( ဘွဲ့လက်မှတ် အတုအစစ်ပြသနာ )
နိုင်ငံခြားဘွဲ့တွေနဲ့ပါတ်သ က်ပြီး အတုအစစ်ပြသနာတွေတက်နေတဲ့ကိစ္စကို နည်းနည်းတော့ ပြောချင်တယ် ။
ယူကေမှာ ကောလိပ်တွေ တက္ကသိုလ်တွေကနေပြီးတော့ ပညာသင်ကြားပေပြီး အောင်လက်မှတ်တွေ ဘွဲ့လက်မှတ်တွေပေးထားတာရှိပါတယ် ။
ဒါပေမယ့် တချို့သောကောလိပ်တွေ တက္ကသိုလ်တွေက သတ်မှတ်ထားသော စည်းကမ်းဥပဒေတွေကို ချိုးဖောက်ကြလို့ လုံးဝအပြီးပိုင်ပိတ်လိုက်ရတာတွေလဲရှိပါတယ် ။
ပိတ်သိမ်းလိုက်ရခြင်းအကြောင်းတွေထဲက အဖြစ်အများဆုံးပြသနာကတော့ အင်္ဂလန်ဗီဇာရရှိရေးအတွက် ငွေယူပြီး ထောက်ခံစားတွေလုပ်ပေးပြီးတော့ ကျောင်းသားတွေကို လက်ခံလိုပဲဖြစ်တာများကြပါတယ် ။
အဲ့ဒီလိုပဲ ကျောင်းသားတွေက အင်္ဂလန်ကိုရောက်လာကြတဲ့အခါမှာ တနှစ်တခါ ကျောင်းဝင်ကြေးပေးထားပြီး ကျောင်းမတက်ပဲ အလုပ်လုပ်နေကြသူတွေများလွန် နေတာကို ငွေရလျှင်ပြီးရော မစီစစ်ပဲကျောင်းသားတွေလက်ခံ နေကြလို့လဲ ပါပါတယ် ။
ဒါပေမယ့် အဲ့ဒီမှာ ကျောင်းတက်ပြီးတော့ တကယ်ပဲပညာရေးကို ကြိုးစားသွားသူတွေလဲ အများကြီးရှိကြပါတယ် ။
များသောအားဖြင့်တော့ ဘွဲ့လက်မှတ်ပေးပြီဆိုလျှင် လိုအပ်သောအဆင့်ကို အောင်မြင်မှသာ ဘွဲ့လက်မှတ်ပေးကြတာ များပါတယ် ။
ကောလိပ်ကြီး သိုမဟုတ် တက္ကသိုလ်အဆင့်မဟုတ်တဲ့ သင်တန်းကျောင်းများ ဥပမာ မီဖိုချောင်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု့လက်မှတ်၊ စားပွဲထိုးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု့လက်မှတ်၊ သန့်ရှင်းရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု့လက်မှတ်အစရှိသ ည့် သင်တန်းကျောင်အချို့ကတော့ တကယ်သင်တန်းမအောင်ပေးမယ့်လဲ အောင်မြင်ကြောင်းလက်မှတ်တွေ ထုတ်ပေးတတ်ကြတာရှိပါတယ် ။
များသောအားဖြင့်တော့ အင်္ဂလိပ်မဟုတ်သော နိုင်ငံခြားသားများဦးစီးသည့် သင်တန်းကျောင်းတွေသာ ယခုလိုမအောင်မြင်ပဲ လက်မှတ်ထုတ်ပေးတတ်ကြတာ ဖြစ်တတ်ကြပါတယ် ။
အစိုးရကစစ်ဆေးရေးဝင်လိုက်တဲ့ အခါ ကျောင်းခေါ်ချိန်ပြည့်မှီအော င်ကျောင်းမတက်ကြပဲ ကျောင်းသားစာရင်းပေါက်နေတာေ တွက
အလွန်များပြားနေတာကို သိရှိသွားတဲ့အခါ ထိုကောလိပ်များ တက္ကသိုလ်များ
စသည်တို့သည် ဥပဒေအရ အရေးယူခံရပြီး ဖျက်သိမ်းလိုက်ရတော့တာပါပဲ ။
သို့သော် ထိုကောလိပ်များ ကျောင်းများတွင် အမှန်တကယ်တက်ရောက်သင်ကြား၍ ရရှိအောင်မြင်ခဲ့ကြသော အောင်လက်မှတ်များကို ထိုကောလိပ်များ တက္ကသိုလ်များကို ဖျက်သိမ်းလိုက်သော်လည်း ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ် ပါတယ် ။
