Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 6, 2013

တရုတ်ပြည်က တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သက်ရှိထင်ရှား ရှိစဉ် အချိန်အခါက...

 
 
တရုတ်ပြည်က တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သက်ရှိထင်ရှား ရှိစဉ် အချိန်အခါက...
တနေ့ ညနေကျတော့ သူလမ်းလျှောက်ထွက်တယ်။ လမ်းမှာ ကလေး၂ယောက်နဲ့တွေ့တဲ့အခါ
ပထမကလေးက အရင်ပြောတယ်။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး ချီးကျူးတယ် တဲ့။ အဲဒီတော့ ကွန်ဖြူးရှပ် က ကလေးကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောဘူး။ အဲဒီအချိန်မှာပဲ ဒုတိယကလေးတစ်ယောက် ဆက်ပြောပြန်ရော။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ" လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီကလေးကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေတယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ လူကြီးတစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။ "ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့ကလေး ကိုကော ကဲ့ရဲ့တဲ့ကလေးကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ" ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး ဒီလိုလေးပြန်ပြောတယ်။
"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ။ ငါ့ရဲ့ နဂိုမူလ အရည်အချင်းကို ထိခိုက်မသွားဘူး။ ချီးမွမ်းတာကို မြှောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျမသွားပါဘူး။ နေတတ်ဖို့ပဲလိုပါတယ်။ နောက်ပြီး ကလေးစကားတွေ ဖြစ်တဲ့အတွက် အထအနကောက်ပြီးဗွေယူလို့လဲ မသင့်ဘူး။ ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာမဟုတ်ပဲ။ တတ်စွမ်းသမျှလေး အကျိုးပြုနေကြတာပဲကွာ" တဲ့။
အရင်အစ ဖတ်ဖူးတုန်းက ဒီပုံပြင်လေးကို သာမန်ပုံပြင်လေးတစ်ပုဒ်လို့ပဲ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမယ့် အခုတလော ဒီရက်ပိုင်းအတွင်းမှာ (ကျွန်တော်က ဘာကောင်မှမဟုတ်ပဲနဲ့ကို) အတိုက်ခိုက်ခံရတာတွေများလာတယ်။ အဲလိုအချိန်မျိုးမှာ တခုတ်တရကြီး မစဉ်းစားပဲနဲ့ကို ကွန်ဖြူးရှပ် ရဲ့ ပုံပြင်လေးကို သတိရလာတယ်။ ကွန်ဖြူးရှပ် နဲ့တော့ ကိုယ့်ကိုယ်ကို မနှိုင်းပါဘူး။ တခါတလေ ပညာရေး နဲ့ စာဖတ်ခြင်းအကြောင်းတွေ တော်တော်များများရေးပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်က ကျောင်းတက်နေတုန်းပါ။ ဒါပေမယ့် ကျောင်းတက်နေတဲ့သူက အဲလို အသိပေးပညာတွေ မရေးရဘူးလား။ စာရေးတယ်ဆိုရင်လဲ ကျွန်တော်လက်လွတ်စပယ်မရေးပါဘူး။ စာပေဟောပြောပွဲတွေနားထောင်တယ်။ စာအုပ်တွေဖတ်တယ်။ အင်တာနက်ကနေ အကိုးအကားတွေရှာတယ်။ ပြည်ပ ရောက်နေတဲ့အတွက် တချို့ကိစ္စတွေမှာ ပြည်တွင်း နဲ့ ပြည်ပ ကွာခြားချက်လေးတွေတွေ့မိလို့ စဉ်းစားမိရာကနေ ဒီလိုတွေရေးဖြစ်တာပါ။ ဒါကို တချို့တွေက ဘာတွေမျက်စိစပါးမွေးစူးမိလဲ မသိဘူး။ မသိမသာကော သိသိသာသာကော မက်ဆေ့ပို့ပီးတော့ကော ပြောကြတယ်ခင်ဗျ။
ချီးမွမ်းတာကိုလဲ ကျေးဇူးတင်သလို ကဲ့ရဲ့တာကိုလဲ ကျွန်တော်အပြစ်မမြင်ဘူးခင်ဗျ။ ဒါပေမယ့် တခါတလေ ဘာပို့စ်တင်တင် ဆရာကြီးအထာနဲ့ ဝင်ရေးနေကြတာကိုတော့ ရှင်းရှင်းပြောရရင် အမြင်ကပ်တယ်ဗျ။ မမြင်ချင်ရင်ကျော်သွားကြပါခင်ဗျာ။ ဆုံးမတာ သွန်သင်တာ အမှားပြင်ပေးတာကိုလက်ခံပါတယ်။ ကွန်မန့်တစ်ကြောင်းရဲ့ အဓိပ္ပါယ်တွေက ဘယ်လိုတာသွားသလဲ ဆိုတာ ရေးတဲ့သူနဲ့ ဖတ်တဲ့သူ အကုန်သိပါတယ်။ သေချာတာတော့ ကျွန်တော် ကွန်ဖြူးရှပ် လောက် မရင့်ကျက်နိုင်သေးပါဘူးဗျာ.... ဆဲချင်ဆဲသွားပါ။ ခံသာပါသေးတယ်။ ပို့စ်တိုင်းကို ဆရာကြီးလေသံတော့ လာမပစ်ပါနဲ့ဗျာ။ မခံစားနိုင်လို့ပါ။
အားလုံး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျန်းမာ ရွှင်လန်းနိုင်ကြပါစေ။
(အချို့သောသူများကိုသာ ရည်ညွှန်းပါသည်။ အမှားတစုံတရာရှိခဲ့ပါက ကျွန်တော်၏ အပြစ်သာဖြစ်ပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။