Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

သက်ကြီးတွေလည်း ဖေ့စ်ဘွတ်ခ်ပျော်သည်



ရေးသားသူ- ဥက္ကာကိုကို

နံနက် ၆ နာရီခွဲတိတိမှာ Desktop ကွန်ပျူတာလေးကို ဦးမျိုးလွင်စဖွင့်လိုက်သည်။ မကြာမီမှာပဲ အွန်လိုင်းပေါ်သို့ ဦးမျိုးလွင် ရောက်ရှိလာပါပြီ။
အွန်လိုင်းပေါ် တက်တက်ချင်း သူစဖွင့်တာက သစ်ထူးလွင်ဝက်ဘ်ဆိုက်ဖြစ်သည်။ အဲဒီမှာ သတင်းထူးတွေ ဖတ်ရမည်။ ပြီးလျှင် ပြည်တွင်းပြည်ပမှ မိတ်ဆွေများ၊ သား၊ မြေး၊ တူမများ ပေးပို့ထားသော မေးလ်တွေကို ဖွင့်ဖတ်မည်။ ထို့နောက်မှာတော့ Facebook လူမှုကွန်ရက် စာမျက်နှာကို ဦးမျိုးလွင်စတင် သုံးစွဲပါတော့ သည်။

Facebook ကို စသုံးစဉ်က သူများတွေ ရေးထားသော ပို့စ်များကိုသာ ဖတ်ရှုခဲ့၊ Like လုပ်ခဲ့ရာမှ အခုတော့ ဦးမျိုးလွင်တစ်ယောက် မှတ်ချက် Comment များရေးသားခြင်း၊ ကိုယ်ပိုင်အတွေးအမြင်များကို Status ရေးသားခြင်းတို့ကို ပြုလုပ်တတ်လာပြီဖြစ်သည်။ Facebook Status ပေါ်က What's on your mind ဆိုတဲ့ စာသားလေးကို သူသဘောကျနေခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူထားသော ဦးမျိုးလွင်မှာ အသက်အရွယ်အရ ၇၁ နှစ်ရှိလာပြီ ဖြစ်သော်လည်း ပေါ့ပါးသွက်လက်ဆဲဖြစ်သည်။ အမေရိကတွင် အလုပ်လုပ်ရင်း ကျောင်းတက်နေသည့် တူမဖြစ်သူ ညွှန်းဆိုမှုကြောင့် Gtalk နှင့်
Blog များကိုသာ သုံးစွဲနေခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် Face-book အကောင့်တစ်ခု စဖွင့်ဖြစ်ခဲ့သည်။ တူမ၏ သင်ကြားမှုဖြင့် Facebook ပေါ်မှ မိတ်ဆွေများ တင်ထားတွေကိုလိုက်ဖတ်ရင်း Facebook ကို တဖြည်းဖြည်း နှစ်သက်စွဲလမ်းလာသည်။

“စွဲသွားတာ၊ လူငယ်တွေအခေါ်အရဆိုရင် ပိုးဝင်တာပေါ့”ဟု သူကပြောသည်။ အသက်ခြောက်ဆယ်ကျော်လျှင် လူကြီးပိုင်းထဲဝင်ရောက်နေပြဖြစ်သည့်အတွက် စိတ်အင်အားနှေးကွေးခြင်းမျိုးလည်းဖြစ်လာတတ်သည်ဟု ဦးမျိုးလွင်က ယူဆထားသည်။ ပင်စင်စားများအနေဖြင့်လည်း ကိုယ်ကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ကြီးထဲမှ ခွဲခွာလာရသည့်အတွက် အထီးကျန်သည့် စိတ်သဘောမျိုးလည်း ပေါ်ပေါက်လာတတ်ပါသည်။

သားသမီးမြေးမြစ်များနှင့် နွေးထွေးပျော်ရွှင်စွာနေထိုင်သွားကြသူများရှိသကဲ့သို့ တစ်ကိုယ်တည်း အဖော်မဲ့ရှာသူများလည်း ရှိစမြဲပင်ဖြစ်သည်။
ထိုအချိန်တွင် များသောအားဖြင့် လောကုတ္တရာတရား အားထုတ်ခြင်းဖြင့် အချိန်ကုန်လွန်တတ်ကြသလို လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရင်း ပတ်ဝန်းကျင်ကို အကျိုးပြုသွားကြတတ်ကြသည်။ မည်သို့နည်းလမ်းများဖြင့်ပင်ဖြစ်စေ Facebook ကို သုံးစွဲနေကြသည့်လူကြီးပိုင်းများအနေနှင့်တော့ ပတ်ဝန်းကျင်နှင့် ဝေးကွာခြင်းမရှိဘဲ ပိုမို၍ပင် နုပျိုတက်ကြွလာသည်ကို တွေ့ရသည်။

