Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 16, 2017

“ရာဇဝင်ကိုခြေရာခံခြင်း” (မင်းဒင်)

ယနေ့(၁၆၊ဖေဖော်ဝါရီ၊၂၀၁၇)ထုတ် သည်ဗွိုက်ဒေးလီးနေ့စဉ်သတင်းစာမှ။ ။

“ရာဇဝင်ကိုခြေရာခံခြင်း”

(မင်းဒင်)

(၁)
အချို့သောဇာတ်၊နိပါတ်၊ပုံပြင်၊ဇာတ်လမ်း၊ရာဇဝင်သမိုင်း၊သီချင်းစာသား
စသည်တို့၌၊စာရေးသူအနေဖြင့်၊ရှေးကဖြစ်ခဲ့ဖူးသောမှတ်တမ်းရာဇဝင်တို့နှင့်
ချိတ်ဆက်ဖော်ပြရေးသားလေ့ရှိကြသည်။ထိုသို့ရေးသား ဖော်ပြရာတွင်
အများသိပြီးဖြစ်သည်ဟုမျှော်လင့်၍တစ်ကြောင်း၊အကျယ်တဝင့်
ရှည်လျားစွာဖော်ပြရန်မသင့်သည်ကတစ်ကြောင်း၊ အကြောင်းကြောင်း တို့ကြောင့်အတိုချုံ့၍အကျဉ်းမျှသာဖော်ပြတတ်လေရာ၊မြှုပ်ကွက်အချို့
ပါရှိနေတတ်သည်။

ထိုအခါစာဖတ်သူအနေဖြင့်၊ယင်းမြှုပ်ကွက်ကို၊ရှင်းလင်းစွာနားလည်
သဘောပေါက်မှသာ၊စာရေးသူ၏ဆိုလိုရင်းအနှစ်သာရ၊ပေးလိုသော
သတင်းစကားကိုခြုံငုံမိနိုင်မည်ဖြစ်၏။သို့မှသာစာရေးသူကိုရင်ဘောင်
တန်းနိုင်သောစာဖတ်သူဖြစ်လာနိုင်ပေလိမ့်မည်။

ယင်းအချက်နှင့်စပ်လျဉ်း၍ကျွန်တော်ကိုယ်တိုင်ပက်ပင်းကြုံခဲ့ရသောရာဇဝင်တစ်စောင်ထဲကမြှုပ်ကွက်တစ်ခုကိုတင်ပြလိုပါသည်။ အောက်ပါစာပိုဒ်ကိုရှုပါ။

“အကျွန်ုပ်တို့သတိုးသည်၊ယခုပြုမည့်သစ္စာမှန်၏လောဟုမေးရာတွင်၊ကျွန်ုပ်စိတ်တွင်အောက်မေ့မိထည့်သည်။အင်းဝစစ်သည်တို့မျိုးရိက္ခာကုန်၍ငတ်မွတ်လျှင်ခွာ၍ပြေးမည်။

သို့လျှင်နိုင်မည်ကိုအနိုင်မခံ၊သစ္စာပြုပြီးမှနိုင်အောင်ပြုမည်ကြံသောအကြံသည်၊ရှေးကအသားမင်းသားသည်၊သိကြားသမုတ်သည့်ဟံသာဝတီသည်
ရန်စစ်ရောက်လျှင်အောင်နိုင်တော့သည်ကို၊ယင်းသို့ကားမအောက်မေ့။
မင်းစဉ်းလဲအားဖြင့်နိုင်အောင်ပြုသောကြောင့်၊သိကြားသမုတ်သည့် ဟံသာဝတီဟူသောအမည်ပျောက်ခဲ့၍၊ဥပါယ်နှင့် ရသောကြောင့် ဥပါယ်ခိုးဟုတွင်ပြန်သည်ကိုရှည်သောအားဖြင့်၊ပဲခူးဟုတွင်သည်။

ယခုတို့သခင်သည်သူရိက္ခာကုန်၍ပြန်တော့မည်ကိုသစ္စာခံမှဖောက်ပြန်၍အနိုင်ယူတော်မူသော် ပဲခူးဟူသည့်အမည်ကို နောက်ပဇာအမည်ခေါ်ပြန်တုံ့အံ့ ဟုအောက်မေ့၍စစ်ထိုးရာတွင်ကို၊သစ္စာမှန်ဖူးသလောဟု သတိုးကို ဆိုပေသည်မှန်၏”။(မွန်ပညာရှိအမတ်ကြီးဗညားဒလ၏ရာဇဓိရာဇ်အရေးတော်ပုံကျမ်းမှ။မူရင်းသတ်ပုံအတိုင်း)

