မြန်မာစာကိုကယ်တင်ကြပါ
ဆရာ ဒေါက်တာခင်မောင်ညိုက 'မြန်မာစာ သရောကြီးခိုင်းနေပြီ' ဟူ၍ စာပေဆွေးနွေးပွဲ တစ်ခုတွင် စာတမ်းတစ်စောင် တင်သွင်း သွားသည်ဟုသိရပါသည်။
ပါမောက္ခ ဆရာကြီးဦးသန်းထွတ်ကမူ ဆရာဒေါက်တာခင်မောင်ညို၏ စာတမ်း ကို ထောက်ခံရုံမျှမက 'မြန်မာစာ မြောင်းထဲ ရောက်နေပြီ'ဟုပင်ဆိုလိုက်ပါ သည်။
ပေါ်ပြူလာ ဂျာနယ်တွင်လည်း ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ (ငြိမ်း) ဒေါက်တာခင်အေး(စာရေးဆရာကြီး မောင်ခင်မင်-ဓနုဖြူ)က 'စိတ်ကြိုက် မြန်မာစာ အသက်ငင်နေပြီ'ဆိုသည့် ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့ပါသည်။
စာရေးသူကလည်း 'တက္ကသိုလ်ဝင် တန်းစာဖြေသူခြောက်သိန်း၊ စိတ်ကြိုက် မြန်မာစာဖြေသူက တစ်ယောက်တည်း' ခေါင်းစဉ်ဖြင့် စိတ်ကြိုက်မြန်မာစာအရေး စိတ်မအေးရပုံကိုတင်ပြခဲ့ပါသ ည်။ ယခု နှစ် ၂ဝ၁၅-၂ဝ၁၆ စာသင်နှစ်တွင်လည်း စိတ်ကြိုက်မြန်မာစာဖြေဆိုသူ တစ်ယောက် တည်းရှိပါသည်။ ထိုမိန်းကလေးမှာ ယခင်နှစ်က ကျရှုံးခဲ့ပါသည်။
ထိုသို့ ကျရှုံးသော်လည်း ဆရာကြီး ဂုဏ်ထူး ဦးသိန်းနိုင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မြန်မာစာချစ်မြတ်နိုးသူများ
အသင်းက တစ်ဦးတည်းသောစိတ်ကြိုက် မြန်မာစာ ဘာသာယူသူ မိန်းကလေးအား ခေါ်ယူ
ဂုဏ်ပြု၍ စာပေဗိမာန်ခန်းမတွင် ဂုဏ်ပြုဆုငွေ တစ်သိန်းချီးမြှင့်ခဲ့ပါသည် ။ ထိုပွဲတွင် ဆရာကြီးက အကယ်၍ ခြေချော် လက်ချော်ကျရှုံးခဲ့လျှင်လည်း စိတ်ကြိုက် မြန်မာစာဘာသာကိုပဲ ယူပါရန် မေတ္တာရပ်ခံ ခဲ့သည့်အတွက် ယခုနှစ် ဆက်လက် ယူခြင်းဖြစ်သည်။
ဆရာကြီး မောင်ခင်မင်-ဓနုဖြူကမူ နောင်နှစ်တွင် စိတ်ကြိုက်မြန်မာစာဘာ သာတွဲယူမည့်သူမရှိလျှင် 'စိတ်ကြိုက် မြန်မာစာအနိစ္စရောက်ပြီ'ဟုပင် ယူကျုံး မရပြောဆိုခဲ့ပါသည်။
ဤအခြေအနေသို့ရောက်သည်အထိ ဆိုးဆိုးရွားရွားဖြစ်ရခြင်း မှာ
ဝမ်းနည်း စရာ ကောင်းပါသည်။ ဤသို့ဖြစ်ရခြင်း၏ အဓိကတရားခံမှာ
နိုင်ငံတော်အစိုးရဖြစ် ပါသည်။ ဒုတိယတရားခံမှာ ပညာရေး ဝန်ကြီးဌာနဖြစ်ပါသည်။
ပညာရေး ပေါ်လစီမူဝါဒကို ဖော်ဆောင်ခဲ့သော တာဝန်ရှိသူများဖြစ်ပါသည်။
