Zarni Tike added 4 new photos — with Tike ZN.
အသက် ၁၉ နှစ်အရွယ်နဲ့ စွန့်ဦးတီထွင် ဖန်တီးနိုင်တဲ့ အရည်အချင်းကို လေးစားဂုဏ်ယူပါတယ်။
ဒါပေမဲ့ စမ်းသပ် မောင်းနှင်ဖို့ကတော့ အနဲဆုံး ခရိုင်မှုးအဆင့်က တာဝန်ခံရပြီး ကိုကျော်ဇင်ဝင်းရဲ့
Safety အတွက် သူ့မှာလည်း တာဝန်ကြီးပါလိမ့်မယ်
မြန်မာနိုင်ငံအတွက် ကိုကျော်ဇင်ဝင်း တီထွင်မှု အောင်မြင်ပါစေ ...
မုံရွာမြို့တွင် လူငယ်တစ်ဦးက လေယာဉ်ငယ်တီထွင်၍ စမ်းသပ်မောင်းနှင်ခွင့်ပြုရန် တင်ပြထား
မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦးက လေယာဉ်ငယ် တီထွင်၍ စမ်းသပ်မောင်းနှင်ခွင့် ပြုရန် သက်ဆိုင်ရာမြို့နယ်အုပ် ချုပ်ရေးမှူးထံ တင်ပြထားကြောင်း ကျွန်းကြီးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်မြင့်က ပြောသည်။
အဆိုပါလေယာဉ်ကို ကျွန်း ကြီးကျေးရွာမှ လက်သမား ကိုကျော်ဇင်ဝင်းက လွန်ခဲ့သော ရှစ်လခန့်ကစတင် တီထွင်ခဲ့ပြီး လေယာဉ်အရှည် ၁၄ ပေ၊ တောင်ပံအရှည် ၁၇ ပေ၊ အမြင့် ၅ ပေခွဲခန့်၊ စက်လှေအသုံးပြု ကာဝါအင်ဂျင် ၁၆ ကောင် ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားကာ လေယာဉ်ကိုယ်ထည်ကို သံနှင့် သစ်သားများ အ သုံးပြုထားသည်။ အဆိုပါ လေ ယာဉ်ငယ်ကို နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင် စမ်းသပ်မောင်းနှင်ခွင့်ပြုရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။
‘‘ဒီလေယာဉ်ကို ကျွန်တော် တို့ ကျေးရွာက မောင်ကျော်ဇင် ဝင်းရဲ့ လက်မှုပညာနဲ့ တီထွင် ထားတာဖြစ်ပါတယ်။ ကျွန်တော် တို့ ဌာနဆိုင်ရာကိုလည်း ပျံသန်း မောင်းနှင်ခွင့်ပြုဖို့ တင်ပြထားပါ တယ်။ ခွင့်ပြုချက်ရမှ ဒီလေယာဉ် ပျံသန်းမှာ ဖြစ်ပါတယ်’’ဟု ဦးတင်မြင့်က ပြောသည်။
ကိုကျော်ဇင်ဝင်းသည် လေ ယာဉ်ငယ်စမ်းသပ်ပျံသန်းခွင့်ပေး ရန် အောက်တိုဘာ ၂၅ ရက်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ တင်ပြသဖြင့် အောက်တိုဘာ ၂၈ ရက်တွင် မုံရွာမြို့နယ် အုပ်ချုပ် ရေးမှူးထံ ဆက်လက်တင်ပြထား ကြောင်း ဦးတင်မြင့်က ပြောကြား သည်။
ကိုကျော်ဇင်ဝင်းက ‘‘သစ် သားနဲ့ သံကို အသုံးပြုပြီး လေ ယာဉ်ကိုယ်ထည် တည်ဆောက် ထားတာပါ။ ကိုယ်တိုင်လည်း လေယာဉ်စီးချင်တယ်။ တခြားသူတွေ ကိုလည်း လေယာဉ်စီးစေချင် တယ်။ ကိုယ့်နိုင်ငံတိုးတက်စေချင် တဲ့ ဆန္ဒနဲ့ လေယာဉ်ကို တည် ဆောက်ခဲ့တာပါ’’ဟု ပြောသည်။
လက်သမားလုပ်အားခရရှိ ငွေများကို စုဆောင်း၍ လေယာဉ် ငယ်တည်ဆောက်ခဲ့ရာ ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၀ သိန်းကျော် ရှိခဲ့ပြီး ထမင်းစားနားချိန်နှင့် ည ပိုင်း အားလပ်ချိန်များတွင် လေ ယာဉ်ကို တီထွင်ခဲ့ကြောင်း ၎င်းက ပြောသည်။
လေယာဉ်စမ်းသပ်မောင်း နှင်ခွင့်နှင့်ပတ်သက်၍ မုံရွာမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင် က ‘‘ကျေးရွာအုပ်ချုပ်ရေးမှူးကို လည်း မှာထားတယ်။ ခွင့်ပြုချက် ရမှာသာ လေယာဉ်စမ်းသပ် မောင်းနှင်ပါလို့။ ပုံကတော့ လေ ယာဉ်ပုံစံရှိတာပေါ့။ ဒါပေမဲ့ တည်ဆောက်ထားတာက ဘာမှ အာမမခံနိုင်ဘူးဆိုတော့ စမ်းသပ် မောင်းနှင်ခွင့်ကိုတော့ ခွင့်မပြု ထားဘူး။ စမ်းသပ်မောင်းနှင်မှာ ဆိုတော့ လူလိုက်မှာဆိုတော့ အန္တရာယ်ရှိတဲ့အတွက် ခရိုင်ကို ဆက်လက်တင်ပြထားတယ်’’ဟု ပြော သည်။
လေယာဉ် စမ်းသပ်မောင်း နှင်ရန် ခွင့်ပြုချက်ရရှိပါက မုံရွာ လေယာဉ်ကွင်းတွင် စမ်းသပ် မောင်းနှင်လိုကြောင်း ကိုကျော် ဇင်ဝင်းက ပြောသည်။
Source: 7 Day
ZN.H

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။