ယခင်နှစ်များကထက် သိသာစွာကျယ်ပြန့်လာသော Facebook စာမျက်နှာပေါ်သို့ မြန်မာနိုင်ငံသား လူငယ်၊ လူလတ်ပိုင်းများသာမက အသက် ၆၀ ကျော်အရွယ် လူကြီးပိုင်းများပါ ၀င်ရောက်သုံးစွဲလာကြပြီဖြစ်သည်။ အများဆုံးသုံးစွဲကြသည့် လူကြီးပိုင်းများမှာ ဆေးဘက်ဆိုင်ရာ အငြိမ်းစားများ၊ အင်ဂျင်နီယာ အငြိမ်းစားများ၊ ပညာရေးဆိုင်ရာ အငြိမ်းစားများ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များဖြစ်ကြသည်။

ပင်စင်စားအရွယ်များ Facebook သုံးစွဲလာခြင်းဖြင့် ၎င်းတို့၏ အထီးကျန်မှုများကို ဖြေဖျောက်နိုင်မည်ဖြစ်သလို မိမိတတ်ကျွမ်းထားသော ပညာရပ်များကို
ပြန်လည်မျှဝေခြင်းဖြင့်လည်း လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေနိုင်သည်ဟု ဦးမျိုးလွင်က သုံးသပ်သည်။
“ပင်စင်စားတွေဆိုတာ ပညာတတ်တွေ။ အတွေ့အကြုံများတယ်။ အထီးကျန်နေမယ့်အစား နောက်လူငယ်တွေကို ပညာဖြန့်ပေးစေချင်တယ်။ တစ်နေ့ တစ်နေ့ အလုပ်မရှိဘဲ ကုန်သွားမယ့်အချိန်တွေကို အကျိုးရှိစွာအသုံးချစေချင်ပါတယ်” ဟု သူကပြောသည်။

အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါ်ငြိမ်းငြိမ်းဝင်းသည် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ Facebook ကိုလည်း စပေါ်စဉ်ကတည်းက သုံးစွဲလာခဲ့ ခြင်းဖြစ်ပြီး လုပ်ငန်းနှင့် သက်ဆိုင်သည့်အရာများ၊ ပုဂ္ဂလိကသုံးစွဲမှုများသာမက သတင်းများကိုလည်း ဖတ်ရှုဖြစ်ကြောင်း သူမကပြောသည်။ ထို့အပြင်
Facebook ကို ဒေါ်ငြိမ်းငြိမ်းဝင်း နှစ်သက်သည့် တစ်ချက်က Farmville Game ကို ကစားရခြင်းပဲဖြစ်သည်ဟု ဆိုသည်။

“ကိုယ်စိုက်ထားတဲ့ အပင်လေးတွေ ပွင့်လာသီးလာရင် ငါလုပ်ထားတာလေး အောင်မြင်ပြီဆိုပြီး ပျော်တယ်။ ပြီးတော့အချင်းချင်း Game Request တွေ လုပ်ပြီး ကိုယ့်ရှိတာ သူ့ပေး။ သူ့ရှိတာ ကိုယ့်ပေးဆိုတော့ တအားရင်းနှီးလာကြတာလို့ မြင်တယ်” ဟု ဒေါ်ငြိမ်းငြိမ်းဝင်းက အပင်များ စိုက်ပျိုးရသည့်
ဂိမ်းအား နှစ်သက်ရသော အကြောင်းရင်းကို ပြောပြသည်။ အစိုးရ၀န်ထမ်းအဖြစ်မှ ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ထွက်ခဲ့ပြီး ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် ဒေါ်ငြိမ်းငြိမ်းဝင်း၏ Facebook သုံးစွဲမှု သက်တမ်းမှာ သုံးနှစ်ကျော်လာပြီဖြစ်သလို သူမ၏ သားများကိုလည်း Facebook သုံးစွဲကြရန် တိုက်တွန်းအားပေးခဲ့သူလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Facebook ကို များသောအားဖြင့် လူငယ်ပိုင်းသုံးစွဲမှု ပိုများသည့်အတွက် Facebook မှာပင် အချိန်ကုန်နေကြခြင်းသာမကလွတ်လပ်မှုကို တလွဲဆံပင်ကောင်း အသုံးချမှုများလည်း ရှိနေခဲ့သည်။ ဝေဖန်ခြင်းသက်သက်မဟုတ်သော တိုက်ခိုက်မှုများ၊ ၀ါဒဖြန့်လှုံ့ဆော်မှုများ
ရှိသကဲ့သို့ ကောလာဟလများလည်း လျင်မြန်စွာပျံ့နှံ့တတ်ရာ လူမှုစာမျက်နှာတစ်ခုပင်ဖြစ်သည်။