ပညာရေး စနစ်သစ် (၁၉၆၄) ပေါ်လာ သောအခါ ပညာရေးဝန်ကြီးဌာနက သိပ္ပံ ပညာကိုဦးစားပေးမည်ဟု အတိအလင်း ကြေညာခဲ့ပါသည်။ သိပ္ပံ၊ သိပ္ပံ နှင့်ဖြစ် နေပါတော့သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် သိပ္ပံကျောင်းသားများ ခေါင်းမော့ ရင်ကော့ မာနတံခွန်ထူချိန်တွင် ဝိဇ္ဇာကျောင်းသားများမှာ တို့တွေ လူညံ့ တွေပဲ၊ အမှတ်နည်းလို့ ဝိဇ္ဇာရောက်ရတာ စသည့် အတွေးများဖြင့် သိမ်ငယ်ကြပါ သည်။ သိပ္ပံကျောင်းသားတို့ အကြည့်က ဝိဇ္ဇာကျောင်းသားတို့ အပေါ် အထင်သေး သည့် အကြည့်မျိုးဖြင့် ကြည့်ကြပါသည်။ ကျောင်းသားချင်းစိတ်ဝမ်းကွဲ သွားကြပါ သည်။ မိဘဆွေမျိုးပတ်ဝန်းကျင်အသို င်း
အဝိုင်းများကလည်း ဒဿနိကဗေဒဘာသာ ယူသူ၊ စိတ်ပညာအဓိကယူသူ၊ မြန်မာစာ အဓိကယူသူ၊
သမိုင်းအဓိကယူသူတို့ကို အမှတ်အနည်းဆုံး၊ အညံ့ဆုံးဟု နှုတ်က မပြောသော်လည်း
လူညံ့များ လူတုံး များဟုစိတ်ကသတ်မှတ်ကြသည်။(ယ နေ့ ကာလတွင် စနစ်သစ်ကာလက ဒဿ နိက၊ စိတ်ပညာ၊ မြန်မာစာ၊ သမိုင်းယူခဲ့ သူများသည် ယခုအခါ ပါမောက္ခချုပ်၊ ပါမောက္ခ၊ကထိကများ)ဖြစ်နေကြပါပြီ။
စိတ်ကြိုက်မြန်မာစာ၏ သမိုင်းမှာ အလွန်ဂုဏ်ယူဖွယ်အားတက်ဖွယ်ြ ဖစ် ပါသည်။ ကိုလိုနီခေတ်တွင်မြန်မာစာသိ မ် ငယ်နိမ့်ကျနေချိန်မှာ မြန်မာစာကိုနေရာမှန် ပြန်ရောက်အောင်ဆောင်ရွက်သော ဆရာ ကြီး ဦးဖေမောင်တင်၏ကြိုးပမ်းမှုများ တွင်စိတ်ကြိုက်မြန်မာစာဘာသာ ရပ်ကို တီထွင်သင်ကြားခြင်းလည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။
မူလက စိတ်ကြိုက်မြန်မာစာသည် တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ် သင်ရိုးတွင်သာသင်ကြားပါသည်။ ၁၉၆၅ ခုနှစ်ရောက်သောအခါ စိတ်ကြိုက်မြန်မာ စာသည် တက္ကသိုလ်ဝင်တန်း(၁ဝတန်း) ပြဋ္ဌာန်းစာဖြစ်လာပါသည်။
၁၉၈၃ခုနှစ်က စတင်ပြဋ္ဌာန်းသော သင်ရိုးသစ်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်၌ ဥမ္မာဒန္တီပျို့(ဦးရွှန်း)၊ဂျိမ်းစ်
လှကျော်၏ မောင်ရင်မောင် မမယ်မဝတ္ထု၊ သင်ရိုးအဖွဲ့ကပြုစုသော မြန်မာကဗျာဖွဲ့
နည်းနှင့် ဆရာကြီးဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်းတို့ဖြစ်သ ည်။
