Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 7, 2012

သူပုန်ကျောင်းသားဘ၀ (၂)


မဲဂလာချောင်းကို လွမ်းနေဆဲပါ
ကျနော်တို့ နောက်ဆုံးထွက်ခဲ့တဲ့မြို့ကလေးမှာ သရက်ချောင်း (ရှက်ခလောင်း) လို့ထင်ပါတယ်။ တောတွင်းခရီးကြမ်းကို လျှောက်ရတော့မှာမို့ ပြင်ပြင်ဆင်ဆင်ရှိခဲ့ကြသလားလို့ ပြန်ကြည့် လိုက်တော့လည်း အားလုံး သူလိုကိုယ်လိုပင်၊စင်ကြယ် ဖိနပ်၊ ကွင်းထိုးဖိနပ်များနဲ့သာ ဖြစ်သလိုစခန်းသွားကြသူများပင် ဖြစ်ကြတယ်။ နည်းနည်းပါးပါး ကြိုတင်ပြင်ဆင်ထားသူ များသာ သွားတိုက်ဆေး၊ သွားပွတ်တံများ ပါလာကြတယ်။


ကျနော်တို့ကို တောတွင်းကို ဦးဆောင်ခေါ်သွားပေးမဲ့သူများကတော့ မြန်မာပြည်တောင်ပိုင်း ကွန်မြူနစ်ပါတီဝင်များ ဖြစ် ကြတဲ့ ခရိုင်ကော်မီတီဝင် ကိုတင်ထွန်းနဲ့ ဦးရှိန် တို့အဖွဲ့ပဲ ဖြစ်ပါတယ်။ လမ်းမှာ နှစ်ဖွဲ့ခွဲပြီးသွားကြရတယ်။ ကျနော်တို့အဖွဲ့ မှာ ထားဝယ်မြို့လုပ်ရှားမှုကို ဗွီဒီယိုသတင်း မှတ်တမ်းလာယူတဲ့ ထိုင်းတီဗွီချယ်နယ် (၃) က သတင်းထောက်တယောက် လည်း ပါလာတယ်။ သူကထားဝယ်လူမျိုး ထိုင်းနိုင်ငံသားဖြစ်လို့ ထားဝယ်သားတွေနဲ့ရောနှောပြီးသတင်းကို အရဲစွန့် လာ ယူတာဖြစ်တယ်။ အာဏာသိမ်းပြီး စစ်တပ်ကလူတွေကို လိုက်လံဖမ်းဆီးမယ့်သူတွေအထဲမှာ အဲဒီ ကိုမောင်မောင် လို့ခေါ် တဲ့ သတင်းထောက်လဲပါနေတာမို့ ကျနော်တို့အဖွဲ့တွေ တောထဲမှာ တော်တော်ပြေးလွှားလိုက်ရတယ်။ နောက်ဆုံး ကျနော်တို့အဖွဲ့ကို ပင်လယ်ရွာတရွာအရောက်မှာ စက်လှေတစင်းနဲ့ တင်ပေးလိုက်တယ်။ ရနောင်းကိုရောက်အောင် တရက်သာသာ မောင်းလိုက်ရတယ်။ လှေကငယ်ငယ် လူကအပြည့်မို့ လှိုင်း လေ လွတ်ခဲ့တာကိုပဲ ကံကောင်းလှပြီ၊ မိုး တွေကလည်း တအားရွာနေတော့ မိုးထဲရေထဲ တရွှဲရွှဲနဲ့ ရနောင်းမြို့ကို ရောက်ခဲ့ကြတယ်။
နောက်နေ့မှာ ဘတ်စ်ကားစီးပြီး ဘန်ကောက်ကိုရောက်ခဲ့ကြတယ်။ ထိုင်းတီဗွီချယ်နယ် (၃) မှာ အင်တာဗျူးလုပ်ပြီး နောက်တနေ့မှာပဲ သတင်းဌာနကားနဲ့ပင် မဲဆောက်ကိုရောက်ခဲ့ကြတယ်။ မဲဆောက်က ကိုကျောက်ခဲ အိမ်ကိုရောက် တော့ လူစုံတက်စုံကိုတွေ့လိုက်ရတယ်။ ကိုဝင်မိုး၊ ကိုအောင်နိုင်၊ သာယာဝတီသား ကိုဂျော်လီထွန်းတို့နဲ့အတူ မင်းသား သီဟတင်စိုးနှင့် ညီတော် မောင်ဝဏ္ဍတင်စိုးတို့ကိုပါ တွေ့လိုက်ရတယ်။ တယောက်တကွဲစီလာကြပေမဲ့ အခုလိုပြန်ဆုံကြ တော့လည်း အားလုံးဝမ်းပန်းတသာ ဖြစ်ခဲ့ကြတယ်။
