ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ်
ဘ၀ဆိုတဲ့ ရထားကြီးမှာ သူအလူးလူးအလွန့်လွန့်ဖြတ်သန်းခဲ့တာ .. အခုဆိုနှစ်ပေါင်းအတော်ကြာခဲ့ ပြီ ။ သူက ဒီမြေဒီရေကို သူ့အသွေးအသားလို တန်ဖိုးထားခဲ့သည် ။ မိဘများက ဒါကိုလက်မခံ .......... ။ သူ့ကိုနိုင်ငံခြားသို့ထွက်ြ ပီး ဘွဲလွန်တက်စေချင် ကြသည် ။ သူကတော့ မဖွံ့ဖြိုးသေးသည့် ဒေသတွေ တောင်တန်းတွေ.............ရွာငယ်လေးတွေမှာ.......... လိုအပ်သည့်ကွက်လပ်လေးတွေကို အတတ်နိုင် ဆုံးဖြည့်ဆည်းေ...ပးချင်သည်မှာ သူ့ရင်ထဲက ဆန္ဒအမှန်ပင် ။ ဒီလိုနှင့် သူ့မိဘတွေကို သူပထမဆုံးအကြိမ်ဆန့်ကျင်ခဲ့ သည် ။ မိဘတွေက သူ့ကိုအပြင်းအထန်ကန့်ကွက်ကြ သည် ။ အမှန်တော့သူက M.Med.Sc အောင်ပြီးသား ဆရာဝန်တစ်ယောက် ။ ဒီဘွဲ့နဲ့ပဲ သူ့မြေသူ့ရေကို အလုပ်အကျွေးပြုချင်နေမိပြီ ။ ဒီလိုနဲ့မိဘတွေနဲ့အဆင်မပြေခိုက်မှာ စိတ်ပြေလိုက်ပျောက် ရှမ်းရိုးမတောင်တန်းတွေဖက် သူခရီးထွက်လာမိ၏ ။ တိတ်တိတ်လေးထွက်လာခဲ့သည့်အေ လျှာက် သူ့မှာ အ၀တ်အစားအနည်းငယ် ငွေအနည်းငယ် ဆရာဝန်လက်ကိုင်နားကြပ် သွေးပေါင်ချိန်မှလွဲ၍ ဘာမှပါမလာခဲ့ပေ။
ရုတ်တရက်အတွေးစကို ဖြတ်လိုက်တော့မှ မနက် ၅ နာရီထိုးပြီမှန်းသတိ ထားမိလိုက်၏ ။ တစ်နေ့လုံးတစ်ညလုံး ကားစီးလာသည့် ဒါဏ်ကြောင့် သူ့တစ်ကိုယ်လုံးညောင်းညာကို က်ခဲနေပြီ ။ ရေဆာလာသလို ခံစားရသောကြောင့် ရေဘူးမှရေတစ်ငုံခန့်သောက်လိုက်၏ ။ အပြင်ဖက်ကို ကြည့်မိတော့ အိုး......လှလိုက်တဲ့မြင်ကွ င်းတွေ.... ရှမ်းရိုးမတောင်တန်းတွေနောက်ကွယ်က နေမင်းကြီးထွက်ပေါ်လာပုံက သူ့ကိုအချိန်အတော်ကြာ ငေးမောမှင်သက်သွားမိစေ၏ ။ ဒီလိုနဲ့ ကားခရီးဆုံးတော့ ရှမ်းပြည်နယ်မှ ရွာငယ်လေးတွေဆီ သူ...ခြေဦးတည့်ရာလျောက်လည် နေမိ၏ ။
" ထနောင်းရွာ " တဲ့ သူအရမ်းသဘောကျမိသော ရွာကလေး ။ သစ်ပင်ကြီးတွေအုံ့အုံ့ဆိုင်းဆိုင်းနှင့် ရိုးသားသောရွာသူရွာသားတွေ၏ နှလုံးသားတွေကို အတိုင်းသားမြင်နေရ၏ ။ ရွာလူကြီး၏ အကူအညီနှင့် ရွာထဲမှအိမ်လေး တစ်လုံးကို ငှားရမ်းကာစိတ်ပြေလက်ပျောက် ထိနေမည်ဟု သူစိတ်ကူးမိ၏ ။ တစ်ရွာလုံးကတော့ သူ့ကို တစ်နယ်တစ်ကျေးမှလာ၍အလုပ်လုပ်သူဟုပင် သိထားကြ၏ ။ သူ့မှာ ပိုက်ဆံကလည်းမပါလာသောကြောင့်  အလုပ်တစ်ခုလုပ်မည်ဟု သူဆုံးဖြတ်လိုက်၏ ။ ဒီလိုနှင့် ရွာလူကြီး၏ အကူအညီနှင့်ပင် တောင်ယာအလုပ်ကို သူဝင်ရောက်လုပ်ကိုင်ခဲ့၏ ။ သူ့အတွက်တော့သေလောက်အောင် ပင်ပန်းသော်လည်း သူအလွန်ပျှော်ရွှင်နေမိ၏ ။ သူအလုပ်ဝင်လုပ်သော လယ်ပိုင်ရှင်ကြီး ရဲ့အမည်က ဦးသာဒွန်းတဲ့ ။ အလွန်ကိုသဘောကောင်းသောလူကြီးပင် ။ သူ့ကိုလည်း အစစအရာရာ အကူအညီပေးခဲ့၏ ။ အလုပ်ဝင်ပြီး ၂ ရက်မြောက်နေ့တွင် သူလုပ်ခရှင်းဖို့စောင့်ဆိုင်းနေစဉ် .... သူ့အသွေးအသားတို့ တခဏတာ ရပ်တန့်သွားစေသည့် ဖြစ်ရပ်ကို သူကြုံတွေ့လိုက် သည် ။ အရမ်းကိုလှပလွန်းသည့်ကောင်မ လေး ..မည်သည့်
