Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 15, 2013

ဆုန်သင်းပါရ်နှင့် တွေ့ဆုံခြင်း

 
ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ကိုယ့်ရဲ့မျှော်လင့်ချက်အသစ်ဆိုတဲ့ ပုံစံနဲ့ချပြလိုက်တာ

အေးသူစံ အတွဲ (၁၂)၊ အမှတ်(၃)

တစ်ကိုယ်တော်ခွေ သုံးခွေထွက်ပြီးနောက်ပိုင်း စင်မြင့်ဖျော်ဖြေပွဲအချို့မှာ သီဆိုဖျော်ဖြေသည်ကလွဲလို့ ခွေအသစ်လည်းမထွက်ဘဲ ခုနစ်နှစ်နီးပါးကြာမှ “အသစ်”ဆိုတဲ့ စီးရီးနဲ့ တစ်ဖန်အောင်ပွဲခံခဲ့သူက အဆိုတော်ဆုန်သင်းပါရ် ဖြစ်ပါတယ်။ ရော့ခ်နဲ့ကန်းထရီး ဂီတအမျိုးအစားတွေကို တစိုက်မတ်မတ်သီဆိုခဲ့ပြီး တစ်ခါတစ်ရံ Slow Rock လေးတွေဆိုတတ်တဲ့၊ ရော့ခ်ခေါင်းစဉ်အောက်က သီချင်းတွေနဲ့ ဆုန်သင်းပါရ်ဟာ အသစ်စီးရီးမှာတော့ နာမည်နဲ့လိုက်အောင် သီချင်းပုံစံတွေရော၊ သီချင်းဆိုပုံဆိုဟန်တွေကိုပါ မျက်လှည့်ပြသလို အသစ်ပြောင်းပစ်လိုက်နိုင်သူပါ။
ရော့ခ်နဲ့ခေါက်ရိုးကျိုးနေတဲ့သူ့ကို တစိုက်မတ်မတ်အားပေးတဲ့ ပရိသတ်တွေကလည်း ဒီအပြောင်းအလဲကို နှစ်ခြိုက်လက်ခံနေပါတယ်။ “အသစ်”စီးရီးကြောင့် ခုနစ်နှစ် စောင့်ရလာတဲ့ ပရိသတ်လည်း စောင့်ရကျိုးနပ်တယ်လို့ မှတ်ချက်ပြုခံရတဲ့ ဆုန်သင်းပါရ်နဲ့ သူမရဲ့ဂီတလမ်းကြောင်း၊ မကြာမီမွေးဖွားတော့မယ့် သူမရဲ့ သားဦးလေးအကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
“အသစ်”စီးရီး ထွက်ပြီးချိန်မှာ ပရိသတ်ဆီက မထင်မှတ်ထားတဲ့ ဝေဖန်သံတွေ ကြားလိုက်ရလား။
ကိုယ်ပိုင်သံစဉ်ခွေ တစ်ခွေကို တော်တော်များများ ကြိုက်ကြတယ်လို့ ပြန်ကြားရတယ်။ အထူးသဖြင့် မိန်းကလေးပရိသတ် ပိုကြိုက်တာပေါ့နော်။ ကိုယ်လုပ်လိုက်တဲ့အရာရဲ့ စေတနာက ရောင်ပြန်ဟပ်တယ် ထင်တယ်။ ဒီခွေကို ကိုယ်ပိုင်သံစဉ်အဖြစ် တစ်နှစ်ခွဲလောက် လုပ်ခဲ့တာ။ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်ထွက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် အခုလို အသိအမှတ်ပြုခံရတာ ၀မ်းသာတယ်။
ဒီအခွေက အစ်မကိုပရိသတ်အသစ်တွေ တိုးပွားစေတယ်လို့ ပြောလို့ရမလား။
အသစ်ထပ်မတိုးရင်တောင်မှ ရှိပြီးသား ကိုယ့်ကို တစိုက်မတ်မတ် အားပေးလာကြတဲ့သူတွေက ကိုယ်ပိုင်သံစဉ်နဲ့ အသိအမှတ်ပြုတဲ့အတွက်ကို ၀မ်းသာပါတယ်။
