Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 13, 2013

ဝက်ခြံ အတွက် ကုထုံး နဲ့ သုံးမဲ့ဆေးတွေ....

May Mon Kyaw shared Mg Mandalay's photo.
ဝက်ခြံ အတွက် ကုထုံး နဲ့ သုံးမဲ့ဆေးတွေ....

ဝက်ခြံ ပျောက်စေမဲ့ အဓိက ကုထုံးတွေမှာ အဆီဓါတ်လျော့နည်းအောင် ပြုလုပ်ပေးခြင်း၊ အရေပြား မျက်နှာပြင်ပေါ်က ဆဲလ်တွေရဲ့ ဇီဝ ဖြစ်စဉ်ကို လျင်မြန်စေရန်တွန်းအားပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ကျအောင် စွမ်းဆောင်ပေးခြင်း စတာတွေ ပါဝင်ပါတယ်။ အရေပြား ဆရာဝန်တွေ နဲ့ ပြသဖြစ်မယ်ဆိုရင်တော့ လိမ်းဆေး၊ ဒါမှမဟုတ် သောက်ဆေး ညွှန်းပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်နေစဉ်.. အထူးသဖြင့် ပထမသုံးလပါတ်မှာ ဖြစ်နိုင်ရင် မသောက်တာကောင်းပါတယ်။

(၁) အရေပြားလိမ်းဆေး

အရေပြားလိမ်းဆေးတွေရဲ့ အာနိသင်မှာ အဆီဓါတ် ခမ်းခြောက်လွယ်စေဖို့၊ ပိုးမွှားတွေကို သေစေဖို့ နဲ့ မျက်နှာပြင်ပေါ်က ဆဲလ် အသေတွေကို မြန်မြန် ဖယ်ရှားပစ်စေဖို့တို့ ပါဝင်ပါတယ်။ အများအားဖြင့် အဲဒီဆေးတွေမှာ ဘင်ဇွိုင်း ပါအောက်ဆိုဒ်၊ ဆာလ်ဖာ၊ ရီကော်ဆီနောလ်၊ ဆယ်လီစလစ် အက်ဆစ် စတာတွေ ပါဝင်တတ်ပါတယ်။ ဝက်ခြံအပျော့စားတွေ အတွက် အဲဒီလိမ်းဆေးတွေက သင့်လျော်လှပါတယ်။

(၂) ပိုးသတ်ဆေး

အလယ်အလတ်စား နဲ့ အပြင်းစား ဝက်ခြံတွေဆိုရင်တော့ ပိုးသတ်ဆေးတွေ တွဲသုံးဖို့လိုအပ်လာပါပြီ။ အရေပြားရောင်ရမ်းမှု နည်းစေပြီး ပိုးတွေကို တိုက်ခိုက်ချေမှုန်းတဲ့ အာနိသင်တွေ ရှိပါတယ်။ တစ်ခါတစ်လေကျရင် လတန်းကချီပြီးတော့ ပိုးသတ်ဆေးတွေ သုံးစွဲရတတ်ပါတယ်။

(၃) Isotretinoin

အဲဒီဆေးကတော့ နဲနဲပြင်းပါတယ်။ အနာရွတ်တွေ ဗလပွနဲ့ ဖြစ်နေတဲ့ ဝက်ခြံ၊ အဲ.. ဒါမှမဟုတ် အခြားပိုးသတ်ဆေး မတိုးတော့တဲ့ အခြေအနေမျိုးမှာ ပေးလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီဆေးကို သာမာန်အားဖြင့် ညွှန်းလေ့မရှိပဲ နောက်ဆုံးလက်နက်အနေနဲ့ ချန်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အတော့်ကိုများပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ သောက်မိမယ်ဆိုရင်တော့ သန္ဓေသားမှာ ချို့ယွင်းချက်တွေနဲ့ မွေးလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အဲဒီဆေးမညွှန်းခင် ကိုယ်ဝန်ရှိမရှိ အရင် စမ်းသပ်စစ်ဆေးပြီးတော့မှ ပေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။ နောက်ပြီး သွေးတွင်း အဆီဓါတ်ကို တက်စေတာဟာ အဲဒီဆေးရဲ့ အခြားဘေးထွက်ဆိုးကျိုးပါပဲ။

(၄) ကိုယ်ဝန်တားဆေး

လေ့လာပြီးတဲ့ စမ်းသပ်ချက်တွေအရ ကိုယ်ဝန်တားဆေးတွေဟာ တစ်ချို့ အမျိုးသမီးတွေ မှာ ဝက်ခြံသက်သာ ပျောက်ကင်းစေပါသတဲ့။ ဒါပေမဲ့ တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ အများကြီးရှိပါသေးတယ်။