ဆေးရောင်ခြယ်သမှုမှ မပါပဲ သဘာဝအလှတစ်ခုကို သူကြုံတွေ့လိုက်၏ ။
မြို့သူတွေကို ပိန်ကပ်ကပ် ပူလောင်သည့်အလှမျိုးမဟုတ် ။ ခန္ဓာကိုယ်က မယ်အလှနှင့် မျက်ခုံးမျက်လုံး ဘာမှ အပစ်ပြောစရာမရှိပေ ။ သူမင်သက်နေမိစဉ်ကောင်မလေးက သူ့အနားသို့ရောက်လာခဲ့၏ ။
" ဟို... အစ်ကို့ကို အဖေက လုပ်ခရှင်းခိုင်းလိုက်လို့ပါ ... ဟို..အစ်ကို့နာမည်က...." " ဟုတ်...ဟုတ်ကဲ့ ကျွန်တော့်နာမည်က နိုင်ဇော်ပါ ဒါနဲ့ညီမနာမည်ကရော... " " ကျွန်မနာမည်ကခရေပါ အစ်ကို နိုင်ဇော် ... " ဒီလိုနှင့် သူနှင့်ကောင်မလေး စကားတွေ အများကြီး ပြောဖြစ်ခဲ့၏ ။ ကောင်မလေးကို မြင်မြင်ခြင်းပင် သူ့နှလုံးသားက တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော မေတ္တာမျိုးဖြင့် ချစ်မိသွားမိ၏ ။ " ဒါနဲ့ အစ်ကိုက ဘယ်နယ်ကလည်းဟင် .. ဒီကိုရောက်တာသိပ်မကြာသေးဖူး နော်... အစ်ကို့ကိုကြည့်ရတာ မြို့သားနဲ့တူသလိုပဲ " " ဟုတ်ပါဘူး ညီမရဲ့ အစ်ကိုက မြို့သားမဟုတ်ပါဘူး ကချင်ပြည်နယ်ဖက်က လာခဲ့တာပါ ဒီလိုပါပဲ စီးပွားရှာမယ်
ဆိုပြီး ထွက်လာခဲ့တာ " စကားပြောရင်း ပြောရင်းနှင့် ကောင်မလေးနှင့် သူ အတော်ပင် ရင်းနှီးသွားကြ၏ ။
ထနောင်းရွာလေးနှင့် မိုင် ၈၀လောက်ဝေးသောနေရာတွင် မြို့ငယ်လေးတစ်ခုရှိ၏ ။ ထိုမြို့ငယ်လေးတွင် သူနှင့်ကျောင်းနေဖက် ငထွန်းဆိုသော တိုက်နယ်ဆေးရုံမှ SMO - Station Medical Officer တစ်ဦးရှိ၏ ။ တစ်ပတ်လျှင်တစ်တစ်ကြိမ်ခန့် ထိုမြို့လေးသို့တက်ကာ လိုအပ်သောပစ္စည်းများကို ၀ယ်၏ ။ အပြန်တွင်ခရေ အတွက် လက်ဆောက်ပစ္စည်းများကိုလည်း သူဝယ်လာတတ်၏ ။ တစ်နေ့တွင်.... ခရေ၏ ဖခင်သည် အပြင်းအထန်ဖျားနာလေ၏ ။ သူတို့ လည်း ရွာမှ ကျန်းမာရေးမှူးကို သွားပြကြ၏ ။ သို့သော် သူ့ဖခင်က သိပ်မသက်လာခဲ့ ။ သူ့မှာလည်းအခက် ။ ကုသပေးချင်သော်လည်း သူ့ကို သာမန်လူလို့ပင်သိ ထားကြသည့်အတွက် .. သူစဉ်းစားနေရ၏ ။ နောက်ဆုံးမတတ်နိုင် ခရေကို သူပြောလိုက်၏ ။
" ညီမ ဦးလေးကို ကိုယ်ကြည့်ပေးလို့ရမလား ကိုယ်ကကျန်းမာရေးသင်တန်းတွေ ဘာတွေတတ်ဖူး တယ်လေ "
" ဟုတ်လား ကူညီပါဦးအစ်ကိုရယ် အဖေက အခုဆိုပိုဆိုးလာသလိုပဲ " သူစမ်းသပ်ကြည့်လိုက်တော့ ငှက်ဖျားရော ဂါ ( Malaria ) ဖြစ်နေ၏ ။ အသင့်သူဆောင်ထားသော ငှက်ဖျားရှိမရှိစမ်းသပ်သော
