Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 12, 2013

စာရေးသူပြောချင်တဲ့ မယားဆိုး ( ၁၅ ) ယောက်အကြောင်း

January 12, 2013 ရက် ၊ 20:46 တွင် တော်ဝင်နှင်းဆီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

ရှောင်ကြဉ်အပ်တယ်လို့ ရှေးပညာရှိတို့ ဆိုခဲ့တဲ့ မယားဆိုး ဆယ့်ငါးယောက်ရှိပါတယ်။ ယုတ်ညံ့တဲ့မယားဆိုတာ စွန်ပယ်ခံရတဲ့စာရင်းဝင် မယားတွေဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့တစ်တွေဟာ စွန့်ပြစ်ခံမယား မဖြစ်ဖို့ ရှောင်ကြင်သင့်တဲ့အချက် လေ့လာသင့်တဲ့ပညာ ချစ်မြတ်နိုးစရာကောင်းတဲ့ မာယာသိသင့်တဲ့သုတများစွာကို တတ်သိနားလည်နေမယ်ဆိုရင် ....

အိမ်ထောင်ကောင်းတစ်ခု သို့မဟုတ် တွယ်တာမြတ်နိုးဘွယ်ရာ တစ်သက်တာပတ်လုံးခိုင်မြဲပြီး နောက်ဆံ တင်းစရာမလိုလောက်အောင် ပြီးပြည့်စုံ တဲ့ချစ်ခြင်းတရားတွေနဲ့ သာယာချမ်းမြေ့စရာ မိသားစုလေးကို တည်ဆောက်ပိုင်ဆိုင် နိုင်မှာ မလွဲမသွေပါနော်။ ဒီဘ၀လေးကိုပိုင်ဆိုင်စေချင်တဲ့မြန်မာမလေးတွေအတွက်
အရှက်ကင်းသောမယား
အကြောက်ကင်းသောမယား
ပျင်းရိတဲ့ မယား
ညစ်ပတ်လွန်းတဲ့ မယား
ဝန်တိုစဉ်းလဲတဲ့ မယား
နူနာရှိတဲ့ မယား
လင်ကို မချစ်တဲ့ မယား
ကြော့ကြမ်း ဟော့ရမ်း တဲ့မယား
သားယောက်ျား မဖွားသော မယား ( မှတ်ချက် ။ ။ ဆယ်နှစ်ဆိုင်းငံ့ရတယ် )
မြုံသောမယား ( ရှစ်နှစ်ဆိုင်းငံ့ရတယ် )
ခိုးသူနဲ့တူတဲ့ မယား
သခင် အရှင်နဲ့ တူတဲ့မယား
ရန်သူနဲ့ တူတဲ့မယား
ရန်ုငြိုးဖွဲ့တတ်တဲ့ မယား
သစ္စာမရှိတဲ့ မယား
ဒီဖော်ပြပေးခဲ့တဲ့ မယားမျိုးတွေဟာ မယားဆိုးတွေဖြစ်ပါတယ်။ရှေးထုံးအရစွန့်ပြစ်တတ်တဲ့မယားစာရင်းဝင်တွေ
ပဲဖြစ်ပါတယ်။
ကျမတို့ မိန်းမတွေဟာ လူပုံဏ္ဍန်ချင်း မတူသလို စိတ်သဘောထားချင်းလည်းမတူနိုင်ပါဘူး။ဆိုးတဲ့မိန်းမကဆိုးတာ
ပါပဲ။ သူတို့ရဲ့မွေးရာ ညာဉ်သဘောပါ။
ဒီလို ညာဉ်ဆိုး မယားနဲ့ပေါင်းရတဲ့ယောက်ျားများဟာလည်း တဖားဖားဖြစ်ရပါတယ်။ အချင်းချင်းအတိပ်အကြောင်း
တစ်စုံတ၇ာမသိပါပဲ ချစ်မိကြ တာ အိမ်ထောင် ပြုမိကြတာဟာ မုချအမှားကိုဖြစ်စေပါတယ်။အချစ်ရေးဟာကျယ်ဝန်း
လှပါတယ် ။ဒါကြောင့်ယောက်ျားမိန်းမ ဘယ်သူဖြစ်ဖြစ် လင်ဆိုးမယားဆိုးတွေကိုရှောင်ကြင်နိုင်အောင် လေ့လာသိ
သင့်လှတဲ့ပညာရပ်များစွာကို တင်ကြို ပြီး သိသင့်လှပါတယ်။
