Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 18, 2013

ဘဝနဲ့ ယောက်သွား

 

ဘဝနဲ့ ယောက်သွား
______________

ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့"ယောက်သွား"တွေ ကောင်းမကောင်း စစ်ဆေးရွေးချယ်ရတဲ့အလုပ်ကို ကျွန်မအရမ်းနှစ်သက်ခဲ့တယ်။ အပြင်ပန်းလှပြီး အထဲပုပ်တဲ့ယောက်သွား တစ်ကောင်တလေပါခဲ့ရင် လတ်ဆတ်တဲ့ယောက်သွားနဲ့ ချက်ထားတဲ့ဟင်းရည်တွေ တစ်အိုးလုံး သွန်လိုက်ရတတ်တယ်။ ဒါကြောင့် ယောက်သွားရွေးချိန် ကျွန်မဂရုတစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ပါလက်ပါရွေးခဲ့တယ်။


... ယောက်သွားရွေးပုံက လက်တစ်ဘက်တစ်ချက်စီမှာ ယောက်သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာဖြစ်တယ်။ ခေါက်တဲ့အသံကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင်၊ ကြောင်နေရင် ယောက်သွားခွံဘယ်လောက်ပဲ တင်းတင်းစေ့ထားပါစေ အထဲကပုပ်နေတတ်ပါတယ်။

ကလေးတွေက နားကောင်းကြတာမို့ ယောက်သွားအဆိုးအကောင်းကို အလွယ်တကူ ရွေးထုတ်နိုင်ကြတယ်။ ယောက်သွားရွေးနည်းကို အမေသင်ပေးပြီးတဲ့နောက် ကျွန်မဘယ်တော့မှ "အပုပ်"တွေ မှားမရွေးခဲ့မိဘူး။ လတ်ဆတ်တဲ့ ယောက်သွားဟင်းတွေစားရတိုင်း အိမ်သားတွေက ကျွန်မကို "ယောက်သွားရွေးပညာရှင်"လို့ ချီးကျူးကြတယ်။


ယောက်သွားတိုင်း ပုပ်နေတယ်!

တစ်နေ့မှာ ဈေးထဲကယောက်သွားတွေ အမေဝယ်လာပြန်တယ်။ ကျွန်မက ကျွမ်းကျွမ်းကျင်ကျင်ပဲ ဇလုံခွက်တစ်လုံးယူပြီး ရွေးချယ်တဲ့အလုပ်ကို စလုပ်တယ်။ ရွေးနေရင်းမှာ "ယောက်သွားတွေအားလုံး" ပုပ်နေတာကို သတိထားမိတယ်။

ကျွန်မရဲ့နားရွက်ကို ကျွန်မ မယုံရဲတော့ဘူး။ တစ်ကောင်ပြီးတစ်ကောင် ကျွန်မခေါက်ကြည့်တယ်။ တကယ်ပဲ တစ်ကောင်မှ အကောင်းမပါခဲ့ဘူး။ အဲဒီလိုခံစားချက်က ဘတ်စကားပေါ်မှာ ခါးပိုက်နှိုက်တစ်ယောက်မိတာနဲ့ တစ်ကားလုံးကို ခါးပိုက်နှိုက်ထင်သလိုပဲ ခံစားလို့မကောင်းခဲ့ဘူး။

"အပုပ်"လို့ ကျွန်မစီရင်ချက်ချထားတဲ့ ယောက်သွားဇလုံကိုယူပြီး အမေကို ကျွန်မသွားတိုင်ခဲ့တယ်။ အမေက တအံတသြနဲ့ "ဘယ်လိုဖြစ်တာပါလိမ့်? အဲဒီယောက်သွားရောင်းသူက အမေကို တစ်ခါမှ မလိမ်ရောင်းခဲ့ဖူးဘူး" လို့ဆိုတယ်။

အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့်တယ်။ လက်စသတ်တော့ ကျွန်မဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ ယောက်သွားကပုပ်နေလို့ ယောက်သွားတိုင်းကိုအပုပ်လို့ ကျွန်မထင်ခဲ့တာဖြစ်တယ်။

ဒီလို "လက်စသတ်တော့"ဆိုတဲ့ အတွေ့အကြုံက ကျွန်မရဲ့နုနယ်တဲ့ စိတ်နှလုံးအိမ်ထဲမှာ ထင်းထင်းထင်ကျန်ရစ်စေခဲ့တယ်။ ဒီလိုအတွေ့အကြုံက ဘဝရဲ့လက်လှည့်စားပွဲအတိုင်း တစ်ပတ်လည်ပြီး နဂိုနေရာကို ပြန်ရောက်ဖို့ စောင့်နေခဲ့တယ်။


မကောင်းသူနဲ့ပဲ ဆုံခဲ့ရတယ်!

ဘွဲ့ရကျောင်းပြီးတာနဲ့ ကျွန်မအလုပ်ဝင်ခဲ့တယ်။ ကျွန်မကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်တွေ ထားခဲ့သလို တိုက်တွန်းမှုတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် အချိန်အပိုင်းခြားတစ်ခုမှာ ကျွန်မပတ်ဝန်းကျင်က လူတွေကို ကျွန်မကြည့်မရ ဖြစ်ခဲ့တယ်။ "လူတိုင်း"မှာ ကျွန်မသည်းမခံနိုင်တဲ့ အားနည်းချက်၊ ဆိုးကျိုးတွေရှိနေတယ်လို့ ကျွန်မမြင်မိတယ်။ သူတို့ကို ကျွန်မပြောင်းလဲချင်ခဲ့တယ်။ ပြောင်းလဲလို့မရတဲ့အခါ သူတို့ကို ကျွန်မရှောင်ခဲ့မိတယ်။

ကျွန်မကိုယ်ကျွန်မ ကံမကောင်းသူ၊ ကံဆိုးသူလို့ ထင်ခဲ့မိတယ်။ ဘာကြောင့် "ဒီလို မကောင်းတဲ့လူ"တွေနဲ့မှ ကျွန်မ လာဆုံခဲ့ရသလဲ?