နောက်နေ့ သေ့ဘောဘိုးစခန်းကို အားလုံးရောက်ခဲ့ကြတယ်။ ရက်အနည်းငယ်စောရောက်နေကြတဲ့ တက္ကသိုလ် ဆရာ လှအောင် တို့ တဲမှာ အတူနေထိုင်ခဲ့ကြတယ်။ သုံးထောင်ကျော်ရှိတဲ့ လူအုပ်ကြီးကို ရွာထဲကအိမ်တွေမှာ လိုက်လံနေရချ ထားရပေးတာမို့ အိမ်တိုင်းလိုလိုပင် ပြွတ်သိပ်လို့နေပါတယ်။ စားရေးသောက်ရေးကို ရွာသူရွာသားများက အလှည့်ကျ လုပ်အားပေးသလို တောခိုကျောင်းသားများကလည်း တတ်နိုင်သည့်ဖက်ကလုပ်အားပေးရင်း အဆင်ပြေပြေဖြစ်ခဲ့ကြရ တယ်။ မိုးဗြဲဒယ်အိုးနဲ့ တအိုးပြီးတအိုး ချက်နေသည့် ထမင်းအိုးကလည်း မနက်မိုးလင်းကနေ မိုးချုပ်အထိ ပြတ်သည်လို့ မရှိအောင်ပင်၊ အရင့်အရင်က အလွန်ပေါများလှတဲ့ သင်းဘောသီးတွေလည်း ကုန်လုနီးပါးဖြစ်လို့ ငှက်ပျောဖူး၊ ငှက်ပျော ပင်တွေဘက်ကို တဖန်လှည့်ကြရတယ်။ ကရင်ရွာလူကြီးတွေကပါ ကြာလာတဲ့အမျှ မိမိတို့အတွက် စီမခန့်ခွဲရေး လုပ်ပေး နေရတာ ၀န်ထုပ်ဝန်ပိုးဖြစ်လာရပြီမို့ ကျနော်တို့အတွက် စခန်းကော်မီတီတခု ဖြစ်ပေါ်လာရေးကို စတင်ကြိုးစားရပါတော့ တယ်။
အောက်တိုလာ (၃) ရက်နေ့မှာ ကေအင်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ သေ့ဘောဘိုးစခန်းကို လာရောက်မည်ဖြစ်တဲ့အတွက် စခန်းကော်မီတီဖွဲ့စည်းရေးကို အဆိုပါအခန်းအနားပြီးမှ လုပ်ကြရန် ဖြစ်လာခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ကိုအောင်နိုင် (ဗွီအိုအေ) က ဦးစီးဦးဆောင်လုပ်ပြီး ကော်မီတီငယ်တခု ဖွဲ့စည်းထားခဲ့သော်လည်း ကောင်းကောင်းအသက်မ၀င်ခဲ့။ တော်လှန်ရေးဆန်ဆန် စခန်းကော်မီတီတခု ဖြစ်လာရေးကို အားလုံးက လိုလားနေကြတဲ့အတွက် စခန်းကော်မီတီဖွဲ့စည်း ဖို့ ဖြစ်လာရတာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဗိုလ်ချုပ်မြနဲ့တကွ ကေအင်ယူခေါင်းဆောင်နဲ့ တွေ့ဆုံပွဲမှာ ကျနော်တို့ အမောင်ကျောင်းသားများရဲ့ အံ့မခန်းဘွယ် ရဲရဲဝံ့ဝံ့တင်ပြချက်တွေကလည်း နောက်ပိုင်းမှာ ပြန်ပြောစရာတွေ ဖြစ်လာရတယ်။ ကျနော်တို့ဘက် ကိုဝင်မိုး၊ ကိုလှမျိုး နောင် (၈၈ မျိုးဆက်) တို့က သီးခြားစခန်း (separate camp) ထူထောင်ပေးဖို့ တောင်းဆိုကြတယ်။ တဘက်နဲ့ တဘက် အထင်တွေ လွဲကြရတယ်။ လွဲလည်းလွဲစရာတွေပါ။ မိမိတို့ အမောင်ကျောင်းသားတွေက စစ်သင်တန်းတောင် မတက်ရ သေးဘဲနဲ့ ဘယ်သူသြဇာမှ ခံမှာမဟုတ်ဘူးဆိုတဲ့ ဇာတိနိမိတ်တွေပြတော့ အဖိုးကရင်တွေကလည်း အမျက်ထွက်စရာပင်၊ ဒီအပြင် ကိုလှမျိုးနောင် (၈၈) ကလည်း မစားရ၀ခမန်း ဘယ်နိုင်ငံက ဘယ်လိုအကူအညီတွေ ဘယ်လိုဘယ်ညာလာလိမ့် မယ် ဆိုပြန်တော့လည်း တော်လှန်ရေးကို အနှစ် (၄၀) လုပ်လာပြီးတဲ့ အဖိုးကရင်တွေခမြာ ကျနော်တို့အမောင်ကျောင်း သားတွေကို စိတ်ဆိုးရလည်းခက် စိတ်ထဲမှာတော့ တော်လှန်ရေးကိုအခုမှ ကကြီးကစရမဲ့ ကျနော်တို့ကို စိတ်ထဲမှ ကြိတ် ပြီးရယ်နေလောက်ပါတယ်။
