YoYarLay
မြတ်နိုးသမျှကို ကျောခိုင်းကြည့်တဲ့အခါ
အမြတ်နိုးဆုံးအရာတွေနဲ့ ခွဲခွာရတဲ့ အခိုက်အတန့်ဟာ နာကျင်မှုတွေနဲ့
ပြည့်နှက်နေမှာပါပဲ။ ဒါဟာဘရီစတို့စ်နဲ့ပွဲရဲ့ ပွဲချိန် ၈၂မိနစ်မှာ လူစားလဲခံရပြီးနောက် ဘက်ခမ်း ငိုခဲ့ရတဲ့အကြောင်းရင်းပါပဲ။ ဒီပွဲက သူ့ရဲ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ နောက်ဆုံးပွဲဖြစ်ပြီး သူ ရင်းနှီးတဲ့၊ သူ့ဘ၀တစ်ခုလုံး ရင်းနှီးခဲ့တဲ့မြက်ခင်းစိမ်းတွေ ကို ကျောခိုင်းသွား
ရတော့မယ်ဆိုတဲ့ အသိဟာ သူ့ရင်ကို နာကျင်စေခဲ့မှာပါ။ ဒါကြောင့် ပွဲအပြီးမှာ ပီအက်စ်ဂျီ အသင်းဖော်တွေဟာ ဆယ်စုနှစ် ၂ခုအတွင်း အကျော်ကြားဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘက်ခမ်းကို ပွေ့မြောက်ဂုဏ်ပြု
ခဲ့ကြသလို ပီအက်စ်ဂျီ ဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီဟာလည်း ဘက်ခမ်းကို လူစားလဲတဲ့အချိန်မှာ မျက်ရည်ကျခဲ့တဲ့ အ...ထိ ခံစားသွားခဲ့ရတာ ဖြစ်ပါတယ်။
အမြတ်နိုးဆုံးအရာတွေနဲ့ ခွဲခွာရတဲ့ အခိုက်အတန့်ဟာ နာကျင်မှုတွေနဲ့
ပြည့်နှက်နေမှာပါပဲ။ ဒါဟာဘရီစတို့စ်နဲ့ပွဲရဲ့ ပွဲချိန် ၈၂မိနစ်မှာ လူစားလဲခံရပြီးနောက် ဘက်ခမ်း ငိုခဲ့ရတဲ့အကြောင်းရင်းပါပဲ။ ဒီပွဲက သူ့ရဲ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ နောက်ဆုံးပွဲဖြစ်ပြီး သူ ရင်းနှီးတဲ့၊ သူ့ဘ၀တစ်ခုလုံး ရင်းနှီးခဲ့တဲ့မြက်ခင်းစိမ်းတွေ
ရတော့မယ်ဆိုတဲ့ အသိဟာ သူ့ရင်ကို နာကျင်စေခဲ့မှာပါ။ ဒါကြောင့် ပွဲအပြီးမှာ ပီအက်စ်ဂျီ အသင်းဖော်တွေဟာ ဆယ်စုနှစ် ၂ခုအတွင်း အကျော်ကြားဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘက်ခမ်းကို ပွေ့မြောက်ဂုဏ်ပြု
ခဲ့ကြသလို ပီအက်စ်ဂျီ ဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီဟာလည်း ဘက်ခမ်းကို လူစားလဲတဲ့အချိန်မှာ မျက်ရည်ကျခဲ့တဲ့ အ...ထိ ခံစားသွားခဲ့ရတာ ဖြစ်ပါတယ်။
သူအနားယူသွားပေမယ့် သူ့ရဲ့ပုံရိပ်တွေကတော့ ထင်ကျန်ရစ်နေမှာဖြစ်ပြီး မန်ယူ ကစားသမားဘ၀ ၀င်ဘယ်ဒန်နဲ့ပွဲမှာ ကွင်းတစ်ဝက်ကနေ ဂိုးသွင်းယူခဲ့တာ၊ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားပွဲမှာ ဆီမြွန်နီကို ကန်ခဲ့လို့ အနီကတ်ပြခံခဲ့ရတာ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဂရိနဲ့ ကစားခဲ့တဲ့ နောက်ဆုံးအဆုံး အဖြတ်ပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းခဲ့တာ၊ မန်ယူနဲ့ လမ်းခွဲခဲ့ရပေမယ့် နှလုံးသားထဲမှာ မန်ယူရှိနေဆဲလို့ ပြောခဲ့တဲ့စကားတွေကတော့ သူ့ပရိသတ်တွေ အတွက် အခါအခွင့်သင့်တိုင်း ပြန်သတိရလာမယ့် ပုံရိပ်မျိုးတွေပါပဲ။
http://yoyarlay.com/sport/ football/ 35644-2013-05-18-22-16-52
http://yoyarlay.com/sport/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။