strip ( Paracheck ) ကလည်း Positive ဖြစ်နေ၏ ။ သူ.. နားကြပ် သွေးပေါင်ချိန်နှင့် စမ်းသပ်သည်ကိုကြည့်ကာ ခရေကအံ့သြနေ၏ ။ အဆောင်သဘောမျိုး ၀ယ်ထားတာဟုပင် သူပြန်ဖြေလိုက်၏ ။ မြို့သို့သွားသည့် လူကြုံနှင့် လိုအပ်သည့်ဆေးဝါးများကို ရေးကာ မှာလိုက်၏ ။ ဆေးရလာသောအခါ စနစ်တကျသူ..ပြုစုကုသပေးခဲ့၏ ။ သူ့အတွေ့အကြုံနှင့် ပညာကြောင့် ဦးလေးမှာ လေးငါးရက်အတွင်းမှာပင် အဖျားကျကာ အတော်ပြန် ကောင်းလာခဲ့၏ ။ တစ်အိမ်သားလုံးကလည်း သူ့ကိုကျေးဇူးတင်နေသည်မှာမဆုံး ။
ဘာလိုလိုနှင့် သူဒီရွာလေးသို့ရောက်နေသည်မှာ တစ်လခွဲခန့်ရှိနေပြီ ။ အမှန်တော့သူ့မှာ အလုပ်တွေအများကြီးရှိနေသေး၏ ။ ဒါပေမယ့် သူမပြန်ချင်သေး... ။ ခရေကိုလည်း သူ့နှလုံးသားမှ သံယောဇဉ်အမျှင်တွေ တစ်ရစ်ပြီးတစ်ရစ်တိုးရစ်လာခဲ့၏ ။ တစ်နေ့တွင် သူလယ်ထဲမှစောစောပြန်လာပြီး အိမ်တွင်အနားယူနေခိုက် " ဟာလုပ်ကြပါဦး ... ကိုလင်းပိုးထိလို့ဟေ့ ..... ကယ်ကြပါဦး .... " ရွာထဲမှဆူဆူညံညံအသံတွေ ကြား၍ အပြင်သို့ထွက်လာခဲ့၏ ။ ပိုးထိသော ကိုလင်းကို ရွာသားသုံးလေးယောက်ကတွဲ၍ ကျန်းမာရေးဆေးပေးခန်းဖက်သို့  သွားနေသည်ကို သူတွေ့လိုက်၏ ။ အဆိပ်တွေပျံ့ကုန်တော့မှာပဲ. ..။ " ဟေ့ဟေ့နေကြဦး အဲဒီလိုမသွားကြနဲ့.. " သူလူနာ အနီးသို့အလျှင်အမြန်
သွားကာအခြေအနေကြည့်လိုက်၏ ။
မြွေက မြွေဆိုးဖြစ်ဖို့များ၏ ။ အသက်ရှူနှုန်းလည်း တဖြည်းဖြည်းခက်ခဲလား၏ ။ သူ့အတွေ့အကြုံအရ အချိန်မီ မြွေဆိပ်ဖြေဆေး ( ASV - Anti Snake Venom ) မထိုးလျှင် အသက်ရှင်ဖို့လမ်းမမြင် ။ ပထမဦးစွာ ရှေးဦးသူနာပြုစုနည်း ( First Aid )ကို တိတိကျကျလုပ်ဆောင်ပေးခဲ့၏ ။ ဆေးရုံသို့အမြန်ဆုံး ပို့ဖို့ သူကပင် ဦးဆောင်၍ လုပ်ကိုင်ခဲ့၏ ။ သူ့သူငယ်ချင်းရှိရာ တိုက်နယ်ဆေးရုံသို့ ရောက်သောအခါ သူ့သူငယ်ချင်းကို အကျိုးအကြောင်းပြောက အကူအညီတောင်းခံခဲ့၏ ။ " နိုင်ဇော်ရာ မင်းကလည်း ငါ့ထက်တောင်ကျွမ်းသေးတဲ့ဟာ .. မင်း Treatment ပေးတာပိုကောင်းတာပေါ့ကွ ... " ဒီကောင်မျက်ရိပ်မျက် ကဲပြလည်း နားမလည် ။ သူ ဒီကောင့်ကိုတစ်နေ
ရာသို့ခေါ်ကာ အကျိုးအကြောင်းပြောရသေးသည် ။
" မင်းကလည်းကွာ ကြိုမှမပြောတာ ငါလည်းဘယ်သိမလည်းကွ ဟီး ဒါနဲ့မင်းကဒီအတိုင်းပဲနေတော့ မှာလား မြို့မပြန်တော့ဘူးလား မင်းမိဘ တွေတော့ အတော့်ကိုစိတ်ပူနေမှာပဲ " " အင်း....ပြန်တော့ပြန်မှာပါ သူငယ်ချင်းရာ.. ငါ့မှာလုပ်စရာတွေအများကြီးရှိတာ ငါသိပါတယ် ... ဒါပေမယ့် ငါနိုင်ငံခြားမသွားချင်ဘူးကွာ.. ဒီမြေဒီရေမှာပဲ ငါနေချင်တယ် " " အင်း..စဉ်းစားပေါ့ကွာ...မင်းလည်းအရွယ်ရောက်နေပြီပဲ .. " ဒီလိုနဲ့ သူငယ်ချင်းနဲ့စကားပြောပြီး လူနာအတွက် Treatment ကို သူအကောင်းဆုံးလုပ်ဆောင်ပေးခဲ့၏ ။ ဆေးရုံမှာတစ်ပတ်လောက်နေတော့ လူနားလည်းအခြေအနေ အတော်ပြန်ကောင်းလာခဲ့၏ ။ ထင်သည့်အတိုင်းပင် အပြန်ကျတော့ ခရေက သူ့ကိုမေးပါတော့သည် ။ " အစ်ကိုဟိုဆရာက အစ်ကို့ကို အစ်ကိုကုတာပိုကောင်းတယ်လို့ ဘာလို့ပြောတာလည်းဟင် " " ဟာ မဟုတ်ပါဘူးညီမရာ.... ကိုယ်ဝါသနာပါမှန်းသိလို့ ဒီကောင်က သက်သက်စတာပါ ..." " အော်မသိပါဘူး ...