Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 12, 2013

ဘယ်သူ မှားနေသလဲ… ?

By Win Ko on Saturday, January 12, 2013 at 7:21am ·
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကဒုက္ခသည်စခန်းသို့ နေ့စဉ် ဝင်ရောက်ရိုက်ခတ်လျက်ရှိနေသည်။ နှစ်ပေါင်း အတော်ကြာ ပြည်သူလူထုကို ဦးဆောင်ခဲ့သော အမေစုကိုပင် ပုန်ကန်ခြေရာတိုင်း လာကုန်ကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ကုန်ကြသနည်း ဆိုသည်ကိုတော့ ကောင်းစွာ မသိရိုးအမှန်ဖြစ်၏။

တနေ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးနှင့် စကားပြောဖြစ်ခဲ့ ကြသည်။ ဦးစွာပထမ သူက ဆိုလာသည်။
‘ကျနော် ဒေါ်စုကိုမထောက်ခံဘူး.. သူ့လုပ်ရပ်တွေကိုလည်း သဘောမကျဘူး…’ တဲ့။

‘ဘာကြောင့်များလဲ’ ဟု မေးလိုက်တော့…
‘ဒေါ်စုက အစိုးရအကြိုက် ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်တရုပ်ဗျ… အာဏာလည်း လိုချင်တယ်၊ ယစ်မူးနေပြီ’ ဟုပြောပြန်သည်။
‘ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဒီလိုပြောနိုင်တာလဲ’ ဟု ကျနော်မေးလိုက်ပြန်တော့…
‘နိုင်ငံရေးသမား ၁၀ ယောက်မှာ ၉ ယောက်က ဒေါ်စုကို မထောက်ခံကြတော့ဘူး..’ သူက ဆိုသည်။
‘ ပြည်သူလူထု ထောက်ခံမှု အပြည့်အဝ ရရှိပိုင်ဆိုင်ထားတဲ.. လူထု ခေါင်းဆောင် တယောက်ဆိုတာရော ခင်ဗျား တွက်မိရဲ့လား..’ ဟု ကျနော် ထောက်ပြလိုက်သောအခါ.. သူ့ထံမှ ထွက်ကျလာသော စကားကြောင့် မျက်လုံးပြူးဆန်ကာ ဖြစ်သွားရသည်။
သူက…
‘ပြည်သူလူထုဆိုတာ နိုင်ငံရေးမှ နားမလည်တာ.. နားလည်ရင် ဘယ်ထောက်ခံမလဲ..’ ဟု ဆိုလာပြန်တော့ ကျွဲမြီးတိုရသူက ကျနော်ပင် ဖြစ်တော့သည်။