(၅) လေဆာ နဲ့ အလင်းကုထုံး

လေဆာ နဲ့ကုမယ်ဆိုရင် အရေပြား အတွင်းနက်နက်အထိ အာနိသင် ရရှိပြီး အပေါ်ယံအရေပြားကို မထိခိုက်စေပါဘူးလို့ ပြောထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အဆီဂလင်းတွေကို ပျက်စီးစေပြီး အဆီထွက်နည်းစေဖို့ပါပဲ။ အလင်းကုထုံးကတော့ ပိုးမွှားတွေအပေါ်မှာ အာနိသင်ရှိပါသတဲ့။ အဲဒီ နည်းနှစ်မျိုးလုံးဟာ အရေပြားရဲ့ မျက်နှာပြင်ကို အားကောင်းစေပြီး အနာရွတ်ထင်ကျန်ရစ်စေခြင်းကို နည်းပါးစေပါတယ်။

(၆) အလှကုန် ပစ္စည်းသုံးခြင်း

ဓာတု ပစ္စည်းတွေပါဝင်တဲ့ မျက်နှာအလွှာ ကပ်ခွာပြုလုပ်ခြင်း နဲ့ အရေပြားကို အဏုနည်း ကော်ပတ်စားသလို စားပစ်စေခြင်းဟာလည်း ဝက်ခြံကုထုံးတွေမှာ ပါဝင်ပါတယ်။

အနာရွတ် ကုထုံး

ကော်လက်ဂျင် ဒါမှမဟုတ် အဆီတွေကို အရေပြားအောက် နဲ့ အနာရွတ်ထဲကို ထိုးပေးခြင်းဖြင့် အသားအရေ တင်းလာစေပြီး အနာရွတ်တွေကို မှေးမှိန်သွားစေနိုင်ပါတယ်။

Dermabrasion လို့ခေါ်တဲ့ အရေပြားမျက်နှာပြင် စားပစ်တာကိုတော့ အနာရွတ်ရှိတဲ့ အပြင်းစား ဝက်ခြံတွေမှာ သုံးနိုင်ပါတယ်။ သူက အပေါ်ယံ အနာရွတ် တစ်ခုလုံးကို စက်နဲ့ လုံးဝ စားပစ်လိုက်တာပါ။

နောက်တစ်မျိုးက Microdermabrasion ပါပဲ။ သူကတော့ ပုံဆောင်ခဲလေးတွေကို အရေပြားမျက်နှာပြင်ပေါ်ကို မှုတ်ပေးလိုက်တာပါ။ အဲဒီ အခဲလေးတွေက အရေပြားမျက်နှာပြင်ကို ချောမွေ့သွားစေပါတယ်။ အဲဒီနောက် လေစုပ်ခွက်နဲ့ အခဲလေးတွေရော အရေပြားဆဲလ်တွေပါ ပြန်လည်စုပ်ယူလိုက်ပါတယ်။ နောက်ဆုံး အရေပြားမျက်နှာပြင် ချောချောလေး ကျန်ခဲ့တော့တာပေါ့။

နောက်ဆုံးကတော့ အသေးစား ခွဲစိတ်ကုသခြင်းပါပဲ။ Punch Excision လို့ခေါ်တဲ့ နည်းနဲ့ အရေပြားပေါ်က အနာရွတ်တွေကို ဖယ်ရှားပစ်လိုက်ပါတော့တယ်။

ကာကွယ်ကြမယ် ဝက်ခြံအန္တရာယ်

ဝက်ခြံအထွက်များတဲ့ အရေပြားနေရာတွေကို တစ်နေ့ နှစ်ကြိမ် ဆေးကြောသန့်စင်ခြင်းဖြင့် အဆီဓါတ်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ဒါပေမဲ့ အကြိမ်အများကြီး ဆေးမိရင် အရေပြားကို သွားဆွသလိုဖြစ်စေတတ်ပါတယ်။
ဝက်ခြံလိမ်းဆေးတွေ၊ ဂျဲလ်တွေ သုံးပြီး အဆီဓါတ် ခမ်းခြောက်စေဖို့ အားပေးနိုင်ပါတယ်။
အမျိုးသမီးတွေအတွက် အောက်ခံ မိတ်ကပ် ထူထူကြီး မလိမ်းရန် အကြံပေးထားပါတယ်။
အိပ်ယာမဝင်ခင် မိတ်ကပ်လိမ်းထားတာတွေကို သန့်စင်ပြီးတော့မှ အိပ်ရာဝင်ဖို့ တိုက်တွန်းထားပါတယ်။
ခပ်ချောင်ချောင် ခပ်ပွပွ အဝတ်အစားတွေ ဝတ်ဖို့လဲ အကြံပြုထားပါတယ်။
ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးတိုင်းနဲ့ အားသွန်ခွန်စိုက်လုပ်ရတဲ့ အလုပ်တွေ လုပ်ပြီးတိုင်း ရေချိုးဖို့လည်း အကြံပြုထားပါသည် ။
ဝက်ခြံ အတွက် ကုထုံး နဲ့ သုံးမဲ့ဆေးတွေ....

