Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 16, 2017

ဘရုစ်စလီရဲ့ ယုံကြည်ချက် (၇) ချက်

ဘရုစ်စလီရဲ့ ယုံကြည်ချက် (၇) ချက်

ဒီနေ့ထိတိုင် ကမ္ဘာကျော်ကွန်ဖူးမင်းသားအဖြစ် လက်ခံထားဆဲ Bruce Lee က ကိုယ်ပိုင်အရည်အသွေးအမြဲရှိဖို့၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြဖို့၊ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ တခြားအောင်မြင်သူတွေရဲ့မူဟန်တွေကို အတုမယူဖို့ ပြောခဲ့ဖူးပါတယ်။စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အအောင်မြင်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တခြားအောင်မြင်သူအများစုထက်ပိုပြီး လုပ်နည်းလုပ်ဟန်တွေကွာခြားကြတာတွေ့ရပါတယ်။ သူတို့ ဘယ်လိုဘယ်ပုံစဉ်းစားလေ့ရှိသလဲ၊ ဘာကြောင့် အဲဒီစဉ်းစားပုံစဉ်းစားနည်းဟာ အောင်မြင်စေသလဲ ဆိုတာကိုလေ့လာကြည့်စေချင်ပါတယ်။ လုပ်ငန်းနယ်ပယ်မတူ၊ ကျွမ်းကျင်မှု ပညာရပ်ကွဲပြားကြပေမယ့် သူတို့မှာ ယထာဘူတကျကျရှုမြင်သုံးသပ်မှုနဲ့ ယုံကြည်မှုတို့တူညီစွာရှိနေကြတာ သိရပါတယ်။

(၁) အချိန်ဆိုတာ ကိုယ့်စိတ်ကြိုက် အသုံးချစရာ

ပြီးစီးဖို့ နောက်ဆုံးသတ်မှတ်ထားချိန် (deadline) တွေ၊ အချိန်တာသတ်မှတ်မှုတွေက “အကန့်အသတ်စည်းဘောင်” ဖြစ်တယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်အဖြစ် အမြဲမဆိုနိုင်ပါဘူး။ သာမန်အရည် အသွေးရှိသူတစ်ဦးကို တာဝန်တစ်ခုပေးပြီး နှစ်ပတ်အကြာမှာအပြီးသတ်စေမယ်ဆိုရင် အဲဒီလူဟာနှစ်ပတ်ကြာမှအလုပ်ပြီးမယ့်အားထုတ်မှုကိုပဲ ပင်ကိုဗီဇအရ အလိုအလျောက် ချိန်ဆလုပ်ကိုင်ပါလိမ့်မယ်။ဒါကြောင့် ကိုယ့်စွမ်းဆောင်မှုကို ကောင်းကောင်းစီမံနိုင်ဖို့အတွက် deadline ကို မေ့ထားဖို့လိုပါတယ်။တာဝန်တိုင်း အလုပ်တိုင်းကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်ပမာဏ ပေးရပါမယ်။ ဒါပေမယ့် စွမ်းရည်အပြည့်စိုက်ထုတ်ပြီး မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်လုပ်ရမှာပါ။ ပြီး “ပိုထွက်လာတဲ့အားလပ်ချိန်” ကို တခြားကိစ္စတွေအတွက် ကိုယ့်မူအတိုင်း မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် အသုံးချနိုင်ပါလိမ့်မယ်။သာမန်အရည်အသွေးရှိသူတွေကတော့ အချိန်ရဲ့ဘောင်အကန့်အသတ်အတွင်း ခြေချုပ်မိနေလေ့ရှိသလောက် ထက်မြက်သူတွေကတော့ အချိန်ကို ကိုယ့်စိတ်တိုင်းကျ အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

(၂) ကိုယ်ရွေးချယ်ထားသူသာ ကိုယ့်အနားမှာ

လက်အောက်ဝန်ထမ်းတချို့ကြောင့် “ဦးနှောက်စား”ရလေ့ရှိပါတယ်။ “တစ်ခါဆက်ဆံ ဆယ်ခါလန်”တဲ့ကပ်စ်တမာတချို့ လည်းကြုံတတ်ပါတယ်။ အတ္တကြီးတဲ့မိတ်ဆွေ၊ ပြဿနာရှာတဲ့ သူငယ်ချင်းတွေနဲ့လည်းပေါင်းသင်းရတတ်ပါတယ်။ အဲဒီသူတွေ အားလုံးကိုရွေးချယ်သူဟာကိုယ်တိုင်ပါပဲ။ ကိုယ့်ဝန်းကျင်ကလူတွေကြောင့် ဒုက္ခရောက်ရတယ်ဆိုရင် ဒါဟာသူတို့အမှား မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့အမှားပါ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ် ဒီလိုလူတွေပါဝင်ပတ်သက် နေတာဟာ ကိုယ်တိုင်ကလက်ခံထားလို့ဆိုတာကိုမမေ့ပါနဲ့။