(၂)
အထက်ပါစာပိုဒ်သည်မွန်ပညာရှိအမတ်ကြီးရေးသားစီရင်အပ်သောရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှ ဖြစ်ပြီး၊မွန်မြန်မာအနှစ်လေးဆယ်စစ်ပွဲကိုအသေးစိတ်ရေးဖွဲ့ထားသည်။

လဂွန်းအိမ်သည်သုရှင်ရာဇာဓိ ရာဇ်၏အမတ်သူရဲကောင်းဖြစ်၏။ လဂွန်းအိမ်ကားနှယ်နှယ်ရရသူရဲကောင်းမဟုတ်။ခြေလျင်တပ်၊မြင်းတပ်၊
ဆင်တပ်နှင့်လှေတပ်တိုက်ပွဲတို့တွင်အောင်ပွဲအလီလီရခဲ့သူဖြစ်၏။
သုရှင်၏တိုက်စစ်အားခံတပ်အတွင်းမှ ကြံ့ကြံ့ခံနေခဲ့သော သံမောင်မြို့စားမဂြိုင်း၏ဦးခေါင်းကို၊ခံတပ်အတွင်းတစ်ကိုယ်တော်ဝင်ရောက်၍
ဖြတ်ယူလာနိုင်သည်အထိ၊လက်ရုံးရည်စွမ်းပကားကြီးသူဖြစ်၏။

သူ၏တိုက်ပွဲမှတ်တမ်းများအရသူသည်သူရသတ္တိအရာတွင်ပြောင်မြောက်ရုံမျှ
မက၊အမှန်တရားကိုချစ်မြတ်နိုးတတ်သောဗျတ္တိနှင့်လည်း ပြည့်စုံသူဖြစ်ကြောင်း၊အောက်ပါသမိုင်းမှတ်တမ်းက သက်သေခံလျက် ရှိသည်။

တစ်ခါသော် သုရှင်၏တပ်နှင့်အင်းဝတပ်တို့ပန်းကျော်အရပ်တွင်၊ရင်ဆိုင်မိကြသည်။
အင်းဝတပ်တို့စစ် ပန်းကာ၊ရိက္ခာပြတ်လုဆဲဆဲအချိန်တွင်၊သုရှင်က ဥပါယ်တမျဉ်ဖြင့်၊အနိုင်ရအောင်အစီအမံတစ်ရပ်ကြံ စည်ခဲ့၏။

ယင်းမှာနှစ်ဖက်တပ်တို့မြသီတင်းဘုရားရင်ပြင်တွင်သစ္စာပြုကြမည့်လေဟန်၊
ဟန်ဆောင်၍၊ မြသီတင်းဘုရားသို့သွားရာလမ်းခုလတ်သဲသောင်ပြင်တွင်ဓားများကိုမြှုပ်ထားပြီး၊အချိန်းအချက်ပြသည်နှင့်မြန်မာသူရဲကောင်းအမတ်တို့အားလက်စတုံးရန်ဖြစ်၏။လိုရင်းကိုဆိုရသော်သုရှင်ကိုယ်တော်တိုင်စီမံ သောယင်းအကြံအစည်သည်လဂွန်းအိမ်၏ဖွင့်ဟချက်ကြောင့်ပျက်ပြားသွားခဲ့ရလေသည်။

သုရှင်အမျက်ပြင်းစွာထွက်တော်မူသည်ဖြစ်၍၊အမတ်ဒိန်မဏိရွတ်ထံအပ်နှံ၍
လဂွန်းအိမ်ကိုစစ်မေးစေရာ၊ရည်ညွှန်း ပါစာပိုဒ်တွင်ဖော်ပြထားသည့်အတိုင်း၊ လဂွန်းအိမ်က၊ပြန်လည်ရှင်းလင်းလျှောက်ထားခဲ့ခြင်းဖြစ်လေသည်။