ကျမတို့ မိန်းကလေးများကလည်း ဒီလိုသိသင့်တာလေးတွေကို သိပြီဆိုရင် ပယ်ဖြတ်သင့်တဲ့ကိစ္စ ရှောက်ကြင်သင့်
တဲ့ကိစ္စ လိုက်နာကျင့်သုံးသင့်တဲ့ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောမထားပဲ ဆောင်ရွက်သင့်တာပြုလုပ်သင့်တာ
ရှောက်ကြင်သင့်တာကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့အချစ်ေ၇းအိမ်ထောင်ေ၇း`ဟာ နတ်ရေးတဲ့ဖူးစာ လူလုပ်လို့မမီသလို တုနိုင်းမရ မြင့်မြတ်တဲ့မိန်းမသားဘ၀ကို ဂုဏ်ယူဝင့်ကြွားစွာ နဲ့ သာယာချစ်မြတ်နိုးစရာအိမ်ထောင်တစ်ခုကို မလွဲမသွေပိုင်ဆိုင်စေမှာပါ။
မိန်းမဆိုတာ ဟိရိသြတ္တပ္ပ တရားနှစ်ပါးကို လက်ကိုင်ထား၇ပါ့မယ် ဒါဆို ရင် အရှက်အကြောက်ကင်းတဲ့မယားအဖြစ်မှကင်းလွတ်သွားပါတယ်။ လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာကိစ္စတွေကို အချိန်အခါအလိုက် လေးဖင့်မနေပါပဲ သန့်ရှင်းသပ်ရပ်အောင် ပြုပြင်တတ်မယ်နေထိုင်တတ်မယ်ဆိုရင် ပျင်းရိညစ်ပတ်တဲ့မယားနှစ်ပါးမှကင်းလွတ်သွားပါပြီ။
နောက် ကျမတို့ မိန်းမတွေဟာ အချစ်နဲ့ပတ်သပ်ပတ်သပ် အိမ်ထောင်ရှင် အမျိုးသားကိုယ့်ခင်ပွန်းလင်နဲ့ပဲပတ်သပ်ပတ်သပ် တစုံတခု အကြားအပြောနဲ့တင် ရှေ့မစဉ်းစာနောက်မစဉ်းစားပြုမူတတ်ပါတယ် ဒါဟာလည်းကိုယ့်ခင်ပွန်း
လင်သားကို ချစ်လွန်းတဲ့စိတ်ကြောင့်လည်းဝန်တိုတတ်ကြသလို နောက်လူကို မမီမှာစိုးတဲ့ကိုယ့်ရဲ့အားနည်းချက်ကြောင့်လည်းမဆင်မခြင် ၀န်တိုတတ်ကြပါတယ်။ ဒီလိုမိန်းမမျိုးမဖြစ်ဖို့ကတော့ ကိုယ့်ကသာ ရုပ်မလှချင်နေပါ
ကိုယ့်ခင်ပွန်းလင်အပေါ်မှာ တာဝန်ကျေတဲ့မယား လင်ကိုချစ်မြတ်နိုးတဲ့မယားမှန်ရင် ဘယ်အရာကိုမျှကြောက်စရာမလိုပါဘူး သူတထူးသယ်ဆောင်လာတဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်အိမ်ထောင်ေ၇းကိုယ့်မိသားစု ဘ၀ပျက်လောက်ထိ ၀န်တိုစဉ်းလဲတတ်တဲ့ မယားမဖြစ်ပါစေနဲ့။ တွေးခေါ်စဉ်းစာပါ လေ့လာပါ သုံးသပ်ပါ လိုအပ်တယ်ဆို
ရင် အချိန်ယူဖြေရှင်းတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါလို့။
ကံကံ၏အကျိုးကြောင့်မဟုတ်ဘဲ ၀ဋ်ကြွေးကြောင့်ရောဂါရှိခဲ့၇င်တော့ ကိုယ့်ကိုတိုင်လည်းဆင်ခြင်ပါ။ ယောက်ျားများ ကလည်း လွယ်လင့်တကူ မယူသင့်ကြပါဘဲလျှက် အကြောင်းတစ်စုံတခုကြောင့် မိန်းမတစ်ယောက်ကိုယူတဲ့အဖြစ်မျိုမှရှောင်ကြင်ကြပါ။ ဒီလိုမယားမျိုးမှန်းသိပါလျက်ယူခဲ့ကြမယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့အပြစ်မဟုတ်ပါဘူး ။
