သုတဇုန် added 3 new photos.
အလင်းနှစ်ဆိုတာ
=============
စကြာဝဠာထဲက ဂြိုဟ်တွေ ဂလက်ဆီတွေရဲ့ အကြောင်းတွေဖတ်ရတဲ့အခါ အလင်းနှစ်ဆိုတဲ့ စာလုံးကို မြင်ဖူးကြမှာပါ။ ဘယ်ဂြိုဟ်နဲ့ ကမ္ဘာက အလင်းနှစ် ၁၀ ၊ ဘယ်ဂြိုဟ်နဲ့က အလင်းနှစ် ၄၀ စသဖြင့် မြင်ဖူးကြမှာပါ။ သိတဲ့သူတွေအတွက် မထူးဆန်းပေမယ့် မသိတဲ့သူတွေအတွက်တော့ သိပ်နားလည်မှာမဟုတ်ပါဘူး။
တကယ်တော့ အလင်းနှစ် ဆိုတာ စကြာဝဠာထဲက များပြားလွန်းတဲ့အကွာအဝေးကို
အငယ်ဆုံးပြောနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေ သတ်မှတ်ထားတဲ့ အကွာအဝေးယူနစ်
တစ်ခုသာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အလင်း ရဲ့သွားနှုန်းနဲ့ သွားရင်
တစ်နှစ်ရောက်မယ့် အကွာအဝေးပါ။ အလင်းရဲ့ ၁စက္ကန့်သွားနှုန်းက မိုင်ပေါင်း
၁၈၆၀၀၀ ဖြစ်တဲ့ အတွက် အလင်းနှစ် ၁ ရဲ့ အကွာအဝေးက
၁၈၆၀၀၀ x ၃၆၅.၂၅x ၂၄ x ၆၀ x ၆၀ = ၅.၈၇၈၆၂၅ ထရီလီယံမိုင်
ဖြစ်ပါတယ်။ (၃၆၅.၂၅ ဖြစ်နေတာကတော့ ကျွန်တော်တို့အများစု သိကြတာက ၁နှစ်မှာ ၃၆၅ရက်ဖြစ်ပေမယ့် တကယ်အတိအကျက ၃၆၅ရက် ၊ ၅နာရီ ၊ ၄၈မိနစ် ၄၆ စက္ကန့်ဖြစ်ပါတယ်။ ဒါကြောင့် ၃၆၅.၂၅ ဖြစ်နေရခြင်းပါ)
ဒါကြောင့် အလင်းနဲ့ အလျှင်နဲ့သာ လကိုသွားမယ်ဆိုရင် ၁.၃စက္ကန့်သာကြာမြင့်မှာဖြစ်ပြီး နေကိုသွားမယ်ဆိုရင်တော့ ၈မိနစ် နဲ့ ၁၉စက္ကန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ အလင်းနှစ်ကို Ly(light year) နဲ့ ဖော်ပြလေ့ရှိပါတယ်။
(Edited) 8:50pm
#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။