" လမ်း "
ဘဝမှာ.....
လာခဲ့တဲ့လမ်းလည်း မတူသလို
ပြန်ရမယ့်လမ်းလည်း မတူနိုင်ပါဘူး.....
ဒီထမင်းကိုစား.....
ဒီရေကို သောက်ကြပေမယ့်
လျှောက်နေကြတဲ့လမ်းတွေက
တူမှမတူနိုင်ကြတာ.....
တစ်ချို့ က မေတ္တာနဲ့ ပေးဝေ.
တစ်ချို့က ဣသာနဲ့ ညစ်ပေ.
တစ်ချို့က သစ္စာနဲ့ ထုဆစ်..
တစ်ချို့က မစ္ဆရိယနဲ့ ဖုထစ်...
တစ်ချို့က ဓမ္မနဲ့ တည်ဆောက်..
တစ်ချို့က အတ္တနဲ့ မွှေနှောက်..
တစ်ချို့က အကြင်နာနဲ့ လွှမ်းခြုံ.....
တစ်ချို့က ဒေါသနဲ့ အုပ်မိုး.
ဒါ့ကြောင့်.....
လာခဲ့တဲ့လမ်းလည်း မတူသလို
လျှောက်နေကြတဲ့လမ်းလည်း
မတူကြလေတော့
ပြန်ရမယ့်လမ်းလည်း
မတူနိုင်တော့ဘူးလေ..
🌼Nge Nge Myat Aung
🌼᠌
ဘဝမှာ.....
လာခဲ့တဲ့လမ်းလည်း မတူသလို
ပြန်ရမယ့်လမ်းလည်း မတူနိုင်ပါဘူး.....
ဒီထမင်းကိုစား.....
ဒီရေကို သောက်ကြပေမယ့်
လျှောက်နေကြတဲ့လမ်းတွေက
တူမှမတူနိုင်ကြတာ.....
တစ်ချို့ က မေတ္တာနဲ့ ပေးဝေ.
တစ်ချို့က ဣသာနဲ့ ညစ်ပေ.
တစ်ချို့က သစ္စာနဲ့ ထုဆစ်..
တစ်ချို့က မစ္ဆရိယနဲ့ ဖုထစ်...
တစ်ချို့က ဓမ္မနဲ့ တည်ဆောက်..
တစ်ချို့က အတ္တနဲ့ မွှေနှောက်..
တစ်ချို့က အကြင်နာနဲ့ လွှမ်းခြုံ.....
တစ်ချို့က ဒေါသနဲ့ အုပ်မိုး.
ဒါ့ကြောင့်.....
လာခဲ့တဲ့လမ်းလည်း မတူသလို
လျှောက်နေကြတဲ့လမ်းလည်း
မတူကြလေတော့
ပြန်ရမယ့်လမ်းလည်း
မတူနိုင်တော့ဘူးလေ..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။