Today Myanmar
*** ကျေးလက်ပြည်သူ ***
------------------------------
တောသူတောင်သား ၊ ဆင်းရဲသားသည်
ဖားကောက် ငါးခုတ် ၊ သစ်ဝါးခုတ်၍
လယ်လုပ် ထန်းတက် ၊ ရက်ကန်းရက်၏ ။
ကိုယ်၏ဝမ်းစာ ၊ ကိုယ်သာရှာ၍
လာပါ ကြွပါ ၊ မဖိတ်ပါလည်း
မသာ အလှူ ၊ ဝိုင်းဝန်းကူ၏ ။
------------------------------
တောသူတောင်သား ၊ ဆင်းရဲသားသည်
ဖားကောက် ငါးခုတ် ၊ သစ်ဝါးခုတ်၍
လယ်လုပ် ထန်းတက် ၊ ရက်ကန်းရက်၏ ။
ကိုယ်၏ဝမ်းစာ ၊ ကိုယ်သာရှာ၍
လာပါ ကြွပါ ၊ မဖိတ်ပါလည်း
မသာ အလှူ ၊ ဝိုင်းဝန်းကူ၏ ။
ခေါင်းလောင်းမတီး ၊ မောင်းမတီးလည်း
မီးရေးထင်းရေး ၊ တုံ့မနှေးကြ ။
အမိန့်စာနှင့် ၊ ချောမဆင့်လည်း
လူနှင့်နွား,ကျွဲ ၊ ကျားရဲဆွဲသော်
ကျားရဲတော်လှန် ၊ တုတ်ဓားလှံတည့် ။
ညီညွတ်ချိန်ကျ ၊ ညီညွတ်ကြသည့်
မြန်မာ့ကျေးလက် ၊ ထိုအသက်ကို
ဆက်လက်ထိန်းသိမ်း သင့်ပါသည် ။ ။
မောင်ငြိမ်းသူ
Credit & Copy From > ခရီး သည်ကြီး
မီးရေးထင်းရေး ၊ တုံ့မနှေးကြ ။
အမိန့်စာနှင့် ၊ ချောမဆင့်လည်း
လူနှင့်နွား,ကျွဲ ၊ ကျားရဲဆွဲသော်
ကျားရဲတော်လှန် ၊ တုတ်ဓားလှံတည့် ။
ညီညွတ်ချိန်ကျ ၊ ညီညွတ်ကြသည့်
မြန်မာ့ကျေးလက် ၊ ထိုအသက်ကို
ဆက်လက်ထိန်းသိမ်း သင့်ပါသည် ။ ။
မောင်ငြိမ်းသူ
Credit & Copy From > ခရီး သည်ကြီး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။