Myotint Myo Tint added 3 new photos — feeling worried at Tokyo Shinjuku.
ဂျပန်နိုင်ငံက သတိထားစရာ(၁)ဂျပန်လူမျိုး kobayashi ရဲ့ ဖူဂျီး
တောင်ရဲ့ အရိပ်မှာ ခိုလုံခြင်း...
ဟာနနော မိရာကို花の都 ( အမြဲတမ်းလှလှပပနဲ့ တွေ့မြင်နေ ရတဲ့ ဒီမြို့ကြီးဟာ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းမြို့တော် လို့ တင်စား ရလောက် အောင်ပါပဲ )တိုကျိုဟာ ရောင်စုံ မီးလုံးတွေရဲ့အောက်မှာ လှ ချင်တိုင်းလှနေပါတယ်....။
Kobayashiဆိုတဲ့အသက် ၃၂နှစ် အရွယ်လူငယ်တယောက်က ရှင်းဂျုကုမှာရှိတဲ့ မြင့်လွန်းတဲ့တိုက် တွေရဲ့ အပေါ်ကကြော်ငြာဆိုင်း ဘုတ်နဲ့ အရောင်တဖျက်ဖျက် ခပ်နေတဲ့ t.v ကြီးကိုကြည့်ရင်း စိတ်ထဲမှာ ကြည်နူး နေမိတယ်။
အတိတ်တွေကိုပြန်ပြောင်း စဉ်း စားရင်း နှုတ်ခမ်းထောင့်လေးကို ကွေးသွားအောင်ပြုံးလိုက်တယ်။လွန်ခဲ့တဲ့ ၃နှစ်ကျော်နယ်က နေ မြို့ကြီးပြကြီး တိုကျိုကိုရောက် လာတဲ့ အခါတုန်းကရှောင်ရမဲ့နေရာ တွေထဲမှာ Ginza(銀座)နဲShinjuku (新宿)ဆိုတဲ့နေရာတွေက ထိပ် ဆုံးမှာ ရှိနေခဲ့ပါတယ်။Ginza ဆိုတဲ့ နေရာက ပစ္စည်းတွေကဈေးအရမ်း ကြီးပြီး ပိုက်ဆံအကုန်အကျများမှာ ဖြစ်လို့ ရှောင်ရမဲ့ စာရင်းထဲမှာ ထည့်ထားခဲ့ပါတယ်။
Shinjuku ကတော့ လူရှုပ်လူ ပွေလူရမ်းကားနဲ့ ယာကူဇာက များ လို့ မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေ က " ဒီနေရာတော့ သတိထားနော်"လို့ အတန်တန် သတိပေးနေတဲ့ နေရာ ....။ အခုတော့လည်း အနေကြာလာတဲ့ တိုကျိုမြို့မှာ နားရက်တိုင်းသောက်စားပျော်ပါး စရာအကောင်းဆုံး နေ ရာက ရှင်းဂျုကုဖြစ်နေပါပြီ။ဆိုင်အ မျိုးပေါင်းစုံ ကစားဝိုင်းပေါင်းစုံရှိတဲ့ ဒီ ရှင်းဂျုကုကို ဘယ်တော့မှမအိပ်တဲ့ ရပ်ကွက်လေးတခု( 眠れない街)အဖြစ်လည်း လူပြောများပါတယ် ......။
လခထုတ်ရက် လည်းဖြစ် နောက်ရက်မှာ နားရက်လည်းရလို့ kobayashi တယောက်တော့ သူ ငယ်ချင်းတသိုက်နဲ့ ရှင်ဂျုကုမှာ အရက်ဝိုင်းသောက်ဖြစ်တယ်။လုပ်တဲ့အလုပ်က စားသောက်ဆိုင် ဖြစ်လို့ လူစုပြီးဝိုင်းဖွဲ့တော့ ည၁နာရီ ကျော်ပါရော....။မနက် မိုးလင်း၎နာ ရီထိုးတဲ့ အချိန်မှာ ရထားတွေကစ ထွက်တော့ သောက်ဖော်သောက် ဖက်အသီးသီးက အိမ်ပြန်ကြပြီး လေ....။
