KPI မှ KRA သို့
ဒီနေ့ စီးပွားရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့ လုပ်ငန်းရှင်အတော်များများဟာ
KPI ဆိုတဲ့ Key Performance Indicator စနစ်ကို တွင်တွင်ကျယ်ကျယ်
သုံးလာကြပါပြီ..။ စီးပွားရေးပညာကို လေ့လာလိုက်စားသူတိုင်း KPI ကို
သိကြပါတယ်..။ သုံးကြပါတယ်..။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက KPI ရဲ့
အသုံးဝင်ပုံ နဲ့ အသုံးချနိုင်ခြေပါ…။ KPI ဟာ ကုမ္ပဏီရဲ့ ဦးတည်ရာ
ပန်းတိုင်ကို ချီရာမှာ ဘယ်လောက်ခရီးပေါက်အောင် စွမ်းဆောင်နိုင်သလဲ
ဆိုတဲ့ လုပ်ဆောင်ချက် (process) ကို တိုင်းတာတဲ့ ပေတံပါ..။ လုပ်သားရဲ့
လုပ်အားတွေ .. ကုန်ပစ္စည်းရဲ့ အရင်းအနှီးတွေ .. အချိန်တွေ စတဲ့ Quantitative
factors တွေကို တိုက်ရိုက် တိုင်းထွာ တာပါ..။ သူဟာ တိကျတဲ့ အတိုင်းအတာတွေ
အတွက်အချက်တွေ နဲ့ တည်ဆောက်ရတဲ့ အတွက် မက်ထရစ် ဖြစ်ပါတယ်..။ လုပ်ငန်း
တစ်ခုလုံးကို ခြုံငုံပြီး တိုင်းတာ သုံးသပ်ရာမှာ ကိန်းဂဏန်းတွေနဲ့ ပြရတဲ့
အခါ အသုံးဝင်လှပါတယ်..။
KRA ကတော့ Key Result Area ဖြစ်ပါတယ်..။ အဖွဲ့အစည်းတစ်ခုလုံးကို တိုင်းတာမဟုတ်ပဲ.. အကန့်လိုက် ခွဲပြီး တိုင်းတာပါ..။ ပြီးတော့ KRA က ကိန်းဂဏန်းတွေနဲ့ တိုက်ရိုက် မပတ်သက်ပဲ.. ကိုယ်တိုးတက်ချင်တဲ့ (ဒါမှမဟုတ်) တိုးတက်နိုင်ချေရှိတဲ့ အပိုင်း ကို ရလဒ် ပိုကောင်းလာအောင် ဗျူဟာမြောက် သွယ်ဝိုက်ပြီး လုပ်ဆောင်တာပါ..။ အရည်အသွေးကို မြှင့်တင်တာဖြစ်လို့ Qualitative ဖြစ်ပါတယ်..။ လုပ်ငန်းခွင် ပျော်ရွှင်မှု လုပ်ငန်းအပေါ်ကြေနပ်မှု ဂုဏ်ယူမှု .. ပိုကောင်းအောင်လုပ်လိုစိတ် စတာတွေကို သိမ်သိမ်မွေ့မွေ့ မြှင့်တင်ပေးရတဲ့ အပိုင်းဖြစ်ပါတယ်..။
အဖွဲ့အစည်းတစ်ခုလုံး မောင်းနှင်အား ကျဆင်းပြီး တွန်းသလောက် မရွေ့နိုင်တဲ့ အခြေအနေမျိုး ကြုံလာရင် ဦးဆောင်သူတွေဟာ အဖွဲ့အစည်းကို တင်းကြပ်လိုက်လေ့ရှိပါတယ်.. ။
ခြွေတာစရာတွေ … ဖြတ်တောက်စရာတွေကို စဉ်းစားတွေးတောပြီး ဖြတ်တောက် ပိတ်ဆို့
ခြွေတာလိုက်လေ့ရှိပါတယ်..။ အဲဒီလို လုပ်ရပြီ ဆိုရင် KPI ကလဲ
ကျဆင်းသွားတော့မှာပါ..။ KRA က အဲဒီလို မလုပ်ဖို့ ကူညီနိုင်ပါတယ်..။
ကိုယ့်အဖွဲ့အစည်း တစ်ခုလုံးကို တင်းကြပ်ပစ်လိုက်မယ့် အစား ထုတ်ကုန်
အမျိုးအစားပေါ်မူတည်ပြီး ရလဒ်ပိုကောင်းလာအောင် အရည်အသွေး ပိုတက်လာအောင်
အပိုင်းလိုက် လုပ်ဖို့လိုပါတယ်..။ ဈေးကွက်ထဲမှာ
ဈေးနှုန်းလျှော့ချပြိုင်ဆို င်မှု
များလာပြီ ဆိုရင် ကိုယ့်ဆီက ရောင်းကုန်ဖြစ်တဲ့ ထုတ်ကုန်/ဝန်ဆောင်မှု
တို့ကို ဧရိယာတစ်ခုစီအလိုက် ပိုကောင်းအောင် စနစ်တကျ မြှင့်တင်ပေးပြီး
ရလဒ်ပိုကောင်း လာအောင် လုပ်နိုင်ပါတယ်..။
အဲဒါကို လုပ်ဖို့ Key Result Area တွေ ခွဲခြားသတ်မှတ်ပေးရပါမယ်.။ ပြီးတော့ အဲဒီဧရိယာ တစ်ခုခြင်းစီက မြှင့်တင်လိုက်လို့ ရလာတဲ့ ရလဒ်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရပါမယ်..။
