Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 14, 2017

ခရီးသွားမည့် မြန်မာတိုးရစ်စ်များ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ (၁၀) ချက်


Sabei Aung

ခရီးသွားမည့် မြန်မာတိုးရစ်စ်များ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ (၁၀) ချက်
===============================================
စပယ်အောင် ရေးသားသည်။ (ခရီးသွားကြမယ် - စာစု) Nature Dream Travel

၁။ မိမိသွားလည်မည့်နိုင်ငံ၏ ဘာသာစကား နဲနဲသင်ထားရန်။
ကျွန်မ ရုရှားစကားမတတ်ခင် ရုရှားသွားရမှာ ကြောက်သလိုလိုဖြစ်ခဲ့ရပါတယ်။ ပထမဦးဆုံးအခေါက်ကများဆို တည်တင်းနေတဲ့ အဖြူရောင် မျက်နှာကြီးတွေ၊ စိမ်းစိမ်း ပြာပြာ မျက်လုံးကြီးတွေနဲ့ ဆုံမိတိုင်း နှုတ်ဆက်စရာ စကားမရှိပဲ သွားအဖြီးသားနဲ့ ကြောင်တောင်တောင်ကြည့်နေရတတ်ပါတယ်။ စာမဖတ်တတ်တော့ မြေအောက်ရထားပေါက် ပြောင်းပြန်ထွက်မိပြီး ရထားရဲနဲ့ ရထားရဲခွေး ပြေးလိုက်လို့ အမောဆို့ခဲ့ရဖူးပါတယ်။ ရုရှားစကားလေး နဲနဲတတ်တော့ သွားရလာရ အစားစာရ လက်မှတ်ဝယ်ရ အဆင်ပြေချက်ရှင်။

လမ်းသွားရင်တွေ့လို့နှုတ်ဆက်ရင် သူတို့လဲပဲ နွေးထွေးတာပါပဲလား လို့သိခဲ့ရပါတယ်။ မနက်စာ ကျွေးတဲ့ ဟိုတယ်က ရုရှားအဒေါ်ကြီးဆို နှုတ်ဆက်စကားပြောတာကြိုက်လို့ မနက်တိုင်းကြက်ဥကြီး တလုံး ပိုပိုကျွေးသေးတယ်..။
မောင်နှမတို့ရေ..သူများနိုင်ငံ သူများဘာသာစကားတတ်တော့ ယုတ်စွအဆုံး အပေါအပါးသွားရင်တောင် အဆင်ပြေပါတယ်လို့။ ဘာမှ မတတ်ရင်တောင်မှ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်လို ပြောမထွက်ရင်တောင် နားလည်လွယ်တတ်ကြတာမို့ အင်္ဂလိပ်စာလေးတော့ နဲနဲလုပ်သွားကြပါလို့..။

၂။ မိမိ ပတ်စပို့ သက်တမ်း ၆ လ ပြည့်ရဲ့လား..?
ခဏခဏ ကြုံနေရတဲ့ ပြသာနာပါ။ ပတ်စပို့စာအုပ် လက်ထဲ တကိုင်ကိုင်နဲ့နေကြပေမဲ့ သက်တမ်းကုန်မဲ့ ရက်စွဲကို သတိမထားမိတတ်ကြပါဖူး။ နိုင်ငံ တော်တော်များများဟာ သူတို့နိုင်ငံဝင်ပေါက်မှာ ပတ်စပို့သက်တမ်း ၃ လ (သို့) ၆ လ ပြည့်မပြည့် စစ်ဆေးနေကြတုန်းပါပဲ။ ဥရောပမှာ တနိုင်ငံနဲ့ တနိုင်ငံကို တခါတရံတွေမှာ ပတ်စပို့တောင်မလို၊လွယ်လွယ်ကူကူ ယာဉ်မောင်းလိုင်စင်ကဒ်နဲ့တောင် ကူးသန်းနေကြပေမဲ့၊ အာရှနိုင်ငံ အများစုကိုသွားရင် ၆ လသက်တမ်းရှိသေးတဲ့ပတ်စပို့တောင်းနေမြဲပါ။ အာရှတိုက်သားတွေ ဥရောပကို ခရီးသွားတဲ့ အခါမလဲ ..ကိုယ်က ကိုယ့်နိုင်ငံမှာ လူတိုင်းသိတဲ့ သူဌေးဆိုရင်တောင် သူတို့က အာရှတိုက်သားလာရောက်ခိုလှုံသူ၊ အလုပ်လာလုပ်သူ အမှတ်နဲ့ မပြီးနိုင် မစီးနိုင် စစ်ဆေးနေတတ်ကြတာပါ။ စာရေးသူဆို ဥပဓိရုပ်က ခန့်ငြားလေတော့ မကြာမကြာ နိုင်ငံထဲ ပေးမ၀င်ပဲ အသေစစ်ဆေးတာ ခံရပါတယ်။ အဲ့ဒီတော့ ခရီးထွက်ဖို့ရှိရင် စိတ်အေးလက်အေးဖြစ်အောင် ခရီးထွက်မဲ့ အချိန်မှာ ပတ်စပို့ သက်တမ်း ၆ လရှိ/မရှိ ကြိုတင်စစ်ဆေးထားပါနော်..။