“သုံးတတ်ရင် အကျိုးရှိတယ်။ မကြိုက်တာတွေလည်းရှိတယ်။ သူများကို အပုပ်ချတာမျိုးပေါ့။ Personal တွေပါလာတတ်တယ်။ ပြီးတော့မဟုတ်ကဟုတ်ကပုံတွေ မတင်သင့်ဘူး။ ကိုယ်ကြားတာလေးနဲ့လည်း မတင်သင့်ဘူး။ မှန်ဦးတော့ ဘယ်သူမှအကျိုးမရှိရင် မတင်သင့်ဘူး” ဟု ဦးမျိုးလွင်က သုံးသပ်သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ပြည်ပတွင် နေထိုင်သူ စာရေးဆရာ မင်းဒင်ကလည်း “တချို့က ဘာအကျိုးအပြစ်မှ မမြော်မြင်ဘဲ တင်ချင်ရာ စွတ်တင်၊ ပြောချင်ရာ စွတ်ပြောတာတွေကြောင့် အာရုံနောက်စရာတွေလို့ ခံစားရတယ်။ အများသိသင့်တယ်၊ ဖတ်သင့်တယ်၊ သိပါစေ ဖတ်ပါစေဆိုပြီး မျှဝေကြတဲ့
အကြောင်းခြင်းရာတွေကတော့ စိတ်ကျေနပ်မှုရစေပါတယ်” ဟုဆိုသည်။

Facebook ၏ အသုံးဝင်မှုကို သိရှိလာကြသည်နှင့်အမျှ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါ Facebook စာမျက်နှာပေါ် ၀င်ရောက်လာခဲ့ကြသည်။
လူကြီးပိုင်းများကတော့ သတင်းအချက်အလက်ကို ဦးစားပေးသိလိုကြသည့်အတွက် အဓိကသုံးစွဲ လာခဲ့ကြသည်။ ဂျာနယ်များတွင် ဖော်ပြထားသည်ထက် ပိုမိုစုံလင်သော သတင်းအချက်အလက်များက သူတို့အတွက် အဖော်ပြုစရာလည်း ဖြစ်လာခဲ့သည်။ သတင်းအချက်အလက်နှင့်
သက်ဆိုင်သော နယ်ပယ်မှ လူကြီးပိုင်းများလည်း Facebook ကို အကျိုးရှိစွာအသုံးချလာကြသည်ကိုလည်း တွေ့ရသည်။

“သတင်းကို စိတ်ဝင်စားတဲ့သူတွေ၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ ဒါတွေအားလုံးက ဖေ့စ်ဘွတ်ကို သတိထားမိတာ၊ အားလုံးက ဖေ့စ်ဘွတ်ကိုsource အနေနဲ့ သုံးလာကြတာတွေ့တယ်။ နောက်တစ်ခုကလည်း သတင်းကို ရှဲလ်လုပ်ချင်တဲ့သူတွေ ကိုယ့်ရဲ့ ဝေါလ်ပေါ်ကနေ ပို့စ်လုပ်ကြတာရှိတယ်။
ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ရောက်သွားတာပေါ့” ဟု Facebook ကို ၂၀၀၉ ခုနှစ်က စတင်သုံးစွဲခဲ့သော ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက အသက်အရွယ်အားဖြင့် ၆၀ ၀န်းကျင်ရှိနေပြီဖြစ်ပြီး Facebook ကို သူ၏လက်ထောက်လူငယ်များ သုံးစွဲခြင်းကိုမြင်၍
စသုံးဖြစ်ခဲ့တာဖြစ်သည်ဟု သိရသည်။ အလုပ်ချိန်အားလပ်လျှင် အနည်းဆုံးသတင်းများကို ရှာဖွေဖတ်ရှုဖြစ်ပြီး တစ်နေ့လျှင် နှစ်နာရီမှ သုံးနာရီခန့်
သုံးစွဲဖြစ်ကြောင်း သူကဆိုသည်။