နောက် သေသေချာချာ ကျနော်တို့ပြန်စဉ်းစားကြည့်တော့၊ အခုရောက်လာတဲ့ ကျနော်တို့ စစ်ပညာတောင်မသင်ရသေး တဲ့ ကျနော်တို့ဟာ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ကေအင်ယူ နယ်မြေထဲမှာ ကာလတခုအထိ တော်လှန်ရေးခရီးကို ဆက် ရလိမ့်မယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ကျနော်တို့တောင်းတဲ့ သီးခြားစခန်းဆိုတာကလည်း မိမိတို့အချင်းချင်း ပြန်လည် စီမံခန့်ခွဲ အုပ်ချုပ်ရေးသာ ဖြစ်ပါတယ်လို့၊ နောက်ပိုင်း ကေအင်ယူ လူကြီးများနှင့် နားလည်မှု ကောင်းကောင်းပြန်ရခဲ့ပါ တယ်။ စခန်းကော်မီတီဖြစ်မြောက်ရေးအတွက် အစည်းအဝေးအကြိမ်ကြိမ်ခေါ်၊ ဆွေးနွေးခဲ့ကြပြီးမှနောက်ဆုံး မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front) ဖြစ်လာခဲ့ရတယ်။ အစကနဦးက Students’ Democratic Front ဖြစ်နေပြီးမှာ ကျူတာ ကိုလှအောင်(ကွယ်လွန်) က ဗကသ (All Burma Federation Students Union) နဲ့ ခပ်ဆင်ဆင်လေးဖြစ်အောင် အရှေ့မှာ All Burma ကို ထပ်ဖြည့်ပေးဖို့အဆိုကို အား လုံးကလက်ခံခဲ့ကြလို့ ဖြစ်ပါတယ်။
ကော်မီတီကို ကိုးဦးထားရှိခဲ့ပြီး ကျနော်က ကော်မီတီ ဥက္ကဋ္ဌ၊ ဆရာဦးယုနွယ်က ဒုဥက္ကဋ္ဌ၊ ကိုလှအောင်က အထွေထွေ အတွင်းရေးမှူးအဖြစ်နဲ့ စခန်းကော်မီတီကိုတာဝန်ယူခဲ့ကြတယ်။ ဦးယုနွယ်က ဖွဲ့စည်းပြီး မကြာခင်မှာပဲ ဘားအံဘက်က ပါလာသော သူ့ရဲဘော်များနဲ့အတူ ၀မ်းခါစခန်းကို ပြောင်းရွှေ့သွားခဲ့ကြတယ်။ အဲဒီတုန်းက လူပေါင်းသုံးထောင်လောက် ၏ အထွေထွေပြဿနာများ၊ အခက်အခဲပေါင်းစုံကို နေ့စဉ်နဲ့အမျှ ဖြေရှင်းပေးနေရတယ်။ စည်းကမ်းထိမ်းသိမ်း ရေးကော် မီတီ ကိုဖုန်းကို နဲ့ အပေါင်းအပါ လူကြမ်းမင်းသားတစုရဲ့ လက်ချက်ကြောင့် မီးမီး (ဂန္ဓ၀င် မီး-သြဇီ) အထိုးအကြိတ်ခံ လိုက်ရတဲ့ ပြဿနာကစပြီး ကျနော်တို့ကို ကေအင်ယူက သီးခြားနေရာချပေးဖို့ အမြန်ဆုံးဖြစ်လာရတယ်။ နဂိုကအစီ အ စဉ်ရှိပေမဲ့ ပြဿနာတွေက တခုပြီးတခုဖြစ်လာတော့ ရွာနဲ့ခပ်လှမ်းလှမ်းမှာ အမြန်ဆုံးနေရာချပေးမယ်လို့ ရွာလူကြီး ဖူးလောခွါး မှ ကျနော်တို့ကို ခေါ်ပြောလာပါတယ်။
နောက်တနေ့ ကျနော်နဲ့ ကိုဝင်းထွန်း (သြဇီ) တို့နှစ်ယောက် ကရင်လမ်းပြတယောက်နဲ့အတူ စခန်းသစ်တည်ဆောက် မည့်နေရာကို သွားရောက်ကြည့်ဖို့သွားကြတယ်။ တလမ်းလုံး ဒူးခေါင်းလောက်ရှိတဲ့ ဗွက်တွေကိုတိုးပြီးသွားရတယ်။ အပြန်မှာ အလွန်မောပန်းနေတာမို့ ကျနော်တို့ နှစ်ယောက် မဲဂလာချောင်းဘေးမှာရှိ တောအရက်ဆိုင်လေးကိုဝင်ပြီး အ ချမ်းဖြေခဲ့ကြရတယ်။
အဲဒီ တဲငယ်လေးကတော့ နောင်မှာ ကျနော်တို့ သေ့ဘောဘိုးစခန်းသားတွေ တွေ့တိုင်းရင်ခုန်စေတဲ့ မဲဂလာချောင်းစပ်က သောက်တော်မူတဲလေး ဖြစ်ခဲ့ရတယ်။ ကောက်ညှင်းနဲ့ချက်တဲ့ တောအရက်ရနံ့လေးကလည်း လာသမျှ အမောင်ကျောင်း သားတွေကို ဆွဲဆောင်နေမှာကိုတော့ ဗေဒင်ဆရာကိုပင် မေးစရာမလိုတော့ပါ။ နောက်တော့ မဲဂလာချောင်းနဲ့ အဆိုပါ သောက်တော်မူတဲလေးကို ကျနော်တို့ သေ့ဘောဘိုး စခန်းသူစခန်းသား တော်တော်များများ မခွဲနိုင်မခွာရက်ဖြစ်လာရတဲ့ အထိ သံယောဇဉ်တွယ်လာခဲ့ကြတယ်။
