James Mint
မြန်မာနိုင်ငံသား ဆိုသည်မှာ........
ရွာသားကို တောမြို့လေးက မြို့သားတွေက ဒီကောင်တွေ ရွာသား အရိုင်းအစိုင်းတွေ ဘာမှ နားလည်တာ မဟုတ်ဘူး၊ ရွှံ့တောထဲ ကြီးပြင်းလာတဲ့ ကောင်တွေ ငါတို့လို မြို့မှာ နေတာမဟုတ်တော့ ဒီကောင်တွေ ရိုင်းစိုင်းနေတာပေါ့လို့ ဆိုတယ်......
တောမြို့လေးက မြို့သားကို၊ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးသားတွေက ဒီကောင်တွေ တောသားတွေ လူ့ယဉ်ကျေးမှု နားမလည်ဘူး၊ ဟော်တယ်ခေါ်သွားလဲ ဘုန်းကြီးကျောင်းလို့ပဲ မှတ်နေမယ့် ကောင်တွေလို့ မြင်ကြတယ်.......
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို စ လုံး၊ ယ ပက်လက် တို့လို အရှေ့တောင်အာရှ နိုင်ငံတွေမှာ အလုပ်သွားလုပ်တဲ့ မြန်မာလူမျိုးတွေက အလကားကောင်တွေ၊ ကြိုးစားချင်စိတ် မရှိတဲ့လူတွေ၊ စည်းကမ်း ကျင့်ဝတ် ...နားမလည်ဘူး ငါတို့လိုသာ နိုင်ငံခြားမှာ အလုပ်လုပ်နေရင် ဘယ်လိုနေမလဲ မသိဘူးလို့ ပြောကြလေရဲ့......

အရှေ့တောင် အာရှမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကိုပဲ အမေရိကန်တို့ ဥရောပတို့မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေက အလကား စ လုံးလို ကျွန်းနိုင်ငံလေး၊ ယ ပက်လက်လို ×ာနိုင်ငံမှာ အလုပ်လုပ်ပီး အဟုတ်ကြီး ထင်နေတယ်..... ငါတို့လို Human Right တွေအပြည့်နဲ့ အလုပ်လုပ်နေကြတဲ့၊ တကယ့် ကမ္ဘာ့နိုင်ငံကြီးတွေမှာ ရုန်းကန်နေကြရရင် ×င်ခေါင်း ဆင်ဝင်ရလောက်အောင် ကျယ်နေကြမလား မသိဘူးလို့ ချီးကျူး ဌောပနာ ပြုကြလေရဲ့.......
ဒါက အပေါ်ကနေ အောက်ကိုမြင်တဲ့အမြင်.... ဆက်ဆံတဲ့ပုံစံ..... အပေါ်ကနေ အောက်ကို ဒီလို နှိမ်ပီး ဆက်ဆံမှတော့ အောက်ကနေ အပေါ်ကိုကော ဘယ်လိုမြင်မယ် ထင်လဲ..... အလကား ×င်ခေါင်းကျယ်နေတဲ့ဟာတွေလို့ပဲ မြင်ကြလေရဲ့....... လူ လူခြင်း အတူတူမှာ ကျွန်တော်တို့တွေ ကိုယ့်လူမျိုး အခြင်းခြင်းကိုပဲ နှိမ်ပီး ဆက်ဆံနေလို့ ကမ္ဘာမှာ မြန်မာဆိုရင် အချင်းချင်း အင်မတန် မသင့်မြတ်တဲ့လူမျိုး၊ အပေါက်အစ များတဲ့လူမျိုး၊ အချင်းချင်း ခွတ်တဲ့ လူမျိုးလို့ မြင်ကြလေရဲ့.........
ကျွန်တော်တို့ ဘယ်နေရာမှာ ဘာမှားနေလဲ......... စကားလုံး အကြီးကြီး မပြောပါဘူး..... တစ်ယောက်နဲ့တစ်ယောက် Negative အမြင်တွေကို လျှော့ပီး အားလုံးပဲ ကိုယ့်ရဲ့ အမူအကျင့်လေး ပြင်သွားရင် အဆင်ပြေလာမယ်လို့ မြင်မိပါတယ်........

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။