ဘ၀အတွက်တန်ဖိုးရှိသော အမူအကျင့်များ
အကောင်းမြင်ဝါဒီ ကျင့်သုံးသူများဟာ အဖိုးမဖြတ်နိုင်အောင်ကာင်းမွန်သောအောင်မြင်မှုများ၊
ပျှော်ရွှင်မှုနှင့်စိတ်ချမ်းသာမှုတို့ကိုဆွတ်ခူးနိုင်မှာအသေချာပင်။
အောက်ပါအချက်(၇)ချက်ကိုလိုက်ပါလုပ်ဆောင်နိုင်မယ်ဆိုရင် တော့ သင့်ရဲ့ဘ၀ဟာ ပျှော်ရွှင်မှုနှင့် အတူအောင်မြင်စွာဖြတ်သန်းသွားရမှာပါ။
၁) ကျေးဇူးသိတတ်ပါ- လူတယောက်ပဲဖြစ်ဖြစ်၊မည်သူမဆိုကိုယ့်အပေါ်ကြင်နာတတ်သောသူ ၊ ကိုယ့်အားကူညီပေးသောသူကို ရိုးသားစွာကျေးဇူးစကားဆိုပါ ။ မိမိဆုတောင်းတဲ့အခါတိုင်း သူတို့အတွက်ပါဆုတောင်းပါ။
၂) အားထားယုံကြည်ရသူတဦးဖြစ်အောင်ကြိုးစားပါ-
သဘောတူညီမှုယူထားတဲ့ အရာတွေကိုတာဝန်သိတတ်စွာ ထိန်းသိမ်း
စောင့်ရှောက်ပါ။ မထင်မှတ်ပဲကြာမြင့်ခဲ့ ရင်လည်းဂတိတာဝန်ကို မဖောက်ဖျက်မိပါစေနဲ့။
၃) ဇွဲမလျှော့ပဲမဆုတ်မနစ်ကြိုး ပမ်းပါ-
အန္တရာယ်၊ အခက်အခဲ၊ အတားအဆီးတွေကြုံလာခဲ့ရင် စိတ်ရှည်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အားစိုက်ပါ။ ရည်မှန်းချက်ကြီးသူတဦး အနေနဲ့ဇွဲမလျှော့ပဲပန်းတိုင်ကိုရောက်အောင်သွားနိုင်မယ် ဆိုရင် သင့်ကို ဘယ်အရာမှတားဆီးနိုင်မှာမဟုတ်ပါ။
၎) အားပေးတိုက်တွန်းပါ-
ထူးချွန်သောသူ၊ အောင်မြင်သောသူတွေရဲ့ လုပ်ရပ်တွေကို အားပေးပါ။ ထောက်ပံ့ပါ။ အလားတူ သင့်လိုပဲဘ၀အတွက် တိုက်ပွဲဝင်သူများကို လည်းဖေးမကူညီပါ။
၅) အကြင်နာမေတ္တာ မျှဝေပါ-
အခက်အခဲကြုံနေသူများကို ကူညီရိုင်းပင်းပါ။ လောကကြီးရှိ လူသားများကို မေတ္တာတရား၊ ပေးကမ်းလိုစိတ်၊ ခွင့်လွှတ်နားလည်မှု များစွာဖြင့် ဆက်ဆံပါ။
၆) ပူးပေါင်းဆောင်ရွက်ပါ-
သင်ဟာနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အရာတွေ အများအတွက်
ကောင်းကျိုးဖန်တီးပေးနိုင်မ ယ့် ဘယ်အရာကိုမဆို ညှိနှိုင်း၊ တိုင်ပင် ၊ကြိုဆိုပါ။ အမြင်မတူသူများနှင့်လည်းအဆင်ပြေနိုင်စေရန် နည်းလမ်းရှာဖွေပါ။
၇) အဆက်မပြတ်သင်ယူပါ-
တိုးတက်ရာတိုးတက်ကြောင်းအတွ က် ကျွမ်းကျင်မှုအသစ်၊ နည်းပညာအသစ် အစရှိသည်တို့ကို အဆက်မပြတ်လေ့လာသင်ယူပါ။ ကျွမ်းကျင်ပြီးသော
အရာများနှင့်နောက်ထပ်ပိုပြီး ရလာမယ့်အသိပညာ၊ အတတ်ပညာတို့ဖြင့်
ပေါင်းစပ်ကာ အနာဂတ်နှင့်ပစ္စုပ္ပန်ကိုပို၍ လှပအောင်ဖန်တီးပါ။
ကမ္ဘာကျော်ကဗျာဆရာတဦးဖြစ်တဲ့  ဂျွန်ဒရိုင်တန်ရေးထားတဲ့ “ပထမဦးဆုံးကောင်းသောအမူအကျ င့်များကိုဖန်တီးပါ နောက်ပိုင်းထိုအမူအကျင့်များကအကောင်းအဆိုးများကိုဝေဖန် ပိုင်းခြားနိုင်သူဖြစ်အောင် ဆောင်ရွက်ပေးသွားပါလိမ့်မယ် ”။