ထိုအချိန်က တက္ကသိုလ်ဝင်တန်း ဘာသာတွဲစနစ်တွင် စိတ်ကြိုက်မြန်မာစာ နှင့်စိတ်ကြိုက်သင်္ချာကို မိမိကြိုက်နှစ် သက်ရာ ဘာသာရပ်တစ်ခုခုကိုရွေးချယ် ရသည့်စနစ်ကိုကျင့်သုံးသဖြင့်  တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုသူအားလုံး ၏တစ်ဝက် သို့မဟုတ် သုံးပုံတစ်ပုံခန့် စိတ်ကြိုက် မြန်မာစာကိုယူကြပါသည်။(သင်္ချာဘာသာ ကြောက်သူအများစုက စိတ်ကြိုက် မြန်မာစာကို ယူကြပါသည်)
၂ဝဝဝပြည့်နှစ်နောက်ပိုင်းတွ င်ဘာသာ
တွဲစနစ်များပြုပြင်သောအခါ စိတ်ကြိုက် မြန်မာစာနှင့်တွဲနိုင်သည့် ဘာသာအရေ
အတွက် ကန့်သတ်လိုက်ခြင်းကြောင့် ယူသူအလွန်နည်းသွားပါသည်။ ယူသူ
ကျောင်းသားတဖြည်းဖြည်းနှင့် နည်းသွား ပါတော့သည်။
ယခုအခါတွင် စိတ်ကြိုက်မြန်မာစာ ယူသော ကျောင်းသားတစ်ယောက်မှမရှိ သည့်အတွက် ကိုလိုနီခေတ်ကတည်းက မြန်မာစာကိုယ်ခံစွမ်းအားခို င်မာရေး၊ မြန်မာ စာကိုလေးစားတန်ဖိုးထားစိတ် တိုးပွား ရေးအတွက် ပြဋ္ဌာန်းခဲ့သော စိတ်ကြိုက် မြန်မာစာဘာသာရပ်ကိုကယ်တင်နိုင်မည့်
နည်းလမ်းမှာ တက္ကသိုလ်ဝင်တန်းဘာသာ တွဲများတွင် စိတ်ကြိုက်မြန်မာစာယူနိုင်
သည့်ကျောင်းသားအရေအတွက် သင့်တင့် လျောက်ပတ်စွာရနိုင်မည့် ဘာသာတွဲ
စနစ်ဖြစ်အောင် ပြန်လည်ပြုပြင်ပေးသင့် ပါသည်။ (ဥပမာ-ယခင်ကကဲ့သို့ သင်္ချာ
ဘာသာနှင့်စိတ်ကြိုက်မြန်မာစာဘာသာ ရပ်တစ်ခုကြိုက်ရာရွေးစနစ်) မသင်မနေရ ဘာသာကို ပင်ရင်းမြန်မာစာနှင့်အင်္ဂလိပ် စာသာဖြစ်သင့်ပါသည်။ အခြားဘာသာ လေးခုကို မိမိစိတ်ကြိုက်ရွေးချယ်နိုင် စေရန် လမ်းဖွင့်ပေးသင့်ပါသည်။
အစည်းအဝေးတစ်ခုတွင် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ဝါရင့်ညွှန်ချုပ် တစ်ဦးက OB (Optional Burmese) ကို စိတ်ကြိုက်မြန်မာစာမယူတာ OB သင်နိုင်တဲ့ဆရာမရှိလို့ဟု တင်ပြဖူးပါ သည်။ သူ့အဆိုလည်း မှန်ပါသည်။ OB သင်နိုင်သည့်ဆရာများလည်း ပြုစုပျိုး ထောင်ပေးရမည်ဖြစ်ပါသည်။
စိတ်ကြိုက်မြန်မာစာဘာသာ သင်ယူ သူမရှိ၍ပျောက်ကွယ်သွားတော့မ ည့်အရေး သည် ပညာရေးဌာန၏အရေးမဟုတ်ဘဲ မြန်မာအမျိုးသားများ၏အရေး(အ မျိုးသား ရေးဖြစ်ပါသည်)
