Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 13, 2017

သင်အင်မတန်ဉာဏ်ကောင်းချင်ပါသလား

 
 
#သင်အင်မတန်ဉာဏ်ကောင်းချင်ပါသလား
******************************
တစ်ခါက ... အင်မတန်
မိန်းမကြောက်ရတဲ့ မွိုင်ရှီအမည်ရှိ
လက်သမားဆရာတစ်ဦးရှိပါသတဲ့ ...။
တစ်နေ့တော့ လက်သမားဆရာဟာ
သူပြုလုပ်ဖန်တီးထားတဲ့ အိမ်ထောင်
ပရိဘောဂ ပစ္စည်းတွေကို မြို့တစ်မြို့မှာ
သွားရောက်ရောင်းချ ခဲ့တယ်။

အဲဒီလို ရောင်းချ ပြီး
ငွေကြေးများစွာကိုလည်း ရရှိခဲ့တယ်။
လက်သမားဆရာဟာ သူရရှိလာတဲ့
ငွေကြေးတွေကို အိတ်တစ်လုံးနဲ့
သေချာစွာထုတ်ပိုးပြီး ပြန်လာခဲ့တယ်။
အဲဒီလိုနဲ့ တောလမ်းတစ်နေရာ
အရောက်မှာတော့ သေနတ်တစ်လက်
ကိုင်ထားတဲ့ ဓါးပြတစ်ယောက်က
သူ့ကို ဓါးပြတိုက်တယ်။

"ဟေ့လူ ...
ခင်ဗျားမှာ ငွေအများကြီးပါတယ်ဆိုတာ
ကျူ ပ်မြို့မှာကတည်းကသိပြီးသား၊
ယီးတီးယားတား လုပ်မယ်တော့မကြံနဲ့၊
ဇီးသီးနွားစားသလို အသက်ပါပျောက်
သွားမယ်၊ လာထား ခင်ဗျားရဲ့ငွေထုပ်"

ဓါးပြဟာ ပြောပြောဆိုဆိုနဲ့
လက်သမားဆရာကို သေနတ်နဲ့
ထောက်လိုက်တယ် ...။

အဲဒီအခါ လက်သမားဆရာကြီးက ...

"မလုပ်ပါနဲ့ဗျာ ...။
အိမ်ကို ငွေပြန်ပါမလာရင် ကျွန်တော့်
မိန်းမက ကျွန်တော့်ကို ရိုက်လိမ့်မယ်"
လို့ပြောလိုက်တယ်။

အဲဒီအခါ ဓါးပြက ...

"ခင်ဗျားက မိန်းမကို အသက်
သေမှာထက်ပိုပြီးကြောက်သလား"
လို့မေးပြန်တယ်။

အဲဒီအခါ လက်သမားဆရာကြီးက ...

"ကြောက် ... ကြောက်ပါတယ်...။
တစ်ခုတော့ ကူညီပါဗျာ ...
ကျွန်တော့်ငွေထုတ်ကို ယူချင်ယူပါ။
ဒါပေမယ့် ဓါးပြတိုက်ကြောင်း
သက်သေအနေနဲ့ ကျွန်တော့် ဦးထုပ်ကို
သေနတ်နဲ့ပစ်ပြီး အပေါက်ဖောက်ပေးပါ။
______________________________________
#ဒါမှမိန်းမကကျွန်တော်ဓါးပြတိုက်ခံရတယ်
______________________________________
ဆိုတာ ယုံမှာမို့ပါ ..." လို့ပြောရှာတယ်။

အဲဒီနောက်မှာတော့ ...
ဓါးပြဟာ လက်သမားဆရာရဲ့
ဦးထုပ်ကိုယူပြီး သေနတ်နဲ့ပစ်ခါ
အပေါက်ဖောက်ပေးလိုက်တယ်။
အဲဒီနောက် လက်သမားဆရာဆီကို
ဦးထုပ်ပြန်ပေးလိုက်ပြီး ငွေထုပ်ကို
ယူကာ လှည့်ထွက်လာတယ်။

အဲဒီအခါ လက်သမားဆရာက ...

"နေ ... နေပါဦး ဆရာ။
အဆင်မပြေသေးဘူး"
လို့ပြောပြန်တယ်။

အဲဒီအခါ ဓါးပြက ...

