Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 24, 2013

ကလေး အတွး ၁

 
ရေးမိရေးရာလေးများ
(၁)

“သား…ကျောင်းမသွားချင်ဘူးမေမေ´´

“ဘာဖြစ်လို့လဲသားရဲ့´´

“ကျောင်းရောက်ရင် သားကို ကကြီးရေးပြပါလို့

ခိုင်းလိမ့်မယ်မေမေရဲ့´´

“ဒါများ….ဘာခက်လို့လဲ သားရယ်၊ ရေးပြလိုက်ပေါ့´´

“မေမေ ဘာသိလို့လဲ၊ ကကြီးရေးပြီးရင် သူတို့က ခခွေးပါ ဆက်ပြီးရေးခိုင်းကြဦိးမှာ…..´´

(၂)

အဲဒီဟာသထဲက ကလေးငယ်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ

လူကြီးတွေအတွက် ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။

ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားရင် ကလေးငယ်ဟာ(သူ့ကိုယ်သူတော့)

အင်မတန်မှ အမြော်အမြင် ကြီးမားစွာစဉ်င်္းစားဆုံးဖြတ်လိုက်တယ်လို့ အောက်မေ့မှာမလွဲပါဘူး။

မှန်ပါတယ်။ သူ့မှာလည်း ကလေး တစ်ယောက်ရဲ့ အတိုင်းအတာနဲ့ မြော်မြင်ဆင်ခြင်ကြည့်တဲ့

စဉ်းစားနည်း(Speculative Thinking) ရှိနေတာပဲမဟုတ်လား။

အမေ လုပ်တဲ့သူက “ကကြီး´´ရေးခိုင်းရင် “ကကြီး´´ရေးလိုက်၊

“ခခွေး´´ ရေးခိုင်းရင် “ခခွေး´`ရေးလိုက်၊ “ဂငယ်´´ ရေးခိုင်းတဲ့

အခါကျတော့လည်း “ဂငယ်´´ရေးလိုက်ပေါ့လို့ စဉ်းစားတယ်။



အဲဒီလို တစ်ခုချင်းစီ ဖြတ်သန်းရင်းနဲ့ သူ့သားငယ်ဟာ တဖြည်းဖြည်းနဲ့

စာတတ်မြောက်တဲ့သူ

တစ်ယောက် ဖြစ်လာမယ် ဆိုတဲ့စိတ်နဲ့ “နိဂုံး´`တစ်ခုကို ဆင်ခြင်ထားတယ်။

ကလေးငယ်ရဲ့ ဆင်ခြင်မှုကလည်း မမှာယွင်းပါဘူး။

“ကကြီး´´ ပြီးရင် “ခခွေး´´၊ “ခခွေး´` ပြီးရင် “ဂငယ်´´ စသည်ဖြင့် မဆုံးတမ်းလာတော့မယ်ဆိုတာ

သူလည်းတွေးနေမိတာပဲ။

ဒါပေမယ့် ကလေးငယ်ရဲ့ “နိဂုံး´´ကျတော့

“အဲသည်လိုဒုက္ခ (စာလုံးတွေ တစ်ခုပြီးတစ်ခု သင်နေရတာကို

ကလေးငယ်ကတော့ ဒုက္ခ လို့ထင်မှာပေါ့) အဆင့်ဆင့် ကို

ရေရှည် မခံစားရဖို့ ´´ ရည်ရွယ်ချက်ဖြစ်တယ်။ တိုတို ပြောရရင် “သက်တေင့်သက်သာနေရရေး´´

ဖြစ်တယ်။

ဒါကြောင့် ဒီဒုက္ခကို စောစောစီးစီးလမ်းစဖြတ်တဲ့အနေနဲ့ “ကျောင်းမသွားချင်ဘူး´´လို့ပြောလိုက်တာပါ။

(၃)

ကျွန်တော်တို့ လူကြီးတွေကကော ဘာထူးသလဲဟု တွေးမိပါတယ်။

ကျွန်တော်တို့တွေဟာ လူ့ဘ၀ကို ရပြီဆိုကတည်းက

ဒုက္ခသင်ခန်းစာရဲ့ ပထမဆုံး အက္ခရာ ဖြစ်တဲ့ “ကကြီး´`ကို စ ရေးခဲ့ရပါပြီ။ အသက်ကြီးလာတာနဲ့ အမျှ

“ခခွေး´´တွေ “ဂငယ်´´တွေကို ဆက်တိုက် တွေ့လာရဦးမှာပါ။

ဘ၀ဆိုတာ ဒုက္ခ ဆိုတဲ့ အက္ခရာတွေကို သင်ကြားပြဌာန်းထားတဲ့

စာအုပ်ကြီးတစ်အုပ် ဖြစ်ပါတယ်။



ဒါပေမယ့် ကျွန်တော်တို့တွေဟာ ဘယ်သူက ဒီဒုက္ခဆိုတဲ့ အက္ခရာကို

သင်ကြားချင်ကြလို့လဲ။

ဒုက္ခတစ်ခုချင်းစီနဲ့ တွေ့ကြုံရတိုင်း မပြီးသေးဘူးလား၊ အပြီးဆုံးနိုင်သေးဘူးလားလို့

ညည်းတွားကြတာချည်းပဲ မဟုတ်လား။



(၄)

တကယ်ဆိုရင် ဒုက္ခတွေကို ရင်ဆိုင်တဲ့နည်းက သိပ်

အဆန်းတကြယ်မဟုတ်ပါဘူး။ခက်ခက်ခဲခဲလည်းမဟုတ်ပါဘူး။

“ကကြီး´´ဒုက္ခနဲ့ ကြုံရင် “ကကြီးကို´´ရေးချလိုက်၊ “ခခွေး´´ ဒုက္ခနဲ့ကြုံအခါ

`ခခွေး´` ကို ရေးချလိုက်ရုံပါပဲ။

ဒီလိုပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားကြရအောင်။

ဒါမှ တကယ်လူကြီး အတွေးဖြစ်ပါတယ်။



(၅)

ဒါပေမယ့် ကျွန်တော်တို့အားလုံးက ညည်းတွားနေကြတယ်။

စိတ်ပျက်နေကြတယ်။ လောကဆိုတဲ့ ကျောင်းကို မတက်ချင်ဘူးဆိုပြီး ကျောင်းပြေးချင်နေကြတယ်။

ကျွန်တော်တို့ ဆင်ခြင်မှုရဲ့ “နိဂုံး´´က

ဘ၀ကို နားလည်တတ်မြောက်ဖို့မဟုတ်ပဲ “သက်တောင့်သက်သာ

နေထိုင်ဖို့´` ရည်ရွယ်ထားကြတာကိုး။

တကယ်တော့ ကျွန်တော်တို့ တတွေဟာ ……

အသက်ကြီးနေတဲ့ ကလေးငယ်တွေပါပဲ။



မင်းခိုက်စိုးစန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။