၃။ ဗီဇာ လို၊မလို သေချာရဲ့လား
ဗီယက်နမ်ဆို ဗီဇာမလိုပေမဲ့၊ ဂျပန်လိုနိုင်ငံမျိုးကတော့ ဗီဇာပါမှ အ၀င်ခံပါတယ်။ ဥရောပနိုင်ငံတွေသွားမယ်ဆို နိုင်ငံစုံသွားလို့ရတဲ့ ဗီဇာဆိုပေမဲ့ ခရီးစဉ်စတဲ့ နိုင်ငံရဲ့ သံရုံးမှာ ဗီဇာသွားလျှောက်ရတာပါ။ သံရုံးတွေက ဗီဇာပေးရာမှာ လူဦးရေ ကန့်သတ်ချက် ရှိတတ်တာမို့  သတိထားရမှာပါ။ ဂျာမဏီက ခရီးစဉ်စရင် ဂျာမာန်သံရုံးမှာ ဗီဇာသွားလျှောက်ရတာပါ။ မိမိရတဲ့ ဗီဇာက ဘယ်နှစ်ရက် ဘယ်နှစ်လ ဗီဇာပေးထားတယ် ဆိုတာတွေလဲ တိတိကျကျ စစ်ဆေးထားသင့်ပါတယ်။ သတ်မှတ်ရက်ကျော်ပြီးနေရင် overstay ပြစ်ဒဏ် ထိတတ်တာပါ။

၎။ မိမိ သွားမဲ့ ခရီးစဉ်ကို သေသေချာချာ စီစဉ်ထားပါ၊ စစ်ဆေးပါ။ Booking လုပ်ထားပါ။ Map တွေရှာထားပါ။
ကျွန်မ အီတလီကိုရောက်ခဲ့တုန်းက စောင်းနေတဲ့ ကမ္ဘာကျော်ပီစာတာဝါကို မရောက်ခဲ့ရပါဘူး။ အဲ့ဒီနားက စားသောက်ဆိုင်မှာတောင် သွားထိုင်စားခဲ့ပါတယ်။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် သူငယ်ချင်းများနဲ့ သွားတာမို့ အပျော်တွေလွန်နေတာပေါ့။ အီတလီက ထွက်လာခါမှ.."ဟယ် ပီစာမျှော်စင် သွားလည်ဖို့ ကျန်ခဲ့ပြီ" ဆိုပြီး ရထားပေါ်မယ် ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်..။ ခရီးသွားလုပ်ငန်းတွေ ရဲ့ အစီအစဉ်နဲ့ သွားခဲ့ရင်လဲ မောင်နှမတို့ သွားချင်တဲ့ နေရာလေးတွေ ပါ၊မပါ ခရီးစဉ် အသေးစိတ်ကို ကြိုတင်စစ်ဆေးသင့်ပါတယ်။ စားချိန်၊နားချိန်တွေ လေ့လာထားဖို့ လိုသလို အဖြစ်မနေ အချိန်ကိုက် ရောက်ရမှာ တွေကိုလဲ သေသေချာချာ နားလည်သိရှိသင့်ပါတယ်။ နို့မို့ရင် ကျန်နေခဲ့တာ၊ အဲ့ဒီ့နေရာရောက်တုန်း ဓါတ်ပုံမရိုက်လိုက်ရတာ မျိုးတွေနဲ့ ခရီးစဉ် အပျော်လျော့ကုန်တာပေါ့..။ ဟိုတယ်အခန်း ကြိုလုပ်မထားမိလို့ အခန်းမရနိုင်တော့တဲ့ ပြသာနာ ကိုလည်း မကြာခဏ ကြားနေရဆဲပါ။ သတိထားပြီး ကြိုစီစဉ်ပါနော်။ အေးဂျင့်နဲ့ ဆိုရင်တော့ သတ်မှတ်ချိန် ငွေချေပေးပြီး သေချာအောင် လုပ်ထားသင့်ပါတယ်။ ခရီးစဉ်ဒေသရဲ့ မြေပုံလေးတွေလဲ ကြိုစုထားပါနော်။

