Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 6, 2013

ဝါယာကို ရှော့တိုက် ကစားခြင်း(၂-၃)


 အန္တရယ်များတဲ့ မီးအားမြှင့်စက်

မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအသုံးပြုတဲ့ နေရာအတော်များများမှာ မီးအားမြှင့်စက်တွေကို အသုံးပြုကြရပါတယ်။ ဝန်နဲ့အားမမျှတဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စနစ်မှာဆိုရင် ဓါတ်အားဆုံးရှုံးမှုလို့ခေါ်တဲ့ ဓါတ်အားလေလွင့်မှု များတဲ့ Line Loss ဖြစ်တဲ့ ဓါတ်ကြိုးတွေအပေါ်မှာ ဖြစ်နေတဲ့ Voltage Drop တွေကြောင့် မီးအားတွေကျတာ ဖြစ်ပါတယ်။ မီးအားကျလို့ ဘယ်လိုဓါတ်အား ဆုံးရှုံးတယ် ဆိုတာတော့ အရင်နုတ်ရေးဖူးပါတယ်။
https://www.facebook.com/notes/ကို...-သာ-ပို/ထုတ်တဲ့-လျှပ်စစ်-ဆည်တဲ့-ဇော်မင်း/317496598271306

ဒီလိုမီးအားကျတာတွေကြောင့် အတော်များများသော အိမ်တွေဟာ လျှပ်စစ်ပစ္စည်းတွေ မီးအားကျလို့ ပျက်စီးမှု မရှိရအောင် မီးအားမြှင့်စက်တွေ တပ်ဆင် အသုံးပြုကြပါတယ်။ များသောအားဖြင့် မီးအားမြှင့်စက်တွေကို အော်တို့ (Automatic Voltage Regulator) နဲ့ လက်လှည့် (Manual Voltage Regulator) ဆိုပြီးတော့ ခွဲနိုင်ပါတယ်။ များသောအားဖြင့် သူ့ဆီမယ် အဝင်ဗို့အား၊ အထွက်ဗို့အားတွေ ကြည့်နိုင်တဲ့ ဒိုင်ခွက်ရယ် မီးမြင့်အချက်ပေးရယ်၊ လက်လှည့်မီးတင်တဲ့ ခလုပ်ရယ် ပါလေ့ရှိပါတယ်။ ဘာလို့ မီးမြှင့်စက်တွေက အန္တရယ်များသလဲလို့ ဆိုရရင်တော့

(၁) အရည်အသွေး ညံဖျင်းမှု
များသောအားဖြင့် ဈေးပေါပေါ ခပ်လွယ်လွယ် ဝယ်ယူရရှိတဲ့ မီးအားမြှင့်စက်တွေက အရည်အသွေး ညံဖျင်းကြတာ များပါတယ်။ သတ်မှတ်ထားတဲ့ စံစနစ်မရှိတာကြောင့် ဝေးသက်သာဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ မီးအားမြှင့်စက်တွေက အန္တရယ် အလွန်ကို များပါတယ်။ အထဲက ကြေးကြိုးတွေက လောင်ထားပြီးသား ကွိုင်ထုတ်ထဲက ပြန်ထုတ်ပြီးတော့ ချည်နဲ့ပြန်ပတ်ထားတဲ့ Cotton Coated Wire တွေသုံးထားတာ၊ အထဲက Iron Core ဆိုတာကို ဝေးပေါတဲ့ အရည်အသွေးမမီတဲ့ သံပြားတွေနဲ့ လုပ်ထားတာ။ ပြီးတော့ ဒီသံပြားတွေကို ပြန်တုပ်နှောင်ဖို့ သစ်သားတွေနဲ့ အသုံးပြုတာတွေပါ။ ကုန်ကျစားရိတ် လျှော့ချဖို့အတွက် အသုံးပြုမယ့် ဝန်ကိုခံနိုင်မယ့် ဝါယာဆိုဒ်ထက် သေးတဲ့ဝါယာတွေကို သုံးတာလဲ ပါပါတယ်။ ဒီတော့ အသုံးပြုတာ ကြာလာလေလေ မီးအားမြှင့်စက်က အပူချိန်က တဖြည်းဖြည်းတိုးလာသလို အထဲက သစ်သားနဲ့ ချည်ကြီုးတွေက လောင်စာတွေဖြစ်ပြီးတော့ မီးလောင်နိုင်ပါတယ်။