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်တို့လျစ်လျူမရှုသင့်သည့်ကိစ္စ တစ်ရပ်ဖြစ်ပါသည်။မြန်မာစာနှ င့်ဘာသာ စကားပညာရေးဦးစီးဌာနကလည်း ပေါ် လစီချမှတ်ကာထဲထဲဝင်ဝင်လေးလေးစား စားဆောင်ရွက်သင့်ပါသည်။ပညာေ ရး ဝန်ကြီးဌာနက မူဝါဒများပြုပြင်ရေးဆွဲ၍ အမြန်ဆုံးဆောင်ရွက်သင့်ပါသည်။
မြန်မာစာတတ်ပုဂ္ဂိုလ်များ၊ မြန်မာစာ ပါမောက္ခအငြိမ်းစားများ၊မြန် မာပညာရှိ များစုဝေးရာ မြန်မာစာအဖွဲ့မှ ပဏ္ဍိတ်၊ ပုရောဟိတ်ဆရာကြီးများ စိတ်ကြိုက် မြန်မာစာအဓွန့်ရှည်ရှင်သန်ေ ရးလမ်းညွှန် သြဝါဒပေးသင့်ပါသည်။
ပညာရှင်များခေါင်ချုပ်၊ ဆရာ့ဆရာ များဖြင့်ဖွဲ့စည်းထားသော မဟာပညာ ကျော်တို့စုစည်းရာ ဝိဇ္ဇာ၊ သိပ္ပံပညာရှင် အဖွဲ့မှ ဂုရုကြီးများကလည်း စိတ်ကြိုက် မြန်မာစာသင်ယူသူကျောင်းသားများ
များ ပြားလာရေး၊ စိတ်ကြိုက်မြန်မာစာ အစဉ် ရှင်သန်ဖွံ့ဖြိုးရေး၊
စိတ်ကြိုက်မြန်မာစာ သင်ကြားပေးနိုင်သော ဆရာဆရာမများ တိုးတက်များပြားလာရေး
အစရှိသည့် အရေးပေါင်းများစွာကို ညွှန်ကြားဖြေရှင်း ပေးပါရန်လည်း
မေတ္တာရပ်ခံပါသည်။
ကိုလိုနီခေတ်က ကြွေးကြော်ခဲ့သော မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊မြန်မာစာကိုချစ်မြ တ်နိုးပါဆိုသည့် စကားကို ပြန်လည်ကြားလိုလှပါသည်။
မြန်မာစာပေချစ်မြတ်နိုးသူများအသင်း၊ မြန်မာစာပေပြန့်ပွားရေးအသင်းတို့က လည်း မြန်မာစာပေ၏အဆီအနှစ်၊ မြန်မာ စာပေ၏ နည်းပညာအစုံပါဝင်တည်ရှိ နေသော စိတ်ကြိုက်မြန်မာစာနှင့်မြန်မာ
စာနှင့်သက်ဆိုင်သော မြန်မာစာဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုသော
အကြံဥာဏ်၊ လုပ်ဆောင်ချက်များ၊ ပါဝင် ပံ့ပိုးကူညီမှုများကို
မိမိတို့တတ်စွမ်းသည့် ဘက်မှ အထူးကိစ္စတစ်ရပ်အနေဖြင့်ကူညီ ဆောင်ရွက်သင့်ပါသည်။
ထို့ပြင်တဝ စိတ်ကြိုက်မြန်မာစာ၏ တန်ဖိုး၊ စိတ်ကြိုက်မြန်မာစာသင်ယူခြင်း ဖြင့်ရရှိနိုင်မည့်အကျိုးတရားများကိုလည်း စာရေးဆရာ၊ ကဗျာဆရာ၊ကျောင်းဆရာ ဆရာမများ၊ တက္ကသိုလ်မှ ပါမောက္ခ အမှူးပြုသောကထိကနှင့်ဆရာ ဆရာမ များက ရှင်းပြသင့်ပါသည်။