ဒီလိုကိုယ့်အပြစ်ကိုယ်ရှာလိုက်၊ ကျိန်ဆဲလိုက်နဲ့ ဝဲဂယက်ထဲမှာ ကျွန်မနစ်မြှုပ်နေတုန်း "ယောက်သွားရွေးနည်း"ကို ကျွန်မသွားသတိရမိတယ်။ ကျွန်မကိုယ်တိုင်က "ယောက်သွားပုပ်ကြီး" ဖြစ်နေခဲ့ပြီလား?

ကျွန်မက ကျွန်မရဲ့အဆင့်မြင့်စံထားတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို သွားတိုင်းတာခဲ့မိတယ်။ လူတိုင်းကို ကျွန်မ သဘောမတွေ့ခဲ့ဘူး။ တကယ်တော့ ကျွန်မကိုသဘောမတွေ့စေတာက ကျွန်မကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။ ကျွန်မက အကောင်းကြီးမဟုတ်သလို လူတွေကလည်း အညံ့ကြီးတွေ မဟုတ်ခဲ့ကြဘူး။

ကျွန်မစိတ်ကို သတိပြုဖို့ ကျွန်မမေ့နေခဲ့တယ်။ ကျွန်မရဲ့"နဂို"က ကျွန်မဟန်ဆောင်တာလောက် မကောင်းခဲ့သလို လူတွေကလည်း ကျွန်မထင်သလို မညံ့ခဲ့ကြဘူး။ ကျွန်မ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့မိတယ်။

ဒီအတွက် ကျွန်မမှာ ရွေးဖို့လမ်းနှစ်ခုရှိခဲ့တယ်။ တစ်ခုက လူတွေရဲ့အမြင်မှာ ညံ့တယ်လို့မထင်ရအောင် ကိုယ့်ကိုယ်ကိုပိုကောင်းအောင် ဟန်ဆောင်နေဖို့ ဒါမှမဟုတ် နောက်တစ်ခုက တစ်ဘက်သားကို လေးစားတန်ဖိုးထားတတ်ဖို့ သင်ယူတာပဲဖြစ်တယ်။ ကျွန်မတို့က တစ်ဘက်လူရဲ့ အကောင်းကိုမြင်တတ်မှ ကိုယ်ရဲ့ကောင်းတာကို ကိုယ်ပြန်သတိပြုမိတတ်၊ ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားတတ်မှာဖြစ်တယ်

ဒီလိုလုပ်နိုင်ဖို့ ကျွန်မ အချိန်အများကြီး ပေးခဲ့ရတယ်။ စစချင်းမှာ အမြင်မစောင်းဖို့ ကျွန်မကိုကျွန်မ "အတင်းအဓမ္မ" ကျင့်ခဲ့ရတယ်။ ကြည့်မရတဲ့အရာတွေကို အမြင်တည့်အောင် ကျွန်မ ကြည့်, ကြည့်, ကြည့်ပေးခဲ့တယ်။ လုပ်ရခက်ခဲလို့ လက်လျော့မယ်ကြံတိုင်း လတ်ဆတ်တဲ့ယောက်သွားတွေ သွန်မိအောင် လုပ်ခဲ့တဲ့ ယောက်သွားပုပ်တစ်ကောင်ကို ကျွန်မသွားမြင်ယောင်မိတယ်။

နှစ်တွေကုန်လာတာနဲ့အမျှ ဒီလိုနည်းက ကျွန်မရဲ့လူမှုဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်လာစေခဲ့သလို ကျွန်မရဲ့အသက်မွေးဝမ်းကျောင်း ဆရာမအလုပ်မှာလည်း မရှိမဖြစ် အသုံးဝင်ခဲ့တယ်။ စရိုက်စုံ၊ အရောင်စုံတဲ့ ကျောင်းသားတွေကြားမှာ ကြောင်တဲ့အသံ၊ ပွတဲ့အသံတွေထဲကနေ ကျစ်ပြီးသာယာတဲ့အသံတွေ နားထောင်တတ်ဖို့၊ ပြီးမှဘယ်လို သံစဉ်၊ ဘယ်လိုတူရိယာကိုသုံးဖို့ ကျွန်မကို သင်ယူနိုင်စေခဲ့တယ်။

ဒီလို အမေကိုကူရင်း ရလာခဲ့တဲ့ အိမ်တွင်းသင်ခန်းစာတစ်ခုက ကျွန်မဘဝမှာ ဒီလောက် အကျိုးသက်ရောက်စေခဲ့မယ်လို့ ကျွန်မထင်မထားခဲ့မိဘူး။ အခုလည်း ယောက်သွားခေါက်နည်းနဲ့ အများနှစ်သက်သူ၊ အများကို လေးစားနှစ်သက်တတ်သူဖြစ်ဖို့ ကျွန်မကြိုးစားသင်ယူနေခဲ့ပါတယ်။



မူရင်း-- http://mshwang.ccs.asia.edu.tw/www/essay/essay3-012.htm

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။