(၂) မီးအားတက်တာကို ဂရုမပြုမိခြင်း
အော်တို မီးစက်တွေမှာ ပြဿနာ သိပ်မရှိလှပေမယ့် လက်လှည့် မီးစက်တွေမှာ ဗို့အားက ၂၃၀ထက်ကျော်တဲ့အခါ အချက်ပေးသံ တပ်ထားလေ့ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် အချက်ပေးတဲ့ ကိရိယာ ပျက်နေတာ၊ ပုံမှန်အလုပ်မလုပ်တာနဲ့ မကြားမိတာ (အိမ်မှာ လူမရှိချိန် မီးအားတင်ထားခဲ့ခြင်း)၊ မီးပျက်သွားချိန် မီးအားပြန်မချမိတာ စတာတွေကြောင့် ပုံမှန်သုံးနေကြ မီးအားထက် ပိုတဲ့မီးအားတွေ ဖြစ်လာတတ်ပါတယ်။

ဒီအခါမှာ လျှပ်စစ်အသုံးအဆောင်တွေ ပျက်စီးပြီးတော့ ဝန်ပိုဆွဲတာမျိုး၊ မီးကြိုးအဆက်တွေကနေ မီးပန်းထကူးတာမျိုးတွေ ဖြစ်ပြီးတော့ မီးလောင်တတ်ပါတယ်။ အထဲက အရည်အသွေးမမီတဲ့ ချည်ပတ် ဝါယာတွေဖြစ်ပါကလဲ အထဲကနေ မီးစလောင်တတ်ပါတယ်။ များသောအားဖြင့် အိမ်သုံးဝါယာတွေက ဗို့အား ၆၀၀ လောက်ကို ခံနိုင်ရည်ရှိတဲ့ မီးကြိုးတွေဖြစ်ပေမယ့် သက်တမ်းလွန် ကြွပ်ဆတ်နေ (ဝါယာအကြောင်းမှာ အသေးစိတ် ရေးပါ့မယ်) တတ်တာကြောင့် မြင့်လာတဲ့ ဗို့အားကို ခံနိုင်ရည် မရှိပဲနဲ့ မီးထလောင်တာ၊ ဝါယာရှော့ဖြစ်တာတွေ ကြုံရတတ်ပါတယ်။

(၃) မီးအားမြှင့်ခြင်းကြောင့် ဝါယာတွင် ဝန်ပိုဆွဲခြင်း
ဒါကတော့ ဖြစ်နေကြ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီအပိုင်းကို အထောက်အကူဖြစ်အောင် ပုံကြမ်းလေး ခြစ်ထားပါတယ်။ ပထမဆုံး သိရမှာက မီးအားမြှင့်စက်ရဲ့ အဝင်ဖက်က ဗို့တွေ၊ အမ်ပီယာတွေနဲ့ အထွက်ဘက်က ဗို့နဲ့ အမ်ပီယာပါ။ မီးအားမြှင့်စက်ဆိုတဲ့ ထရန်စဖော်မာရဲ့ ပါဝါအဝင်ဟာ အထွက်ပါဝါနဲ့ မီးအားမြှင့်စက်ကနေ ဆုံးရှုံးသွားတဲ့ (အပူ) ဆုံးရှုံးမှု ပေါင်းခြင်းနဲ့ မူတည်ပါတယ်။ ဆုံးရှုံးတာကို ခဏဖယ်စဉ်းစားမှ လွယ်မှမို့ ခပ်လွယ်လွယ် တွက်ကြည့်ရအောင်။