ခုနစ်နှစ်လောက် ခွေသစ်မထွက်နိုင်ခဲ့ပေမယ့် အခု “အသစ်” စီးရီးက ပရိသတ်စောင့်ရကျိုးနပ်တဲ့ စီးရီးလို့ ပြောကြတယ်။ ဒီခုနစ်နှစ်တွင်း သီချင်းတွေ စိမ်ပြေနပြေ ရွေးနေခဲ့တာလား။
ဆုန်သင်းကတော့ သီချင်းကောင်းဖို့ပဲ နံပါတ်တစ်ကြည့်တယ်။ သီချင်းပုံစံကို သူများ မမျှော်လင့်တဲ့ ပုံစံကြီးလုပ်ပြမယ် ဆိုတာမျိုး မရှိဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ကိုယ့်ရဲ့မျှော်လင့်ချက်အသစ်ဆိုတဲ့ပုံစံနဲ့ ချပြလိုက်တာ။ ကိုယ်ပိုင်သံစဉ်က သီချင်းရွေးရတာ တော်တော်မလွယ်ဘူး။ တစ်ခါတလေ မယ်လိုဒီပိုင်းမှာ အရမ်းကောင်းပေမယ့် စာသားမကြိုက်တာရှိတယ်။ စာသားအားကောင်းပေမယ့် မယ်လိုဒီ သိပ်မပြေပြစ်တာရှိတယ်။ ဒီခွေမှာ တည်တည်ငြိမ်ငြိမ် သီချင်းတွေ ပိုများတယ်။ ရော့ခ်ချည်းပဲ သီးသန့်ခေါင်းစဉ်အောက်ကနေ သွားတာမဟုတ်ဘူး။
ဒီစီးရီးက အမ်တီဗီရိုက်မယ်ဆိုရင် တော်တော်လေး ရုပ်လုံးဖော်လို့ကောင်းမယ့် သီချင်းလေးတွေ ဖြစ်နေတယ်နော်။
ဒီဗီဒီထွက်လာရင် ပရိသတ်လိုက်ဆိုနိုင်မယ့် သီချင်းကို ရွေးထားတာ။ အရင်ခွေထက်စာရင် ဒီခွေကတော့ ဆိုလို့လွယ်မယ့် သီချင်းလေးတွေ ပိုများတယ်။ ဦးလူမင်းခေါင်က လေးပုဒ်လောက် စိတ်ကြိုက်တည်ပြီး ရိုက်ချင်တာ။ တစ်ပုဒ်ကတော့ ရိုက်လို့မီလိုက်တယ်။ အခုကိုယ်ဝန်ရှိနေလို့ နောက်အပုဒ်တွေတော့ အပေါ်ပိုင်းပဲ ရိုက်ရမလား။ စောင့်ရမလား မသိဘူး။ (ရယ်လျက်) တခြားဗီစီဒီနဲ့မတူဘဲ အသစ်ကတော့ ဆုန်သင်း အရမ်းအားရမယ့် အမ်တီဗီပဲ။
အစ်မရဲ့အသံကို ပိုကောင်းလာတယ်လို့ မှတ်ချက်ပြုကြတယ်။ သီချင်းတွေကလည်း အပျော့လေးတွေ ဖြစ်သွားတယ်ဆိုတော့ ရော့ခ်မုဒ်ကနေ ဒီလိုမုဒ်ရအောင် ဘယ်လိုဖန်တီးယူလဲ။
အသက်အရွယ်ပါပဲ။ တချို့အပုဒ်တွေကျတော့ အလွတ်နီးပါးရပြီး ပိုင်ပြီးသားဖြစ်နေတော့ အဲဒါတစ်ချက်အားသာတယ်။ ဒီနေ့ တစ်ပုဒ်သွင်းမယ်ဆို အဲဒီတစ်ပုဒ်ကိုပဲ စိတ်ထဲမှာထားတယ်။ “မခေါ်ရက်ဘူး”သီချင်းဆိုရင် အရမ်းဝမ်းနည်းတဲ့ မုဒ်ရအောင်လို့ အသံမသွင်းခင် တစ်ညလုံး ဘာမှမစားမသောက်ဘူး။ တစ်ခွေလုံးခြုံကြည့်ရင် မယ်လိုဒီပိုင်းကို အားရတယ်။ စာသားတွေကတော့ တချို့နေရာလေးတွေ တိုနေတာရှိတယ်။ ရှည်ရင်ကောင်းမယ်လို့ အတွေးဝင်မိတယ်။ ဒါပေမဲ့ တေးရေးတွေကိုတော့ ကိုယ်က အထွန့်မတက်တော့ဘူးလေ။
