TechSpace Journal
အဆီတက်ခြင်းနှင့် နှလုံးရောဂါ ဆက်စပ်မှု
နည်းပညာနဲ့ သိပ်တော့ မဆိုင်သလိုပဲ။ သို့ပေမယ့် သင်္ချာဆန်ဆန် တွက်ချက်မှုလေး ပါနေလိုပါ။
ဆေးပညာရှင်များရဲ့  လေ့လာထားချက်အရ အဆီ တစ်ပေါင် တက်တိုင်း တက်တိုင်း ခန္ဓာကိုယ်သွေးလည်ပတ်မှု စနစ်မှာ Blood vessel ၇ မိုင်စာ ဖြစ်ပေါ်စေပါတယ်။ Blood vessel ဆို သွေးကြောလည်ပတ်မှု စနစ်မှာ သွေးကို လည်ပတ်အောင် ပို့ဆောင်ပေးမယ့် သွေးကြော အစိတ်အပိုင်းများ ဖြစ်ပါတယ်။
ဒီတော့ အဆီတစ်ပေါင် တက်တိုင်း ၇ မိုင်စာ Blood vessel တိုးသွားပါတယ်။ ဒီတော့ ဝိတ် ၁၀ ပေါင်တိုးရင် နှလုံးမှ သွေး ညစ်ထုတ်၊ ဆုပ်ထုတ်ဖို့ အတွက် နောက်ထပ် မိုင် ၇၀ ပိုသွားပါတယ်။ ဒီတော့ နှလုံးရဲ့  လုပ်ဆောင် ချက် ပိုမိုပြင်းထန်လာပြီး အမောမခံနိုင်တာတွေ ဖြစ်လာပါတယ်။
...

အဆီများသူများ၊ ဝသူများ အမောမခံနိုင်တဲ့အကြောင်းအရာကလည်း ယင်း Blood vessel တိုးလာမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဆီ တစ်ပေါင် လျှော့တိုင်းလျှော့တိုင်း သွေး ညစ်ထုတ်၊ ဆုပ်ထုတ်ဖို့အတွက် ၇ မိုင်လျော့လျော့ သွားတဲ့အတွက် နှလုံးရဲ့  လုပ်ဆောင်ချက်က ပြန်ကောင်း လာပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ အစားအသောက်ရဲ့  အဆီပါဝင်မှုနှုန်းဟာ နှလုံးနဲ့ ဆက်စပ်ရောဂါများနဲ့ ဆက်စပ်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: medic-facts
Aung Kham (TSJ team)
--
http://blog.techspace.com.mm/ 2013/05/blog-post_4227.html
--
Ref: medic-facts
Aung Kham (TSJ team)
--
http://blog.techspace.com.mm/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။