Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 9, 2017

သမီးပြည့်တန်ဆာ (မင်းခိုက်စိုးစ န်) ---ဒုတိယအဆက်


ကျောင်းလွယ်အိတ်
သမီးပြည့်တန်ဆာ (မင်းခိုက်စိုးစ
န်) ---ဒုတိယအဆက်

သမီးပြည့်တန်ဆာ(မင်းခိုက်စိုးစန်)
ပထမပိုင်း
https://m.facebook.com/bagofschool/photos/a.1796455190595751.1073741889.1622164211358184/1812581868983083/?type=3&source=54

ဟာ တခြား လူနာ တစ်ယောက်ရဲ့ အတွင်းရေးကို ဆရာဝန်
တစ်ယောက် အနေနဲ့ ပြောခွင့် မရှိဘူးလေ ဒေါ်သိန်းမြရဲ့

အံမယ်လေး ဆရာရယ်။ ကျွန်မ အပြင်ကနေ အားလုံး ကြားပြီးပါပြီ။ ဟင်း…ဟင်း ကောင်မက မိန်းမလည် သိန်းကြွယ်
ဂိုက်ဆိုက်သာ ဖမ်းနေတာ ဥာဏ်က လက်တစ်ဆစ်နဲ့ လိမ်တာတောင် ယုတ္တိယုတ္တာ ရှိအောင် မလိမ်တတ်ဘူး။ ၀ါတွင်းကြီးများ ဒင်းက သူ့သမီးကို မင်္ဂလာဆောင်ပေးဦးမတဲ့ …ယုံပါလိမ့်မယ် အားကြီးကြီး ဟွန်းဟုတ်ပါရဲ့ ဒေါ်သိန်းမြ ပြောမှ စဉ်းစားမိသွားသည်။ မြန်မာ
ရပ်ရွာ ဓလေ့ ထုံးစံ အရ ဘယ်သူမှ ၀ါတွင်း မင်္ဂလာဆောင်လေ့ မရှိ။ ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သွားစဉ်မှာပင် ဒေါ်သိန်းမြက ဆက်ပြီး

သူ့သမီး အပျိုလေးကို သုံးလခံ တားဆေး လာထိုးတယ် ဆိုကတည်းက ဟိုဟာ ဖြစ်တော့မယ် ဆိုတာ ရှင်းနေတာပဲ။ ဒင်းက ကိုယ့်သမီး ခန္ဓာကိုယ်ကိုတောင် ပိုက်ဆံနဲ့ရောင်းတဲ့ မအေမျိုး။ ကျွန်မ တိုးတိုးတိတ်တိတ် ကြားမိသလောက် ဆိုရင် အပျိုကို စပြီး ဇာတ်သွင်းရင် ကနဦးမှာ သုံးသိန်းပေးတယ် ဆိုလားပဲ။ အဲဒါ ကောင်မက ပိုက်ဆံ သုံးသိန်း မက်ပြီး သူ့ သမီး အပျိုကို ပန်းဦး ဆက်မှာမို့လို့ ဗိုက်မကြီးအောင် ဒီမှာ ဆေးလာထိုးတာ ဆရာရဲ့