ပထမဆုံး သိထားရမှာကတော့ လျှပ်စစ်ရဲ့ ပါဝါ (Watt) တွက်တဲ့ ပုံသေနည်းပါ။
" Power (P) = Voltage (V) x Ampere (A) " ဖြစ်ပါတယ်။
အဝင်နဲ့ အထွက်နဲ့ ပါဝါတူတယ်လို့ ယူဆတဲ့အတွက် အဝင် Power (P1) ဟာ အထွက် Power (P2) နဲ့ ညီတယ်လို့ ယူဆပါတယ်။ ဒီကနေမှ

" P1 = P2
V1 x I1 = V2 x I2 (P = V x I)
I1 = (V2 x I2) ÷ V1 "

ဒီနေရာမှာ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေရဲ့ အသုံးပြုတဲ့ အမ်ပီယာက ပုံသေဖြစ်ပါတယ်။ ဒါပေမယ့် မီးအားကျလို့ ဗို့အားမြှင့်တဲ့အခါ မီးအားမြှင့်စက်ရဲ့ အဝင်ပိုင်းရဲ့ ဆွဲတဲ့ အမ်ပီယာက တက်လာမှာပါ။ ဥပမာ ၃၀ အမ်ပီယာ ဆွဲတဲ့ ဝန်ရှိတဲ့ အိမ်တစ်အိမ်မှာ အဝင် ၁၄၀ ဗို့ကို မီးအားမြှင့်စက်နဲ့ မြှင့်သုံးတယ် ဆိုကြပါစို့။
ဒီတော့ ဒီနေရာမှာ V1 = ၁၄၀ ဗို့၊ V2 = ၂၂၀ ဗို့ ( ၂၂၀ ဗို့ရအောင် မြှင့်မှာကိုး)၊ I2 = ၃၀ အမ်ပီယာ (ဒါတွေက မီးအားမြှင့်စက် အထွက်ကနေ ဆွဲမှာဆိုတော့ I2 ပေါ့)။ ဒီကနေမှ မီးအားမြှင့်စက် အဝင်ကနေ ဆွဲမယ့် အမိပီယာကို တွက်ကြည့်ရအောင်။

" I1 = (V2 x I2) ÷ V1 >> I1 = (၂၂၀ x ၃၀) ÷ ၁၄၀ = ၄၇ အမ်ပီယာ " ဖြစ်ပါတယ်။

မီးအားသာ ၁၂၀ဗို့ပဲ ရှိခဲ့ရင် ၅၀အမ်ပီယာကျော် ဆွဲမှာပါ။ ဒါတွေဟာ မီးအားမြှင့်စက် အဝင်ပိုင်းက မီးကြိုးတွေမှာ ဖြတ်စီးနေမှာ ဖြစ်ပါတယ်။ အိမ်တစ်လုံးကို မိးဆင်ဖို့ ဒီဇိုင်လုပ်တဲ့နေရာမှာ ၃၀ အမ်ပီယာ ဆွဲမယ့်နေရာမှာ ဘယ်လောက်ပိုပြီးတော့ တွက်ချက်သွယ်တန်းမယ် ယူဆပါသလဲ။ စံစနစ်မရှိတဲ့ တိုင်းပြည်မှာ လိုအပ်တာလောက်တောင် မသွယ်တန်းကြတာ အများစုပါ။ ဒီတော့အခါ ၃၀ အမ်ပီယာလောက်သာ ဒီဇိုင်လုပ်ထားတဲ့ မီးကြိုးဟာ ၅၀ အမ်ပီယာလောက်မှာ အတော်ကို ပူချစ်နေပါပြီ။ မယုံရင် စမ်းသပ်နိုင်ပါတယ်။ မီးအားကျလေလေ ကြိုးက ပိုပူပူလေပါပဲ။ (မီးကြိုး ခံနိုင်ရည်အားကို တစ်ပိုင်းရေးပါ့မယ်) ဒီလိုမျိုး အသုံးပြုတဲ့အတွက် သက်တမ်းမပြည့်မီ မီးကြိုးတွေ ပျက်စီးပါတယ်။ ဒါကို လဲလှယ်ခြင်းမပြုပဲ ဆက်သုံးနေကြရင် အကြောင်းတိုက်ဆိုင်တဲ့ ပုံသေတွက်ဆလို့ မရနိုင်တဲ့ တစ်ချိန်ချိန်မှာ ဝါယာကနေ မီးထလောင်နိုင်ပါတယ်။