အမူအကျင့်ပဲဆိုဆိုဗီဇပဲဆိုဆို အသစ်တခုကိုရယူတဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက် သန္ဒိဌာန်မှအစပြု၍ ဘ၀အတွက်တန်ဖိုး၊ ရည်မှန်းချက်တို့ကို ထိုမှတဆင့်ရယူနိုင်သွားမှာပါ။
အောက်ပါမေးခွန်းများဖြင့်ကိုယ့်ကိုကိုယ် မကြာခဏဆိုသလို ပြန်လည်ဆန်းစစ်ကြည့်ပါ။
ဘယ်အမူအကျင့်က ကိုယ့်ဘ၀အတွက်အကျိုးရှိနိုင်မလဲ။ မိမိကိုယ်ပိုင်ဘ၀မှာသော်လည်းကောင်း၊ အလုပ်အကိုင်နယ်ပယ် မှာသော်လည်းကောင်း၊ မိမိဘ၀အတွက် ဘယ်အမူအကျင့်ကြောင့် တိုးတက်မှုရှိသလဲ၊ဆုတ်ယုတ်မှုရှိသလဲ၊
ဆုတ်ယုတ်မှုရှိခဲ့ရင် ဘယ်အမူအကျင့်ကြောင့်လဲ၊ အဲဒါကို ဘယ်လိုပြန်လည်ပြု
ပြင်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့
မေးခွန်းတွေကိုဖြေကြည့်ပါ။
ထိုမှတဆင့်အဆိုးတွေကိုရှောင် အကောင်းတွေကို ယူကာ သာယာကြည်နူးဖွယ်ကောင်းသောဘ၀ လေးကို တည်ဆောက်ပါလို့ ဆန္ဒပြုရင်နိဂုံးချုပ်ပါတယ် ။
Ref: Steve Brunkhorst
Mr. Guy
World Myanmar(world-myanmar.com)
အကောင်းမြင်ဝါဒီ ကျင့်သုံးသူများဟာ အဖိုးမဖြတ်နိုင်အောင်ကာင်းမ
ပျှော်ရွှင်မှုနှင့်စိတ်ချမ်
အောက်ပါအချက်(၇)ချက်ကိုလိုက
၁) ကျေးဇူးသိတတ်ပါ- လူတယောက်ပဲဖြစ်ဖြစ်၊မည်သူမဆ
၂) အားထားယုံကြည်ရသူတဦးဖြစ်အေ
သဘောတူညီမှုယူထားတဲ့ အရာတွေကိုတာဝန်သိတတ်စွာ ထိန်းသိမ်း
စောင့်ရှောက်ပါ။ မထင်မှတ်ပဲကြာမြင့်ခဲ့ ရင်လည်းဂတိတာဝန်ကို မဖောက်ဖျက်မိပါစေနဲ့။
၃) ဇွဲမလျှော့ပဲမဆုတ်မနစ်ကြိုး
အန္တရာယ်၊ အခက်အခဲ၊ အတားအဆီးတွေကြုံလာခဲ့ရင် စိတ်ရှည်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အ
၎) အားပေးတိုက်တွန်းပါ-
ထူးချွန်သောသူ၊ အောင်မြင်သောသူတွေရဲ့ လုပ်ရပ်တွေကို အားပေးပါ။ ထောက်ပံ့ပါ။ အလားတူ သင့်လိုပဲဘ၀အတွက် တိုက်ပွဲဝင်သူများကို လည်းဖေးမကူညီပါ။
၅) အကြင်နာမေတ္တာ မျှဝေပါ-
အခက်အခဲကြုံနေသူများကို ကူညီရိုင်းပင်းပါ။ လောကကြီးရှိ လူသားများကို မေတ္တာတရား၊ ပေးကမ်းလိုစိတ်၊ ခွင့်လွှတ်နားလည်မှု များစွာဖြင့် ဆက်ဆံပါ။
၆) ပူးပေါင်းဆောင်ရွက်ပါ-
သင်ဟာနှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အရာတွေ အများအတွက်
ကောင်းကျိုးဖန်တီးပေးနိုင်မ
၇) အဆက်မပြတ်သင်ယူပါ-
တိုးတက်ရာတိုးတက်ကြောင်းအတွ
အရာများနှင့်နောက်ထပ်ပိုပြီ
ပေါင်းစပ်ကာ အနာဂတ်နှင့်ပစ္စုပ္ပန်ကိုပို၍
ကမ္ဘာကျော်ကဗျာဆရာတဦးဖြစ်တဲ
အမူအကျင့်ပဲဆိုဆိုဗီဇပဲဆိုဆ
အောက်ပါမေးခွန်းများဖြင့်ကိ
ဘယ်အမူအကျင့်က ကိုယ့်ဘ၀အတွက်အကျိုးရှိနိုင
မေးခွန်းတွေကိုဖြေကြည့်ပါ။
ထိုမှတဆင့်အဆိုးတွေကိုရှောင
Ref: Steve Brunkhorst
Mr. Guy
World Myanmar(world-myanmar.com)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။