စကားလုံးခါးခါးတွေက ကျွန်တော့ ခေါင်းထဲကို သံနဲ့ ရိုက်သွင်းလိုက်သလို ဒိုင်းခနဲ ဒိုင်းခနဲ ၀င်ဆောင့်လာသည်။ ဆင်းရဲသား ရပ်ကွက်မှာ ဒီလို ဈေးကွက်မျိုး ထွန်းကားနေပြီလား။ အမေ
ကိုယ်တိုင်က သမီး လက်ကိုဆွဲပြီး ကလေးရဲ့ အပျိုစင် ဘ၀ကို သုံးသိန်းဖြင့် လိုက်ရောင်းနေပြီလား။
သြော်….
အိမ်သာ ကမုတ်ခွက်ထဲက ကိုယ့်အညစ်အကြေးကို ရေဆွဲပြီး ဝေါခနဲ စွန့်ပစ်လိုက်သလိုမျိုး ကိုယ့်ဗိုက်ထဲက မွေးထုတ်ထားသော ကိုယ့်သမီးကို ပြည့်တန်ဆာ ဈေးကွက်ထဲ ဝေါခနဲ သွန်ချလိုက်ပုံများ …..လွယ်လိုက်တာ…
ကျွန်တော်က သွေးပေါင်ချိန်တိုင်းသော ကိရိယာ၏ ရာဘာ ဖုလုံးကို ညှစ်ရင်း ဖြည်းဖြည်းချင်း မြင့်တက်သွားသော ပြဒါးတိုင်ကို အသိမဲ့စွာ ငေးစိုက်ကြည့်နေမိသည်။ ဖိအားတွေ များလေလေ ပြဒါးတိုင်ဟာ အပေါ်ကို မြင့်တတ်လေလေပေါ့။
ကိုယ့်သမီးရဲ့ ကာမကို ပြည့်တန်ဆာ ဈေးကွက်တင်ခါ နီးဆဲဆဲ….ကိုယ်ဝန်ရှိသွားမှာကို စိုးရိမ်သဖြင့် ဆေးခန်း ခေါ်လာပြီး တားဆေး တိုးပေးဖော် ရတာကိုကပဲ ဆပ်မကုန်တဲ့ မိဘ မေတ္တအနန္တလား။
မိုင်းနင်းမိသူတွေ ဗုံးဆံ ထိမှန်ခံရသူတွေ ကယောင်ကတမ်း
လှုပ်ရှား ပြေးလွှားအော်ဟစ်ကြတာကို ကျွန်တော် မအံ့သြမိတော့။ အခု ကျန်တော် ကိုယ်တိုင်လည်း နာကျင်လွန်းသဖြင့် ရွဲ့ရွဲ့စောင်းစောင်း အတွေးများနှင့် ကယောင်ကတမ်း ဖြစ်နေ၏။

(၆)
ညဉ့်နက်ချိန်မှာ ဆေးခန်းကို ပိတ်တော့ ကိုကျော်ထူးက ပါးစပ်မှာ ယမကာနံ့လေးစိုစိုနှင့် ၀ိုင်းကူ သိမ်းပေးရင်း နေ့လယ်က သူ့အဒေါ် ပြောသွားသည့် စိတ်မချမ်းသာစရာ စကား လက်ကျန်ကို ဆက်သည်။ ကိုစိန်သောင်း ကလည်း ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ တစ်ခွန်းစ နှစ်ခွန်းစ ၀င်ထောင်၏။
လူပျို ကာလသားကြီးတွေလည်းဖြစ် လည်ချောင်းထဲကို အရက်ဖြူ အခိုးတွေကလည်း ဆူဝေနေချိန် ဆိုတော့ သူတို့ ပါးစပ်က ထွက်လာသည့် စကားတွေက အတန်ငယ်တော့ ရိုင်းပျ ကြမ်းတမ်းနေသည်။

အပျိုကို ပါကင် ဖောက်ရင် သုံးသိန်း ဆိုတဲ့ ဈေးက ဒေါ်ဌေး အဖို့တော့ မက်စရာပေါ့။ သူ့မှာလည်း ခါးအောင်ပိုင်း သေပြီး အိပ်ရာထဲ လဲနေတဲ့ လူမမာ ယောက်ျားအတွက် ဆေးဖိုးက ရှိသေးတယ် မဟုတ်လား စိန်သောင်းရ

အောင်မလေး ကျော်ထူးရာ အဲဒီ သုံးသိန်းက တစ်ခါပဲ ရမှာလေ။ အ၀ှာလည်း အပြုခံပြီးရော သူ့သမီးက ဘယ်လိုလုပ်ပြီး
လင်ကောင်း သားကောင်း ရတော့မှာလဲ။ ရှေ့လျှောက် ဖာဖြစ်ဖို့ပဲ ရှိတော့တာပေါ့

