Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 23, 2013

ကျန်းမာရေး ကောင်းမွန်စေရန် ရုံးအားရက်တွင် လုပ်သင့်သည်များ

 
ကျန်းမာရေး ကောင်းမွန်စေရန် ရုံးအားရက်တွင် လုပ်သင့်သည်များ

=====================================

တနင်္လာနေ့ကနေ သောကြာနေ့အထိ လူအများစုက ရုံး ဒါမှမဟုတ် ကျောင်းတက်ရလေ့ ရှိကြပါတယ်။ အဲဒီလို နေ့တွေမှာ ကျောင်းချိန်၊ ရုံးချိန်မီအောင် ပြင်ဆင်ရတာကြောင့် တိကျတဲ့ အချိန်ဇယားအတိုင်း နေထိုင်ရပါတယ်။ စနေ၊ တနင်္ဂနွေလို အားလပ်ရက်လည်း ရောက်လာရော၊ တစ်ပတ်လုံး လိုက်နာခဲ့တဲ့ အကျင့်တွေ ပျက်သွားပြီး နောက်ကျမှ အိပ်ရာက ထတာ၊ လေ့...ကျင့်ခန်း မလုပ်တာ၊ အရက် သောက်တာ၊ ညဥ့်နက်တဲ့အထိ အပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ စတာတွေကိုပါ လုပ်ဆောင်ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အထတွေကြောင့် ကိုယ်အလေးချိန် တက်လာတာနဲ့ ပင်ပန်းနွမ်းနယ် အားနည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာပါ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်နိုင်စေဖို့ အောက်ပါ အလေ့အကျင့်တွေကို လိုက်နာပေးသင့်ပါတယ်။

(၁) မိနစ် ၃၀ လောက် လှုပ်ရှားမှုလုပ်ပါ

အားလပ်ရက်ရဲ့ အကောင်းဆုံး အချက်တစ်ခုက သင့်မှာ အားလပ်ချိန် များများရှိနေတာပါပဲ။ ဒါကြောင့် ရုံးတက်ရက်တွေမှာ နေ့လယ်စာ စားပြီးချိန် လမ်းလျှောက်နိုင်ဖို့ အချိန်လုရတာမျိုး မရှိတော့ပါဘူး။ ရုံးအားရက်တွေမှာ အနီးနားက ပန်းခြံတွေထဲ သွားပြီး လေ့ကျင့်ခန်း လုပ်တာမျိုးကို လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် အားကစားခန်းမကို တစ်နာရီလောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ဒီလို လုပ်ပေးတာကြောင့် ပင်ပန်းနွမ်းနယ်တာ ကင်းဝေးပြီး တက်ကြွ လန်းဆန်းနေပါလိမ့်မယ်။

(၂) ရုံးတက်ရက်များကဲ့သို့ စားပါ

ရုံးအားရက်တွေမှာ မုန့်အမျိုးမျိုး လုပ်စားတာ၊ အချိန်မှန် မစားဘဲနေတာ၊ ညစာမှာ အလွန်အမင်းစားတာ၊ နံနက်အိပ်ရာထ နောက်ကျလို့ နေလယ်စာကျမှ အလွန်အမင်းစားတာ ဒီလိုလုပ်တဲ့ အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပါဘူး။ ဒါကြောင့် တစ်ပတ်လုံးစားတဲ့ ပုံစံအတိုင်း အချိန်မှန် စားသောက်ပြီး စွမ်းအင်ပြည့်ဝနေအောင် ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှာပါ။

(၃) ပုံမှန် အိပ်စက်မှု အချိန်ဇယားအတိုင်း အိပ်ပါ

တစ်ပတ်လုံး အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် တိတိကျကျ ထားတတ်ပေမယ့် ရုံးအားရက်တွေမှာ ညဥ့်နက်တဲ့အထိ မအိပ်ဘဲနေတာ၊ နောက်ကျမှ အိပ်ရာထတာတွေ လုပ်ဖြစ်တဲ့သူတွေထဲ သင်ပါနေသလား။ ဒါဆိုရင်တော့ သင်ရဲ့ အိပ်စက်တဲ့အလေ့အထကို တစ်ပတ်လုံး ကျင့်သုံးတဲ့ပုံစံအတိုင်း ဖြစ်နေအောင် ပြုပြင်သင့်နေပါပြီ။ ခါတိုင်းထက် အိပ်ရာထ နောက်ကျတာကြောင့် ဗိုက်ဆာကာ အစာတွေ အများကြီး စားမိတာမျိုး ဖြစ်နိုင်လို့ပါ။ ဒါ့အပြင် အိပ်စက်တဲ့ အလေ့အထကို ပြောင်းလဲတာကြောင့် တနင်္ဂနွေညမှာ အိပ်ပျော်ဖို့ ခက်ခဲပြီး တနင်္လာနေ့မှာ ပင်ပန်း နွမ်းနယ်နေနိုင်ပါတယ်။

(၄) အိမ်အပြင် ထွက်ပါ

အားလပ်ရက်ဆိုရင် အိမ်ထဲမှာပဲနေတာ များပါတယ်။ တကယ်တော့ အားလပ်ရက်မှာ နေခြည်နုနု ခံယူနိုင်ဖို့ အပြင်ထွက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒီလို အပြင်မှာနေတာက ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီ ရရှိမှု တိုးစေပြီး သင့်ကို လန်းဆန်းစေပါတယ်။ လေ့လာမှုတွေအရ အိမ်အပြင်မှာနေပြီး သဘာဝလောကနဲ့ ထိတွေ့တာက လူတွေကို ပိုမို ပျော်ရွှင်စေတယ်လို့ သိရပါတယ်။