သူပြောတဲ့ပုံက အစ်ကို့ကို ဆရာဝန်တစ်ယောက်လို့ ပြောတဲ့အတိုင်းပဲဟီး .. " ထိုနေ့မှစ၍ သူတို့တစ်ရွာလုံးကသူ့ကို အတော်ပင်အထင်ကြီးလေးစား လာခဲ့၏ ။ " ကိုနိုင်ဇော်ရောက်လာတာ ကျူပ်တို့ရွာအတွက်တကယ့်ကို ကူညီမယ့်သူရောက်လာတာပဲဗျို့ ...." သူ့ကိုချီးကျူး ကြ၏ ။ ခင်မင်ခဲ့ကြ၏ ။
ဒီလိုနဲ့ ရွာလေးသို့ရောက်ပြီး သုံးလမြောက်နေ့တွင် သူ့ဘ၀အတွက် အပြောင်းအလဲတစ်ခုက ဖန်တီးလာခဲ့၏ ။ တစ်ရွာလုံးအုတ် အော်သောင်းနင်း ဖြစ်နေ၏ ။ မထွေးတစ်ယောက် မီးမဖွားနိုင်လို့တဲ့ ။ သူလည်းခေါင်းနဘမ်းကြီးသွားမိ၏ ။ မထွေးဆိုတာက ခရေနှင့် ညီအစ်မ၀မ်းကွဲတော်သူ.. ။ သူဘယ်လိုလုပ်ရမလည်း စဉ်းစားလိုက်၏ ။ နောက်ဆုံးခရေကိုပြောကာ ကြည့်ပေးပါရစေဟု ပြောလိုက်၏ ။ ထိုအခါခရေက အလွန်အံ့သြသွားပြီး " ဟင် အစ်ကိုက ကလေးလည်းမွေးတတ်တာလား " သူလည်း ဘာမှမပြောတော့ပဲ မီးနေခန်းထဲဝင်ခဲ့၏ ။ လူနာအသက်ကအရေးကြီးနေသည်ကိုး ။ ခရေလည်း လိုက်ဝင်လာခဲ့၏ ။ ကျန်းမာရေးမှူးနဲ့ မီးဖွားပေးသောလက်သည် အဒေါ်ကြီးတို့လည်း ချွေးတလုံးလုံးနှင့် ။ သူကြည့်လိုက်တော့ လူနာကသွေးပေါင်ချိန်ကျနေပြီ ။ ကျန်းမာရေးဆေးပေးခန်းမှ Normal Saline တစ်ခုံးယူခိုင်းကာ line အရင်တင်လိုက်၏ ။ လက်အိတ်ဝတ်ပြီးစမ်းသပ်ကြည့် လိုက်တော့ လား...လား.... လူနာက ကလေးခေါင်းနှင့်တင်ပဆုံရိုး မဆန့်ခြင်း ( CPD - Cephalo Pelvic Disproprotion) ဖြစ်နေ၏ ။ သူ့အတွေ့အကြုံအရ ကျိန်းသေ မွေးလမ်းကြောင်းကမထွက်နိုင် တော့ ။ ဗိုက်ခွဲမွေးခြင်း ( LSCS ) လုပ်ရပေတော့မည် ။ ကလေးအသက်ရှူနှုန်း ( FHR -Foetal Heart Rate ) ကလည်း တဖြည်းဖြည်းကျလာခဲ့၏ ။ ဆေးရုံပို့ဖို့ အမြန်ဆုံး စီစဉ်ရတော့သည် ။
ဆေးရုံသို့ရောက်မှပင် ခရေတို့တစ်ရွာလုံးကို သူ လိမ်ခဲ့သမျှ လုံးလုံးပေါ်လာမည့် ဖြစ်ရပ်နှင့် သူကြုံရတော့သည် ။ ဖြစ်ချင်တော့သူ့သူငယ်ချင်း ဆရာဝန်ကမရှိ ။ ရှိနေသော AS ( လက်ထောက်ဆရာဝန်) ကလည်း LSCS Case ကို Assist သာလုပ်ဖူးသေးသည်ဆို၏ ။ မတတ်နိုင်သူ ၀င်ပါရတော့မည် ။ သူ့သူငယ်ချင်းဆရာဝန်၏ ဟမ်းဖုန်းကို ဆက်ကာအကြောင်းကြားရ၏ ။ ထိုအခါသူငယ်ချင်းက " နိုင်ဇော်ရာ...ဟဟ .. မင်းကအထူးကုဆရာဝန်ကြီးတစ်ယောက်ပါကွာ.. ငါကသာမန်ဆရာဝန်လေးပါ ..LSCS လောက်တော့မင်းက မျက်စိလုပ်ပြီးတောင်လုပ်နို င်ပါတယ်ကွာ.. ကဲကဲငါ့ကိုမစောင့်နဲ့သူငယ်ချင်း ငါ့AS နဲ့ပဲလုပ်လိုက်တော့သူ့ကိုဖု န်းပေးလိုက် " " သင်းသင်းလား ..