ဝက်ခြံ ပျောက်စေမဲ့ အဓိက ကုထုံးတွေမှာ အဆီဓါတ်လျော့နည်းအောင် ပြုလုပ်ပေးခြင်း၊ အရေပြား မျက်နှာပြင်ပေါ်က ဆဲလ်တွေရဲ့ ဇီဝ ဖြ...စ်စဉ်ကို လျင်မြန်စေရန်တွန်းအားပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ကျအောင် စွမ်းဆောင်ပေးခြင်း စတာတွေ ပါဝင်ပါတယ်။ အရေပြား ဆရာဝန်တွေ နဲ့ ပြသဖြစ်မယ်ဆိုရင်တော့ လိမ်းဆေး၊ ဒါမှမဟုတ် သောက်ဆေး ညွှန်းပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်နေစဉ်.. အထူးသဖြင့် ပထမသုံးလပါတ်မှာ ဖြစ်နိုင်ရင် မသောက်တာကောင်းပါတယ်။

(၁) အရေပြားလိမ်းဆေး

အရေပြားလိမ်းဆေးတွေရဲ့ အာနိသင်မှာ အဆီဓါတ် ခမ်းခြောက်လွယ်စေဖို့၊ ပိုးမွှားတွေကို သေစေဖို့ နဲ့ မျက်နှာပြင်ပေါ်က ဆဲလ် အသေတွေကို မြန်မြန် ဖယ်ရှားပစ်စေဖို့တို့ ပါဝင်ပါတယ်။ အများအားဖြင့် အဲဒီဆေးတွေမှာ ဘင်ဇွိုင်း ပါအောက်ဆိုဒ်၊ ဆာလ်ဖာ၊ ရီကော်ဆီနောလ်၊ ဆယ်လီစလစ် အက်ဆစ် စတာတွေ ပါဝင်တတ်ပါတယ်။ ဝက်ခြံအပျော့စားတွေ အတွက် အဲဒီလိမ်းဆေးတွေက သင့်လျော်လှပါတယ်။

(၂) ပိုးသတ်ဆေး

အလယ်အလတ်စား နဲ့ အပြင်းစား ဝက်ခြံတွေဆိုရင်တော့ ပိုးသတ်ဆေးတွေ တွဲသုံးဖို့လိုအပ်လာပါပြီ။ အရေပြားရောင်ရမ်းမှု နည်းစေပြီး ပိုးတွေကို တိုက်ခိုက်ချေမှုန်းတဲ့ အာနိသင်တွေ ရှိပါတယ်။ တစ်ခါတစ်လေကျရင် လတန်းကချီပြီးတော့ ပိုးသတ်ဆေးတွေ သုံးစွဲရတတ်ပါတယ်။

(၃) Isotretinoin

အဲဒီဆေးကတော့ နဲနဲပြင်းပါတယ်။ အနာရွတ်တွေ ဗလပွနဲ့ ဖြစ်နေတဲ့ ဝက်ခြံ၊ အဲ.. ဒါမှမဟုတ် အခြားပိုးသတ်ဆေး မတိုးတော့တဲ့ အခြေအနေမျိုးမှာ ပေးလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီဆေးကို သာမာန်အားဖြင့် ညွှန်းလေ့မရှိပဲ နောက်ဆုံးလက်နက်အနေနဲ့ ချန်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ အတော့်ကိုများပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ သောက်မိမယ်ဆိုရင်တော့ သန္ဓေသားမှာ ချို့ယွင်းချက်တွေနဲ့ မွေးလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အဲဒီဆေးမညွှန်းခင် ကိုယ်ဝန်ရှိမရှိ အရင် စမ်းသပ်စစ်ဆေးပြီးတော့မှ ပေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။ နောက်ပြီး သွေးတွင်း အဆီဓါတ်ကို တက်စေတာဟာ အဲဒီဆေးရဲ့ အခြားဘေးထွက်ဆိုးကျိုးပါပဲ။

(၄) ကိုယ်ဝန်တားဆေး

လေ့လာပြီးတဲ့ စမ်းသပ်ချက်တွေအရ ကိုယ်ဝန်တားဆေးတွေဟာ တစ်ချို့ အမျိုးသမီးတွေ မှာ ဝက်ခြံသက်သာ ပျောက်ကင်းစေပါသတဲ့။ ဒါပေမဲ့ တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ အများကြီးရှိပါသေးတယ်။