တလမှာ တခါဖြစ်တဲ့လခထုတ် ထားတဲ့ပိုက်ဆံ၂၁သောင်း( မြန်မာ ငွေ၂၁၀၀၀၀၀) ကပူပူနွေးနွေးနဲ့ အိတ်ကပ်ထဲမှာ ရှိနေတဲ့ kobayashi က အိမ်မပြန်ချင် သေးပါဘူး။shinjuku က Kabukicho (歌舞伎町)ထဲမှာ တယောက်ထဲလျှောက် နေ မိပါတယ်။ဒီအချိန်မှာပဲ မျက်နှာ ရွှင်ရွှင်သဘောထားကောင်းပုံရတဲ့ ဧည့်သည်ခေါ်တဲ့ (客引き) လူငယ် နဲ့ မျက်လုံးချင်း ဆုံမိပါတယ်။သွက် သွက်လက်လက်ရှိတဲ့လူငယ်ကပဲ ..."အ ကိုကြီး ကျဗကုလ( キャバクラ ) ၁နာရီ၄၀၀၀ ပဲပေးရမယ် မိန်းက လေး ငယ်ငယ်ရွယ်ရွယ် အမိုက်စား လေးတွေ ကအကိုနဲ့ စကားပြောဖို့ ဆိုင်မှာ စောင့်နေကြတယ်လေ"...။
လူပျိုလူလွတ် တယောက်ဖြစ် တဲ့ Kobayashi ရဲ့ ပျော်ရွှင်မှုက တခါတလေ ကျဗကုလ( キャバクラ ) လို့ခေါ် တဲ့ နေရာကမိန်းက လေးတွေ နဲ့ သောက်ရင်းစာရင်းနဲ့ စကားပြောရ တာပါ။အဲဒီမှာ အများ ဆုံးနေမှ ၂နာရီ ၈၀၀၀(မြန်မာငွေ ၈သောင်း) တန်တယ် တန်တယ် ပျော်ရွှင်မှု အတွက်က ဒီလောက် တော့ ပေးရ မယ်လေ.,။ သေချာ အောင်ထပ်မေး ထားမှ...ဧည့်သည် ခေါ်တဲ့သူကို ကျော်သွားပြီးမှ ပြန်မေးလိုက်မိတယ် .....
"တနာရီ ၄ ထောင်သေချာတယ် နော်...."
လူငယ် ကလည်း
"အကိုဒီထက်ပို မယူပါဘူး..." "အေး..ဒါဆိုမင်းဆိုင်ကို သွားကြတာပေါ့.."
လို့ပြောပြီး လူ ငယ်နောက်က လိုက်သွားပါတယ်။ဆိုင်ထဲ့ရောက်တဲ့ အခါမှာ မီးရောင် ဖျော့ဖျော့ အောက်မှာအရမ်းလှပတဲ့ အဝတ်အစားနဲ့ မိန်းကလေးတော် တော်များများ ကဧည့်သည်နဲ့ စကား ပြောနေတာတွေ့ ရပါတယ်။
တွေ့ရတဲ့သူတွေကအကုန် ငယ် အကုန်လှနေတယ်..။လက်မှာ ပတ်ထားတဲ့ နာရီကိုတချက်ငုံ့ကြည့် လိုက်မိတယ် အချိန်နဲ့ ပိုက်ဆံပေးရ တဲ့ဒီဆိုင်မျိုးတွေက အချိန်မှတ်ထား မှမနက်၅နာရီတောင်ထိုး ပြီပဲ.....
*%####***~အင်း~မျက်စိစူး လိုက်တဲ့ အလင်းရောင်၊ထိန်ထိန် လင်းနေတဲ့ ခန်းမကျယ်ကြီးရဲ့ဆိုဖာ ပေါ်မှာ ငါအိပ်ပျော်နေခဲ့ပါလား....။ မနေ့ညကမီးဖျော့ဖျော့လေးသာ လင်းခဲ့တဲ့ အခန်းထဲက စားပြီးသား ပန်းကန်တချို့နဲ့သောက်ထားခဲ့တဲ့ အရက်ခွက်တွေရဲ့ဘေးမှာငါအိပ်နေခဲ့ပါလား..။လက်မှာရှိတဲ့နာရီကို ကြည့်လိုက်တော့ နေ့လည်၁၂နာရီ ထိုးနေပြီ ....၊ဒီအချိန်မှာပဲလူငယ်တ ယောက်ကရောက်လာပြီး "အိပ်လို့ ကောင်းရဲ့လား" လို့ခနဲ့တဲ့တဲ့ အသံ နဲ့ပြောပါတယ် "ရော့ ဒီဟာ ကုန်ကျ စရိတ် " လို့ပြောပြီးစာရွက်လေး တ ရွက်ကို ထားပြီးထွက်သွားလေရဲ့...။
စာရွက်ပေါ်မှာ ရေးထားတဲ့ ဈေးကယမ်း၅၁သောင်း (မြန်မာငွေ ၅၁သိန်း နီးပါး )မျက်လုံးပြူးသွား တာနဲ့အတူ ငွေသားရေးထားတဲ့စာ ရွက် လေးကိုပဲ အကြိမ်များစွာကြည့် ရင်း စိုးရိမ်စိတ်တွေဝင်လာပါတယ်...