အမှောင်က စပါးကြီးမြွေ၏ မျက်လုံးလို သားကောင်ကို ညှို့နေ၏။
သားကောင်က ဘယ်သူလဲ။ ကျွန်တော်တို့လား ခင်ဗျားတို့လား
အသိမဲ့ မိုက်မဲခြင်းများကတော့ ဆင်းရဲခြင်းကို မြွေရေခွံလို ခြုံကာ အရာရာကို ၀ါးမြိုဖို့ ရောက်လာခဲ့ပြီ။ မြွေ၏ အာခံတွင်းထဲမှ အသေပုပ်နံ့ကို ကျွန်တော် ရနေ၏။
အို မထူးတော့ပါဘူး။ အားလုံးကိုသာ မြိုချပစ်လိုက်ပါတော့။ ဟောဒီမှာ ဘယ်သူ တစ်ဦးတစ်ယောက်မှ အသက်ရှင်ဖို့ ကောင်းလောက်အောင် တန်ဖိုး ထိုက်ထိုက်တန်တန် မရှိပါ။

ဒါနဲ့များ လူတွေတဲ့
ကဲ အံ့သြဖို့ မကောင်းဘူးလား
ကျပ်ငွေ သုံးသိန်းဟု ခေါ်သော ငွေစက္ကူများကို ဖြုန်းတီး လွှင့်ပစ် နိုင်ရုံလောက်နှင့် မိန်းကလေး တစ်ယောက်ကို ပြည့်တန်ဆာ ဘ၀ ရောက်အောင် အပျို အင်္ဂါကိုမှ အရသာ ခံချင်လွန်းသာ
တဏှာရှင် ယောက်ျားကို ကျွန်တော် အံ့သြသည်။
လူငယ်မာနနှင့် ရုန်းကန်ချင်စိတ် မရှိဘဲ ဖျာပေါ် ကျော်ခင်းပြီး
မျက်လုံး စုံမှိတ်ကာ ပိုက်ဆံ လွယ်လွယ်လိုချင်တဲ့ ကလေးမလေးကို ကျွန်တော် အံ့သြသည်။
ကိုယ့်သမီး တစ်ဘ၀စာကို ပိုက်ဆံ သုံးသိန်းဖြင့် ရောင်းပြီး စားသောက် သုံးစွဲရက်သော မွေးသမိခင် ကိုလည်း ကျွန်တော် အံ့သြသည်။
ပြီးတော့… ပြီးတော့ အသားတကျ နေတတ်လွန်းသော
ကျွန်တော်တို့နှင့် ခင်ဗျား တို့ကိုလည်း ကျွန်တော် တအံ့တသြ မုန်းတီးရပါဦးမည်။
ဆေးခန်းတံခါးကို ပိတ်ပြီးတော့ ရှေ့က အမှောင်ထုထဲကို
ကျွန်တော် ငေးကြည့်နေမိသည်။ မိုးတွင်းမို့လို့လား မပြောတတ်။ ကျွန်တော့ ဆေးခန်းရှေ့ အ၀င် လမ်းကလေးသည် ဗွက်ပေါက် နေ၏။

(၇)

နောက်ထပ် ၅လခန့် ကြာမြင့်ပြီးသော အချိန်လောက် ဖြစ်မည် ထင်သည်။ ကျွန်တော့ ဆေးခန်းထဲသို့ အသား ညိုညို ပိန်ပိန် ဆံပင် နီကြောင်ကြောင်နှင့် အမျိုးသမီးငယ် တစ်ယောက်
ဝင်လာသည်။ လူနာ မှတ်တမ်း ရေးဖို့ မေးလိုက်တော့ နာမည်က သန္တာခိုင် အသက်က ၂၇ နှစ်
သူ့အသက်ထက် စာလိုက်လျှင် ရုပ်ရည်က ချုံးချုံးကျ အိုစာ
လွန်းနေသည်။ ပြီးတော့ သူ့လက်ဖျံနှင့် လက်ချောင်းကြား အရေပြား တွေပေါ်မှာလည်း အနာဖု စိုစိုလေးတွေ ဗရပွ ရှိနေသည်။
သူ့ အသွင်အပြင်ကို ကြည့်ပြီး ကျွန်တော့ စိတ်ထဲ မသင်္ကာ
ဖြစ်နေစဉ်မှာပင် ဆေးခန်း အကူ ကိုစိန်သောင်းက ကန့်လန့်ကာ ပိတ်စနောက်သို့ ခေါင်းပြူလာပြီး

