Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 24, 2016

မိတ်ဆွေများဖတ်ရှု့ စေချင်တဲ့ စာတပိုဒ်

From Maung Tun Wai
မိတ်ဆွေများဖတ်ရှု့ စေချင်တဲ့ စာတပိုဒ်
""Chief Of Staff- Dr တင်မာအောင်""
ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ဘ၀သံသရာ" ထဲက ဒေါက်တာ တင်မာအောင်
ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါ တယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိ တဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။
မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက် လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေး တက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော် က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက
ရန်ကုန် လေယာဉ်နဲ့ ပြန်ဆင်း။
ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင် ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊ အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No" တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း တွေ့ချင်ပါ တယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ သိနေပါပြီ။
ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊ စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့ အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊ ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်း မစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါ တလေ ရယ်ချင် စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး အတင်းခေါ်သွား တာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာ တင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊ အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ် ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မ တစ်ခါတည်း လှမ်းယူဖန်များတော့လည်း ဆရာဝန်မကြီး လက်လျော့ရတာပေါ့။
လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတွေ မေတ္တာနဲ့ ပေးတဲ့ မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီး မှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့ ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ် ဆတ်ဆတ် ဒေသ လက်ရာတွေ ဆိုတော့ တကယ့်ကို အရသာရှိပါ တယ်။ ဒေါက်တာ တင်မာအောင်က လိမ္မော် သီးလေးတွေရရင် သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက် တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက ကြားဖြတ်ရွေးကောက် ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊ ထူးထူးခြားခြား မကွေးခရီး မှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။ ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။ တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့ ပျားရည်စား တာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့် အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။
နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊ ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊ စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ ခရီးသွားရလို့ ကျွန်မအတွက် စိတ် အနှောက်အယှက် ဖြစ်ရတာကတော့ ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့ အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာ မလဲ ဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက် တောင် ကြာခဲ့တော့ ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက် မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မ ခြေတောက်တွေကို ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့ မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့ ဒီမျှသာ။
အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)
By-Ko Thura Aung
Maung Tun Wai
25.3.2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။