တချို့သောမိန်းမ များဟာ သိပ်ကိုကြမ်းတမ်းပြီးဟော့ရမ်းကြပါတယ်။ မိန်းမချင်းတောင်ကြောက်စရာကောင်းလှပါတယ် ဒီလို မယားမျိုးကိုလည်းသေချာလေ့လာသင့်ပါတယ် အကျိုးအကြောင်းအဆိုးအကောင်းမသိပါဘဲလက်တွဲ
ဖော်အဖြစ်မရွေးချယ်သင့်လှပါဘူးနော်။ ပျိုပျို အိုအို မမ ညီမ များကလည်း ဒီလို ကြော့ကြမ်းဟော့ရမ်းခြင်းဟာ ကိုယ့်ဘ၀ကို အထီးကျန် မလှပ ပါဘူး ဒါမျိုးလေးတွေကိုလည်း ရှောင်ကြင်မယ်ဆို ရင် ဒီလို မယားမျိုးဖြစ်လာစရာ
အကြောင်းမရှိလှပါဘူး။ သားယောက်ျားလေးမမွေးသောမိန်းမကတော့ ရှေးကပြုဘူးသောကံနဲ့ပဲသက်ဆိုင်ပါတယ် ဒီလို
မိန်းမမျိုးကိုတွေ့လို့လည်းယောက်ျားများက လွယ်လင့်တကူမစွန့်ပြစ်သင့်ပါဘူး အနည်းဆုံး ရှစ်နှစ် ဆယ်နှစ်စောင့်ဆိုင်းပေးရပါမယ် ။ ဒီမျိုမှ မရဘူးဆိုလည်း ကိုယ့်တကယ်ချစ်မြတ်နိုးလို့ယူထားတဲ့
မယားကို အလေးအမြတ်ထားစေချင်ပါတယ် မိန်းမများကတော့ မိမိရဲ့အတိတ်ကံတရားကြောက့်ပါ သို့အတွက် စိတ်ဖင့်မနေဘဲ ကိုယ့်လင်သားကိုပိုပြီး
ကြင်နာဂရုစိုက်ချစ်မြတ်နိုးပြီး လင်ကို ရိုသေကိုင်းရိုင်းပြီး နေ့စဉ်အိပ်ယာဝင်အမြဲမပြတ်ကန်တော့ပြီး မယားဝတ္တရား ငါးပါးသာ ပြီးပြည့်စုံတယ်ဆိုရင်ဖြစ်ရာဘ၀မှာ မတောင်းပဲနဲ့တောင် ယောက်ျားဆုကို လွယ်လင့်တကူရရှိပါတယ်လို့မြတ်စွာဘုရာရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့ပါတယ်။ တကယ်လို့သာကိုယ့်ခင်ပွန်းက သားယောက်ျားကိုမှမြတ်နိုးသူဆိုရင်တော့ မိမိဟာနုတ်ရေးအရာလိမ္မာပါးနပ်တဲ့ မိန်းမတစ်ယောက်ဖြစ်ရပါ့မယ်။ဒါမှအိမ်ထောင်ေ၇းကို
သာယာခိုင်မြဲအောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ မြုံသောမယားများကလည်းဒီအတိုင်းပါ ရှေးကံနဲ့ပဲဆိုင်ပါတယ်။
ဒါကြောင့်ဒီဘ၀ဖြစ်ပျက်နေတဲ့ကံတရားကို သေချာစဉ်ခြင် ပြီးမိမိစိတ်ကိုသာကောင်းစွာတည်ဆောက်ပေးပြီးကိုယ့်
ခင်ပွန်းလင်ကို ရိုသေစွာနဲ့လုပ်ကိုင်ပြုစုကြင်နာပေးနိုင်ရင် နှစ်သက်မြတ်နိုးဖွယ်ရာ အိမ်ထောင်တစ်ခုကို အလွဲမသွေပိုင်ဆိုင်ကြမှာပါ။ ခိုးသူနဲ့တူတဲ့မယားကတော့ ကိုယ့်လင်သားက ရှာဖွေကျွေးမွေးပါလျက် လင်မသိအောင် သုံးဖြုန်းတတ်တဲ့သူ မိန်းမတန်မဲ့လောင်ကစားကျူးသူ အပျော်အပါး အသောက်အစား ကျူးသူ ဆွေမျိုးညာတိများကို ကိုယ့်ခင်ပွန်းလင်မသိဘဲ ပေးကမ်းတတ်သူတွေပါ။ ကိုယ့်ခင်ပွန်းရှာဖွေပေးတဲ့ပစ္စည်ဥစ္စာများကို စီးတဲ့ရေဆယ်တဲ့ကန်သင်းကဲ့သို့ထိန်းသိမ်းပေးရမှာ ကျမတို့မိန်းမတွေရဲ့တာဝန်တစ်ခုပါ။