အေးခုနက နင့်ကိုဖုန်းပေးတဲ့သူက ငါ့သူငယ်ချင်း အထူးကုဆရာဝန်ကြီး ဒေါက်တာနိုင်ဇော်ဆိုတာပဲ ငါ့ထက်အဆပေါင်းများစွာတော်တ ယ် နင်သူ့ကိုAssist လုပ်ပေးလိုက် OT -Operation Theater (ခွဲစိတ်ခန်း) ကိုလည်း အမြန်ဆုံးပြင်ခိုင်းလိုက်တော့ " သကောင့်သားက ဟို AS နှင့်ပြောပြီးသည်နှင့် ဖုန်းချသွားခဲ့၏ ။ AS လည်း OT ၀င်ဖို့အမြန်ဆုံးပြင်ဆင်လေေ တာ့သည် ။ ခရေတို့ကတော့ ဘေးမှာ ပါးစပ်အဟောင်းသားနှင့် သူဖုန်းဆက်နေသည်ကို ကြည့်နေရှာသည် ။ သူလည်းပြောပြလိုက်ရတော့သည် ။ " ညီမအစ်ကိုမင်းကို နောက်မှအကြောင်းစုံ ရှင်းပြမယ် အခုဆရာဝန်က အခြားမြို့ကို အရေးကြီးကိစ္စနဲ့ ရောက်နေတယ် "
" ဟင်ဒါဆိုဘယ်လိုလုပ်မလည်းအစ် ကို ဒုက္ခပါပဲ အစ်ကိုပြောတော့ဗိုက်ခွဲမွေး မှ ရမယ်ဆို " ထိုအခိုက် AS ရောက်လာပြီး " ဆရာ OT အဆင်သင့် ဖြစ်ပါပြီ ၀င်လို့ရပါပြီ " သူလည်းစကားဖြတ်ကာ OT ဖက်သို့လှမ်း ခဲ့လိုက်၏ ။ သူ၏သေသပ်ကျွမ်းကျင်မှုတို့ေ ကြာင့် ၄၅ မိနစ်အတွင်းမှပင်သားယောက်ျားလေးတစ်ဦးကို မိခင်ရော ကလေးပါ အန္တရာယ်ကင်းစွာ မွေးဖွားပေးနိုင်ခဲ့သည် ။ အပြင်ဘက်ရောက်တော့ အသင့်စောင့်နေသော ခရေနှင့် ရွာသူရွာသား များကို တွေ့ရ၏ ။ " ယောက်ျားလေးမွေးပါတယ် ကလေးရောအမေပါကျန်းမာပါတယ် " ရွာသူရွာသားအားလုံးဝမ်းသာအားရ ထခုန်ကြ၏ ။ တချို့ဆို ပျော်ရွှင်စွာနှင့် ကွေးကောက်အောင် ကကြ၏ ။သူတို့၏ အပျော်က သူ့ရင်သို့ပင် ကူးစက်လာခဲ့၏ ။ ဆရာဝန်တစ်ယောက်၏ ပီတိဆိုတာကို သူကောင်းကောင်းကြီးနားလည်လာ ခဲ့၏ ။ ထိုအခိုက် ခရေ........ သူ့ကို ရီဝေနေသောမျက်ဝန်းတွေနှင့် စိုက်ကြည့်နေ၏ ။ မျက်ဝန်းမှာမျက်ရည်တို့က ပြည့်အိုက်နေ၏ ။ သူ့ကို ဘာစကားမှမပြောပဲ ချာကနည်း လှည့်ထွက်သွားသည် ။ သူအ၀တ်လဲပြီး အမြန်ပြေးလိုက်တော့ သူမက ရွာသို့ပြန်သွားနှင့်ပြီ ။
နောက်နေ့မှစ၍ တစ်ရွာလုံးက သူ့ကို ဆရာဆရာနှင့် အလွန်ပင်ရိုကြိုးသွားကြသည် ။ သို့ပေမယ့် သူလိုချင်တာဒါမျိုးမဟုတ် ။ ရင်းနှီးသော ဖော်ရွေမှုနှင့် ဒိုးတူဘောင်ဖက်စိတ်ဓါတ်မျိုးသာ ဖြစ်သည် ။သူ့ကိုလယ်ထဲလည်း ပေးမလုပ်တော့ " ဆရာရယ် .. အထူးကုဆရာဝန်ကြီးဖြစ်ပြီးတော့ လယ်ထဲကအလုပ်ကြမ်းတွေလုပ်ရတယ်လို့ အစထဲကပြောရောပေါ့ဗျာ.. " ဟု ခရေဖခင်ကဆိုသည် ။ ခရေကတော့ သူ့ကိုလုံးဝအတွေ့မခံ ။ သူ့ကို လိမ်ညာသည်ဟု စိတ်နာသွားသည်ဟု ထင်မိ၏ ။ ဒီလိုနဲ့ ရွာသူရွာသားတွေနှင့် ခရေ၏ဖခင် ရွာလူကြီးကိုပါ သူ့ဘ၀ဇတ်ကြောင်းကို ဖွင့်ပြောပြလိုက်၏ ။ " နောက်ပြီး ကျွန်တော်မနက်ဖြန်အိမ်ပြန်ပါတော့မယ် မကြာခင်မှာ ဒီရွာလေးကို ပြန်လာဖို့ ကြိုးစားပါ့မယ် " " ဆရာရယ် ဆရာက ဒီမြေဒီရေကို အရမ်းချစ်တာပဲနော်..ကျွန်တော်တို့အားလုံးဆရာ့ကိုသတိတရနဲ့စောင့်နေပါမယ်ဗျာ.... " ဒီလိုနဲ့ပဲ ခရေကလည်းအတွေ့မခံသဖြင့် နှုတ်မဆက်ဖြစ်ပဲ မြို့သို့ပြန်လာခဲ့၏ ။