မိမိသားသမီးများ၊ တပည့်များကို လည်း မြန်မာစာကို ချစ်မြတ်နိုးစေရန်၊ တန်ဖိုးထားတတ်စေရန်၊ မြန်မာစာကို တလေးတစား လိုက်နာဆည်းပူးရန် ဆိုဆုံးမသင့်ပါသည်။
ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး မြန်မာစာဖွံ့ဖြိုးတိုးတက်ရန် အားလုံးပါဝင် ကြိုးပမ်းကြပါစို့ဟု နှိုးဆော်တိုက်တွန်း လိုက်ပါသည်။
အောင်ကြည်ညွန့်(တက္ကသိုလ်)
ဆရာ ဒေါက်တာခင်မောင်ညိုက 'မြန်မာစာ သရောကြီးခိုင်းနေပြီ' ဟူ၍ စာပေဆွေးနွေးပွဲ တစ်ခုတွင် စာတမ်းတစ်စောင် တင်သွင်း သွားသည်ဟုသိရပါသည်။
ပါမောက္ခ ဆရာကြီးဦးသန်းထွတ်ကမူ ဆရာဒေါက်တာခင်မောင်ညို၏ စာတမ်း ကို ထောက်ခံရုံမျှမက 'မြန်မာစာ မြောင်းထဲ ရောက်နေပြီ'ဟုပင်ဆိုလိုက်ပါ
ပေါ်ပြူလာ ဂျာနယ်တွင်လည်း ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ (ငြိမ်း) ဒေါက်တာခင်အေး(စာရေးဆရာကြီး
စာရေးသူကလည်း 'တက္ကသိုလ်ဝင် တန်းစာဖြေသူခြောက်သိန်း၊ စိတ်ကြိုက် မြန်မာစာဖြေသူက တစ်ယောက်တည်း' ခေါင်းစဉ်ဖြင့် စိတ်ကြိုက်မြန်မာစာအရေး စိတ်မအေးရပုံကိုတင်ပြခဲ့ပါသ
ထိုသို့ ကျရှုံးသော်လည်း ဆရာကြီး ဂုဏ်ထူး ဦးသိန်းနိုင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မြန်မာစာချစ်မြတ်နိုးသူများ
ဆရာကြီး မောင်ခင်မင်-ဓနုဖြူကမူ နောင်နှစ်တွင် စိတ်ကြိုက်မြန်မာစာဘာ သာတွဲယူမည့်သူမရှိလျှင် 'စိတ်ကြိုက် မြန်မာစာအနိစ္စရောက်ပြီ'ဟုပင
ဤအခြေအနေသို့ရောက်သည်အထိ ဆိုးဆိုးရွားရွားဖြစ်ရခြင်း
ပညာရေး စနစ်သစ် (၁၉၆၄) ပေါ်လာ သောအခါ ပညာရေးဝန်ကြီးဌာနက သိပ္ပံ ပညာကိုဦးစားပေးမည်ဟု အတိအလင်း ကြေညာခဲ့ပါသည်။ သိပ္ပံ၊ သိပ္ပံ နှင့်ဖြစ် နေပါတော့သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် သိပ္ပံကျောင်းသားများ ခေါင်းမော့ ရင်ကော့ မာနတံခွန်ထူချိန်တွင် ဝိဇ္ဇာကျောင်းသားများမှာ တို့တွေ လူညံ့ တွေပဲ၊ အမှတ်နည်းလို့ ဝိဇ္ဇာရောက်ရတာ စသည့် အတွေးများဖြင့် သိမ်ငယ်ကြပါ သည်။ သိပ္ပံကျောင်းသားတို့ အကြည့်က ဝိဇ္ဇာကျောင်းသားတို့ အပေါ် အထင်သေး သည့် အကြည့်မျိုးဖြင့် ကြည့်ကြပါသည်။ ကျောင်းသားချင်းစိတ်ဝမ်းကွဲ