ဆိုဖော်ဆိုဖက်တွေက ဘယ်လို မှတ်ချက်ပြုကြလဲ။
သူတို့ အရမ်းသဘောကျကြတယ်။ အဆိုတော်အချင်းချင်းကျတော့ ကိုယ်ပိုင်သံစဉ်ကို တစ်ခွေလုံး လုပ်ထားတဲ့အပေါ် သူတို့ အားပေးကြတယ်။ အားနာလို့လား မသိဘူးပေါ့နော်။ (ရယ်လျက်)
အခုနောက်ပိုင်း အဆိုတော်အသစ်တွေကအစ ကိုယ်ပိုင်သံစဉ်တွေကို လုပ်လာကြသလိုပဲ။
နောက်ပိုင်းလည်း ကိုယ်ပိုင်သံစဉ်တွေပဲ များလာမှာပါ။ ကော်ပီကလည်း မပျောက်ပါဘူး။ ဒါပေမဲ့ အကုန်လုံးက ကြိုးစားလာကြတော့ ကိုယ်ပိုင်သံစဉ်ဖြစ်တယ်ဆိုရုံလေး စာသားထည့်ကြတယ်။ ဖြတ်ညှပ်ကပ်လေးတွေတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒီထက်ကောင်းတဲ့ သီချင်းတွေ ထွက်လာမယ်လို့ မျှော်လင့်တယ်။ ခိုးကူးခွေကလည်း တစ်ကြောင်းပေါ့။ ဂီတအဆင့်အတန်းပိုင်းမှာတော့ ဒီထက်အများကြီး ပိုကောင်းလာလိမ့်မယ်။
ဒီမှာ ရှိုးပွဲကြည့်တဲ့ ပရိသတ်တွေနဲ့ အဆိုတော်အချို့ရဲ့ ပဋိပက္ခလေးတွေရှိကြတာ ဘာကြောင့်လို့ထင်လဲ အစ်မ။
နိုင်ငံခြားမှာကျတော့ ကန်းထရီးမြူးဇစ်ကြိုက်တဲ့သူက ကန်းထရီးအဆိုတော်ထဲက ဘယ်သူဆိုဆို အားပေးတယ်။ မြန်မာပြည်မှာကျတော့ ပန့်ခ်ကြိုက်တဲ့သူက ပေါ့ပ်ရှိုးလာချင်လည်း လာမှာပဲ။ ဟစ်ဟော့ပ်သမားတွေလည်း ရော့ခ်ရှိုးကို သွားချင်သွားတာပဲလေ။ ဥပမာ ခုလာမယ့် မိုက်ကယ်လန်းကို မကြိုက်တဲ့သူကလည်း မိုက်ကယ်လန်းကို အပြင်မှာမမြင်ဖူးတော့ သွားကြည့်မှာပဲ။ ဆုန်သင်းပါရ်ကို ကြိုက်တဲ့သူကလည်း တခြားအဆိုတော်ကို သွားကြည့်မှာပဲ။ သီးသန့်ကြီး ကိုယ့်တစ်ယောက်တည်းကို လာကြည့်ဖို့တော့ သိပ်မလွယ်ဘူး။ တစ်ခါတလေကျ ကိုယ့်ကို အဆိုတော်မို့သာ ကြည့်နေတာ။ ကိုယ့်သီချင်းကို သိတောင်မသိကြတာ ရှိတယ်။
ဂီတသက်တမ်းလည်း ကြာနေပြီဆိုတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်မကူးသေးဘူးလား။
ဒီနှစ်ထဲ မဟုတ်ရင်တောင် နောင်နှစ်ထဲမှာ လုပ်ဖို့ရှိတယ်။ အဲဒီကျရင်လည်း ကိုယ်တစ်ယောက်တည်း အပုဒ်သုံးလေးဆယ် ဆိုချင်တယ်။
အစ်မက တစ်ယောက်တည်း အပုဒ်သုံးလေးဆယ် ဆိုချင်တာက တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုတဲ့ အရသာကို အပြည့်အ၀ပေးချင်လို့လား။