အဲ့ဒီကောလိပ်များ တက္ကသိုလ်များကအာင်လက်မှတ်တွေသည် အောင်လက်မှတ်ထုတ်စဉ်အခါက လိုအပ်သောပညာရေးဆိုင်ရာဌာကြိးများသို့
မည်သူသည် မည်သည့်ဘာသာရပ်ဖြင့် မည်သည့်အချိန်တွင် ဖြေဆိုပြီး မည်သည့်ဌာန၏
စစ်ဆေးမှု့ဖြင့် အောင်မြင်ထားကြောင်း လိုအပ်သောမိတ္တူကို
ပို့ထားခဲ့ရလို့ဖြစ်ပါတယ် ။ ထိုကောလိပ်များ တက္ကသိုလ်များကို
ဖျက်သိမ်းသွားခြင်းနှင့်မဆိုင်ပါ ။ ထိုအောင်လက်မှတ်များသည် ထိုကောလိပ် တက္ကသိုလ်များကို ဖွင့်ခွင့်တည်ထောင်ခွင့်ပြု ခဲ့သော ထိုင်နိုင်ငံ၏ ပညာရေဌာနတို့၏ အသိအမှတ်ပြုခြင်းနှင့်သာ သက်ဆိုင်ပါသည် ။
ဒီတော့ ထိုကောလိပ်များ တက္ကသိုလ်များ၏အောင်လက်မှတ်များကို ထိုကောလိပ် တက္ကသိုလ်ဖွင့်လှစ်ခဲ့သော နိုင်ငံ၏ ပညာရေးဌာနတွင် ထိုလက်မှတ်ကိုင်ဆောင်ထားသူနှင့်ပါတ်သက်သော မှတ်တမ်းရှိမရှိ မေးမြန်စုံစမ်း၍ အတည်ပြုချက်ရယူနိုင်ပါကြောင်း အကြံပြုအပ်ပါသည် ။
( ဦးနိုင်ဝင်း လန်ဒန် )
နိုင်ငံခြားဘွဲ့တွေနဲ့ပါတ်သ
ယူကေမှာ ကောလိပ်တွေ တက္ကသိုလ်တွေကနေပြီးတော့ ပညာသင်ကြားပေပြီး အောင်လက်မှတ်တွေ ဘွဲ့လက်မှတ်တွေပေးထားတာရှိပ
ဒါပေမယ့် တချို့သောကောလိပ်တွေ တက္ကသိုလ်တွေက သတ်မှတ်ထားသော စည်းကမ်းဥပဒေတွေကို ချိုးဖောက်ကြလို့ လုံးဝအပြီးပိုင်ပိတ်လိုက်ရတ
ပိတ်သိမ်းလိုက်ရခြင်းအကြောင
အဲ့ဒီလိုပဲ ကျောင်းသားတွေက အင်္ဂလန်ကိုရောက်လာကြတဲ့အခါမှ
ဒါပေမယ့် အဲ့ဒီမှာ ကျောင်းတက်ပြီးတော့ တကယ်ပဲပညာရေးကို ကြိုးစားသွားသူတွေလဲ အများကြီးရှိကြပါတယ် ။
များသောအားဖြင့်တော့ ဘွဲ့လက်မှတ်ပေးပြီဆိုလျှင် လိုအပ်သောအဆင့်ကို အောင်မြင်မှသာ ဘွဲ့လက်မှတ်ပေးကြတာ များပါတယ် ။
ကောလိပ်ကြီး သိုမဟုတ် တက္ကသိုလ်အဆင့်မဟုတ်တဲ့ သင်တန်းကျောင်းများ ဥပမာ မီဖိုချောင်လုပ်ငန်းဆိုင်ရာ
များသောအားဖြင့်တော့ အင်္ဂလိပ်မဟုတ်သော နိုင်ငံခြားသားများဦးစီးသည
အစိုးရကစစ်ဆေးရေးဝင်လိုက်တဲ
သို့သော် ထိုကောလိပ်များ ကျောင်းများတွင် အမှန်တကယ်တက်ရောက်သင်ကြား၍ ရရှိအောင်မြင်ခဲ့ကြသော အောင်လက်မှတ်များကို ထိုကောလိပ်များ တက္ကသိုလ်များကို ဖျက်သိမ်းလိုက်သော်လည်း ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်
အဲ့ဒီကောလိပ်များ တက္ကသိုလ်များကအာင်လက်မှတ်တေ
ဒီတော့ ထိုကောလိပ်များ တက္ကသိုလ်များ၏အောင်လက်မှတ်မ
( ဦးနိုင်ဝင်း လန်ဒန် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။