ဒါဆိုရင် ကိုယ့် အဖွဲ့အစည်း ရဲ့ ပင်မ ထုတ်ကုန် ၊ အဓိက ဝန်ဆောင်မှု ကဏ္ဍ တွေမှာ တစ်ခုခြင်း အာရုံစိုက်နိုင်တာမို့ သက်ဆိုင်ရာ အစိတ်အပိုင်းဟာ ဖွံ့ဖြိုးလာပါလိမ့်မယ်..။ ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်..။ ဈေးကွက်မှာ ဈေးလျှော့ချပြီး ပြိုင်ဆိုင်တာဟာ ရေရှည်မှာ အလုပ်မဖြစ်နိုင်ပါဘူး..။
ကိုယ့်အရည်အသွေးကို ကဏ္ဍ အလိုက် ထက်မြက်နေအောင် မြှင့်တင်မှသာ အောင်မြင်နိုင်မှာပါ..။ ဒါကြောင့် အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆိုင်တဲ့ KPI ကို တင်းကြပ်နေရုံနဲ့ မလုံလောက်တော့ပဲ.. အောင်မြင်ရာ အောင်မြင်ကြောင်း နည်းလမ်းတစ်သွယ်ဖြစ်တဲ့ KRA ကိုလဲ ဗျူဟာမြောက် စဉ်းစားတွေးခေါ်ပြီး ဆောင်ရွက်သင့်လှပါကြောင်း…… ……….။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၄.၉.၂၀၁၇)
ဒီနေ့ စီးပွားရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့ လုပ်ငန်းရှင်အတော်များများဟ
KRA ကတော့ Key Result Area ဖြစ်ပါတယ်..။ အဖွဲ့အစည်းတစ်ခုလုံးကို တိုင်းတာမဟုတ်ပဲ.. အကန့်လိုက် ခွဲပြီး တိုင်းတာပါ..။ ပြီးတော့ KRA က ကိန်းဂဏန်းတွေနဲ့ တိုက်ရိုက် မပတ်သက်ပဲ.. ကိုယ်တိုးတက်ချင်တဲ့ (ဒါမှမဟုတ်) တိုးတက်နိုင်ချေရှိတဲ့ အပိုင်း ကို ရလဒ် ပိုကောင်းလာအောင် ဗျူဟာမြောက် သွယ်ဝိုက်ပြီး လုပ်ဆောင်တာပါ..။ အရည်အသွေးကို မြှင့်တင်တာဖြစ်လို့ Qualitative ဖြစ်ပါတယ်..။ လုပ်ငန်းခွင် ပျော်ရွှင်မှု လုပ်ငန်းအပေါ်ကြေနပ်မှု ဂုဏ်ယူမှု .. ပိုကောင်းအောင်လုပ်လိုစိတ် စတာတွေကို သိမ်သိမ်မွေ့မွေ့ မြှင့်တင်ပေးရတဲ့ အပိုင်းဖြစ်ပါတယ်..။
အဖွဲ့အစည်းတစ်ခုလုံး မောင်းနှင်အား ကျဆင်းပြီး တွန်းသလောက် မရွေ့နိုင်တဲ့ အခြေအနေမျိုး ကြုံလာရင် ဦးဆောင်သူတွေဟာ အဖွဲ့အစည်းကို တင်းကြပ်လိုက်လေ့ရှိပါတယ်..
အဲဒါကို လုပ်ဖို့ Key Result Area တွေ ခွဲခြားသတ်မှတ်ပေးရပါမယ်.။ ပြီးတော့ အဲဒီဧရိယာ တစ်ခုခြင်းစီက မြှင့်တင်လိုက်လို့ ရလာတဲ့ ရလဒ်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရပါမယ်..။
ဒါဆိုရင် ကိုယ့် အဖွဲ့အစည်း ရဲ့ ပင်မ ထုတ်ကုန် ၊ အဓိက ဝန်ဆောင်မှု ကဏ္ဍ တွေမှာ တစ်ခုခြင်း အာရုံစိုက်နိုင်တာမို့ သက်ဆိုင်ရာ အစိတ်အပိုင်းဟာ ဖွံ့ဖြိုးလာပါလိမ့်မယ်..။ ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်..။ ဈေးကွက်မှာ ဈေးလျှော့ချပြီး ပြိုင်ဆိုင်တာဟာ ရေရှည်မှာ အလုပ်မဖြစ်နိုင်ပါဘူး..။
ကိုယ့်အရည်အသွေးကို ကဏ္ဍ အလိုက် ထက်မြက်နေအောင် မြှင့်တင်မှသာ အောင်မြင်နိုင်မှာပါ..။ ဒါကြောင့် အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆိုင်တဲ့ KPI ကို တင်းကြပ်နေရုံနဲ့ မလုံလောက်တော့ပဲ.. အောင်မြင်ရာ အောင်မြင်ကြောင်း နည်းလမ်းတစ်သွယ်ဖြစ်တဲ့ KRA ကိုလဲ ဗျူဟာမြောက် စဉ်းစားတွေးခေါ်ပြီး ဆောင်ရွက်သင့်လှပါကြောင်း……
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၄.၉.၂၀၁၇)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။