စိတ်ကြိုက်မြန်မာစာ၏ သမိုင်းမှာ အလွန်ဂုဏ်ယူဖွယ်အားတက်ဖွယ်ြ
မူလက စိတ်ကြိုက်မြန်မာစာသည် တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ် သင်ရိုးတွင်သာသင်ကြားပါသည်။
၁၉၈၃ခုနှစ်က စတင်ပြဋ္ဌာန်းသော သင်ရိုးသစ်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်၌ ဥမ္မာဒန္တီပျို့(ဦးရွှန်း)၊ဂျ
ထိုအချိန်က တက္ကသိုလ်ဝင်တန်း ဘာသာတွဲစနစ်တွင် စိတ်ကြိုက်မြန်မာစာ နှင့်စိတ်ကြိုက်သင်္ချာကို မိမိကြိုက်နှစ် သက်ရာ ဘာသာရပ်တစ်ခုခုကိုရွေးချယ် ရသည့်စနစ်ကိုကျင့်သုံးသဖြင်
၂ဝဝဝပြည့်နှစ်နောက်ပိုင်းတွ
ယခုအခါတွင် စိတ်ကြိုက်မြန်မာစာ ယူသော ကျောင်းသားတစ်ယောက်မှမရှိ သည့်အတွက် ကိုလိုနီခေတ်ကတည်းက မြန်မာစာကိုယ်ခံစွမ်းအားခို
အစည်းအဝေးတစ်ခုတွင် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ဝါရင့်ညွှန်ချုပ် တစ်ဦးက OB (Optional Burmese) ကို စိတ်ကြိုက်မြန်မာစာမယူတာ OB သင်နိုင်တဲ့ဆရာမရှိလို့ဟု တင်ပြဖူးပါ သည်။ သူ့အဆိုလည်း မှန်ပါသည်။ OB သင်နိုင်သည့်ဆရာများလည်း ပြုစုပျိုး ထောင်ပေးရမည်ဖြစ်ပါသည်။
စိတ်ကြိုက်မြန်မာစာဘာသာ သင်ယူ သူမရှိ၍ပျောက်ကွယ်သွားတော့မ
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်တို့လျစ်လျူမရ
မြန်မာစာတတ်ပုဂ္ဂိုလ်များ၊ မြန်မာစာ ပါမောက္ခအငြိမ်းစားများ၊မြန်
ပညာရှင်များခေါင်ချုပ်၊ ဆရာ့ဆရာ များဖြင့်ဖွဲ့စည်းထားသော မဟာပညာ ကျော်တို့စုစည်းရာ ဝိဇ္ဇာ၊ သိပ္ပံပညာရှင် အဖွဲ့မှ ဂုရုကြီးများကလည်း စိတ်ကြိုက် မြန်မာစာသင်ယူသူကျောင်းသားမ
ကိုလိုနီခေတ်က ကြွေးကြော်ခဲ့သော မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊မြန်မာစာကိုချစ်မြ
မြန်မာစာပေချစ်မြတ်နိုးသူမျ
ထို့ပြင်တဝ စိတ်ကြိုက်မြန်မာစာ၏ တန်ဖိုး၊ စိတ်ကြိုက်မြန်မာစာသင်ယူခြင
မိမိသားသမီးများ၊ တပည့်များကို လည်း မြန်မာစာကို ချစ်မြတ်နိုးစေရန်၊ တန်ဖိုးထားတတ်စေရန်၊ မြန်မာစာကို တလေးတစား လိုက်နာဆည်းပူးရန် ဆိုဆုံးမသင့်ပါသည်။
ကျွန်တော်တို့ပြည်သူတစ်ရပ်လ
အောင်ကြည်ညွန့်(တက္ကသိုလ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။