‘ခင်ဗျား ပြည်သူလူထုကို စော်ကားလိုက်တာပဲ… ပြည်သူလူထုက ခေတ်အဆက်ဆက် ရပ်တည်ချက် မှန်ကန် ခဲ့တယ်။ သမိုင်းရဲ့ လိုအပ်ချက်ရှိတိုင်း မားမားမတ်မတ် ရပ်တည်ခဲ့တာချည်းပဲ… နောက်တွန့်ပြီး ခေါင်းလျှိုတဲ့ အထဲမှာ ပြည်သူလူထု မပါဘူး။ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖူးမှ၊ နိုင်ငံရေးအကျဉ်းသား ဖြစ်ဖူးမှ နိုင်ငံရေး ကို ပိုပြီးသိတယ်တတ်တယ်ဆိုတဲ့ ယူဆချက်ကို ကျနော် လုံးဝ လက်မခံနိုင်ဘူး။ အဲဒီလို အစွဲတွေ ရှိနေသမျှ အောင်ပွဲဆိုတာ ဝေးသွားရုံပဲ ရှိမယ်။ တိုင်းပြည်ကိုချစ်လို့ ငါအနစ်နာခံခဲ့တယ် ဆိုရုံနဲ့ ပြီးပြည့်စုံပြီလို့ မဆိုလိုနိုင် ဘူး။ အမှန်နဲ့ အမှားကို ပိုင်းခြားဝေဖန် ထောက်ပြနိုင်ရမယ်။ သူ့ဘက်ကိုယ့်ဘက် မျှမျှတတ ဝင်ရောက်ခံစား တတ်ရမယ်။ ကိုယ့်ကိုယ်ကိုလည်း ဝေဖန်ဆန်းစစ်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့ထင်တယ်။’
‘ဒါဆိုရင်…. ဒေါ်စုက… ပြည်သူတွေလမ်းမပေါ် ဘာကြောင့်ထွက်တာလဲ..’ ‘ကျမအာဏာလိုချင်တယ်’ စတဲ့ အသုံးအနှုန်းတွေပြောတာကို ခင်ဗျား ဘယ်လို ပြောမလဲ’ သူက စောတကတက်လာသည်။
‘ကျနော့်အမြင်ကတော့ ရှင်းပါတယ်။ လက်ပံတောင်းတောင် ကိစ္စကိုရည်ညွှန်းတယ်လို့ ယူဆတယ်။ ကျနော်တို့ လူမျိုးတွေက ရိုးသားကြတယ်။ ဘဝကို အေးအေးလူလူနဲ့ ဖြတ်သန်းချင်ကြတယ်။ အဆိုးဆုံးကတော့ နယ်မြေ ဒေသ အစွဲကြီးကြတယ်။ ဒီအချက်တွေကို အခွင့်ကောင်းယူပြီး တချို့က နောက်ကွယ်က မီးထိုးပေးကြတယ်။ အစိုးရနဲ့ လူထု ထိပ်တိုက်တွေ့ဖို့ အသုံးချနေကြတယ်။ ဒီအရေးအခင်းရဲ့ နောက်ကွယ်မှာလည်း နိုင်ငံရေးလက် တွေရှိနေတယ်ဆိုတာလည်း ပြေးကြည့် တာထက် တွေးကြည့်ရုံနဲ့တင် သိနိုင်တယ်။ သတိမမူ ဂူမမြင်၊ သတိမူ တော့ မြူကိုပင် မြင်နိုင်စွမ်း ရှိနိုင်ပါတယ်။’

‘အသွင်ကူးပြောင်းစ နိုင်ငံတိုင်းမှာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းလမ်း မကျတော့ မဖြစ်သင့်တဲ့ ကိစ္စ ပိုပြီးကြီးထွားသွားရတာပါ။ ဒါကို အစိုးရရော လူထုခေါင်းဆောင်ပါ သိပါတယ်။ လမ်းပေါ်တက်ပြီး လက်သီးလက်မောင်းတန်းမှ ကိုယ့်ရဲ့အခွင့်အရေးကို တိုက်ယူလို့ ရတာမဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ဘောင်အတွင်းက တိုက်ယူလည်း ရနိုင်ပါတယ်။ ပိုပြီး ဂုဏ်သိကာ လည်း ရှိနိုင်တာပေါ့။ ဒါကြောင့် အမေစုက … လမ်းပေါ်ထွက်တာ ကျမနားမလည်ဘူး.. လို့ ပြောတာ ဖြစ်မယ်လို့ ယူဆမိတယ်။’
‘ကျမ အာဏာလိုချင်တယ် ဆိုတဲ့ စကားက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ အရိုးစင်းဆုံး စကားပဲ။ မလိမ်မညာ ဘူး။ သဘာဝကျတယ်။ ရိုးသားမှုရှိတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းချင်လို့ အာဏာရှိမှ တိုင်းပြည်ကို လိုရာပုံသွင်းပြီး စီမံခန့်ခွဲနိုင်မယ်။ အမေစုမှာ စွမ်းရည်တွေ ရှိတယ်။ ပြည်သူလူထုကလည်း သူ့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ယုံကြည်တယ်။ သူအာဏာ လိုချင်တယ် ဆိုတာ အမှန်တရားပဲ.. အဲဒီအတွက် ကျနော် သူ့ကို ထောက်ခံတယ်။’
ကျနော့် စကားအဆုံးမှာပဲ ထိုမိတ်ဆွေလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ကျနော့်အပါးမှ ထွက်ခွာသွားတော့သည်။
မှတ်ချက်။ ယခုစာစုရေးသားခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများကို ထိခိုက်နစ်နာစေလိုသော ဆန္ဒ မရှိပါ။ ကျနော်နှင့် စကားအခြေအတင် ဖြစ်ခဲ့သူကိုသာ တိုက်ရိုက်ရည်ညွှန်းကြောင်း သိသာစေလိုပါသည်။

အုပ်ကြီးဖေ
ဇန်နဝါရီ ၁၂၊ ၂၀၁၃

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။