(၅) ပြီးခဲ့သော တစ်ပတ်တာ အောင်မြင်မှုအတွက် ဂုဏ်ယူပါ

နေ့တိုင်း အစားအသောက်ကို အတိုင်းအဆနဲ့ စားပြီး လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ခဲ့နိုင်တယ်ဆိုရင် သင်ရဲ့ တစ်ပတ်တာ အောင်မြင်မှုအတွက် ဂုဏ်ယူနိုင်ပါတယ်။ အဲဒီအတိုင်း ရုံးအားရက်ကိုလည်း ဆက်လက် လိုက်နာပေးပါ။ တကယ်လို့ တစ်ပတ်လုံး အစားအသောက် ဆင်ခြင်ထိန်းချုပ်ပြီး လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်ဆိုရင် အားရက်မှာ အလွန်အကျွံ စားတာမျိုး၊ လေ့ကျင့်ခန်းမလုပ်ဘဲ နေတာမျိုး လုပ်မိသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနေပြီလို့ ယူဆမိတာကြောင့်ပါ။

(၆) အရက်ကို ထိန်းချုပ်ကာ သောက်ပါ

တစ်ပတ်လုံး အလုပ်လုပ်ရတာကြောင့် အရက်ကို မေ့ထားခဲ့ရတယ်ဆိုပြီး အားရက်မှာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စုကာ အရက် သောက်ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါမှာ အရက်ကို အလွန်အမင်း မသောက်ဘဲ အသင့်အတင့်ပဲ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်မိတာကြောင့် ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ ကိုယ်လက်မအီမသာ ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလို အရက်နာကျပြီး ကုန်ဆုံးရမယ့် အားလပ်ရက်က နှမြောစရာ ကောင်းလှပါတယ်။ နောက်တစ်ပတ် ရုံးတက် အလုပ်လုပ်ဖို့လည်း ခွန်အားတွေ လျော့ကျနေနိုင်ပါတယ်။

(၇) အနားယူ အပန်းဖြေပါ

ကျွန်မတို့ ရုံးဝန်ထမ်းအများစုက တစ်ပတ်လုံး အလုပ်တွေ များနေတတ်ပါတယ်။ ရုံးအားရက်တွေမှာလည်း တောက်တိုမည်ရ ဗာဟီရ အလုပ်တွေ၊ လူမှုရေး အလုပ်တွေနဲ့ ပင်ပန်းနေနိုင်ပါတယ်။ ဒါဆိုရင် အနားယူ အပန်းဖြေဖို့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိနိုင်ပါတော့မလား။ ဒါကြောင့် ရုံးအားရက်တွေမှာ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီလောက် အနားယူ အပန်းဖြေပေးဖို့ လိုပါတယ်။ အဲဒီ အချိန်အတွင်းမှာ သင်ဝါသနာပါတဲ့ ကိစ္စတစ်ခုခု (စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ ဈေးဝယ်ထွက်တာ) ကို လုပ်ဆောင်သင့်ပါတယ်။ ဒီလို အနားယူပေးတာကြောင့် စိတ်ခံစားမှု ပိုကောင်းလာတဲ့အပြင် စိတ်ဖိစီးမှုလည်း ကင်းဝေးနေပါလိမ့်မယ်။

(၈) အစားအသောက် အလွန်အမင်း စားသောက်ချင်စိတ်ကို ထိန်းချုပ်ပါ

အစားအသောက်ကို စားချင်တဲ့အခါ အများကြီးစားလိုက်၊ မစားချင်တဲ့အခါ လျှော့စားလိုက် လုပ်တာမျိုးကို ရှောင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အသင့်အတင့်စားပေးဖို့ လိုပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ အစားအသောက် စားသောက်ပုံကို ထိန်းသိမ်းခဲ့သလိုပဲ အားလပ်ရက်တွေမှာလည်း အစားအသောက်ကို အလွန်အမင်း မစားသင့်ပါ။

(၉) တနင်္လာ နံနက်ခင်းမှာ ကိုယ်အလေးချိန် ချိန်ကြည့်ပါ

သင့်အနေနဲ့ အားလပ်ရက်မှာ ကျန်းမာရေးနဲ့အညီ စားသောက် နေထိုင်ဖြစ်ရဲ့လားဆိုတာကို သိနိုင်အောင် တနင်္လာနံနက်ခင်းမှာ ကိုယ်အလေးချိန် ချိန်ကြည့်သင့်ပါတယ်။

(၁ဝ) ရှေ့တစ်ပတ်အတွက် အစီအစဉ်ချပါ

တနင်္ဂနွေ နေ့လယ်ခင်းနဲ့ ညနေခင်းကတည်းက နောက်တစ်ပတ် စားဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ သီတင်းပတ် တစ်ပတ်လုံး အလုပ်များနေတတ်တာကြောင့် အားလပ်ရက်ကတည်းက အစားအသောက်အတွက်သာမက အားကစားခန်းမကို သွားဖို့ အိတ်ကိုပါ ပြင်ဆင်ထားသင့်ပါတယ်။

... ဟင်းလေးအိုး
See More
— with Win Yu Maung, Ba Kyaw, Thet Htin, Urika Zaw, Gipsy Kite, Hnin Ngwe, Win Yu Maung Maung and Ko Ko Oo.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။