Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 24, 2016

ကိုယ်မပျော်တဲ့ အလုပ်ခွင်မှာ အဆင်ပြေအောင် ဘယ်လိုစိတ်ထားပြီး လုပ်ဆောင်သင့်တယ်ဆိုတာ

  shared by theingilwin on 25/03/16  -  trend.com.mm  -  Job
အလုပ်ခွင်တစ်ခုမှာ ကိုယ်သဘောကျလို့ ပျော်ရွှင်စွာအလုပ်လုပ်နေရတဲ့သူတွေ ရှိနိုင်သလို မပျော်ပေမယ့်လည်း စားဝတ်နေရေးကြောင့်၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နေရသူတွေ ရှိတတ်ပါတယ်။ နိစ္စဓူဝ ဒီအလုပ်ခွင်ထဲမှာ မပျော်မရွှင် လုပ်ဆောင်နေရမယ့်အစား ကိုယ့်အတွက် အဆင်ပြေအောင် ကိုယ်ကိုကိုယ်သာ ကြိုးစား လုပ်ဆောင်နိုင်ပါတယ်။ ငါမပျော်ဘူး၊ စိတ်ပျက်တယ်၊ စိတ်ညစ်တယ်လို့ ခံစားနေမယ့်အစား ဒီအလုပ်ထဲက ငါဘာတွေများ အကျိုးကျေးဇူးရနိုင်မလဲဆိုပြီး စိတ်ဓာတ်ကို ပြင်ဆင်ကာ လုပ်ဆောင်ရမယ် မဟုတ်ပါလား။ ဒီတော့ သင်မပျော်ရွှင်တဲ့ အလုပ်ခွင်ထဲ အရင်ထက် ပို အဆင်ပြေပြေလေး ရှိလာစေဖို့ သိထားရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။


၁။ အလုပ်ကိုငြီးငွေ့ စိတ်ပျက်နေရင်တောင် လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်ပါ။

သင်လုပ်ဆောင်နေရတဲ့ အလုပ်တွေက သင့်အတွက် ငြီးငွေ့စရာ ဖြစ်နေရင်တောင် လုပ်စရာရှိတာတွေကိုတော့ တစ်နေ့စာတစ်နေ့ သည်းခံ လုပ်ဆောင်နေလိုက်ပါ။ ဒီလိုလုပ်ဆောင်နေရင်း ဒီအလုပ်ကနေ အခြား ကိုယ်ဝါသနာ ပါရာ အလုပ်တစ်ခုကို ဘယ်လို ခြေလှမ်းလှမ်းနိုင်မလဲဆိုတာ တစ်ဖက်က လေ့လာနေပါ။ အလုပ်ခုံမှာ စိတ်ပျက်လက်ပျက် ထိုင်နေမယ့်အစား ကိုယ့်အလုပ်တွေလည်း ပြီးအောင် ကိုယ်လုပ်ချင်တာလေးလည်း လုပ်ဖို့ အခွင့်အရေးရအောင် ကြိုးစားပါ။ ဒီအလုပ်ကနေ သင်နောက်ထပ် ဘာတွေများ ထပ်မံသင်ယူနိုင်မလဲဆိုတာကိုလည်း တွေးပါ။ အပြောင်းအလဲတစ်ခုဟာ ဇွဲမလျှော့တဲ့သူတစ်ယောက်အတွက်တော့ တစ်ချိန်ချိန် ရောက်ကိုရောက်လာမယ်ဆိုတာကို ယုံကြည်ထားဖို့လိုပါတယ်။

၂။ ပင်ပန်းမယ့်ကာလပေမယ့် အခြားအလုပ်အတွက် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်စဖော်ကြည့်ပါ။

တစ်နေ့တာ အလုပ်ဆင်းသွားလို့ ပင်ပန်းနေပေမယ့် သင်လုပ်ချင်တဲ့ အလုပ်က ဘာများလဲဆိုတာ သေချာသိအောင်လုပ်ပြီး အဲ့ဒီအလုပ်အတွက် လိုအပ်တဲ့အရာတွေကို ပိုနေတဲ့ အချိန်တွေမှာ စတင်လေ့လာပါ။ ညနေရုံးဆင်းချိန် သူများတွေ သွားလာစားသောက်နေကြပေမယ့် သင်ကတော့ အပင်ပန်းခံပြီး သင့်အိပ်မက်တွေအတွက် အကောင်အထည်ဖော်ဖို့ အချိန်ပေးရပါလိမ့်မယ်။ ခုလုပ်နေတဲ့အလုပ်နဲ့ သင်စိတ်ကူးအိပ်မက်အလုပ်လေးက နယ်ပယ်ကွာခြားနေတယ်ဆိုရင်တော့ သင်ဟာ သူများတွေထက် အပင်ပန်းခံ ကြိုးစားရပါလိမ့်မယ်။ ခုလို အပင်ပန်းခံနေရလို့ ခုလုက်ရှိလုပ်နေတဲ့ အလုပ်မှာလည်း လျှော့ပြီးလုပ်တာမျိုးတွေ မလုပ်ပါနဲ့။ တာဝန်ကြေအောင် အမြဲကြိုးစားပါ။