မီးအားမြှင့်စက်အကြောင်း နိဂုံးချုပ်ရရင် အရည်အသွေးပြည့်မီတဲ့ မီးအားမြှင့်စက်ကို ရွေးချယ်အသုံးပြုပါ။ အော်တိုမီးအားမြှင့်စက်ကို အသုံးပြုနိုင်က ပိုကောင်းပါတယ်။ မီးပျက်လျင်၊ အပြင်သွားလျင် မီးမြှင့်စက်ကို ဂိတ်ဆုံးချရန် သတိပြုပါ။ ဖြစ်နိုင်ပါက မိန်းပိတ်သွားပါ။ မီးအားမြှင့်စက်မှ အချက်ပေးသံထွက်မထွက်ကို အမြဲစစ်ဆေးနေပါ။ မီးအားမြှင့်စက်ဆိုတာက အမြဲပူနေတဲ့ ပစ္စည်းဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ တပ်ဆင်ပါ။ လေဝင်လေထွက်ကောင်းအောင် ပန်ကာတပ်ထားသော စက်များကို ရွေးချယ်အသုံးပြုပါ။

ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးတော့ ဓါတ်တိုင်မှ မီတာသို့ အဝင်ကြိုး၊ မီတာမှ မိန်းသို့ အဝင်ကြိုးနှင့် မိန်းမှ မီးအားမြှင့်စက်သို့ ဆက်ထားသော ကြိုးများ၏ ခံနိုင်ရည်နှင့် အမှန်တကယ် မီးအားကျပါက ဆွဲနိုင်သည့် အမ်ပီယာတို့ကို တွက်ချက်ပြီး ကြိုးဆိုဒ်မမှန် (သေးနေပါက) ဆိုဒ်အမှန်ဖြင့် လဲလှယ်သင့်ကြောင်း အကြံပြုလိုပါတယ်။

လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။

Don't Monkey with Electricity...!!!
(ဆက်ရန်)
 
 
ဝါယာကို ရှော့တိုက် ကစားခြင်း(၃)

ဝါယာရင်း

မီးလောင်မှုကို အဓိကဖြစ်စေတဲ့ ဝါယာရှော့ဆိုတဲ့ ကိစ္စရပ်ကြီးကို ဖြစ်စေတာ ဝါယာတွေကြောင့်ပါပဲ။

... (၁) ဝါယာတွေရဲ့ သက်တမ်း
ဝါယာတွေရဲ့ သက်တမ်းကို အရင်မြန်မာပြည်ကထုတ်တဲ့ လျှပ်စစ်ကျွမ်းကျင် စာအုပ်တွေမှာတော့ အနှစ်၂၀ကနေ ၃၀လောက်အထိ ပြကြပါတယ်။ ဒါပေမယ့် ဒါတွေက ရေခိုးရေငွေ့များတာတွေ၊ အပူချိန်တွေ၊ နောက် ဝါယာတွေရဲ့ သွယ်တန်းမှုစနစ် စတာတွေထည့်သွင်း တွက်ချက်ထားတာ မရှိပါဘူး။ တကယ်တမ်း အိမ်သုံး လျှပ်စစ်မီးကြီုးတွေရဲ့ သက်တမ်းက ၁၀နှစ်ကနေ ၁၅နှစ်ပါပဲ။ အများဆုံး ၁၅နှစ်ကျော်လာတာနဲ့ မီးကြီုးတွေကို အသစ်လဲလှယ်တပ်ဆင် သင့်ပါတယ်။