ဆရာ…ဒါလေး တစ်ချက် ကြည့်ပေးပါဦး

ဟု ဆိုကာ စာရွက်ပိုင်းလေး တစ်ရွက်ကို ကမ်းပေး၏။
ကျွန်တော်က ဘာများလဲ ဟု မျက်မှောင်ကုတ်ကာ စာရွက်ခေါက်ကို ယူပြီး ဖြန့်ကြည့်လိုက်တော့ ကိုစိန်သောင်း လက်ရေးဖြင့် စာတစ်ကြောင်း ရေးထားသည်ကို တွေ့လိုက်ရသည်။ စာက

ဆရာ…အခု လာတဲ့ လူနာက Retro (+) နော်။ သတိ။

ထိုစာကြောင်းလေးကို ဖတ်ပြီး ကျွန်တော့ စိတ်ထဲမှ သြော် ဟု အသံမထွက်ဘဲ တီးတိုး ညည်းတွားမိသည်။ ကျွန်တော့ ရှေ့တွေ ထိုင်နေသော လူနာ မိန်းကလေးသည် HIV ကူးစက် ခံထားရသူမှန်း ကိုစိန်သောင်းက သိထားခြင်းကြောင့်
ကျွန်တော့ကို အသံတိတ်နည်းဖြင့် လှမ်းသတိပေးလိုက်ခြင်း ဖြစ်သည်။
လူနာက ခါးဆစ်ရိုးတွေ ကိုက်နေသည်ဟု ပြောသောကြောင့် ကျွန်တော်က စမ်းသပ် စစ်ဆေးကြည့်ပြီး လိုအပ်သော ဆေးဝါးများ ပေးလိုက်သည်။ လူနာ ပြန်သွားတော့မှ ကျွန်တော်က ဆေးခန်းရှေ့သို့ ထွက်လာပြီး ကောင်တာဘေးရှိ
ပက်လက်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ရင်း
စောစောက လူနာ အကြောင်းကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေတာလဲ ကိုစိန်သောင်းရဲ
ဟာ…ဆရာကလည်း အဲဒါ ဟိုတလောက သူ့သမီးကို
လိုင်းသွင်းဖို့ တားဆေး လာထိုးသွားတဲ့ ဒေါ်ဌေးရဲ့ သမီး
အကြီးလေ

သြော်

ဒီတစ်ခါ ရေရွတ်မိသည့် သြော် ဆိုသော စကားလုံး၏
အဓိပ္ပာယ်ကိုတော့ ကျွန်တော် ကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိ။ ကိုစိန်သောင်းက ဆက်ပြီး….

အဲဒီ အကြီးမက ဟိုဟာ လုပ်စားနေတာ ၁၅ နှစ် ၁၆ နှစ် သမီး ကတည်းကပဲ ဆရာရဲ့။ သူ့အမေပဲ စပြီး လိုင်းသွင်းခဲ့တာပေါ့လေ။ ဆရာ မြင်တဲ့ အတိုင်း အငယ်မလေးကို ဟိုတစ်ခါ
လုပ်သလိုပေါ့

ဒီတစ်ခါတော့ ကျွန်တော့် ပါးစပ်က ဘာစကားလုံးမှပင်
မရေရွတ်နိုင်တော့။ ကျွန်တော့် နှုတ်ခမ်းတွေ သွေ့ခြောက်နေ၏။ ကိုစိန်သောင်းက ဆက်ပြီး
အဲဒီ အကြီးမက ပြည့်တန်ဆာ အမှုနဲ့ ထောင်ကျပြီး ထောင်က လွတ်လာတာ မကြာသေးဘူး။ HIV ပိုး ရှိနေမှန်းလည်း အားလုံးက သိနေကြတော့ လုပ်စားလို့ မရတော့ဘူးလေ။ အဲဒါကြောင့် ဒေါ်ဌေးက သမီး အငယ်ကို သူ့အစ်မ လျှောက်တဲ့ လမ်းအတိုင်း လိုက်ခိုင်းတာ ထင်ပါရဲ့ ဆရာရယ်

လျှောက်နေကြတယ်လို့ ပြောရအောင် သူတို့မှ ကိုယ်ပိုင် ခြေထောက်တွေရော ရှိကြရဲ့လား။ သူတို့မှာ မကူးရဲ မခတ်ရဲ
ဒလိမ့်ခေါက်ကွေး မျောပါနေကြတာ မဟုတ်ဘူးလားဟု ကျွန်တော် တွေးလိုက်မိ၏။