၅။ သွားမဲ့ နေရာ အကြောင်း စာကြိုဖတ်ထားပါ..။
ကျွန်မကတော့ စာဖတ်တာ ၀ါသနာကြီးသူမို့ တနေရာရာ သွားရင် စာကြိုဖတ်လေ့ရှိပါတယ်။ လာအို သွားတုန်းကဆို လာအိုနန်းစဉ် သမိုင်းကောင်းကောင်းလေး ဖတ်သွားမိတော့ ခရီးသွားရတာ အရသာ ရှိလိုက်တာလေ။ သူများက ဟယ် နန်းတော် ပိစိလေးပဲ လို့ ရေရွတ်နေချိန်မှာ ကျွန်မကတော့ အဲ့ဒီမင်းဆက်က ပျောက်ဆုံးထွက်ပြေးနေရတဲ့ ဒုတိယမင်းသားလေး အခုနေဆို နတ်ရွာစံလေပြီလား?၊ ဥရောပမှာ ကိုယ်ယောင်ဖျောက်နေတာလား၊ ဒီနန်းတော်ထဲမှာပဲ အသတ်ခံရပြီး အစဖျောက်ခံလိုက်ရတာလား..အတွေးပေါင်းစုံနဲ့ ပေါ့..။ ခရီးမသွားခင် စာများများ ဖတ်ကြပါရှင်.. ခရီးသွားရတာ ပို အရသာရှိပါတယ်။
….
၆။ မိမိကိုယ်ပိုင်ပစ္စည်းတွေကို ခရီးသွားရင် လုံခြုံအောင် ထားတတ်ပါစေ။
အများစုကတော့ ခရီးဆောင်ခါးပတ်အိတ်ကို သုံးဖို့ အကြံပြုကြပါတယ်။ ဒါပေမဲ့ ခါးပတ်အိတ် မသုံးပဲ မိမိကိုင်နေကျ ပိုက်ဆံအိတ်ကိုပဲ သေသေချာ သိမ်းဆည်းနိုင်ရင်၊ လူကြားထဲ အိတ်ကြီးဖွင့်ပြီးလျှောက်သွားမနေရင် သာမာန်အားဖြင့် လုံခြုံပါတယ်။ မိမိ အကြွေးဝယ်ကတ်တွေ၊ ပတ်စ်ပို့တွေ ကော်ပီလေးဆွဲပြီး ခရီးဆောင်အိတ်ထဲ နေရာခွဲ သိမ်းထားရင်တော့ အရေးအကြောင်းဆို အသုံးဝင်တာပေါ့ရှင်။
မိမိဖုန်းကလေးတွေကိုလည်း အိတ်ကလေးတွေထဲ ထဲ့ဆွဲထားရင် မေ့ကျန်တာမျိုး မဖြစ်တော့ပါဘူး။
၇။ အကြွေးဝယ် ကဒ်ကလေး လုပ်ထားပါ။
နိုင်ငံခြားငွေ သုံးနိုင်တဲ့ ခရက်ဒစ်ကဒ်တွေ ကို ဘဏ်တွေက အိမ်တိုင်ရာရောက် လိုက်လုပ်ပေးနေတာမို့ ခရက်ဒစ်ကဒ်လေးလုပ်ထားပြီး ခရီးသွားရင်ဆောင်သွားစေ့ချင်ပါတယ်။ debit ကဒ်လဲရပါတယ်။ ဟိုတယ်ကြီးတွေ တည်းတဲ့ အခါ အာမခံ အတွက် ခရက်ဒစ်ကဒ် တောင်းတတ်တာမို့ပါ။ ငွေသားဆိုရင် ဒေါ်လာ ၃၀၀ လောက် တောင်းထားတတ်ပြီး၊ ပြန်ထုတ်ယူဖို့ မေ့များမေ့သွားခဲ့ရင် နှမျောစရာပါ။ ဈေးဝယ်လို့ ပါသွားတဲ့ ငွေမလောက်တဲ့ အခါတွေ မြန်မာပြည်အိမ်ကနေ ခရက်ဒစ်ကဒ်ထဲ ငွေလှမ်းထဲ့ပေးလို့ရပါတယ်။

