Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 16, 2013

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ

 
Aye Chan Mon
မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ

မျက်ကပ်မှန်ကို အကြောင်းအမျိုးမျိုးကြောင့် တပ်ဆင်တတ်ကြပါတယ်။ မျက်မှန်ပါဝါ ရှိလို့ ဖြစ်စေ၊ မျက်လုံး အရောင်လှချင်လို့ ဖြစ်စေ တပ်ဆင်တတ်ကြပါတယ်။ မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ အနုညံ့ဆုံးနဲ့ အထိခိုက်မခံတဲ့ အစိတ်အပိုင်းပဲ ဖြစ်တာကြောင့် မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့မှု ရရှိမယ့် မျက်ကပ်မှန် တပ်ဆင်မှုကို သတိထားဖို့ အထူး လိုအပ်ပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေကို လေ့လာကြည့်ပါ။

၁။ မျက်ကပ်မှန် မကိုင်ခင် လက်ကို စင်ကြယ်အောင် ဆေးပါ

မျက်ကပ်မှန်ကို ဖြစ်စေ၊ မျက်လုံးကို ဖြစ်စေ မကိုင်ခင် အချိန်မျိုးမှာ အရင်ဆုံး သင့်လက်က သန့်စင်နေဖို့ လိုပါတယ်။ တခြားပြင်ပ ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေဟာ သင့်လက်ကနေ တစ်ဆင့် မျက်လုံးကို ရောက်ရှိနိုင်တာကြောင့်ပါ။ လက်ကို ဆပ်ပြာနဲ့ ဖြစ်စေ၊ ရေစို တစ်သျှူးနဲ့ ဖြစ်စေ အရင်ဆုံး သန့်စင်ပြီးမှ မျက်လုံးကို ထိတွေ့ ကိုင်တွယ်ပါ။

၂။ မျက်ကပ်မှန်ကို သန့်စင်ပါ

သင့်မျက်ကပ်မှန်ကလည်း သန့်စင်နေဖို့ လိုပါတယ်။ မျက်ကပ်မှန်ကို တစ်ရက် တပ်ဆင်ပြီးချိန် ညဘက်ရောက်ရင် မျက်ကပ်မှန် စိမ်တဲ့ ဆေးရည် အသစ်နဲ့ စိမ်ထားကာ နောက်တစ်ရက်မှာ သန့်စင်နေတဲ့ မျက်ကပ်မှန်ကို ပြန်လည် အသုံးပြုနိုင်ပါတယ်။ နေ့တိုင်း ဆေးရည်ကို အသစ် စိမ်ပေးဖို့ လိုပါတယ်။

၃။ ပါဝါကို စစ်ဆေးပါ

မျက်ကပ်မှန်ကို နေ့တိုင်း သန့်စင်ပေးပြီး မျက်ကပ်မှန်ရဲ့ ပါဝါနဲ့ အနေအထား မျက်ကပ်မှန် ပြဲမှု ရှိ၊ မရှိနဲ့ တခြား ပြင်ပ ရောဂါပိုးတွေ မဝင်စေဖို့ နှစ်လ တစ်ခါလောက် ပြန်လည် စစ်ဆေးပေးပါ။

၎။ ညွှန်ကြားချက်ကို လိုက်နာပါ

မျက်ကပ်မှန် တပ်ဆင်ဖို့ မျက်စိ ဆရာဝန် တစ်ယောက်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုပါတယ်။ တစ်နှစ် သုံးရမှာလား၊ တစ်လ သုံးရမှာလား၊ ရက် အနည်းငယ်သာ အသုံးပြုရမှာလား ဆိုတာကို ဆရာဝန်ကို သေချာမေးပြီး လိုအပ်တာတွေကို မှတ်သားထားပါ။

၅။ ဓာတ်မတည့်မှုကို ဂရုပြုပါ

မျက်ကပ်မှန် တပ်ဆင်ပြီးချိန်မှာ မျက်လုံးယားတာမျိုး၊ နီမြန်းတာမျိုး၊ မျက်လုံး စပ်တာမျိုးတွေ ရှိခဲ့ရင် မျက်လုံးနဲ့ မျက်ကပ်မှန် ဓာတ်မတည့်မှု ဖြစ်တာကြောင့်ပါ။ ဆရာဝန်နဲ့ တိုင်ပင် ပြသဖို့ လိုအပ်တာကြောင့် ဆရာဝန်နဲ့ မတွေ့ခင် အချိန်အထိ မျက်ကပ်မှန်ကို မတပ်ဆင်ပါနဲ့။

၆။ ရေကူးချိန် မျက်ကပ်မှန် မတပ်ပါနှင့်

ရေမချိုးခင် အချိန်၊ မျက်နှာ မသစ်ခင် အချိန်နဲ့ ရေမကူးခင် အချိန်တွေမှာ မျက်ကပ်မှန်ကို ချွတ်ထားပါ။ တခြား ရောဂါပိုးတွေ အန္တရာယ်က ကာကွယ်ရာ ရောက်ပါတယ်။ အထူးသဖြင့် ရေကူးကန်ထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ရှိနေနိုင်တာကြောင့်ပါ။