(၈)

မွေးကတည်းက ဆင်းရဲတဲ့ မိသားစုမှာ မွေးလာလို့ ဆင်းရဲရတာဟာ အပြစ်မရှိပါဘူး။ ကိုယ်ညံ့လို့မှ မဟုတ်ဘဲလေ။ မှားယွင်းတဲ့ နိုင်ငံရေး စနစ်တစ်ခုရဲ့ သားကောင် ဖြစ်ရတာဟာလည်း လူတွေ ညံ့လို့တော့ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ထား၏ သို့သော် အစဉ်သဖြင့် သားကောင် ဘ၀မှာပဲ ပျော်မွေ့ နေတာမျိုး ဆင်းရဲခြင်းကိုပဲ ယိုးမယ်ဖွဲ့လို့ ရေစုန်မျောနေတာမျိုး
ကြတော့ ကိုယ်ညံ့ရာ ကျသွားပြီ ဖြစ်သည်။
အမေ တစ်ယောက် ညံ့သည် ဆိုလျှင် ပိုဆိုးပြီပေါ့။
အမေ တစ်ယောက် အနေဖြင့် ဆင်းရဲတွင်းထဲမှ ရုန်းထွက်နိုင်လောက်အောင် အင်အား လုံးဝ မကျန်တော့သည့် အထိ ခြေကုန်လက်ပန်း ကျသွားသော အနေအထားမျိုး ရောက်နိုင်သည်ကိ
ကျွန်တော် နားလည်သည်။
သို့သော် အမေ တစ်ယောက်သည် ကိုယ့်သားသမီး၏ နှလုံးသားထဲမှာ အခက်အခဲကို ဒူးမထောက် အညံ့မခံသည့်
စိတ်ဓာတ်လေး တစ်ခုတော့ ရှင်သန်အောင် ပျိုးထောင်ပေးဖို့ လိုအပ်သည်ဟု ကျွန်တော် ထင်၏။

သြော် အခုတော့……အခုတော
အမေဖြစ်သူ ကိုယ်တိုင်က သမီးတွေကို လူပီပီသသ ရုန်းကန် ရှင်သန်တတ်ဖို့ သင်မပေးဘဲ ပိုက်ဆံရဖို့ ဆိုရင် ခန္ဓာကိုယ် ကိုတောင် ရောင်းစားဖို့ လမ်းပြ ပို့ဆောင် ပေးနေခဲ့ပြီလေ။
ကဲ မိဘ ကျေးဇူးကို ကျွန်တော် ဘယ်လို ဖွဲ့နွဲ့ သီကုံးရမလဲ။
ရေစုန် မျှောလိုက်သူများ သမ္မတ နိုင်ငံတော် အတွင်းမှာ
မိဘတွေ သားသမီးတွေ ဆွေမျိုးတွေ အပေါင်းအသင်းတွေ သူသူ ငါငါ ယောင်္ကျား မိန်းမ အားလုံးလူမှန်သမျှ အသိဥာဏ်
ကင်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
ဆင်းရဲခြင်း နှင့် နေသားကျနေကြသည်။
ရိုင်းစိုင်းရန်လိုခြင်းနှင့် နေသားကျနေကြသည်။
စည်းကမ်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
တစ်ယောက်ကို တစ်ယောက် မလေးစားခြင်းနှင့် နေသားကျနေကြသည်။
ရှင်းရှင်းပြောရလျှင် သူတို့အားလုံးတွင် ရှင်သန်နေသော လူသား တန်ဖိုးဂုဏ်သိက္ခာ ဟူ တစိုးတစိမှ မရှိကြတော့။
ဟုတ်ကဲ့။
မနက်ဖြန် ဆိုလျှင် ကျွန်တော့ ဆေးခန်း ဆိုင်းဘုတ်
အောက်တွင် လူသေများကို ဆေးကုသည်။
ဟူသော စာကြောင်းတစ်ကြောင်း ဖြည့်စွက်ရပါဦးမည်။


မင်းခိုက်စိုးစန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။