၃။ ကိုယ်မျှော်လင့်နေတဲ့အရာက ဘာလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိပါစေ။

တစ်ခါတစ်လေ လူတွေမှာ အလုပ်တွေလုပ်နေပေမယ့် ဒီအလုပ်ကို ဘာ့ကြောင့်လုပ်ဆောင်နေကြတယ်။ ကိုယ်ဘာလုပ်ချင်၊ ဖြစ်ချင်တယ်ဆိုတာကို မသိကြတဲ့သူတွေ အများကြီးမို့ ကိုယ့်ကိုယ်ကိုယ် ငါဘာဖြစ်ချင်တာလဲ၊ ငါမျှော်လင့်တဲ့အရာက ဘာများဖြစ်မလဲဆိုတာ တွေးပါ။ သိအောင်လုပ်ပါ။ အလုပ်မှာလည်း ကိုယ့်ဘော့စ်က ကိုယ့်ကို ဘာဖြစ်စေချင်တာလဲ၊ ဘာလုပ်စေချင်တာလဲကအစ အားလုံးက ရှင်းလင်းအောင် သိအောင်လုပ်တာအကောင်းဆုံးပါ။ ဒီတော့ အလုပ်တစ်ခု ကိုယ့်ကိုခိုင်းတဲ့အခါ ဒီအလုပ်ကို ဘယ်လိုမျိုးသူက ဖြစ်စေချင်တာလဲ၊ လုပ်စေချင်တာလဲ၊ ဘယ်အချိန်အားလုံးပြီးစေချင်တာလဲ စသဖြင့် ရှင်းရှင်းလင်းလင်း သိအောင်ကြိုးစားတဲ့ အကျင့်လေး ပျိုးထောင်ပါ။

၎။အလုပ်မှာ မိတ်ဆွေဖွဲ့ပါ။

သင့်အလုပ်မှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ ရှိနေရင် အလုပ်မှာ အရင်ကထက် ပျော်လာပါလိမ့်မယ်။ ဖြစ်နိုင်ရင် သူတို့နဲ့အတူ ထမင်းအတူစားတာ၊ ကော်ဖီသောက်ရင်း စကားပြောတာမျိုးလေးတွေ လုပ်ပေးပါ။ တစ်ယောက်တည်း နေခြင်းက သင့်ကိုအလုပ်မှာ ပိုပင်ပန်းအထီးကျန်စေပါတယ်။

၅။ သိထားရမယ့် စည်းမျဉ်းစည်းကမ်းလေးတွေ အထက်အရာရှိကိုမေးပါ။

ရုံးတစ်ရုံး၊ ကုမ္ပဏီတစ်ခုမှာ အထက်က ဘာတွေလုပ်ရမယ် ဘာညာကြေငြာထားတာမျိုး၊ အတိအလင်းပြောထားတာမျိုး မရှိပေမယ့် သိထားရမယ့် စည်းမျဉ်းလေးတွေ ရှိတတ်ပါတယ်။ ဥပမာ - အီးမေးလ်တွေကို တစ်ရက်အတွက် အကုန် ပြန်ပို့ပေးရတာမျိုး၊ တစ်ချို့အလုပ်တွေကို အိမ်ကနေ တစ်ပတ်တစ်ရက်လောက် မဖြစ်မနေ အပြီးသတ်ပေးရတာမျိုး စသဖြင့်ပေါ့။ အဲ့ဒါလေးတွေကို ကိုယ့်ထက် ဒီအလုပ်ကို စောဝင်တဲ့ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် ကိုယ့်ထက်ကြီးတဲ့ အထက်အရာရှိတစ်ယောက်ယောက်ကို သေချာမေးပြီး လုပ်ဆောင်သင့်ပါတယ်။ 


Credit - Trend Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။