ကိုနိုင်ဇော်..... သူ့ကိုရွာစရောက်ကတည်းကနှလုံးသားထဲမှာ လှိုက်လှိုက်လှဲလှဲခင်မင် နှစ်သက်ခဲ့၏ ။ ဒါပေမယ့် အစ်ကိုက သူမကို လိမ်ညာခဲ့၏ ။ အစ်ကို့လို အထူးကုဆရာဝန်ကြီးတစ်ယောက်နှ င့် သူမတို့လို ကျေးလက်ဒေသ ကျေးတောသူလေးနှင့် မထိုက်တန်ဟုပင် သူမယူဆခဲ့၏ ။ ယခုတော့အစ်ကို မြို့ကိုပြန်သွားပြီတဲ့ ။ သူမ ၀မ်းနည်းလိုက်တာ... ရင်ထဲမှာ နင့်နေအောင်ပင် ခံစားနေရ၏ ။ အမှန်တော့အစ်ကို့ကို သူမ လုံးဝစိတ်မနာခဲ့ပါ ။ အစ်ကို့ကိုစတွေ့ကတည်းက သာမန်လူနဲ့မတူသည်ကိုလည်း သတိထားမိသည်မှာ အကြိမ်ကြိမ် ။ ယခုတော့ အစ်ကိုက သူမတူလေးကို ဗိုက်ခွဲမွေးပေးပြီး အသက်ကယ်ဆယ်ခဲ့သော အထူကုဆရာဝန်ကြီးဒေါက်တာ နိုင်ဇော်တဲ့ ။ အစ်ကို့ကို သူမအတွေ့မခံခဲ့သည်မှာ အစ်ကို့ဘ၀တိုးတက်စေရန် မြို့ကြီးပြကြီးသို့ ပြန်ရောက်စေရန် ယခုလို မထင်မရှားကျေးရွာကလေးတွင် အချိန်မကုန်စေရန် ရည်ရွယ်ချက်နှင့် နှလုံးသားတစ်ခုလုံးရင်းကာ ပုန်းရှောင်ခဲ့ခြင်းဖြစ် သည် ။ ယခုဆို ရွာထိပ်က အ၀င်လမ်းလေးမှ ညောင်ညိုပင်ကြီးအောက်မှာ ခရေတစ်ယောက်ကိုအချိန်မှန်မှ န် တွေ့ရတတ်နေပြီ ။ .. ဒီလိုနဲ့ ရက်တွေလတွေ....တရွေ့ရွေ့... ..တရွေ့ရွေ့..... ။
သူမြို့သိုပြန်ရောက်သည်နှင့်  မိဘများက သူ့ကို နိုင်ငံခြားသို့ မလွှတ်တော့ဟု ဆို၏ ။ သူလည်းဝမ်းသာသွားကာ ရှမ်းပြည်နယ်ဖက်သို့ အလုပ်လျှောက်ခဲ့သည် ။ သူမြို့သို့ပြန်ရောက်ပြီး ၃ လ အကြာတွင် ကံတရား၏ လင်းလက်တောက်ပမှုဖြင့် ရှမ်းပြည်နယ်သို့ အလုပ်ပြောင်းရွေ့စာ ရောက်လာခဲ့၏ ။ တချိန်က ခရေ့အစ်မ၀မ်းကွဲကို ဗိုက်ခွဲမွေးပေးပြီး အသက်ကယ်ဆယ်ပေးခဲ့သော ဆေးရုံလေးကို သူတာဝန်ကျပြီ ။ သူ့နှလုံးသားတို့ တလှပ်လှပ်နှင့်နွေးထွေးမြန် ဆန်လာခဲ့သည် ။
ဒီနေ့ဆို အစ်ကို သူမကို ခွဲခွာသွားတာ ၃ လခွဲတိတိရှိပြီ ။ အစ်ကိုအခုဆို ခရေနဲ့ ထနောင်းရွာကလေးကို မေ့နေမှာပါလေ ..... ။ သူမအစ်ကိုထွက်သွားကတည်းက ဒီညောင်ညိုပင်အောက်မှာ တစ်ရက်မပျက်စောင့်နေခဲ့၏ ။ ထုံးစံအတိုင်းပင် ရွာအ၀င်လမ်းလေးဆီသို့ ငေးမောနေမိ၏ ။ ထိုအခိုက် လူတစ်ယောက် .... ကျောပိုးအိတ်တစ်လုံးနှင့် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆော င်းကာ သူမတို့ရွာဆီသို့ ဦးတည်လာနေ၏ ။ အစ်ကိုများလား တွေးပြီးမှ သူမပြုံးမိ၏ ။အင်းမဖြစ်နိုင်တာကို တမ်းတလွန်းနေပြီလားဟာ ကိုယ့်ကိုယ်ကိုထင်မိ၏ ။ ထိုလူကလည်း သူမနှင့်တဖြည်းဖြည်းနီးကပ်လာခဲ့၏ ။ အနီးသို့ရောက်သောအခါ အစ်ကိုမှ အစ်ကိုအစစ် .... သူမကို ပြုံးပြနေသည် ။ သူမအလွန်အမင်းအံ့သြကာကြက်သေ သေနေမိ၏ ။
