Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 24, 2016

လက်သမား ပုံပြင်

လက်သမား ပုံပြင်

အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး …

အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး …

ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် … a

အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး …

ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။
a
လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ …
ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ ….

ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ …
ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် …

ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ခံစားမိသမျှ ပြန်မျှဝေတာပါ … စာဖတ်သူများ ဆက်ပြီး တွေးကြည့်ပါ … တစ်ခုခုတော့ရမယ်လို့ မျှော်လင့်ပါတယ် …

အောင်ကိုဦး(UMK)
Be The Best !

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။