“အသက်ကြီးတဲ့သူတွေအတွက် နိုင်ငံရေးနဲ့ ဖြစ်ပျက်နေတာတွေ စီးပွားရေးနဲ့ ပတ်သက်တဲ့ပြောင်းလဲမှုတွေ ချက်ချင်းသိနိုင်တာ Facebook ပဲရှိတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ရွှေလီမြို့တွင် နေထိုင်သောအသက် ၆၄ နှစ်အရွယ် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက
ပြောသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Facebook သုံးစွဲမှုကို တားမြစ်ပိတ်ပင်ထားသည့်အတွက်ဦးအောင်ကျော်ဇောက ကျော်ခွသည့်Proxy များ အသုံးပြုကာ သုံးစွဲနေရခြင်း ဖြစ်သည်။ သူ၏ Facebook သုံးစွဲမှုသက်တမ်းမှာ တစ်နှစ်ပင်မရှိသေးသော်လည်း တစ်ရက်လျှင် ခြောက်နာရီခန့်
ပုံမှန်သုံးစွဲလေ့ရှိကြောင်း သိရသည်။

“နိုင်ငံရေးလုပ်နေတဲ့သူဆီတော့ Facebook မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့လှုပ်ရှားမှုတွေကို Share လုပ်ပါတယ်” ဟုဦးအောင်ကျော်ဇောက ဆိုသည်။

Facebook မပေါ်ခင်က သတင်းများကို ဖတ်ရှုလိုလျှင် ၀က်ဘ်ဆိုက်လိပ်စာသိမှသာ ၀င်ရောက်ဖတ် ရှုနိုင်သည့်အတွက် အသက်အရွယ်ကြီးရင့်သူများအနေဖြင့် နည်းပညာအားနည်းမှုကြောင့် အခက်အခဲရှိခဲ့ရသည်ဟု သူကပြောသည်။ လူငယ်ပိုင်းများပြားသော Facebook တွင် လူကြီးပိုင်းများ
ဝင်ရောက်သုံးစွဲလာကြခြင်းက မျိုးဆက်နှစ်ခုအကြား ခြားနားမှုရှိမသွားဘဲ ခေတ်နှင့်အညီ စီးဆင်းမျောပါနိုင်ကြသည်ပဲ ဖြစ်သည်။

“လူငယ်ထုနဲ့အတူ တစ်စိတ်တစ်ပိုင်းသာ စီးမျောလိုက်ပါနိုင်တယ်ထင်ပါတယ်။ ဒီခေတ်လူငယ်အများစုက ဖေ့စ်ဘွတ်ခ်မှာ တစ်ရေးနိုးထကြည့်လည်း တင်နေရေးနေကြတုန်း။ မီးစိမ်းဝိုင်းလေး ပေါ်နေတုန်း။ သူ့ခေတ်နဲ့တော့ သူ တွင်ကျယ်မယ်ပေါ့””ဟု အသက် ၅၅ နှစ်အရွယ် စာရေးဆရာမင်း ဒင်ကပြောသည်။

“လူငယ်တွေ ဖေ့စ်ဘွတ်ခ် အရမ်းသုံးတာတော့ မကြိုက်ဘူး။ ဒီထဲမှာချည်းပဲ အချိန်ကုန်နေကြတယ်။ ကောင်းတဲ့ဘက်ကဆိုရင် သတင်းတွေကို အချိန်မြန်မြန် သိလာရတယ်ပေါ့။ ဘဘရဲ့ဖေ့စ်ဘွတ်ခ်ကို သူများတွေ လုပ်ပေးတာ။ အဓိကပြောချင်တာက ဖေ့စ်ဘွတ်ခ်သုံးသလို စာကိုလည်း
များများဖတ်ကြစေချင်တယ်။ အခုခေတ် လူငယ်တွေ စာဖတ်အားနည်းကြတယ်။ ဖေ့စ်ဘွတ်ခ်ထဲမှာပဲ အချိန်ပြည့်မရှိစေချင်ပါဘူး” ဟု Facebook သုံးစွဲနေသူ စာရေးဆရာကြီးမောင်မိုးသူက လူငယ်များကို အကြံပြုသည်။