ဘယ်လိုလူမျိုးနဲ့ အလုပ်တွဲလုပ်ချင်သလဲ၊ ဘယ်လိုကပ်စ်တမာမျိုးကို ၀န်ဆောင်မှုပေးချင်သလဲ၊ ဘယ်လိုမိတ်ဆွေ အပေါင်းအသင်း လိုချင်တာလဲ ဆိုတာကို စဉ်းစားပါ။ ပြီး ကိုယ်တိုင် ပြောင်းလဲပါ။ ဒါမှသာ ကိုယ်အလိုရှိသူတွေ ကိုယ့်ဝန်းကျင်ဆီရောက်လာအောင် စတင်ဆွဲဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားသူတွေကအလုပ်ကြိုးစားသူတွေနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။ ထက်မြက်တဲ့ဝန်ထမ်းက ထက်မြက်တဲ့ဘော့စ်တွေနဲ့ပဲအလုပ်လုပ်ချင်ပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ အောင်မြင်တဲ့လူတွေကိုပဲ အလိုအလျောက်ဆွဲဆောင်နိုင်ပါတယ်။

(၃) တာဝန်နဲ့ဝတ္တရားဖြည့်စည်းရုံသာ မလုပ်ပါ

လူ့တန်ဖိုးအတွက် တစ်ခုတည်းသောစစ်မှန်တဲ့တိုင်းတာမှုဟာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ပါဝင်ဆောင်ရွက်မှုတစ်ခုခုကို နေ့စဉ်လုပ်ကိုင်မှုပါပဲ။ ဘာတွေပဲပြီးအောင်လုပ်လုပ်၊ အတိတ်ကဘာတွေပဲ ပြီးမြောက်ခဲ့ပါစေ၊ ကြိုးစားရကျိုးနပ်ပြီ၊ ပင်ပန်းရကျိုးနပ်ပြီ၊ ခက်ခက်ခဲခဲလုပ်ခဲ့ပြီးပြီ လို့ မဆိုနိုင်ပါဘူး။ သေးဖွဲလွန်းတဲ့အလုပ်ဆိုတာ ထာဝရ မရှိသလို၊ ကျွမ်းကျင်မှု မလိုတဲ့အလုပ်၊ ငြီးငွေ့စရာကောင်းတဲ့အလုပ်ဆိုတာလည်းအမြဲတစေမရှိနိုင်ပါဘူး။

ပြောစမှတ်တွင်လောက်အောင် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့စွမ်းဆောင်မှုရဲ့အသီးအပွင့်ကလွဲပြီးကျန်အရာတွေက ရမယ့်ခံစားခွင့်အပေါ် အလေးထားလေ့မရှိပါဘူး။

(၄) အတွေ့အကြုံကို ဘေးဖယ်ထား အလုပ်ပြီးမြှောက်မှုသာ အလေးထား

မားကစ်တင်းနယ်ပယ်မှာ ၁၀ နှစ်ရှိပြီတဲ့လား။ ဘယ်နယ်မှာ ဘယ်လောက်ကြာကြာလုပ်ခဲ့သလဲ ဆိုတာအလေးထားစရာ မလိုပါဘူး။ အတွေ့အကြုံနှစ်ကာလတွေဟာ ဘာမှမဟုတ်တာမျိုးလည်းရှိတတ်ပါတယ်။ မားကစ်တင်းနယ်ပယ်တွင်း အညံ့ဆုံး ၀န်ထမ်းအဖြစ် ၁၀ နှစ်ကြာနေခဲ့သူလည်းဖြစ်နိုင်တာကိုး။

အောင်မြင်သူတွေက (ထိရောက်အောင်မြင်စွာ) အလုပ်ပြီးမြောက်မှုကိုပဲ အလေးထားကြပါတယ်။ကုန်ပစ္စည်းဘယ်နှမျိုးကို ဈေးကွက်ပေါက်အောင်၊ ရောင်းအားတက်အောင် စွမ်းဆောင်နိုင်ခဲ့သလဲ၊ပြိုင်ဘက်တွေထက်သာလွန်အောင် ဘာတွေလုပ်နိုင်သလဲ၊ ကပ်စ်တမာတွေကို ဘယ်လောက်အတိုင်းအတာအထိ ဆွဲဆောင်နိုင်သလဲ … စတဲ့အချက်တွေက သာ အမှန်တကယ်အလေးထားစရာဖြစ်ပါတယ်။