စခန်းမှာ ပြဿနာပေါင်းစုံရှိပေမဲ့ အတော်လေးကိုဖြေရှင်းနိုင်ခဲ့ကြတယ်လို့ ပြောလိုရနိုင်ပါတယ်။ စခန်းထဲမှာနေထိုင်စဉ် ဖုန်းကို ရဲ့ ပြဿနာဟာ အမြဲလိုလိုခေါင်းခဲရတဲ့ ပြဿနာတွေဆိုပေမဲ့ ဘယ်သူ့ကမှ လက်မလျှော့ခဲ့ကြဘူး။ တကယ်ဆို ရင် ဖုန်းကို ဟာ ကေအင်ယူကို အတင်းဝင်လုံးပြီး သူရဲ့အာဏာကို တည်ဆောက်နေသူတယောက်ပဲဆိုတာ လုံးဝ သိ လိုက်တယ်။ သူလိုလူမျိုးလက်ထဲ လုပ်ပိုင်ခွင့်တွေပေးလိုက်ရင် စခန်းထဲကလူတွေ အတော်ဒုက္ခရောက်ပြီး ဘ၀ပျက်နိုင် တယ်ဆိုတာ သူ့ရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ နောက်ပိုင်း စခန်းကော်မီတီ အစည်းအဝေးတွေမှာ သူရဲ့ လုပ် ပိုင်ခွင့်တွေကို ကော်မီတီအများစုအားနဲ့ အကန့်အသတ်လေးဖြစ်အောင် လုပ်ယူခဲ့ရတယ်။ ဒီနေ့အမြင်နဲ့ ပြောရမယ်ဆိုရင် ဖုန်းကိုဟာ မြောက်ပိုင်းကချင်ဒေသက မျိုးဝင်းလိုစိတ်ဓါတ် ခပ်ဆင်ဆင်ရှိသူတယောက်လို့ ကျနော် ယူဆမိပါတယ်။ စခန်းကော်မီတီတွေကလည်ဲး ဖုန်းကို လို လူတယောက်ကို မည်သူကမျှ ကြောက်ပြီးဦးစားပေးခဲ့တာတွေ မလုပ်ခဲ့ကြပါ။ နောက်ဆုံး သူရဲ့အာဏာကို တည်ဆောက်လို့မရတော့ ဖုန်းကို ဟာ အလင်းပြန်ဝင်သွားခဲ့တယ်။ သူ စခန်းထဲမှာ ဗိုလ် ကျခဲ့တာတွေကို ခံခဲ့ရသူတွေကလည်း သူ့ကို အလွတ်မပေးခဲ့။ ဖုန်းကိုဟာ ပြည်တွင်းပြန်မ၀င်ခင် မဲဆောက်မှာ ရဲဘော် မောင်ခန့် (ကွယ်လွယ်) ရဲ့ လက်ချက်နဲ့ ခေါင်းကွဲအောင် အရိုက်ခံလိုက်ရသေးတယ်။
သေ့ဘောဘိုးစခန်းဟာ တော်တော်လေး ပျော်ရွှင်ဘွယ်ရာစခန်းလေးတခု ဖြစ်ခဲ့တယ်။ မဲဂလာချောင်း က စခန်းကို ရစ် ပတ်စီးဆင်းနေတော့ သောက်ရေသုံးရေအတွက် တော်တော်လေး အဆင်ပြေပြေ ဖြစ်ခဲ့ရပါတယ်။ အမျိုးသမီးဘားတိုက် ကို မာလာဆောင်အမှတ်နဲ့ ဂစ်တာလာရောက်တီးသူတွေ ညစဉ် စည်လိုပါပဲ။ ညနေစောင်း လမ်းလျှောက်ချိန်ဆိုရင်တော့ ဘေထုတ်ထဲကရထားတဲ့ အကောင်းတကာအကောင်းဆုံး အင်းင်္ကျီလေးတွေကိုဝတ်ပြီး မာလာဆောင်ရှေ့မှာ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်ကြသူတွေက မနည်းလှပါ။ သူများတွေလို ဟန်ရေးတပြပြ လုပ်လို့မရတော့ ကျနော်လည်းပဲ ကိုယ်ကြိုက်တဲ့သူလေးတွေကို ကြိတ်ပိုးခဲ့ရတာကို ပြန်စဉ်းစားကြည့်ရင် အတိတ်ဘ၀က ပျော်ရွှင်စရာလေးတွေပါ။ ၁၆ နှစ်တရက်ရော့ မာလာဆောင်သူလေးတွေကလည်း ခေသူမဟုတ်ကြ၊ အစ်ကိုကာလသားတွေကို သမင်လည်ပြန်လုပ်ရ တာလဲ အမော၊ တယောက်ကိုတယောက် အီစီကလီလုပ်ရင်း ပျော်နေကြသူတွေရှိသလို လက်တွေ့ဆန်တဲ့ အချစ်ကို ဦးစားပေးသူများကလည်း ချိန်းတွေ့ရင် ညားခဲ့တာတွေလည်း ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ အလွန်ဆိုးဝါးတဲ့ ငှက်ဖျားတောမှာ အလွန်နှစ်လိုဘွယ်ကောင်းတဲ့ လူမှုပတ်ဝန်းကျင် တခုပေါ်လာခဲ့တယ်လို့ ဆိုရပါမယ်။