၇။ မျက်ကပ်မှန်အတွက် သီးသန့် ဆေးရည်သုံးပါ

မျက်ကပ်မှန်ကို သုံးရေနဲ့ စိမ်ပြီး ဖြစ်စေ၊ ဘူးအလွတ် တစ်ခုထဲ ထည့်ထားပြီး ဖြစ်စေ အသုံး မပြုသင့်ပါဘူး။ မျက်ကပ်မှန် စိမ်ရာမှာ အသုံးပြုတဲ့ ဆေးရည်နဲ့ စိမ်ထားတဲ့ မျက်ကပ်မှန်ကသာ သင့်မျက်လုံးအတွက် အံဝင်ခွင်ကျ ဖြစ်စေပါတယ်။ ခြောက်သွေ့နေတဲ့ မျက်ကပ်မှန်ကို အသုံးပြုတာကြောင့် မျက်လုံးနဲ့ မျက်ကပ်မှန်ကြား ချော့မွေ့မှု မရှိစေဘဲ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

၈။ အခြားသူ မျက်ကပ်မှန်ကို ငှားမသုံးပါနှင့်

တခြားသူစိမ်း တစ်ယောက်ဖြစ်စေ၊ သူငယ်ချင်းရဲ့ မျက်ကပ်မှန်ကို ဖြစ်စေ ခဏငှားပြီး အသုံးပြုတာမျိုးကို ရှောင်ပါ။ တခြားသူမှာ ရှိနေတတ်တဲ့ ရောဂါပိုးတွေ သင့်ကို ကူးစက်ပြီး ဓာတ်မတည့်မှုနဲ့ မျက်လုံး ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

၉။ နေကာမျက်မှန် တပ်ဆင်ပါ

မျက်ကပ်မှန် တပ်ဆင်ပြီး နေပူထဲကို သွားလာချိန်မျိုးမှာ နေကာမျက်မှန် တပ်ဆင်ပေးပါ။ နေရောင် ထိတွေ့မှုကြောင့် မျက်လုံးနဲ့ မျက်ကပ်မှန်ကြား ထိခိုက်မှု ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်ဆင်ထားချိန်မှာ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ဖို့ လိုပါတယ်။

၁၀။ သေချာစွာ တပ်ဆင်ပါ

မျက်ကပ်မှန် တပ်ဆင်ချိန်မျိုးမှာ သင့်မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ပေးပြီး သက်သောင့်သက်သာ ဖြစ်၊ မဖြစ်နဲ့ အမြင်အာရုံ ကြည်လင် ပြတ်သားမှု ရှိ၊ မရှိကို သေချာ ဂရုစိုက်ပြီးမှ အပြင်ထွက်ပါ။ အံဝင်ခွင်ကျ မဖြစ်တဲ့ မျက်ကပ်မှန်ကြောင့် သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါသေးတယ်။

၁၁။ မျက်ကပ်မှန်ဖြင့် မအိပ်ပါနှင့်

မျက်ကပ်မှန် တပ်ဆင်ပြီး အိပ်စက်တာကြောင့် မျက်လုံး တစ်ဝိုက် သွေးကြောတွေကို အောက်ဆီဂျင် ရောက်ရှိမှု နည်းပြီး မျက်ဝန်း ခြောက်သွေ့စေနိုင်ပါတယ်။ မအိပ်ခင် မျက်ကပ်မှန်ကို ချွတ်ပါ။

၁၂။ ထားသိုမှု နေရာ မှန်ပါစေ

မျက်ကပ်မှန် စိမ်တဲ့ ဆေးရည်ကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားဖို့ အရေးကြီးပါတယ်။ နေရောင် တိုက်ရိုက် ကျရောက်တဲ့ နေရာနဲ့ အပူချိန် မြင့်တဲ့ နေရာ၊ မီးဖိုချောင်လို နေရာမျိုးနဲ့ ရေချိုးခန်းလို နေရာမှာ မထားပါနဲ့။

၁၃။ မိတ်ကပ် လိမ်းပြီးမှ မျက်ကပ်မှန် မတပ်ပါနှင့်

မိတ်ကပ်နဲ့ အလှမပြင်ခင် အချိန် ကတည်းက မျက်ကပ်မှန်ကို တပ်ဆင်ထားပြီး မိတ်ကပ် လိမ်းချိန်မှာ ဂရုတစိုက်နဲ့ လိမ်းပါ။ အိုင်းလိုင်နာနဲ့ မျက်တောင် ကော့ဆေးတွေကို မျက်လုံးအတွင်း မျက်ကပ်မှန်ပေါ် မကျရောက်စေဖို့ ဂရုစိုက်ပါ။

၁၄။ ပူသော ပတ်ဝန်းကျင်တွင် မျက်ကပ်မှန် မတပ်ပါနှင့်

မီးဖိုချောင်တွင်းမှာ ဖြစ်စေ၊ ပူပြင်းတဲ့ နေရာမှာ ဖြစ်စေ၊ အကင်နဲ့ ကြော်ချက်နေတဲ့ နေရာမှာ ဖြစ်စေ မျက်ကပ်မှန် တပ်ဆင်မှု မပြုလုပ်သင့်ပါဘူး။

၁၅။ အချိန်မှန် စစ်ဆေးပါ

မျက်ကပ်မှန်ကို ဆရာဝန် ညွှန်ကြားလို့ ဖြစ်စေ၊ ကိုယ့်သဘောနဲ့ ကိုယ် ဖြစ်စေ တပ်ဆင်မယ်ဆိုရင် မျက်ကပ်မှန် တပ်ဆင်ပြီးလို့ ခြောက်လ တစ်ကြိမ်တိုင်း ပုံမှန် စစ်ဆေးမှု ပြုလုပ်ပေးပါ။

သဲသဲ
BY GOOD HEALTH


အေးချမ်းမွန် Credit & Copy From >ကျန်းမာရေးစာတိုများစုစည်းမှု <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B