ဒီလိုကောင်းအောင်ပြုကျင့်တဲ့မယားဆိုရင် ဘယ်လိုယောက်ျားမျိုးက ကျမတို့ကို မယိုးစွပ်နိုင်ပါဘူး ဒီမယားမျိုး ကနေလည်းလွတ်ကင်းပါတယ်နော်။
မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပင်တော်နေပါစေ ထက်မြတ်လွန်းနေပါစေ ကိုယ့်ခင်ပွန်းလင်ရဲ့နောက်ကပဲနေသင့်တယ်လို့ မြင်ပါတယ် ။ အဲလိုမနေပါပဲ ငါသိငါတတ် ငါပဲထက်မြတ်တယ်လို့ခံယူကျင့်သုံးနေမယ်ဆိုရင်ယောကျာ်းဆိုတဲ့သူများဟာ မနိုင်လို့သာ ငြိမ်သက်တိတ်ဆိတ်နေပေမဲ့လည်း ဒီလို ကိုယ့်အပေါ်ကို မောက်မာရင့်သီးတဲ့သခင်အရှင်
နဲ့တူတဲ့မယားမျိုးကိုမလိုချင်ကြပါဘူး သူတို့ရဲ့အားနည်းချက်ဟာ မိန်းမတွေလောက်စိတ်ဓာတ်ရေးရာမှာခိုင်ကြည်မူမရှိပါဘူး ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ကျမတို့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဟာ အလွဲလွဲအချော်ချော်
ဖြစ်သွားနိုင်လို့ဒီလိုမယားမျိုးမဖြစ်အောင်ကြိုတင်ဆင်ခြင်သင့်ပါတယ်လို့။ နောက်အိမ်ထောင်တစ်ခု ကိုဘယ်သို့သော အကြောင်းတရားကြောင့်ပင် တည်ဆောက်ထားပါစေ ကိုယ့်ရဲ့ခင်ပွန်း လင်ယောက်ျားဖြစ်လာင်္ပြီဆို ရင် မိန်းမတစ်ယောက်ဟာ မဖြစ်မနေ မပျက်စီးစေသင့်ပါဘူး။ အစထဲကကိုယ့်သာတကယ်နှစ်လိုမူ့မရှိခဲ့ဘူးဆိုရင်ဘယ်အကြောင်း
တရားများရှိပါစေ ဘယ်သောအခါမှ အိမ်ထောင်တစ်ခုကို လက်သင့်မခံသင့်ဘူးမတည်ဆောက်သင့်ပါဘူး။ ဒါကိုတော့ကြပ်ကြပ်သတိထားစေချင်ပါတယ် ။ ဒီလိုသာမဟုတ်ပဲအကြောင်းအမျိုးမျိုးနဲ့ ကိုယ့်ရဲ့တွယ်တာနှောင်ဖွဲ့မူ့မပါ ပါ့ပဲသာလက်ခံမိမယ်ဆိုရင် ရန်ငြိုးဖွဲ့ပြီးအပြစ်တွေကမဆုံးနိုင်အောင် သံသရာအဆက်ဆက်စွန်းထင်းတတ်ကြလို့ ရန်သူနဲ့တူတဲ့မယားမျိုးမဖြစ်စေချင်လို့ပါ။ ယခုလက်ငင်းဘ၀ရောနောင်သံသရာပါ မကောင်းစားပါဘူး။ဒါကြောင့်ဒါကိုတော့ သတိလေးထားစေချင်ပါတယ်။
ကျမတို့မိန်းမတွေဟာ ချစ်သူအပေါ်ဖြစ်ဖြစ် အိမ်ထောင်ရှင်ယောက်ျာခင်ပွန်းအပေါ်မှာဖြစ်ဖြစ် တစ်ခုခုကိုရွေးချယ်ပြီးပြီဆိုရင် သစ္စာရှင် မိန်းမသားများသာဖြစ်စေချင်ပါတယ် သစ္စာ၇ှိတဲ့မယားဟာ ဘယ်သို့သောလက်နက် အဘယ်သို့သော အနှောက်အယှတ်မျိုး တစ်ပါးသူက ချောက်တွန်းခြင်းမျိုးကို သစ္စာရှင်မိန်းမ မယားကောင်းများကို ပူးဝင်နှောက်ယှက်လို့မရနိုင်ပါဘူးနော်။
