မပြောရဲသောစကားများ....
ကျနော်တို့မြန်မာနိုင်ငံမှာ လူလယ်ကောင်..လူကြားထဲမှာ ထုတ်မပြောရဲတဲ့စကားတွေရှိနေ တယ်.... ဒါဟာလူငယ်တွေအတွက် အင်မတန်ကြေကွဲစရာ ကောင်းတာပါပဲ။ ကျနော်တို့လူငယ်တွေကို.. မျိုးဆက်တွေကိုဘာတွေပေး နေကြတာလဲ........
ဥပမာ.......
ကျနော်ဟာရိုးသားသူတစ်ယောက်ပါ..ရိုးသားဖို့ကြိုးစားနေသူ တစ်ယောက်ပါ လို့လူငယ်တစ်ယောက်ကပြောပြီဆိုပါတော့..............
လူရိုးဆိုတာသချို င်္င်းမှာပဲရှိတယ်ဆိုတဲ့စကားဟာ အသက်ရှင်လျှက်နဲ့ ရိုးသား သောသူမရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲမဟုတ်လား......။ ဒီသူငယ်ဟာ ပတ်ဝန်းကျင်ရဲ့ ဟားတိုက်မှုကိုခံရတော့မယ်... .။ ဒီလိုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ မရိုးသားသူတွေချည်းပဲစုစည်း နေထိုင်နေကြတာလား....။ ကျနော်တို့ရဲ့သားတွေသမီးတွေ ကို..လူငယ်တွေကို..ကောက်ကျစ်စဉ်းလဲမှု တွေကိုပဲအမွေပေးကြမှာလား... ..။ ရိုးသားမှုရဲ့ကြီးမြတ်မှုကို သင်မပေးကြတော့ ဘူးလား.....။
ဖားနိုင်မှတော်... ပါးပါးလှီးနိုင်မှရ....ကျော်ခွနိုင်မှအခွင့်အရေးရတဲ့ ဘဝတွေ ကို ကျနော်တို့ရဲ့ သားတွေသမီးတွေလူငယ်တွေကို.. ဘယ်လိုမျက်နှာပေးမျိုး မျက်နှာထားမျိုးနဲ့သင်ပေးရမှာလဲ...။
ရိုးသားလွန်းရင် အ တတ်တယ်တဲ့..။ ဒီစကားကဟုတ်ပါ့မလား...။
ရိုးသားသူဟာဘယ်တော့မှ မအ ပါဘူး။ ဒီလိုအထင်လွဲအမြင်လွဲတွေဟာ
မရိုးသားတဲ့လူ့အသိုင်းအဝိုင်းကိုပုံဖော်နေခဲ့ တာဘယ်လောက်တောင်ကြာသွားပြီလဲ.....။
အရည်အချင်းပြည့်မှီတဲ့စိတ်ဓာတ်နဲ့စိတ်ထားဆိုတာ...ရိုး သားမှုအပေါ်အခြေခံ တယ်ဆိုတာ... ဘာဖြစ်လို့များ သိသိကြီးတွေနဲ့ ဖျောက်ထားချင်ကြတာလဲ..။
ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်.. ကျနော်တို့ရဲ့ပညာရေးစနစ်.. ကျနော်တို့ရဲ့ ဘာသာရေး... ရိုးသားခြင်းကိုအခြေခံနေသလား...။ စဉ်းစားရတော့မယ်။ ကျနော်တို့သားတွေကို ကျောင်းကိုလွတ်နေရတာဟာ...မရိုးသားစေတတ်ဖို့ လွတ်နေရတာလား..။ ဝမ်းနည်းတယ်ဗျာ..။ ကျနော်တို့ရဲ့နိုင်ငံရေးစနစ်..
ဘာတွေဖြစ်နေလဲဆိုတာ အားလုံးအသိ။ ကျနော်တို့ရဲ့ နိုင်ငံမှာအများဆုံး
ကိုးကွယ်နေတဲ့ဘာသာရေး.... သွားထိလို့တောင်မရဘူး။ ဒီ ၃ ခု ဆိုးဝါးစွာ
စုတ်ပြတ်သပ်နေရင်.....ကျနော်တို့ရဲ့ သားတွေသမီးတွေ မျိုးဆက်သစ်လူငယ် တွေကို ကျနော်တို့ ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရမှာလဲ...။
အခုချိန်မှာ. . .ကျနော်ဟာရိုးသားသူပါလို့. . .လူငယ်တစ်ယောက်ကို. . . ကျနော်မပြောရဲဘူး. .
- မှတ်စုကြမ်း
#ကိုမင်းမောင်
ကျနော်တို့မြန်မာနိုင်ငံမှာ
ဥပမာ.......
ကျနော်ဟာရိုးသားသူတစ်ယောက်ပ
လူရိုးဆိုတာသချို င်္င်းမှာပဲရှိတယ်ဆိုတဲ့စကားဟ
ဖားနိုင်မှတော်... ပါးပါးလှီးနိုင်မှရ....ကျော
အရည်အချင်းပြည့်မှီတဲ့စိတ်ဓ
ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်.. ကျနော်တို့ရဲ့ပညာရေးစနစ်.. ကျနော်တို့ရဲ့ ဘာသာရေး... ရိုးသားခြင်းကိုအခြေခံနေသလာ
အခုချိန်မှာ. . .ကျနော်ဟာရိုးသားသူပါလို့. . .လူငယ်တစ်ယောက်ကို. . . ကျနော်မပြောရဲဘူး. .
- မှတ်စုကြမ်း
#ကိုမင်းမောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။