Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 18, 2013

ဘူတန်ဘုရင် စီးတဲ့ကား

 
News of Myanmar
ဘူတန်ဘုရင် စီးတဲ့ကား
။။။။။။။။။။။။။။။။။။။။။။။။။။။

မြောက်ဘက်မှာ တရုတ်ပြည်၊ အရှေ့၊ အနောက်နဲ့ တောင်ဘက်မှာ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အာရှတိုက်တောင်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဘူတန်နိုင်ငံမှာ လက်ရှိအုပ်စိုးနေသူကတော့ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဘုရင် Jigme Khesar Namgyel Wangchuck ပဲ ဖြစ်ပါတယ်။ သူဟာ အရင်ဘုရင်မင်းမြတ် Jigmer Singye Wangchuck ရဲ့ သားတော်ဖြစ်ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှာ ဘူတန်နိုင်ငံရဲ့ ဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့ပါတယ်။ ဖခင်ဘုရင်မင်းမြတ်နဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ပြီးနောက်မှာ ထိုင်းသတင်းစာတွေက ‘Prince Chaeming လို့ တင်စားညွှန်းဆိုခံခဲ့ရတဲ့ Khesar ဟာ ဘုရင်ဖြစ်ပြီးတဲ့နောက် တိုင်းပြည်ရေးရာကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အထူးသဖြင့် ဒီမိုကရေစီစံနှုန်းတွေ ကျင့်သုံးဖို့၊ ပညာရေး၊ စီးပွားရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက် လူငယ်တွေ အရည်အသွေးမြှင့်လုပ်ဆောင်ဖို့နဲ့ နိုင်ငံငယ်လေးဖြစ်တာကြောင့် တခြားနိုင်ငံတွေထက် ပိုမိုကြိုးစားအောင် တွန်းအားပေးဖို့ နိုင်ငံအနှံ့အပြားကို ခရီး လှည့်လည်ခဲ့ပါတယ်။ ဒါ့ပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ချစ်ကြည်ရေး တည်ဆောက်ခဲ့ပါတယ်။
ဘူတန်နိုင်ငံရဲ့ စတုတ္ထမြောက် Dragon King Jigme Singye Wangchuck နဲ့ တတိယမိဖုရား Tshering Yangdon တို့ရဲ့ အကြီးဆုံးသားတော်ဖြစ်တဲ့ ဘုရင် Khesar ကို ၁၉၈၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အထက်တန်းကျောင်းကို ဘူတန်မှာ အောင်မြင်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ ဆက်လက်ပညာဆည်းပူးခဲ့ပြီး အင်္ဂလန်မှာရှိတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ မင်းသား Khesar ဟာ အသက် ၂၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ဖခင်ဘုရင်မင်းမြတ်ရဲ့ နေရာကို ဆက်ခံပြီး ဘူတန်နိုင်ငံရဲ့ ငါးယောက်မြောက် Dragon King အဖြစ် ထီးနန်းတက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ဘုရင် Khesar ဟာ အသက် ၂၃ နှစ်သာရှိသေးတဲ့ Jetsun Pema နဲ့ လက်ဆက်ထိမ်းမြားခဲ့ပါတယ်။
ဘူတန်ရဲ့ အရင်ဘုရင်မင်းမြတ်က နိုင်ငံတွင်းလှည့်လည်သွားလာရာမှာ Toyota Land Cruiser ကို အသုံးပြုခဲ့ပေမဲ့ လက်ရှိဘုရင် Khesar ကတော့ ခံ့ညားတောက်ပတဲ့ Range Rover ကားကြီးကို စီးနင်းအသုံးပြုပါတယ်။ ဘုရင် Khesar တစ်ယောက် သူ့နိုင်ငံတော်အတွင်း မှာ နိုင်ငံ့တာဝန်တွေနဲ့ လှည့်ပတ်သွားလာဖို့ တရားဝင်စီးတော်ယာဉ်အဖြစ် Range Rover ကို ရွေးချယ်လိုက်တာကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။ ဒါပေမဲ့ Range Rover လို ခံ့ညားတဲ့ရုပ်သွင်ရှိတဲ့ ကားမျိုးဟာ ငယ်ရွယ်တဲ့ဘုရင်မင်းမြတ်ရဲ့ ရဲဝံ့ဖျတ်လတ်မှုကို ပိုမိုထင်ရှားစေတာကတော့ အမှန်ပါပဲ။ ဘူတန်အစိုးရဟာ ဘုရင်မင်းမြတ်ရဲ့ စီးတော်ယာဉ် Range Rover အပါအ၀င် ယာဉ်တန်းပါ ကားတွေကို ပြုပြင်ထိန်းသိမ်းပေးဖို့ အင်္ဂလန်နိုင်ငံ၊ Telford အခြေစိုက် Roean Landrover Service က Land Rover ကျွမ်းကျင်စက်ပြင်ပညာရှင် Andy Pipe ကို ဖိတ်ခေါ်ပြီး ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဘူတန်ဘုရင်ရဲ့ စီးတော်ယာဉ်အပါအ၀င် ယာဉ်တန်းပါ မော်တော်ကားတွေကို ဘူတန်စစ်တပ် ရဲ့ တပ်ရင်းတစ်ခုဖြစ်တဲ့ တော်ဝင်ကိုယ်ရံတော်တပ်က ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။
ဘုရင်မင်းမြတ် Khesar ရဲ့ စီးတော်ယာဉ် Range Rover ဟာ ကြီးမားလှပတဲ့ လေးဘီးယက် SUV ဇိမ်ခံကားကြီးမျိုး ဖြစ်ပြီး Tata Motor ပိုင် Jaguar Land Rover Group ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဗြိတိန်ကားထုတ်လုပ်ရေးလုပ်ငန်း Land Rover က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Front-engine အထားအသိုနဲ့ Range Rover ကားကြီးမှာ V8 အင်ဂျင်ကို တပ်ဆင်ပေးထားပါတယ်။ Land Rover ကျွမ်းကျင်စက်ပြင်ပညာရှင် Andy Pipe ဟာ Range Rover ကားကိုသာမက ဘုရင်မင်းမြတ်ရဲ့ ယာဉ်တန်းမှာပါဝင်တဲ့ BMW၊ Mercedes-Benz နဲ့ Porsche မိုဒယ်တွေအပါအ၀င် ကားများစွာကို ပြုပြင်ထိန်းသိမ်းပေးခဲ့ပြီး Land Rover ရဲ့ Autologic Software ကိုလည်း ထည့်သွင်း အသုံးပြုပေးထားပါတယ်။ အဲဒီဆော့ဖ်ဝဲက ကားရဲ့ ချွတ်ယွင်းချက်ကို တိတိကျကျ ရှာဖွေပေးနိုင်ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင် စွမ်း ရှိစေပါတယ်။ ဒါပေမဲ့ ဘူတန်နိုင်ငံမှာ အဓိကကြုံတွေ့ရတဲ့ ပြဿနာက ပုံမှန်စက်ချွတ်ယွင်းမှုထက် ကြက်တွေရဲ့ ၀ါယာကြိုးကိုက်ဖြတ်မှုလို ပြဿနာမျိုးတွေ ဖြစ်နေခဲ့ပါတယ်။


Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to Automobile Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။