Bamaw Thein Pe added 2 new photos.
#အသစ်တဖန်မွေးဖွားခြင်း
အရှိန်နဲ့ ခုတ်မောင်းနေတဲ့ရထားတစ်စီးပေါ်မှာ သားအဖ ၂ ယောက် လိုက်ပါစီးနင်းလာကြတယ်။
အသက် အစိပ်အရွယ် သားက ရုတ်တရက် ရထားပြုတင်းပေါက်အပြင်ဖက်ကို လက်ညိုးထိုးလိုက်ပြီး ခုလို အော်လိုက်တယ်။
"အဖေ၊ ကြည့်စမ်းပါအုံး ။ သစ်ပင်တွေက ရထားနောက်ဖက်ကို ပြေးနေကြတယ်"
"အေးပါ၊ သားရယ်၊ ဟုတ်ပါတယ်" အဖေလုပ်သူကလည်း ပြန်ပြောလိုက်တယ်။
သူတိုနဲ့ မျက်နှာချင်းဆိုင်က အသက် ၄၀ ခန့် လင်မယား ၂ ယောက်ဟာ အဲဒီလူငယ်ကို ကြည့်ပြီး သနားနေတယ်။
လူငယ်က ရုတ်တရက် ပြုတင်းပေါက်အပြင်ဖက်ကို လက်ညိုးထိုးပြီး အော်လိုက်ပြန်တယ်။
"အဖေ၊ ကြည့်ပါအုံး။ တိမ်တွေက ကျွန်တော်တို့ရထားနဲ့အတူတူ ပြေးလိုက်နေတယ်နော်"

မျက်နှာချင်းဆိုင်က လင်မယားထဲက ယောက်ျားဟာ စိတ်မကောင်းလွန်းလို့ မနေနိုင်တော့တာနဲ့ သူ့အဖေကို ခုလို ပြောလိုက်တယ်။
"ခင်ဗျားသားကို ဆရာဝန်ကောင်းကောင်း တစ်ယောက်နဲ့ ပြကြည့်ပါလားဗျာ"
လူငယ်ရဲ့ အဖေက ပြန်ပြောလိုက်တယ်။
"ပြပြီးပါပြီ ခင်ဗျာ။ အခုပဲ ဆေးရုံက ဆင်းလာကြတာလေ။ ကျွန်တော့်သားက မွေးကတဲက မျက်စိ ၂ ဖက်စလုံး မမြင်ရှာဘူး။ ဆေးရုံက မျက်စေ့ခွဲပေးလိုက်လို့ အခု သူ မျက်စေ့မြင်ရပြီ။ သူ့အတွက် မြင်မြင်သမျှ အရာအားလုံးဟာ အသစ်အဆန်းဖြစ်နေလို့ပါ" တဲ့။
ဗန်းမော်သိန်းဖေ
၀၇-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။