Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 11, 2017

ဖိစီးမှုကို တွန်းလှန်ခြင်း ( To overcome stress )

ဖိစီးမှုကို တွန်းလှန်ခြင်း ( To overcome stress )

.

၁ ။ တစ်ကြိမ်မှာ တစ်ခုသာ စဉ်းစားပါ

ဒေးကာနဂျီရဲ့ သောကကင်းဝေးနေနိုင်ရေး မှာတော့
တစ်နေ့တာ အကန့်လေးနဲ့ နေပါလို့ ဆိုပါတယ် ။
ပစ္စုပ္ပန်တည့်တည့်မှာ နေပါလို့ ဆိုလိုတာပါ ။
မနေ့က တနေ့ကဟာတွေ နောင်တ ရမနေဘဲ ၊
နက်ဖြန်အတွက် တွေးပူမနေဘဲ ၊
ဒီနေ့မှာ လုပ်နိုင်တာကို လုပ်ဖို့ပါပဲ ။

အလုပ် နှစ်ခု သုံးခု လုပ်ဖို့ ဗျာများမနေဘဲ
လုပ်သင့်တာ ၊ လုပ်နိုင်တာတစ်ခုက စလုပ်ဖို့ပါ ။

၂ ။ ရိုးရိုးလေး အစီအစဉ်ဆွဲပါ

မနိုင်ဝန်ထမ်းတဲ့ အစီအစဉ်မျိုး မဟုတ်စေဘဲ
ရိုးရိုးနဲ့ နိုင်နိုင်နင်းနင်းလုပ်နိုင်တာကို ဇယားချဖို့ပါပဲ ။

၃ ။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ

လမ်းလျှောက်တာ ၊ ခြေလျှင်ခရီးထွက်တာ ၊ ပြေးတာ ၊
Gym ကစားတာ စတာတွေဟာ ကျန်းမာရေးအတွက်လည်းကောင်း ၊
စိတ်လက်လည်း ပေါ့ပါးစေပါတယ် ။

၎ ။ တစ်လအတွက် ကျန်းမာရေးကျင့်စဉ် တခု ချမှတ်ပါ

ဒီလ အသီးအရွက် များများစားမယ် ၊
ဆေးလိပ် ဖြတ်မယ် ၊ ကွမ်းဖြတ်မယ် ၊ အရက်ဖြတ်မယ် ၊
သွားရည်စာတွေ ရှောင်မယ် ၊ အချိုရည်မှန်သမျှ ရှောင်မယ် ၊
ရေများများသောက်မယ် ၊ သွားချေးချွတ်မယ် ၊
ကိုယ်တိုင် အဟာရဖြစ်တာရွေးချက်မယ် ၊
စသဖြင့် တစ်ကြိမ်မှာ အကျင့်တခု မွေးယူပါ ။

၅ ။ စိတ်တည်ငြိမ်စေအောင် တခုခု လုပ်ပါ

တရေးတမော အိပ်လိုက်တာ ၊
ရေအေးအေးလေး ချိုးလိုက်တာ ၊
ရေနွေးနွေးလေး ချိုးလိုက်တာ ၊
စိတ်ဝင်စားတဲ့ စာအုပ်ကို အချိန်ပေး ဖတ်တာ ၊
အိမ်အလုပ်တွေ ၊ ခြံအလုပ်တွေ ရှာကြံလုပ်တာ ၊
တရားမှတ်တာ ၊ တရားထိုင်တာ ၊ တရားစာ ရွတ်ဖတ်တာ ၊
ပန်းခြံထဲ ၊ တောလမ်းထဲ လမ်းလျှောက်တာ ၊
စသဖြင့် တနေ့တမျိုး ကြိုးစားကြည့်ပါ ။

၆ ။ ငွေကြေးရှင်းတမ်းချပါ

ငွေကြေးပြဿနာကြောင့် စိတ်ဖိစီးမှုဖြစ်တာက
အများဆုံးဖြစ်ပါတယ် ။
ဝင်ငွေ ထွက်ငွေ ဇယားချပါ ၊
အသုံး ချွေတာပါ ၊ စုဆောင်းပါ ၊
ကြွေးမြီကင်းအောင် ဂရုပြုပါ ၊
ပေးစရာကြွေးတွေကို ရှင်းပါ ၊
ရှော့ပင်ထွက်တာ လျှော့ပါ ၊
ငွေမကုန်တဲ့ ပျော်ရွှင်မှုကို ရှာပါ

၇ ။ ပျော်ပျော်နေပါ

အလုပ်ထဲမှာ နစ်မြုပ်နေတာကို သတိပြုပါ ၊
ပျော်စရာအတွက် အချိန်မပေးနိုင်ဘူး မလုပ်ပါနဲ့ ၊
ခလေးတွေ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ဖြုန်းကြည့်ပါ ၊
သင်ပျော်ရွှင်အောင်လုပ်ဖို့ သင့်မှာ တာဝန်အရှိဆုံးပါ ။

၈ ။ ဖန်တီးမှုတွေ လုပ်ပါ

စာရေးတာ ၊ ပန်းချီဆွဲတာ ၊ တူရိယာတွေ တီးမှုတ်တာ ၊
ဒီဇိုင်းဆင်တာ ၊ ခုံ စားပွဲ ကုလားထိုင် တည်ဆောက်တာ ၊
အိုးလုပ်တာ ၊
စတဲ့ တီထွင်ဖန်တီးရတဲ့အလုပ်တွေ လုပ်ပါ ။

၉ ။ အရှုပ်တွေ ရှင်းပါ

စားပွဲပေါ်က ၊ အိပ်ခန်းထဲက ၊ အိမ်ထဲက
အသုံးမလိုဘဲ စုပုံနေတဲ့ ပစ္စည်းတွေ ရှင်းပါ ၊
အသုံးလိုတာတွေကို စီစီရီရီ သပ်သပ်ရပ်ရပ် နေရာချပါ ၊
အိမ်ခန်း ၊ အိပ်ခန်းကို နေချင့်စဖွယ်ဖြစ်အောင် ရှင်းလင်းပါ ၊
အိမ်တွင်း အိမ်ပြင် သာယာအောင် ရှင်းလင်းပါ ။

၁၀ ။ စောစောလုပ်ပါ

လုပ်စရာ ကိုင်စရာ သွားစရာ လာစရာ ကိစ္စတွေကို
အချိန်ရအောင် စောစောထ ၊ စောစောလုပ်တဲ့အကျင့် မွေးပါ ၊
ကတိုက်ကရိုက် ၊ ပျာယီးပျာယာ မလုပ်ရအောင် ဂရုပြုပါ ။

.

စိတ်ဖိစီးမှု ကင်းဝေးကြပါစေ

Dr. Myint Thein @ 9/11/2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။