"ဘာဖြစ်ပြန်ပြီတုံး ...ခင်ဗျားက"
လို့ပြန်မေးတော့

လက်သမားဆရာက ...

"ဦးထုပ်မှာ အပေါက်က
တစ်ပေါက်တည်းဆိုတော့
ကျွန်တော့်မိန်းမက ရှင်က
ဓါးပြတစ်ယောက်တည်းတောင်
နိုင်အောင် ပြန်မချ နိုင်ဘူးလားဆိုပြီး
ဆူဦးမှာပဲဗျ ။ အခန့်မသင့်ရင် လက်ပါ
ပါလာနိုင်သေးတယ်။
ကျွန်တော်ကြောက်တယ်ဆရာ။
ကျေးဇူးပြု ပြီး ...
ကျွန်တော့်ရဲ့ကုတ်အင်္ကျီမှာပါ
အပေါက်တွေထပ်ဖောက်ပေးပါဗျာ။
ဒါမှ ဓါးပြတွေအများကြီးဝိုင်းတိုက်တဲ့
ကြားထဲက အသက်စွန့်ပြီး
ပြေးလာခဲ့ရတာလို့ ကျွန်တော်ပြောလို့
ရတာပေါ့၊ မိန်းမကလည်း ကျွန်တော့်ကို
သနားသွားနိုင်တယ်။
အဲဒါလေးလုပ်ပေးပါဦးဗျာ။
ရှိကြီးခိုးပါတယ် ..." လို့ပြောပြန်တယ်။

အဲဒီလိုနဲ့ဘဲ ဓါးပြဟာ
လက်သမားဆရာရဲ့ အင်္ကျီ ကိုယူပြီး
သေနတ်နဲ့ပစ်ခါ အပေါက်တော်တော်များများ
ဖောက်ပေးလိုက်တယ်။ ပြီးတဲ့အခါ ...

"ရပြီလား မယက ဥက္ကဌ"
လို့ မေးပြန်တယ်။

ဒီတော့ လက်သမားဆရာက ...

"နည်းသေးတယ်ဆရာ
ခပ်များများလေးလုပ်ပေးပါ"
လို့ပြောပြန်တယ်။

အဲဒီအခါ ဓါးပြက ...

"မရတော့ဘူး မယားကြောက်ရေ။
ခင်ဗျားအဆူခံလည်း ခံရပေ့စေတော့။
သေနတ်ကျည်မရှိတော့ဘူး၊
ငါသွားတော့မယ် ..."
လို့ပြောပြီးလှည့်ထွက်လာပြန်တယ်။

အဲအချိန်ခါမှာတော့
လက်သမားဆရာက ...

"ဒီအချိန်ကို စောင့်နေခဲ့တာကွ၊
မိန်းမကြောက်ပေမယ့် ကျည်မရှိတဲ့
သေနတ်ကိုင်ထားတဲ့ ဓါးပြကိုတော့
မကြောက်ဘူးဟေ့" လို့ပြောပြီး
ပါလာတဲ့ လက်သမားတူကိုထုတ်ခါ
ဓါးပြရဲ့ ခေါင်းကို "ခွပ်"ခနဲမြည်အောင်
ထုလိုက်တယ်။ ပြီးတဲ့အခါမှာတော့
သူ့ရဲ့ငွေထုတ်ကို ယူပြီး
သီချင်းတစ်ပုဒ်ကို အေးချမ်းစွာ
ညဉ်းဆိုပြီး ထွက်ခွာသွားပါတော့သတဲ့။

#သင်ခန်းစာကတော့ ...

မယားကြောက်သူတွေဟာ
ဆင်ခြေပေးဖို့အတွက် စဉ်းစားရင်း
ဉာဏ်ကောင်းလာတတ်တယ်လို့ဆိုတယ်။
"ဒါကြောင့် ဉာဏ်ကောင်းတဲ့
သူတွေဟာ ... မယားကြောက်ကြပြီး၊
မယားကြောက်တဲ့လူတွေဟာလည်းပဲ
ဉာဏ်ကောင်း လာတတ်ကြတယ် ...တဲ့။

#Credit_မူရင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။