အောက်မှာကျနေတဲ့အိတ်ကို ဖွင့်ပြီး မနေ့က လစာထည့်ထားတဲ့ယမ်း၂၁ သောင်းရှိတဲ့စာအိတ်ကို ရှာပေမဲ့ ဘယ်မှာ မှ ရှာမတွေ့ တော့ပါဘုး...။
သူအိပ်နေတဲ့ နေရာရဲ့အ လှမ်းဝေးတဲ့ နေရာက စကားသံတ ချို့ကို နားစွင့်ရင်း. သူရှိနေတဲ့နေရာ က အန္တရာယ်ရှိတယ်ဆိုတာစိတ်ထဲ မှာ ဖြစ်လာပါတယ် ....။ပျောက်သွား တဲ့ ယမ်း၂၁သောင်းထက် နောက် ပေးရမဲ့ ယမ်း၅၁သောင်း အတွက် စိုးရိမ်စိတ်တွေက ပိုများ လာပါပြီ။ချက်ချင်းပဲ အောက်မှာကျနေတဲ့ အိတ်ကိုစွဲကိုင်ပြီး အခန်းထဲကနေ ဝင် ပေါက်ဆီကို ထွက်အပြေး........ ရှေ့တည့်တည့်က အမဲရောင် အရိပ် တခုက သူ့ဆီကိုအရှိန်နဲ့ရောက်လာ ပြီးအတိုက်ခံရလိုက်ပါတယ်(နောက်မှ သိရတာက လာကုဘိ လို့ခေါ်တဲ့ အမေရိကန် foot ball ကစားနည်းနဲ့ တူတဲ့ အားကစား သမားဖြစ်ခဲ့သူက လုပ်တာလို့ သိရပါတယ်)။အတိုက် ခံရတဲ့အရှိန်ကြာင့် သူလွင့် သွားပြီး ကုန်းအထမှာရုတ်ရေကြမ်း တမ်းပြီး ကိုယ်ခန္ဓာတောင့်တင်းတဲ့သူ ၃-၄ ယောက်က သူရှေ့မှာရပ်နေပါတယ် ၊ဒီထဲက တယောက်က"ပိုက်ဆံ မပေးပဲ ဘယ်ကိုထွက်ပြေး မလို့လဲ" လို့ လှမ်းမေးလိုက်ပါတယ်။
"ဟို ပေးစရာပိုက်ဆံက မရှိ ပါဘူး"လို့ ပါးစပ်ကဖြေမိလိုက်ပါ တယ်။"သောက်ပြီးစားပြီးမှ ပေးစရာ ပိုက်ဆံမရှိရင် အလုပ်လုပ်ပြီးပိုက်ဆံ ပြန်ဆပ်ရုံပဲ ရှိတယ်ကွ"လို့အပြော ကို ကျန်သူတွေက အင်းလို့ခေါင်း ညိတ်ကြတယ်။နောက်တယောက်က "ဒီနေ့ကနေ စပြီး အကြွေးယမ်း ၅၁ သောင်း ကြေတဲ့အထိအလုပ်လုပ်ပြီးပြန်ဆပ် ရမှာ"ဖြစ်လို့ "မင်းအဝတ် အစားနဲ့ အသုံးဆောင်ပစ္စည်းတွေ ပါ ဒီမှာရှိမှ ဖြစ်မယ်"။ယာကူစာလိုကြောက်စ ရာ ကောင်းတဲ့ဒီအဖွဲ့ဟာ kobayashi ရဲ့ အိမ်အထိသွားပြီးလို အပ်တဲ့ ပစ္စည်းတွေကိုယူစေပါတယ် ။အဲဒီနေ့မှာပဲ kobayashiဟာအိမ် သာ တိုက် ပုကန်းဆေးတောက်တို မယ်ရအကုန်လုပ်ပေးရပါတယ်။ဒီ ဆိုင်ရဲ့ အလုပ်သမားတွေဟာ sumo(ဂျပန်နပန်း လုံးသမား)ဂျုဒို လာကူဘိ ဆိုတဲ့ အားကစားကိုလုပ် ခဲ့သူများဖြစ်လို့ထွားထွားကြိုင်ကြိုင်နဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်ကြ ပါတယ်။
အလုပ်ကိုဘယ်တော့မှပျက် ရက် မယူပဲလုပ်တဲ့ kobayashi ရဲ့ အလုပ်ကလည်း အလုပ်မလာလို့ ဖုန်းဆက် လာပါတယ်။ဒီအခါမှာ လည်း အလုပ်ကထွက် ကြောင်း အတင်း ပြောခိုင်းလို့ပြောရ ပါတယ်။
ဒါကိုပဲ ပြောခိုင်းတဲ့သူက "kobayashi.. " "မင့်မှာ အလုပ်မရှိ တော့လို့ဒီ မှာပဲတသက်လုံး လုပ်ရတော့မယ်" လို့ဆိုပါတယ်........။
Myo Tint.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။