များသောအားဖြင့် နေအိမ်အတော်များများဟာ သုံးလို့ဖြစ်နေသေးသ၍ ဆက်သုံးနေကြတာပါ။ အနှစ် ၄၀ကျော်ရှိတဲ့ မီးကြီုးတွေနဲ့ နေနေကြတဲ့ အိမ်တွေတောင် မြင်ဖူးပါတယ်။ အခုနောက်ပိုင်း ဝါယာရှော့ကြောင့် မီးလောင်ကြတဲ့ နေရာတွေမှာ အသုံးပြုကြတဲ့ မီးကြီုးတွေရဲ့ သက်တမ်းဟာ အနည်းလေး အနှစ်နှစ်ဆယ် အထက်မှာရှိတယ်ဆိုတာ အဆောက်အဦရဲ့ သက်တမ်းနဲ့ တွက်ကြည့်ရင် သိနိုင်ပါတယ်။ အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒမရှိတာရယ် စံစနစ်မရှိတာရယ်နဲ့ အသုံးပြုသူ ပြည်သူတွေရဲ့ ဒီအတွက် အကုန်အကျ မခံနိုင်တာတွေက အဓိကလက်သည်ပါပဲ။

(၂) ဖြစ်သလို သွယ်တန်းတပ်ဆင်မှု
အိမ်မီးဆိုတာကို လူတိုင်းက ခပ်လွယ်လွယ်ပဲ သဘောထားကြတာကလဲ ပြဿနာတစ်ခုပါပဲ။ အနီကြီုးနဲ့ အနက်ကြိုးကို လျှပ်စစ်ပစ္စည်းနဲ့ ဆက်မိရင်သုံးလို့ရတယ်ဆိုတာနဲ့ ဝင်လုပ်ကြရာက စတာပါ။ ကောင်းမွန်စနစ်ကျနတဲ့ သင်ကြားပေးမှု မရှိပဲနဲ့ လုပ်ပါများလို့ မီးလိုက်ဆင်နေသူတွေကြောင့်လဲပဲ ဖြစ်နိုင်ပါသေးတယ်။ မှန်ကန်တဲ့ ခံနိုင်ရည်ရှိတဲ့ကြိုး၊ ကြိုးအချင်းချင်း ဆက်တာကအစ၊ အကာအကွယ်တွေဖြစ်တဲ့ Fuse တွေ၊ Breaker တွေ ရွေးချယ်တပ်ဆင်တာမှာ အစိုးရအသိအမှတ်ပြု ကျွမ်းကျင်လုပ်သားတွေနဲ့ မလုပ်ကိုင်တာကြောင့် သက်တမ်းမပြည့်ခင် ဝါယာကြိုးတွေ ပျက်စီးခြင်း၊ ဝါယာကြိုးအတွင်း အပူလွန်ကဲခြင်း၊ လျှော့ဖြစ်နေသော်လည်း အကာအကွယ်များ ကောင်းစွာအလုပ်မလုပ်ခြင်း။ ကြိုးအဆက်နေရာတွေက အပူလွန်ခြင်း၊ ဝါယာများ ပေါက်ပြဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ဒီအပိုင်းမှာ အကြံပြုချင်တာက လျှပ်စစ်မီးကြိုးတွေ အသစ်သွယ်တန်း တပ်ဆင်တာပဲဖြစ်ဖြစ်၊ အဟောင်းတွေကို ပြုပြင်လဲလှယ်တာပဲဖြစ်ဖြစ် ကျွမ်းကျင်သူများကို ဆွေးနွေးတိုင်ပင် လုပ်ဆောင်စေသင့်ပါတယ်။

(၃) အရည်အသွေး မပြည့်မီမှု
ီနေရာမှာ အဓိက ပြောရမှာတော့ ကောင်မွန်တဲ့ စံစနစ်မရှိတာရယ်၊ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကို တင်သွင်းရောင်းချ ဖြန့်ဖြူးခွင့် ပေးကြတဲ့ အစိုးရကိုပါပဲ။ နောက်တစ်ခုက ဈေးသက်သာမှုကို ဦးစားပေးတဲ့ ကန်ထရိုက်တာတွေနဲ့ ပိုင်ရှင်တွေပါ။ ဈေးသက်သာတဲ့ အရည်အသွေး မပြည့်မီတဲ့ ဝါယာတွေကို သုံးကြရင် ကြိုးတွေက ပူလာမယ်၊ ကြွပ်ဆတ်လာမယ် လျှပ်တားတဲ့ ခံနိုင်ရည်တွေ ကျလာမယ်။ ဒီကနေမှ အချိန်ကြာမြင့်လာလေလေ ဝါယာရှော့ ဖြစ်နိုင်ခြေများလာလေလေပါပဲ။
------------------------------------------------------------------------------------------

