ဒီတစ်ခါတော့ အရသာချိုချို ဘဲသားနှပ်လေးလုပ်စားကြည့်ရအောင်လို့ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ပထမဦးစွာ ဘဲသားကို အခြမ်းလိုက်ရေစင်အောင်ဆေး၍ တစ်ရှူး ဖြင့် ခြောက်အောင်သုတ်ပါ။
၂။ထိုဘဲသားခြမ်းကို ငါးမျိုးစပ် မဆလာ၊ အရသာမှုန့်၊ ဆား၊ ပဲငံပြာ ရည်အနောက်တို့ဖြင့် နှံ့အောင်နယ်ကာ ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် နှပ်ထားပါ။
၃။ဒယ်အိုးတစ်လုံးတွင် ဆီထည့်၍ အပူပေးပြီး ပတဲကော၊ ချင်း၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်တို့ကို မွှေးနေအောင် ဆီသတ်ပါ။
၎။၂ မိနစ်ခန့်ကြာလျှင် သကြားထည့်၍ မွှေပြီး ရွှေညိုရောင်သန်းလာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။ ထို့နောက် နှပ်ထားသော ဘဲကို ထည့်၍ အရေတင်းရုံကြော်ပါ။
၅။ပြီးနောက် ဒယ်အိုးအကြီးတစ်လုံးထဲသို့ အကုန်လောင်းထည့်၍ ရေမြုပ်အောင်ထည့်ပါ။
၆။မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူအောင် တည်ပြီးလျှင် မီးကိုအသင့်အတင့်လျှော့ချ၍ တစ်နာရီခန့်တည်ပါ။
၇။ဘဲသားနူးလျှင် အအေးခံကာ အတုံးများတုံး၍ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ဘဲသား(၆၀)ကျပ်သား
ပတဲကောလက်တစ်ဆစ်
ချင်းလက်တစ်ဆစ်
ကြက်သွန်ဖြူ(၇)မြွှာ
သစ်ကြံပိုးခေါက်(၁)ခု
နာနတ်ပွင့် (၅)ခု
တရုတ်ငါးမျိုးစပ် မဆလာစားပွဲတင်ဇွန်း (၂)ဇွန်း
ပဲငံပြာရည် အနောက်စားပွဲတင်ဇွန်း (၂)ဇွန်း
ဆီစားပွဲတင်ဇွန်း (၂)ဇွန်း
သကြားစားပွဲတင်ဇွန်း (၁)ဇွန်း
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
Credit - 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။