အသားနွင်ပေးမယ့် လက်သွား
အသားနွင်ပေးမယ့် လက်သွား
Wednesday, January 23, 2013
ဆိုင်ကြီးတွေမှာ စားရင် ကြုံရတဲ့ ပြဿနာက အသားကို ကောင်းကောင် နွင် မစားနိုင်ခြင်း ဖြစ်ပါတယ်။ စားပြန်တော့လဲ ဟို...ပေဒီပေနဲ့ အရှက်ကွဲရပါတယ်။ အထူးသဖြင့် ဆိုင်ကြီးတွေမှာဆိုရင် အဲ့လိုစားဖို့ သတိထားရပါတယ်။
ဒါကြောင့် ယင်းပြဿနာကို ဖြေရှင်းဖို့အတွက် လက်ခရင်း/လက်သွား လို့ခေါ်တဲ့ Trongs Finger Food Utensil ဆိုတာကို Eric Zimmermann နဲ့ Dan Ferrara တို့ ယခုလို တီထွင်လိုက်ပါတယ်။ လက်မှာ စွပ်ထားပြီး အသားကို ယခုလိုပဲ အလွယ်တကူ နွင်/နွာ နိုင်တာ တွေ့ရပါတယ်။
ဒီတော့ အစားစာနေရင်း ဖုန်းလာရင် ကိုင်ဖို့ လက်က သန့်နေပါတယ်။ ခက်ရင်းနဲ့ ဓားသုံးလို့ စားရသလောက်လည်း အားစိုက်စရာ မလိုပါဘူး။ လက်နဲ့ အံဝင်ခွင်ကျ စွပ်လို့ အေးအေးဆေးဆေးပဲ စားသုံး နိုင်ပါတယ်။ အရွယ် တစ်မျိုးတည်းပဲ ထုတ်လုပ်ထားပြီး အသား၊ငါး စားသုံးမှုများအတွက် ဆန်းဆန်း ပြားပြား ပစ္စည်းလေး တစ်ခု ဖြစ်ပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။