ရေချိုးရင်တော မိန်းကလေးတွေက ရေသာဘက်ကရေချိုးလို့ လာဘ်ပိတ်မယ်ဆိုပြီး သူတို့ အထက်ကိုသွားပြီး ရေသွား ချိုးတဲ့ သူတွေကလည်းရှိသေး။ တကယ်ဆိုရင် ဒီချောင်းရိုး တလျှောက်မှာ ရွာသား ကျားမများစွာ ချိုးခဲ့ကြပြီးသား ဖြစ်ပါ တယ်တယ်။ အဲဒီလိုအစွဲအလန်း အယူအဆရှိသူတွေကိုလည်း တခါတရံမှာ တွေ့ရတတ်ပါတယ်။ တကယ်ဆိုရင် တောခို လာကြသူတွေအထဲမှာ ခိုးဆိုးတတ်သူတွေအစ ရဟန်းတော်တွေအထိ ပါခဲ့ကြတာမို့ စရိုက်ပေါင်းစုံကို တပြိုင်နက် ပေါင်း ဖက်ပေးလိုက်ရသလိုဖြစ်တော့ လူမှုပြဿနာပေါင်းစုံ ဖြစ်လာရှိလာရပါတယ်။
စခန်းလုံးကျော် နာမယ်တွေကလည်းမနည်းပါဘူး။ ဦးမျိုးချစ်၊ တင်မောင်ဆန်း၊ စိုးမိုးဦး၊ ဒဿထွန်းထွန်း၊ ဂမ်ဒူးဇာဇာ၊ ရင်ငြိမ်းဝင်းရွှေ စသည်ဖြင့်ရှိကြပြီး ဇတ်လမ်းကိုယ်စီ စရိုက်ကိုယ်စီနဲ့ နာမယ်တွင်ခဲ့ကြတယ်။ ဇာဇာကိုယ်တော့ အာလုံးက လန့်ကြတယ်။ အခြားတော့ မဟုတ်ပါ။ သူမူးလာလျှင် သူစိမ်ခေါ်သည့်စကားလုံးကို ကြောက်တဲ့အတွက်ဖြစ်ပါတယ်။
‘ဟဲ့ နင်တို့က ငါ့လောက် သတ္တိရှိလို့လား” လို့ သူစိမ်ခေါ်ပြီဆိုရင် အားလုံးက ရယ်မောကြရတယ်။
ဘားတိုက်တွေက နာမည်ပေါင်းစုံနဲ့ပဲ၊ ကိုဝင်းရွေတို့ရဲ့ ရင်းငြိမ်တပ်ခွဲ အောင်လင်းတို့ရဲ့မုဒုံတပ်ခွဲ၊ ဦးမျိုးချစ်တို့ရဲ့ မော်လ မြိုင် တပ်ခွဲ စသည်ဖြင့်ခေါ်ကြပြောကြပြီး။ ကျနော်နေတဲ့ ဘားတိုက်ကတော့ နာမည်အဆိုးဆုံး ရခဲ့တယ်ထင်ပါတယ်။ သူတို့က ကျနော်တို့ဘားတိုက်ကို ဘစ တပ်ခွဲလို့ ခေါ်ကြပြောကြတယ်။ ဘစ တပ်ခွဲဖြစ်ရတာကတော့ ဆင်စားမြက်ကို မှီဝဲလို့တော့ မဟုတ်ပါဘူး။ အအိပ်ကြီးအအိပ်ထူသူတွေကများတော့ အခြားသောတပ်ခွဲတွေ ထမင်းစားပြီးလောက်မှ ကျနော်တို့ ဘားတိုက်က ထမင်းချက်ဖို့ မီးမွှေးတုန်းဖြစ်တတ်လို့ အဲဒီလို နာမည်ကင်ပွန်းအတပ်ခံရတာပါ။ ဆင်စားမြက် ကိုတော့ စခန်းကလူတစ်ချို့ မှီဝဲကြတာမို့ ညနေစောင်းဆိုလျှင် တ၀ါးဝါး ရယ်သံနဲ့အတူ နေရာတချို့မှာ ဆင်စားမြက်ရနံ့ သင်းသင်းလေးကို ရတတ်ပါတယ်။ အဲဒီကစလို့ “တော်လှန်ရေး မုချအောင်ရမည်” ကြွေးကျော်သံဆိုတာကလည်း တော် တော်လေးကိုခေတ် စားသွားခဲ့တယ်။ နောက်ပိုင်း ကရင်တွေဆင်ကိုကျွေးတဲ့ ဆင်စားမျက်ကို အမောင်ကျောင်းသားတွေ ဘာကြောင့်ကြိုက်ကြသလဲဆိုတာကို ကရင်တွေလည်းသိသွားခဲ့ရတယ်။