၈။ ခရီးသွားစဉ် အိပ်ရေးဝအောင် အိပ်ပါ၊ ရေလုံလုံလောက်လောက်သောက်ပါ။
ခရီးသွားချိန်တွေဟာ အိပ်ယာပြောင်းတာမို့ အများစုဟာ ကောင်းကောင်း အိပ်မပျော်တတ်ပါဘူး။ ဒီလိုဖြစ်ရင် သေသေချာချာ နှိုးစက်ပေးအိပ်တာမျိုး၊ ဟိုတယ်ကို နှိုးခိုင်းတာမျိုး ကြိုလုပ်ထားပြီး အိပ်ပျော်အောင် အိပ်ပါ။ အိပ်ခါနီး ရေနွေးလေးစိမ်ချိုးလိုက်တာမျိုးဟာ အိပ်ပျော်စေပါတယ်။ ညနေခင်း ကော်ဖီ ကိုလာ ဆေးလိပ် အရက် စတဲ့ ကဖင်းပါတဲ့ အရာတွေ လျှော့သောက်ပါ။ လူကြီးများ အတွက်တော့ ခရီးမထွက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အိပ်ပျော်စေတဲ့ အားဆေး..စတာတွေ ဆောင်သွားသင့်ပါတယ်။ ရေ မကြာ မကြာသောက်ပါ။ အပေါ့သွားရခက်တဲ့နေရာတွေသွားတဲ့အခါတော့ သတိထားသောက်ပေါ့ရှင်။

၉။ ကျမ်းမာရေးကောင်းမှ ခရီးထွက်ပါ
စာရေးသူ တရုတ်ပြည် တစ်ခါသွားတုန်းက ဖျားလျက်တန်းလန်းကြီးပါ။ ခရီးစဉ် မဖျက်ချင်လို့ ခေါင်းမာပြီး ဇွတ်သွားခဲ့ပါတယ်။ အင်မတန် စိတ်ရော လူရော ပင်ပန်း ဆင်းရဲခဲ့ရပါတယ်။ အဖော်ပါသူတွေကိုလဲ အနှောင့် အယှက်ဖြစ်စေခဲ့ရပါတယ်။ ကိုယ်က ချောင်းတဟွတ်ဟွတ်ဆိုး၊ လေဆိပ်တွေ ဖြတ်တော့လဲ ကြက်ငှက်တုတ်ကွေး သမားနဲ့ မှားပြီး ကိုယ့်ကိုဆေးရုံခေါ်သွားမှဖြင့် အခက်လို့ ထိတ်နေခဲ့ရပါတယ်။ နောင် ဖျားနာနေရင် ခရီးမသွားတော့ပါ.။ ပြီးတော့လေ ခရီးသွားရင်း မခံနိုင်လောက်အောင် ပင်ပန်းတဲ့ တောင်တက် ဘာညာတွေ တအား မလုပ်ကြပါနဲ့ရှင်..၊ပျော်ရွှင် ပေါ့ပါးစွာ မိမိနဲ့လိုက်ဖက်ပြီး အပင်ပန်းခံနိုင်မဲ့ ခရီးသွားစဉ်မျိုးသာ သွားစေ့ချင်ပါတယ်။

၁၀။ တစ်ပ်မန်းနီး ပေးရမလား၊ မပေးရဘူးလား?
အမေရိကားကို သွားရောက်လည်ပတ်ပြီး စားသောက်ရာမှာဖြစ်ဖြစ်၊ ဧည့်လမ်းညွှန်ကိုဖြစ်ဖြစ် တစ်ပ်မန်းနီး မပေးခဲ့ရင် သင်ဟာ ရိုင်းပျတယ်လို့ အထင်ခံရမှာပါ။ အာရှနိုင်ငံတွေမှာတော့ တစ်ပ်မန်းနီး ရရင် ၀န်ဆောင်မှုပေးသူတွေက အရမ်းပျော်ပါတယ်။ နည်းသည် များသည်ကြောင့် မဟုတ်ပဲ ဂုဏ်ယူကြတာပါ။
ဒါေ့ကြာင့် မိမိသွားလည်မဲ့ နိုင်ငံ ရဲ့ အလေ့အထ ကို လေ့လာထားပါရှင်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။