" ခရေ... ညီမ အစ်ကို့ကိုမမှတ်မိတော့ဘူးလာ အစ်ကိုနိုင်ဇော်လေ .... " " အစ်ကို.........အစ်ကို..... "
သူမစကားသံတို့ဆက်မထွက်လာတော့  ။ မျက်ဝန်းမှ မျက်ရည်တို့က အတားအဆီးမဲ့စွာ ... ။ အစ်ကို့ရင်ခွင်ထဲသို့ အရူးတစ်ပိုင်းသဖွယ် ပြေးဝင်သွားမိ၏ ။ အရာအားလုံးသည် တဒင်္ဂ တိတ်ဆိတ်ငြိမ်သက်သွား၏ ... ။ စိုးစီစိုးစီအော်ဟစ်နေသော ကျေးငှက်များလည်း ကမ္ဘာမြေ၏ ကြည်နူးဖွယ်ပန်းချီကားတစ်ချ ပ်ကို တွေ့လိုက်ရသည် ထင့် .. ။တိတ်ဆိတ်သွားကြ၏ .... ။ အချစ်ဆိုသည်မှာ ဖွင့်မပြောပဲနဲ့လည်း နှလုံးသားချင်းခံစား သိနိုင်သောအရာ ဖြစ်ပေသည် .... ။
အော်.... ယခုတော့လည်း မြင်မြင်သမျှသည် ပန်းတို့နှင့် အတိပြီးနေ၏ ..... ............။
စာရေးသူ......သက်တန့်ချို.
ဘ၀ဆိုတဲ့ ရထားကြီးမှာ သူအလူးလူးအလွန့်လွန့်ဖြတ်သန
ရုတ်တရက်အတွေးစကို ဖြတ်လိုက်တော့မှ မနက် ၅ နာရီထိုးပြီမှန်းသတိ ထားမိလိုက်၏ ။ တစ်နေ့လုံးတစ်ညလုံး ကားစီးလာသည့် ဒါဏ်ကြောင့် သူ့တစ်ကိုယ်လုံးညောင်းညာကို
" ထနောင်းရွာ " တဲ့ သူအရမ်းသဘောကျမိသော ရွာကလေး ။ သစ်ပင်ကြီးတွေအုံ့အုံ့ဆိုင်
ဆေးရောင်ခြယ်သမှုမှ မပါပဲ သဘာဝအလှတစ်ခုကို သူကြုံတွေ့လိုက်၏ ။
မြို့သူတွေကို ပိန်ကပ်ကပ် ပူလောင်သည့်အလှမျိုးမဟုတ် ။ ခန္ဓာကိုယ်က မယ်အလှနှင့် မျက်ခုံးမျက်လုံး ဘာမှ အပစ်ပြောစရာမရှိပေ ။ သူမင်သက်နေမိစဉ်ကောင်မလေးက သူ့အနားသို့ရောက်လာခဲ့၏ ။
" ဟို... အစ်ကို့ကို အဖေက လုပ်ခရှင်းခိုင်းလိုက်လို့ပ
ဆိုပြီး ထွက်လာခဲ့တာ " စကားပြောရင်း ပြောရင်းနှင့် ကောင်မလေးနှင့် သူ အတော်ပင် ရင်းနှီးသွားကြ၏ ။
ထနောင်းရွာလေးနှင့် မိုင် ၈၀လောက်ဝေးသောနေရာတွင် မြို့ငယ်လေးတစ်ခုရှိ၏ ။ ထိုမြို့ငယ်လေးတွင် သူနှင့်ကျောင်းနေဖက် ငထွန်းဆိုသော တိုက်နယ်ဆေးရုံမှ SMO - Station Medical Officer တစ်ဦးရှိ၏ ။ တစ်ပတ်လျှင်တစ်တစ်ကြိမ်ခန့်
" ညီမ ဦးလေးကို ကိုယ်ကြည့်ပေးလို့ရမလား ကိုယ်ကကျန်းမာရေးသင်တန်းတွေ
" ဟုတ်လား ကူညီပါဦးအစ်ကိုရယ် အဖေက အခုဆိုပိုဆိုးလာသလိုပဲ " သူစမ်းသပ်ကြည့်လိုက်တော့ ငှက်ဖျားရော ဂါ ( Malaria ) ဖြစ်နေ၏ ။ အသင့်သူဆောင်ထားသော ငှက်ဖျားရှိမရှိစမ်းသပ်သော
strip ( Paracheck ) ကလည်း Positive ဖြစ်နေ၏ ။ သူ.. နားကြပ် သွေးပေါင်ချိန်နှင့် စမ်းသပ်သည်ကိုကြည့်ကာ ခရေကအံ့သြနေ၏ ။ အဆောင်သဘောမျိုး ၀ယ်ထားတာဟုပင် သူပြန်ဖြေလိုက်၏ ။ မြို့သို့သွားသည့် လူကြုံနှင့် လိုအပ်သည့်ဆေးဝါးများကို ရေးကာ မှာလိုက်၏ ။ ဆေးရလာသောအခါ စနစ်တကျသူ..ပြုစုကုသပေးခဲ့၏
ဘာလိုလိုနှင့် သူဒီရွာလေးသို့ရောက်နေသည်မှ
သွားကာအခြေအနေကြည့်လိုက်၏ ။