စရိုက်ပေါင်းစုံပါတဲ့ လူတွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဦး တခုအဖြစ် တည်ဆောက်ဖို့ရာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ လောလောဆယ် စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စတွေကိုသာ နေ့စဉ်ဖြေရှင်းနေရပြီး လက်နက်ရရှိအောင် လည်း တဖက်တလမ်းမှကြိုးစားနေရတယ်။ စားဝတ်နေရေးအတွက် နိုင်ငံတကာအမ်ဂျီအိုများအတူ ဦးတင်မြင့်ဦး (ဦးသန့် ၏ သားမက်)၊ ဦးစိုင်းထွန်း၊ ဦးမွေးကြိုင်တို့လို မြန်မာ့အမ်ဂျီအိုများကလည်း လာရောက်ကူညီခဲ့ကြတယ်။ နိုင်ငံတကာ ဆက်ဆံရေးအတွက်ကိုမူ အဲသည်တုန်းက ဘိုစကားပြောတတ်သူတွေဖြစ်တဲ့ ကိုဝင်မိုး၊ ကိုရဲမြင့်၊ ကိုအက်(စ်)အောင်လွင် တို့ကို အားကိုးခဲ့ရပါတယ်။
ဒီလိုနဲ့ “ချူးအလိုင်ပိုင် မဲဆောက်” ခေတ်ကို ရောက်ခဲ့တယ်။ စခန်းမှ ခုနှစ်မိုင်ရှစ်မိုင်မျှသာဝေးတဲ့ မဲဆောက်ကိုကားနဲ့ သွားရင် လမ်းခုလတ်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်ဂိတ်ကို ဖြတ်သွားရတယ်။ ရဲက အနည်းငယ်မေးမြန်းပြီး အလွယ်တကူ သွားခွင့်ပေးတဲ့ခေတ် ဖြစ်ပါတယ်။ ကျနော်တို့ကို ရဲကမေးရင် ဖြေနိုင်အောင် ထိုင်းစကားအနည်းငယ်ကို တတ်တဲ့သူတွေ ဆီက သင်ယူထားရတယ်။ ဖြစ်ချင်တော့ ကျနော်တို့တော်တော်များများကလည်း “ပိုင် နိုင်” ဘယ်သွားမလဲလို့ မေးရင် “ပိုင် မဲဆောက်” မဲဆောက်ကိုသွားမယ်လို့သာ ခေါင်းထဲမှာစွဲနေပါတယ်။ ဖြစ်ချင်တော့ ထိုင်းရဲက တခါတရံ မင်းဘယ် သွားမလဲလို့ မမေးပဲ “ချူး အလိုင်” နာမည်ဘယ်လိုခေါ်ပါသလဲလို့ မေးလိုက်တော ကဘောက်ထိကဘောက်ချာဖြစ်ပြီး အလွတ်ကျက်ထားတဲ့ “ပိုင် မဲဆောက်” မဲဆောက်ကိုသွားမယ်လို့ ပြန်ဖြေတော့ ထိုင်းရဲတွေက ပြုံးစိစိဖြစ်သွားတဲ့အထိ ကျနော်တို့ တခေတ်ဆန်းခဲ့ကြတယ်။
တနေ့ကျတော့ မယ်တော်ဘုန်းကြီးကျောင်းမှာ ရှိနေကြတဲ့သူတော်တော်များများကို ထိုင်းက ရဲကားတွေနဲ့လာပို့တော့ ကျနော်တို့ မော်လီချိုင်းဂိတ်ကိုသွားပြီး ကြိုကြရတယ်။ စခန်းထဲကိုလာ ချင်တဲ့သူများရှိသလို မ၀င်ချင်သူများလည်းရှိတာ မို့ ဂိတ်မှာတော်တော်ကြာကြာလေးကို ပြောကြဆိုကြရတယ်။ နောက်ပိုင်း အားလုံးလိုလို စခန်းအတွင်းသို့ ၀င်လာခဲ့ကြပြီး မောကဲဘက်အခြမ်းမှာ ဘားတိုက်တွေကိုဆောက်ပြီးနေကြတယ်။ နောက်ပိုင်း ရင်း (၂) ဖြစ်လာခဲ့တယ်။
တနေ့ ကျနော်တို့စခန်းထဲက မဆလ တပ်ထွက် တယောက်ဖြစ်တဲ့ ရဲဘော်မျိုးမြင့်နိုင် (ခ) မောင်ပိန်ကို ကရင်တပ်က ဖမ်း သွားတယ်လို့ သတင်းကြားတော့ ကျနော်တို့ ညကြီးမင်းကြီး သူကိုချုပ်ထားရာ မူဆလင်တပ်ရှိရာကို အပူတပြင်းသွားကြ ရတယ်။ ကံကောင်းထောက်မစွာ သူ့ကို ကျနော်တို့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ အလွန်အန္တရာယ်များသော တော်လှန်နယ် မြေ၏ အစ ပထမ အရသာကို ကျနော်တို့ စတင်တွေ့ထိ သိရှိကြရပြီ။ အားလုံးကိုလည်း အနေအထိုင်တတ်ဖို့ ဆင်ဆင် ခြင်ခြင်နေကြဖို့ ပြောကြရတယ်။
