Lin Wai shared a Page to the group: အင်္ဂလိပ်စာစိတ်ဝင်စားသူများ.
နိုင်ငံနာမည်နှင့် The သုံးခြင်း၊ မသုံးခြင်း။
(လေ့လာရန် အချိန်မရှိသေးပါက Share ထားပါ)
နိုင်ငံနာမည်ရှေ့တွင် the မသုံးရပါ။
ဥပမာစာကြောင်းများ။
❆ Cairo is the capital of Egypt.
(ကိုင်ရိုသည် အီဂျစ်နိုင်ငံ၏မြို့တော် ဖြစ်သည်။)
the Egypt ဟုမသုံးရပါ။
❆ Paris is the capital of France.
(ပဲရစ်သည် ပြင်သစ်နိုင်ငံ၏မြို့တော် ဖြစ်သည်။)
the France ဟုမသုံးရပါ။
သို့သော် ခြွင်းချက်ရှိပါသည်။
နိုင်ငံနာမည်တွင် Republic, Union, Kingdom, States တို့ပါလျှင် the ကိုသုံးသည်။
ဥပမာ။
❆ the United States of America
❆ the Czech Republic
❆ the United Kingdom
ဥပမာစာကြောင်း။
❆ Have you ever been to Switzerland or the United States?
(နင် ဆွစ်ဇာလန် ဒါမှမဟုတ် အမေရိကန် ရောက်ဖူးလား။)
Switzerland တွင် the မသုံးရပါ။ United States တွင် the ကိုသုံးသည်။
နိုင်ငံအမည်သည် အများကိန်းပုံစံဖြစ်ပါက the ကိုသုံးသည်။
ဥပမာ။
❆ the Netherlands
❆ the Philippines
❆ the United Arab Emirates (UAE)
❆ the Maldives

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။