ဝါယာတွေဟာ ဝန်ပိုသုံးလို့ပဲဖြစ်ဖြစ်၊ ဆိုဒ်မမှန်တာတွေကို သုံးလိုဖြစ်ဖြစ်၊ ကြိုးတစ်ခုနဲ့တစ်ခု အဆက်တွေမှာ ဖြစ်သလို လုပ်ထားလို့ဖြစ်ဖြစ်၊ စိုထိုင်းစများတဲ့နေရာ၊ ဆီတွေရှိတဲ့နေရာ စတဲ့နေရာတွေမှာ အသုံးပြုမိလို့ဖြစ်ဖြစ် ဝါယာတွေရဲ့ သက်တမ်းကို လျှော့ကျစေပါတယ်။ ပိုမိုပျက်စီးလွယ်စေပါတယ်။ ဒီအခြေအနေတွေအပြင် သက်တမ်းကြာလာတာနဲ့အမျှ ဝါယာတွေရဲ့ လျှပ်တားခုခံနိုင်မှုကလဲ ကျလာပါတယ်။ ကြွပ်ဆတ်လာပါတယ်။

ဝါယာတွေရဲ့ သက်တမ်းက အသုံးပြုတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။ အဓိကတော့ ဝါယာတွေရဲ့ ခံနိုင်ရည်ကို စစ်ဆေးတာ အကောင်းဆုံးပါပဲ။ ဒါကို Megger ရိုက်တယ် ခေါ်ပါတယ်။ ကျွမ်းကျင်လျှပ်စစ်လုပ်သားနဲ့ ပြုလုပ်စစ်ဆေးသင့်ပါတယ်။ ဒီလိုစစ်ဆေးတော့မယ်ဆိုရင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အကုန်လုံးနဲ့ အဝင်လျှပ်စစ်ကို ဖြုတ်ထား၊ ဖြတ်ထားဖို့ အဓိက အရေးကြီးပါတယ်။

Megger ရိုက်စစ်တယ်ဆိုတာက ဒီမီးကြိုးတွေရဲ့ လျှပ်တားကာကွယ်နိုင်မှုကို ကောင်းမကောင်း၊ သတ်မှတ်ထားတဲ့ အခြေအနေမှာ ရှိနေမနေကို စစ်တာပါ။ အကြမ်းအားဖြင့် ၁ မက်အုမ်း (1 megger ohm) ထက်တော့ မနည်းသင့်ပါဘူး။ ဒိထက်နည်းနေရင်တော့ ဝါယာတွေကို အသစ်အစားထိုးဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။ ကျွမ်းကျင်တဲ့ လျှပ်စစ်သမားနဲ့ တိုင်ပင်ပြီးတော့ စစ်ဆေးစေလိုပါတယ်။

အထူးသတိပေးချင်တာက မိမိတို့ အိမ်မှာသုံးနေတဲ့ ဝါယာတွေက အပူလွန်နေ မလွန်နေ စစ်ဆေးဖို့ရယ်၊ အသုံးပြုတာ အနှစ် ၂၀ကျော်နေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အသစ်လဲလှယ်သင့်ပါကြောင်း။

လျှပ်စစ်အကြောင်း တိတိပပ မသိသေးသူများအတွက် ဦးတည်းရေးပါသည်။

Don't Monkey with Electricity...!!!

(ဝါယာခံနိုင်ရည် တွက်ချက်ခြင်း ဆက်ရန်)
See More

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။