ရောက်ကာစမှာ လုံးဝမတည်ငြိမ်သလို အတို့အထောင်တွေကလည်း အလွန်များလှပါတယ်။ တယောက်ယောက်ကို မကျေနပ်ရင် ချောက်တွန်းတတ်သော အတွေးအခေါ်အားနည်းတဲ့ လူတန်းစားတွေကလည်းရှိနေတော့ အတတ်နိုင်ဆုံး လူတဦးစီ၏စရိုက်သဘာဝကို ရသမျှ အချိန်လေးမှာပင် လေ့လာရ မှတ်သားရတယ်။ စာတတ်ပေတတ် ပညာတတ်တွေ ပါသလို ဘာကိုဘာမှမသိတဲ့ ပညာနည်း ကျေးလက်တောသူတောင်သားတွေ၊ မြို့ပေါ်က ဂျင်ဂျင်လည် လူရည်လည် လူရှုပ်တွေလည်းပါပါတယ်။ ဒီလိုလူတွေအားလုံးကို ပေါင်းစပ်ပြီး၊ တော်လှန်ရေးကို ပုံသွင်းရတာကတော့ အခက်တကာ အခက်ဆုံးတခု ဖြစ်ပါလိမ့်မယ်။
ကျနော်တို့က ဗဟိုကော်မီတီကို ဖွဲ့စည်းပြီးမှ နယ်မြေကော်မီတီကို ဖွဲ့စည်းဖို့သဘောထားရှိပေမဲ့ ကေအင်ယူက ကျနော်တို့ ကို ကရင်နယ်မြေကော်မီတီကို အရင်ဖွဲ့စည်းစေချင်တယ်။ ပြောတဲ့အတိုင်းလည်း လုပ်ခဲ့တယ်။ ကရင်နယ်မြေမှရှိတဲ့ အဓိ ကစခန်းကြီး (၅) ခုက ကိုယ်စားလှယ်တွေကိုဖိတ်ပြီး ဗိုလ်ချုပ်တာမလာဘော က သဘာပတိလုပ်ကာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ကိုတင်စိုး (စောထ) ကို တာဝန်ခံထားရှိပြီး နယ်မြေကော်မီတီကို အလုပ်စတင်ရန်ဖြစ်သော်လည်း အချိန်တိုအတွင်းမှ ဘာမှမလုပ်ဖြစ်ခဲ့ဘဲ၊ ဒေသပေါင်းစုံစုပေါင်းပြီး ညီလာခံတခုကျင်းပရန် အပူတပြင်း ဖြစ်လာရတယ်။ NDF မှာ DAB ဘီ တပ်ပေါင်းစုတစ်ခုဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ကျပြီးချိန် ဖြစ်ဖို့များပါတယ်။ သောင်းနဲ့ချီပြီး တောခိုလာစ ကျနော်တို့အတွက် အဖွဲ့အစည်းတခု ရုပ်လုံးမပေါ်ဘဲ တပ်ပေါင်းစုဖွဲ့လိုကတော့ ဘာမှာအဓိပါယ်ရှိလိမ့်မဟုတ် သည့် အတွက် ကျနော်တို့၏ တပ်ဦးဖွဲ့စည်းရေးမှာ ပထမဦးစားပေး ဖြစ်လာရတယ်။
ညီလာခံကို ကရင်နယ်မြေမှ ကိုယ်စားလှယ်များ မသွားရောက်မီ ABSDF အမည်နာမ ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ သေ့ ဘောဘိုးမှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။ ကိုမျိုးသန့် (၂၀၈) ကတော့ ကျောင်းသားတခုတည်းအစား ကျောင်း သားပြည်သူလို့ဆိုရင် ပိုကောင်းမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့၊ ရှစ်ဆယ့်ရှစ် တော်လှန် ရေး၏ အရှိန်က အလွန်အားကောင်းနေသေးတဲ့ကာလပဲ မဟုတ်ပါလား။ ဒီလိုနဲ့ ABSDF ၏ အမည်နာမကို ကျနော်တို့ အားလုံး သဘောတူညီမှုရရှိခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့ ၀မ်းခါစခန်းတွင် ပြုလုပ်မယ့် ညီလာခံကို သယ်ယူသွားနိုင် ခဲ့ပါတယ်။