(၅) အရှုံးဆိုတာ ကြုံလာတိုင်း လက်ခံရမယ့်အရာ

လူတွေကို ဘာကြောင့် သူတို့အောင်မြင်ရသလဲ မေးကြည့်တဲ့အခါ သူတို့အဖြေတွေမှာ “ကျွန်တော်…/ကျွန်မ်မ …” ၊ “ကျွန်တော့်ကို …/ ကျွန်မကို …””စတဲ့ နာမ်စားတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိပါတယ်။ တစ်ခါတလေမှာငာ “ကျွန်တော်တို့… / ကျွန်မတို့ …” ဆိုတာမျိုး ကြပါတယ။်ဘာကြောင့် အရှုံးကြုံရတာလဲ လို့ မေးတဲ့အခါမှာတော့ အများစုက “ကလေး” ပြန်ဖြစ်သွားကြပြီး““ကျွန်တော့်ကြောင့် အရုပ်ကျိုးသွားတာဗျ”” လို့ မပြောဘဲ “ကျွန်တော့်အရုပ်တော့ ကျိုးပါပြီဗျာ” လို့ဖြေတတ်ကြပါတယ်။သူတို့က စီးပွားထိုင်းမှိုင်းတာ၊ ဈေးကွက်အသင့်မဖြစ်တာ၊ ပစ္စည်းထောက်ပံ့သူတွေ ပျက်ကွက်တာ လို့ပြောပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကြောင့်၊ တစ်ခုခုကြောင့် လို့ ပြောပါလိမ့်မယ်။ သူတို့တွေဟာ အမှားကနေသင်ခန်းစာမယူကြသူတွေပါ။ တကယ်တော့ အောင်မြင်သူတိုင်း ရှုံးနိမ့်ဖူးသူတွေဖြစ်ပါတယ်။ ထိန်းချုပ်စီမံလို့မရနိုင်တဲ့ ပြင်ပကိစ္စရပ် တွေ ဖြစ်တတ်တာမို့ အောင်မြင်သူတိုင်းဟာ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးတွေဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်မှာ ဘာကြောင့်အောင်မြင်တာပါလဲ၊ အရှုံးကို လက်ခံလို့ပါ၊ အရှုံးကနေ သင်ခန်းစာယူလို့ပါ။

(၆) မခိုင်းဘဲ လုပ်မှ ထာဝရ အနိုင်

ကိုယ့်ကိုရွေးချယ် တာဝန်ပေးတာမျိုးမဟုတ်တဲ့ကိစ္စတွေကို လက်မရှောင်ပါနဲ့။ ကိုယ်တိုင်ဆန္ဒပြုတောင်းဆိုတဲ့အခါတိုင်း လုပ်ခွင့်ပိုမိုရလာပါလိမ့်မယ်။ ဒါဟာ (အောင်မြင်လိုသူတွေ အတွက်) အခွင့်ထူးပါပဲ။ပိုမိုလုပ်ခွင့်ရလာရင် သင်ယူလေ့လာဖို့၊ အသိအမှတ်ပြုစေဖို့၊ ကျွမ်းကျင်မှုတွေ ပိုရလာဖို့၊ (လုပ်နိုင်တာထက်ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်နိုင်စေမယ့်) အဆက်အသွယ်သစ်တွေ တိုးပွားလာဖို့ စတဲ့အခွင့်အရေးတွေပိုမိုရရှိပါလိမ့်မယ်။အောင်မြင်မှုဟာ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အခြေခံပါတယ်။ ကိုယ်တိုင်ဆန္ဒပြုလုပ်ကိုင်လေလေလုပ်ခွင့်ရလာ လေလေပါပဲ။ အောင်မြင်သူတွေဟာ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ရှေ့တိုးလုပ်ဆောင်တတ်ကြပါတယ်။

(၇) အများမသွားတဲ့ နေရာဆီ ရောက်အောင်သွား

အများမသွားတဲ့ “နေရာ” ဆီ ရောက်အောင်သွားမယ် လို့ လူအများပြောလေ့ရှိပါတယ်။ တကယ်တော့သူတို့ရောက် အောင်မသွားပါဘူး။ ဒီလိုနေရာဟာ ကျယ်ပြောသလောက် လူနေကျဲပါးတဲ့နေရာ၊အထီးကျန်တဲ့နေရာပါ။ စီမံခန့်ခွဲမှုပညာရှင် ဆရာမကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ အမြင့်ရောက်လေလေလူနည်းလေလေပါတဲ့။ ဒါကြောင့်လည်း ဒီလိုနေရာမှာ အခွင့်ကောင်းတွေအပြည့်ရှိနေတတ်ပါတယ်။ ကိုယ့်ကိုငွေပေးသူဟာ (အလုပ်ရှင်ဖြစ်ဖြစ်၊ ကပ်စ်တမာဖြစ်ဖြစ်) ကိုယ်ဘာလုပ်ရ မယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာပြောခွင့်ရှိသူမို့ ငွေပေးသူလုပ်စေချင်တာနဲ့ ကိုယ်တိုင်လုပ်ချင်တာနှစ်ခုကို ဟန်ချက်ညီညီချိန် ဆရင်းလုပ်ကိုင်ရပါမယ်။

Credit to Original Writer

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။