(၅) လေဆာ နဲ့ အလင်းကုထုံး

လေဆာ နဲ့ကုမယ်ဆိုရင် အရေပြား အတွင်းနက်နက်အထိ အာနိသင် ရရှိပြီး အပေါ်ယံအရေပြားကို မထိခိုက်စေပါဘူးလို့ ပြောထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အဆီဂလင်းတွေကို ပျက်စီးစေပြီး အဆီထွက်နည်းစေဖို့ပါပဲ။ အလင်းကုထုံးကတော့ ပိုးမွှားတွေအပေါ်မှာ အာနိသင်ရှိပါသတဲ့။ အဲဒီ နည်းနှစ်မျိုးလုံးဟာ အရေပြားရဲ့ မျက်နှာပြင်ကို အားကောင်းစေပြီး အနာရွတ်ထင်ကျန်ရစ်စေခြင်းကို နည်းပါးစေပါတယ်။

(၆) အလှကုန် ပစ္စည်းသုံးခြင်း

ဓာတု ပစ္စည်းတွေပါဝင်တဲ့ မျက်နှာအလွှာ ကပ်ခွာပြုလုပ်ခြင်း နဲ့ အရေပြားကို အဏုနည်း ကော်ပတ်စားသလို စားပစ်စေခြင်းဟာလည်း ဝက်ခြံကုထုံးတွေမှာ ပါဝင်ပါတယ်။

အနာရွတ် ကုထုံး

ကော်လက်ဂျင် ဒါမှမဟုတ် အဆီတွေကို အရေပြားအောက် နဲ့ အနာရွတ်ထဲကို ထိုးပေးခြင်းဖြင့် အသားအရေ တင်းလာစေပြီး အနာရွတ်တွေကို မှေးမှိန်သွားစေနိုင်ပါတယ်။

Dermabrasion လို့ခေါ်တဲ့ အရေပြားမျက်နှာပြင် စားပစ်တာကိုတော့ အနာရွတ်ရှိတဲ့ အပြင်းစား ဝက်ခြံတွေမှာ သုံးနိုင်ပါတယ်။ သူက အပေါ်ယံ အနာရွတ် တစ်ခုလုံးကို စက်နဲ့ လုံးဝ စားပစ်လိုက်တာပါ။

နောက်တစ်မျိုးက Microdermabrasion ပါပဲ။ သူကတော့ ပုံဆောင်ခဲလေးတွေကို အရေပြားမျက်နှာပြင်ပေါ်ကို မှုတ်ပေးလိုက်တာပါ။ အဲဒီ အခဲလေးတွေက အရေပြားမျက်နှာပြင်ကို ချောမွေ့သွားစေပါတယ်။ အဲဒီနောက် လေစုပ်ခွက်နဲ့ အခဲလေးတွေရော အရေပြားဆဲလ်တွေပါ ပြန်လည်စုပ်ယူလိုက်ပါတယ်။ နောက်ဆုံး အရေပြားမျက်နှာပြင် ချောချောလေး ကျန်ခဲ့တော့တာပေါ့။

နောက်ဆုံးကတော့ အသေးစား ခွဲစိတ်ကုသခြင်းပါပဲ။ Punch Excision လို့ခေါ်တဲ့ နည်းနဲ့ အရေပြားပေါ်က အနာရွတ်တွေကို ဖယ်ရှားပစ်လိုက်ပါတော့တယ်။

ကာကွယ်ကြမယ် ဝက်ခြံအန္တရာယ်

ဝက်ခြံအထွက်များတဲ့ အရေပြားနေရာတွေကို တစ်နေ့ နှစ်ကြိမ် ဆေးကြောသန့်စင်ခြင်းဖြင့် အဆီဓါတ်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ဒါပေမဲ့ အကြိမ်အများကြီး ဆေးမိရင် အရေပြားကို သွားဆွသလိုဖြစ်စေတတ်ပါတယ်။
ဝက်ခြံလိမ်းဆေးတွေ၊ ဂျဲလ်တွေ သုံးပြီး အဆီဓါတ် ခမ်းခြောက်စေဖို့ အားပေးနိုင်ပါတယ်။
အမျိုးသမီးတွေအတွက် အောက်ခံ မိတ်ကပ် ထူထူကြီး မလိမ်းရန် အကြံပေးထားပါတယ်။
အိပ်ယာမဝင်ခင် မိတ်ကပ်လိမ်းထားတာတွေကို သန့်စင်ပြီးတော့မှ အိပ်ရာဝင်ဖို့ တိုက်တွန်းထားပါတယ်။
ခပ်ချောင်ချောင် ခပ်ပွပွ အဝတ်အစားတွေ ဝတ်ဖို့လဲ အကြံပြုထားပါတယ်။
ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးတိုင်းနဲ့ အားသွန်ခွန်စိုက်လုပ်ရတဲ့ အလုပ်တွေ လုပ်ပြီးတိုင်း ရေချိုးဖို့လည်း အကြံပြုထားပါသည် ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။