နောက်နေ့ မဲဆောက်ကိုတက်ပြီး ကျနော် ဗိုလ်မှူးစိုးစိုး အိမ်ကိုသွားပြီး ကရင်၊ ကရင်နီ၊ မွန်ဘက်မှာရှိကြတဲ့ ကျောင်းသား စခန်းအသီးသီးကို ကြေးနန်းပေးပို့ရပါတယ်။ အဲသည်မတိုင်ခင်မှာ ဗိုလ်မှူးစိုးစိုး အိမ်မှာပဲ ကျနော်တို့ သေ့ဘောဘိုး စခန်း က ကိုယ်စားလှယ်မျာနဲ့ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ဦးဆောင်တဲ့ ပါတီတခုကိုဖွဲ့စည်းပြီး တော်လှန် ရေးလုပ်လိုသူတွေ အပြန်အလှန်ဆွေးနွေးပွဲ လုပ်ခဲ့ကြရတယ်။ ထိုစဉ်အခါက သေ့ဘောဘိုးစခန်းထဲမှာ ကိုမောင်မောင် ကျော် ဦးဆောင်တဲ့အုပ်စုနဲ့ ကျနော်တို့ စခန်းကော်မီတီကြားမှာ အတွေးအခေါ်ကွဲလွဲမှုတချို့ရှိခဲ့တဲ့အတွက် စခန်းတွင်းမှာ နိုင်ငံရေးလွန်ဆွဲပွဲလို ဖြစ်နေလို့ ရှင်းပေးလိုက်တဲ့ သဘောပါပဲ။ ကျနော်တို့ တက်ရောက်လာသူအများစုက တပ်ဦးအနေ နဲ့ပဲ သွားချင်တယ်ဆိုတော့ ကိုမောင်မောင်ကျော် တို့အဖွဲ့လည်း နောက်ပြန်ဆုတ်သွားရတယ်။
ပြဿနာတခုပြီးတော့လည်း နောက်ပြဿနာတခုကလည်း ညီလာခံမကျင်းပခင် ထပ်ဝင်လာပြန်တယ်။ ဘန်ကောက်က ဦးတင်မြင့်ဦး အိမ်မှာ ကိုမောင်မောင်သိန်း ဦးဆောင်ပြီး ဗဟိုကော်မီတီဖွဲ့စည်းသည့် သတင်းထွက်ပေါ်လာပြန်တယ်။ ဒီမှာ ညီလာခံတောင် မကျင်းပရသေးဘူး၊ ဘန်ကောက်မှာ အချိန်တိုလေးအတွင်းမှာ ဗဟိုကော်မီတီ ဗြုန်းစားကြီးပေါ်ပေါက် လာတဲ့သတင်းကြောင့် အောက်ခြေစခန်းတွေမှာ စိတ်ပျက်လက်ပျက်နဲ့ ဝေေ၀၀ါးဝါး ဖြစ်ခဲ့ကြရတယ်။
ကိုမောင်မောင်သိန်းက ဥက္ကဋ္ဌ ဖြစ်ပြီး၊ ဒုဥက္ကဋ္ဌကို ခြောက်ယောက်ကြီးများတောင်ဖြစ်နေတယ်။ သေ့ဘောဘိုးစခန်းမှာ အမြဲတန်းရှိနေတဲ့ ဘန်ကောက်ဆိုရင် ဘယ်လိုနေမှန်းမသိသေးတဲ့ ကျနော်ကိုပါ ဒုဥက္ကဋ္ဌ ထဲမှာ နှစ်သိမ့်စုအနေနဲ့ ထည့် ထားတာကိုတွေ့ရတော့ ဘာတွေဖြစ်ကုန်ပြီလဲလို့ ဘန်ကောက်ကို တက်လိုက်ဆင်းလိုက် လုပ်နေနိုင်တဲ့ ကိုဝင်မိုး ကို လှမ်းမေးတော့မှာ အဖြစ်စုံကိုသိရတော့တယ်။
သြော် ကျနော်တို့တတွေဟာ တော်လှန်ရေးဆိုတာကို အလွယ်တကူလေး ထင်နေကြပါလား။ ဒါကြောင့် ကရင် ဖဒိုဖူး လောခွါးက မင်းတို့ကျောင်းသားတွေကလည်းကွာ စစ်တောင်မတိုက်ဖူးသေးဘဲနဲ့ ဗိုလ်ချုပ်လုပ်ချင်သူတွေ တယ်များပါ လားလို့ နောက်တာတောင်ခံခဲ့ရပါသေးတယ်။ ကျနော်ကလည်း ဖူးလောခွါးကို အားကျမခံ အဖိုးရယ် ကျနော်တို့က ဗိုလ်ချုပ်တွေကို စိတ်နာလို့ တောခိုလာကြတဲ့သူတွေဆိုတော့ ဗိုလ်ချုပ်ဖြစ်ချင်တဲ့သူတွေများတာ မကောင်းဘူးလားလို့ ပြန်နောက်လိုက်တော့ ဖူးလောခွါးလည်း တဟားဟားရယ်မောကာ နေပါတော့တယ်။
(မှတ်ချက်… အပိုင်း (၂) မှာ ကနဦးအစ ဖြစ်စဉ်တွေကို ဦးစားပေးရေးလိုက်ပါတယ်။ အပိုင်း (၃) မှာ ညီလာခံ၊ ဖွဲ့စည်းပြီး ခါစ ABSDF ပြဿနာများ၊ မတူညီမှု မတိုက်ဆိုင်မှုတွေကအစ ကွဲခဲ့ရသည့် အကြောင်းရင်းခံများကို တင်ပြသွားရန်ရှိပါ တယ်။)
ကိုကိုဦး (တပ်ရင်း-၁၀၂)
အောက်တိုဘာလ (၅) ရက်နေ့၊

http://www.naytthit.net/?p=31069 မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။