ဟုတ်တယ်။ ကိုယ့်သီချင်းတွေကို ကိုယ်ကိုယ်တိုင်ဆိုချင်တယ်။ တခြားသူကို ပေးမဆိုချင်ဘူး။ ဒီနိုင်ငံအနေအထားနဲ့ အဆင်ပြေပြေ မပြေပြေ မတတ်နိုင်ဘူး။ သူများအားကို ယူပြီးဆိုတာတော့ မလုပ်ချင်ဘူး။ ဆုန်သင်းပါရ်ရှိုးဆိုပြီး နာမည်တပ်ရင် ကိုယ်ပဲဆိုချင်တယ်။ ဆုန်သင်းပါရ်ကို ကြိုက်တဲ့သူလာကြည့်ပေါ့။
အခွေသစ်မထွက်သေးခင်မှာ ရှိုးပွဲလက်ခံတာတွေကို လျှော့ပစ်လိုက်တာ ဘာလို့လဲ။
ဘုရားကျောင်းပွဲနဲ့ ကိုယ့်ချင်းမိသားစုပွဲတွေတော့ ဆိုဖြစ်ပါတယ်။ တခြားပါရုံပဲပါပြီး ပိုက်ဆံရရုံပွဲတွေတော့ မဆိုတော့ဘူး။ ကိုယ့်အင်းမေ့ခ်ျအတွက် ကောင်းမယ်ဆိုရင်တော့ ဆိုပါတယ်။ ခွေထွက်ပြီး အခုတော့ ကိုယ်ဝန်ရကတည်းက နားကိုမနားရသေးဘူး။ အရွဲ့တိုက်နေသလိုပဲ။ ပွဲတွေ ဆက်တိုက်သွားနေရတယ်။
သားဦး ကိုယ်ဝန်လွယ်ထားရပေမယ့် သက်သောင့်သက်သာပဲနော်။ မီးဖွားဖို့ရော ဘယ်လိုအစီအစဉ်ဆွဲထားလဲ။
ကားလမ်းတွေကလည်းကျပ်တော့ ကိုယ်ဗိုက်နာရင် နီးနီးနားနား ပြေးမွေးလို့ရအောင် ၀ိတိုရိယမှာ မွေးဖို့စဉ်းစားထားတယ်။ အိမ်ထောင်ကျပြီး သုံးနှစ်လောက်မှာ ကလေးရတော့ အရမ်းပျော်တယ်။ သားဦးဆိုတော့ စိတ်လှုပ်ရှားတယ်။ သူများတွေလို ကိုယ်ဝန်ရှိလို့ နေမကောင်းတာတို့၊ ချင်ခြင်း တက်တာတို့၊ အစားအသောက် မစားချင်တာတို့ လုံးဝမရှိဘူး။ ပေါ့ပေါ့ပါးပါးပဲ မွေးနိုင်မယ်လို့ ထင်တယ်။ ရိုးရိုးပဲမွေးဖို့ စိတ်ကူးထားတယ်။
ဘာလို့ ရိုးရိုးမွေးဖို့ စီစဉ်တာလဲ အစ်မ။
မနာအောင်တော့ ဆုမတောင်းဘူး။ ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားထားတယ်။ မိန်းမတစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ မိဘမေတ္တာကို ပိုလည်းနားလည် သိတတ်အောင်လို့၊ ကိုယ်ကိုယ်တိုင် ကလေးမွေးလာရင် ကိုယ့်စိတ်က ရင့်ကျက်မှုအဆင့်တစ်ခုကို ရောက်သွားမယ်လို့ ထင်တယ်။ အဲဒါကြောင့် ရိုးရိုးကိုမွေးချင်တာ။ မခံစားဖူးတဲ့ အတွေ့အကြုံကို သိချင်တာ။ ဘုရားက သဘာဝအတိုင်းမွေးဖို့ ပေးထားတာပါ။ ကလေးအနေအထားတို့ ကျန်းမာရေးမကောင်းတာတို့ဆို တစ်မျိုးပေါ့။ ကိုယ်ကိုယ်တိုင်က ကျန်းကျန်းမာမာပဲဆိုတော့ မတတ်နိုင်တဲ့အဆုံးကျမှ ခွဲမွေးမယ်။ ဒီတိုင်းပဲမွေးမယ်။ ကိုယ်လည်း ကိုယ့်အမေကျေးဇူးကို ပိုသိအောင်လို့ပါ။ မေလမှာ မွေးမယ်။
ဟုတ်ကဲ့။
ကျေးဇူးတင်ပါတယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။