဘေးအန္တရာယ်
အမြဲတမ်း ကြုံတွေ့နေရတဲ့ နိုင်ငံများအတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်
ထားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကိုယ်တိုင်ကလည်း သဘာဝ ဘေးအန္တရာယ်
ကြီးများ အမြဲခံနေရတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် သူတို့ရဲ့  တီထွင်မှုက အားလုံး
အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ယင်း Life armour ကဈေးကြီးပါတယ်။ အသုံးဝင် အကြမ်းခံ သလောက် ဈေးနှုန်း ကလည်း အမေရိကန်ဒေါ်လာ ၅၀၀၀ (၅ထောင်) သတ်မှတ်ထားပါတယ်။
--
Ref: ohgizmo
ColayOnline
ColayOnline:Automobile

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။