ဦးမျိုးလွင်တို့ ဒေါ်ငြိမ်းငြိမ်းဝင်းတို့ကတော့ လူကြီးပိုင်းများ Facebook သုံးစွဲခြင်းကို “ဖြစ်သင့်သည်” ဟု အားပေးကြသည်။
“ခြောက်ဆယ်ကျော်ရင် မြန်မာတွေက စိတ်ကျသွားတတ်တယ်။ အင်တာနက်မှာ ပညာတွေအများကြီးရှိတယ်။ ကိုယ့်ဘ၀တွေဟာ အမြဲရှင်သန်နေတယ်။
ကမ္ဘာကြီးက မြန်နှုန်းမြင့်နဲ့ သွားနေတယ်ဆိုတာကို သိလာမယ်။ ပင်စင်စားတွေက ကိုယ်တတ်တဲ့ပညာတွေကို လူငယ်တွေဆီ sharing လုပ်ပြီး မိမိပတ်ဝန်းကျင်အတွက် အကျိုးရှိစွာ ဆက်လက်ဖြတ်သန်းသွားစေချင်တယ်” ဟု ဦးမျိုးလွင်က ပြောသည်။
“အသက်ကြီးလာတဲ့သူအဖို့ Facebook သုံးရတာ တော်တော်ကောင်းပါတယ်။ ဆွေးနွေးချင်တဲ့ အကြောင်းအရာကိုလည်းချက်ချင်း ဆွေးနွေးလို့ရတယ်။
Facebook က အရမ်းလွတ်လပ်တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာဒေါ်ငြိမ်းငြိမ်းဝင်းကလည်း သက်ကြီးပိုင်းများ Facebook သုံးစွဲခြင်းအပေါ်တွင် အောက်ပါအတိုင်းအားပေးခဲ့ သည်။“အခုခေတ်အဘိုးကြီး အဘွားကြီးတွေ အရမ်းကံကောင်းတယ်လို့မြင်တယ်။ Facebook လိုဟာမျိုးရှိနေတာ ကိုယ့်ကိုယ်ကိုယ်
အထီးကျန်နေတယ်လို့ မခံစားရတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာတယ်။ ဒီတော့ အဘိုးကြီးအဘွားကြီးတွေ ဖေ့စ်ဘွတ်ခ်သုံးတာ အရမ်းကောင်းတယ်။ အားပေးတယ်။” နံနက် ၆ နာရီမှ ၉ နာရီအထိ Gmail စစ်ခြင်း၊ သတင်း Blog ဖတ်ခြင်း၊ Facebook သုံးစွဲခြင်းတို့ကို ပြုလုပ်ပြီးပါက
ဦးမျိုးလွင်တစ်ယောက် သူပါဝင်ဆောင်ရွက်နေသော ရတနာ့မေတ္တာလူမှုရေးအဖွဲ့အစည်းရုံးခန်းသို့ သွားရောက်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံ အိမ်ပြန်ရောက်ပါက ည ၉ နာရီမှ ၁၀ နာရီအထိ ခေတ္တသုံးစွဲလေ့ရှိသေးသည်။

ယခင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် လုပ်စဉ်ကအဆိုအမိန့်များ၊ မိန့်ခွန်းကောက်နုတ်ချက် များ စသဖြင့် သူကြိုက်နှစ်သက်သည့် စာတိုလေးများကို ကူးယူသိမ်းဆည်းထားခဲ့သော ဦးမျိုးလွင်က Facebook ပေါ်မှ သူ့မိတ်ဆွေများကို ပြန်လည်မျှဝေနေပါလိမ့်မည်။

ဒီကြားထဲမှာ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း၊ မိတ်ဆွေများနှင့်တွေ့ဆုံရင်း Facebook သုံးစွဲလိုပါက အလွယ်တကူသုံးနိုင်ရန်အတွက်Galaxy Tablet တစ်လုံးနှင့် Samsung Galaxy Ace ဖုန်းလေးတစ်လုံးကို ၀ယ်ယူထားပြီဖြစ်သည်။ ကမ္ဘာကြီးနှင့် လူ့ပတ်ဝန်းကျင်တစ်ရပ်လုံးက သူနှင့်အတူ မခွဲမခွာရှိနေသမျှ သူအထီးမကျန်တော့ပါ။အသက် ၇၁ နှစ်အရွယ် ဒုတိယညွှန်ကြားရေးမှူးချုပ်အငြိမ်းစား ဦးမျိုးလွင်က သူလိုအပ်သည့် တစ်ခုကိုသာ ပြောပါသည်။
“အရေးကြီးတာက အင်တာနက် Speed ပဲ” ဟူ၍ဖြစ်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။