မိန်းမတွေဟာ အဓိက ကဏ္ဍ တွေမှာရှိနေတာပါ ။ မိန်းမတွေမှာ သိရိသုံးပါးရှိပါတယ်။ ဒီသုံးပါးကတော့ ကြိုးတန်းကြိမ်တန်းအောက်မ၀င်ရတာ ထမီအထက်အောက် လှန်မ၀တ်ရတာ ခြေဆေးပြီးမှ အိပ်ရာဝင်ရတာပါ။ ယောက်ျားတစ်ယောက်ခြေဆေးပြီးမှအိပ်ရမယ်လို့ ဘယ်ကျမ်းဂန်မှာ မှ မတွေ့ဘူးပါဘူး။ မိန်းမတွေမှာပဲရှိပါတယ် ဒါလေးတွေကိုလည်း သိထားသင့်ပါတယ်နော်။ မိန်းမတစ်ယောက်ဟာတာဝန်တွေကသိပ်ကိုများပြားလှပါတယ်။ကျမတို့မိန်းမတွေက မြတ်စွာဘုရားရှင်ကို မွေးပေးနိုင်တဲ့မိန်းမပါ ထူးချွန်ထက်မြတ်တဲ့လူသားအားလုံးကိုမွေးမြူ
ပြုစုပျိုးထောင်ပေးနိုင်တာက မိန်းမသားတွေရယ်ပါ ။ ပန်းကိုပျိုးတဲ့ဥယျာဉ်မှူးဟာ ပန်းကောင်းတစ်ပွင့်ကို ပန်ချင်မှပန်ရပါ့မယ် ဒါပေမဲ့ကိုယ့်ပြုစု မွေးမြူလေ့ကျင့်ပေးလိုက်လို့ ပေါင်းသင်မြေဆွပြီးလှပတဲ့ ပန်းလေးတစ်ပွင့်ဖူးပွင့် လန်းဆန်းနေတာကိုတော့ ဘယ်ဥယျာဉ်မှူးမဆို ပိတိရေကြည် သီတာချမ်းမြတစ်ပေါက်လေးကျလည်း အမြဲကျေနပ်နှစ်သက်နေမိတာ က ဥယျာဉ်မှူး မေမေ မိန်းမသားတွေပါ။ ဒါကြောင့်လေ အထက်ကဖော်ပြပေးခဲ့မယားဆိုးဆိုတဲ့ နာမည်ဆိုးကြီးနဲ့ မိန်းမတစ်ယောက် ဘ၀ကနေ လွတ်မြောက်အောင်စွမ်းဆောင်နိုင်တဲ့ တော်ဝင်တဲ့ မယားကောင်းမယားမြတ် မယားအလိမ္မာလေးများဖြစ်စေချင်သော စေတနာအမှန်ဖြင့် မြန်မာ့အပျိုစင် များနဲ့ အိမ်ထောင်ရှင် မိခင်မိန်းမမြတ်များအတွက် စာရေးသူရဲ့မှန်ကန်သော မေတ္တာအရင်ခံလျက်။
သည်စိတ် သည်ဆန္ဒ သည်သွေးသား သည်သဘောတရားတွေကို ဘာနဲ့ထိန်းမလည်းဆိုရင် ထိန်းလို့ရတာကတော့ ဘာသာတရားလိုက်စားပြီး တရားအသိနဲ့နှလုံးသွင်း ဆင်ခြင်ပြီး ဆူးပေါ် ဖတ်ကျ ဖတ်ပဲပေါက်တယ် ဖတ်ပေါ်ဆူးကျလည်းဖတ်ပဲပေါက်တတ်တဲ့ ဆိုတဲ့ မိန်းမဘ၀မှာ ခလုတ်ထိမှ ဘုရားမတပါနဲ့ ခလုတ်ထိမှ သံဃာမတပါနဲ့မိန်းမပီသအောင် ထာဝရဘာသာတ၇ားကို မွေ့လျော် ပြီး ကမ္ဘာကိုအုပ်စိုးမဲ့အမိလက် ပုခတ်လွဲသော မိန်းမမြတ်လက်များဖြစ်ပါစေလို့ ....

********* တော်ဝင်နှင်းဆီ *********

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6192215&xgs=1&xg_source=msg_share_post မှကူးယူဖေါ်ပြပါသည်.

http://www.lubo601.com/2013/01/blog-post_9623.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။