မြွေက မြွေဆိုးဖြစ်ဖို့များ၏ ။ အသက်ရှူနှုန်းလည်း တဖြည်းဖြည်းခက်ခဲလား၏ ။ သူ့အတွေ့အကြုံအရ အချိန်မီ မြွေဆိပ်ဖြေဆေး ( ASV - Anti Snake Venom ) မထိုးလျှင် အသက်ရှင်ဖို့လမ်းမမြင် ။ ပထမဦးစွာ ရှေးဦးသူနာပြုစုနည်း ( First Aid )ကို တိတိကျကျလုပ်ဆောင်ပေးခဲ့၏ ။ ဆေးရုံသို့အမြန်ဆုံး ပို့ဖို့ သူကပင် ဦးဆောင်၍ လုပ်ကိုင်ခဲ့၏ ။ သူ့သူငယ်ချင်းရှိရာ တိုက်နယ်ဆေးရုံသို့ ရောက်သောအခါ သူ့သူငယ်ချင်းကို အကျိုးအကြောင်းပြောက အကူအညီတောင်းခံခဲ့၏ ။ " နိုင်ဇော်ရာ မင်းကလည်း ငါ့ထက်တောင်ကျွမ်းသေးတဲ့ဟာ .. မင်း Treatment ပေးတာပိုကောင်းတာပေါ့ကွ ... " ဒီကောင်မျက်ရိပ်မျက် ကဲပြလည်း နားမလည် ။ သူ ဒီကောင့်ကိုတစ်နေ
ရာသို့ခေါ်ကာ အကျိုးအကြောင်းပြောရသေးသည် ။
" မင်းကလည်းကွာ ကြိုမှမပြောတာ ငါလည်းဘယ်သိမလည်းကွ ဟီး ဒါနဲ့မင်းကဒီအတိုင်းပဲနေတော
ဒီလိုနဲ့ ရွာလေးသို့ရောက်ပြီး သုံးလမြောက်နေ့တွင် သူ့ဘ၀အတွက် အပြောင်းအလဲတစ်ခုက ဖန်တီးလာခဲ့၏ ။ တစ်ရွာလုံးအုတ် အော်သောင်းနင်း ဖြစ်နေ၏ ။ မထွေးတစ်ယောက် မီးမဖွားနိုင်လို့တဲ့ ။ သူလည်းခေါင်းနဘမ်းကြီးသွားမ
ဆေးရုံသို့ရောက်မှပင် ခရေတို့တစ်ရွာလုံးကို သူ လိမ်ခဲ့သမျှ လုံးလုံးပေါ်လာမည့် ဖြစ်ရပ်နှင့် သူကြုံရတော့သည် ။ ဖြစ်ချင်တော့သူ့သူငယ်ချင်း ဆရာဝန်ကမရှိ ။ ရှိနေသော AS ( လက်ထောက်ဆရာဝန်) ကလည်း LSCS Case ကို Assist သာလုပ်ဖူးသေးသည်ဆို၏ ။ မတတ်နိုင်သူ ၀င်ပါရတော့မည် ။ သူ့သူငယ်ချင်းဆရာဝန်၏ ဟမ်းဖုန်းကို ဆက်ကာအကြောင်းကြားရ၏ ။ ထိုအခါသူငယ်ချင်းက " နိုင်ဇော်ရာ...ဟဟ .. မင်းကအထူးကုဆရာဝန်ကြီးတစ်ယေ
" ဟင်ဒါဆိုဘယ်လိုလုပ်မလည်းအစ်
နောက်နေ့မှစ၍ တစ်ရွာလုံးက သူ့ကို ဆရာဆရာနှင့် အလွန်ပင်ရိုကြိုးသွားကြသည် ။ သို့ပေမယ့် သူလိုချင်တာဒါမျိုးမဟုတ် ။ ရင်းနှီးသော ဖော်ရွေမှုနှင့် ဒိုးတူဘောင်ဖက်စိတ်ဓါတ်မျို
ကိုနိုင်ဇော်..... သူ့ကိုရွာစရောက်ကတည်းကနှလုံ
သူမြို့သိုပြန်ရောက်သည်နှင်
ဒီနေ့ဆို အစ်ကို သူမကို ခွဲခွာသွားတာ ၃ လခွဲတိတိရှိပြီ ။ အစ်ကိုအခုဆို ခရေနဲ့ ထနောင်းရွာကလေးကို မေ့နေမှာပါလေ ..... ။ သူမအစ်ကိုထွက်သွားကတည်းက ဒီညောင်ညိုပင်အောက်မှာ တစ်ရက်မပျက်စောင့်နေခဲ့၏ ။ ထုံးစံအတိုင်းပင် ရွာအ၀င်လမ်းလေးဆီသို့ ငေးမောနေမိ၏ ။ ထိုအခိုက် လူတစ်ယောက် .... ကျောပိုးအိတ်တစ်လုံးနှင့် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆော
" ခရေ... ညီမ အစ်ကို့ကိုမမှတ်မိတော့ဘူးလာ
သူမစကားသံတို့ဆက်မထွက်လာတော
အော်.... ယခုတော့လည်း မြင်မြင်သမျှသည် ပန်းတို့နှင့် အတိပြီးနေ၏ ..... ............။
စာရေးသူ......သက်တန့်ချို.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။