(၃)
ဤစာပိုဒ်တွင်ကျွန်တော့်အားအကြပ်ရိုက်စေခဲ့သည်မှာ“ရှေးကအသားမင်းသားသည်၊သိကြားသမုတ်သည့်ဟံသာဝတီသည်ရန်စစ်ရောက်လျှင်အောင်နိုင်တော့သည်ကို၊ယင်းသို့ကားမအောက်မေ့။မင်းစဉ်းလဲအားဖြင့်နိုင်အောင်ပြုသောကြောင့်၊သိကြားသမုတ်သည့်ဟံသာဝတီဟူသောအမည်ပျောက်ခဲ့၍၊ဥပါယ်နှင့် ရသောကြောင့်ဥပါယ်ခိုးဟုတွင်ပြန်သည်ကိုရှည်သောအားဖြင့်၊ပဲခူးဟု
တွင်သည်”ဟူသောစာပိုဒ် ဖြစ်၏။

လဂွန်းအိမ်၏လျှောက်တင်ချက်သည်၊စစ်သူရဲကောင်းပီပီမလိမ့်တပတ်နည်းဖြင့်အနိုင်မယူလိုဟုဆိုလိုရင်းဖြစ်ကြောင်းကိုမူ၊ရိပ်ဖမ်းသံဖမ်းမျှကျွန်တော်သိပါ၏။

သို့သော်အသားမင်းသားသည်မည်သူနည်း။အသားမင်းသားသည်
မည်သည့်တိုက်ပွဲကိုမည်သို့သောဥပါတယ်တမျဉ်ဖြင့်တိုက်ခဲ့ပါသနည်း။
အဘယ်အချက်ကြောင့်အသားမင်းသားအားမင်းစဉ်းလဲဟုယိုးစွပ်နိုင်ပါသနည်း။

အသားမင်းသား၏ရာဇဝင်ကိုခိုင်လုံစွာမသိရှိသောကြောင့်၊
ကျမ်းပြုဆရာအမတ်ကြီးဗညားဒလပေးလိုသော၊သတင်းစကားကို၊
ကျွန်တော်တိကျသေချာစွာမစောကြောနိုင်ခဲ့ချေ။နဝေတိမ်တောင်ဖြစ်ရ၏။

၎င်းအပြင်ထိုအသားမင်းသား၏ရာဇဝင်သည်၊ရာဇာဓိရာဇ်၏လျှို့ဝှက်စစ်ဆင်
ရေးအစီအမံကိုဖျက်နိုင်ရလောက်အောင်၊လဂွန်းအိမ်ထုချေကိုးကားခဲ့သောမှတ်တမ်းဖြစ်၍၊အလွန်အရေးပါသောအချက်ဟုကျွန်တော်မြင်သည်။

ထို့ကြောင့်ကျွန်တော်သည်၊လဂွန်းအိမ်၏လျှောက်တင်ချက်ထဲမှ၊အသားမင်းသား၏ရာဇဝင်ကိုရှာပုံ တော်ဖွင့်ခဲ့ရာ၊တစ်ခုသောအွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသောအမျိုးသားပညာဝန်ဦးဖိုးကျား၏မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ၌အောက်ပါအတိုင်းတွေ့ရှိရသည်။

“မွန်လူမျိုး အသားမင်းသား”
ယခု ပဲခူး ဟံသာဝတီ နေရာတွင် ဟိုအလွန်ရှေးကျသော အခါကာလက ပင်လယ်ရေလွှမ်းမိုးလျက် ရှိ သည်။ နောက် ကျွန်းငယ်ကလေးတစ်ခု
ပေါ်လာသည်။ ထိုကျွန်းငယ်မှာ အလွန်သေးငယ်၍ ဟင်္သာဖိုမနှစ်ကောင် မနားလောက်သောကြောင့်ဟင်္သာဖို၏ကျောထက်တွင်ဟင်္သာမနားရသည်
ဆိုသည်။ဤသို့ဟင်္သာဖိုမနားသောကျွန်းအရပ်ဖြစ်၍'ဟံသာဝတီ'ဟုတွင်လေ
သည်။ဤနေရာသည်မွန်တို့၏ နယ်တွင်း ဖြစ်၏။ သို့ရာတွင် အိန္ဒိယတိုင်းသား ကုလားများ ရောက်လာ၍ ထိုကျွန်းကို တွေ့ရှိပြီး ၊ မိမိတို့ ပိုင်လိုသည်နှင့် သံတိုင်ကို စိုက်မှတ်ထားလိုက် လေ၏။

သထုံဘုရင်၏သားတော်များဖြစ်သောသမလနှင့်ဝိမလညီနောင်နှစ်ပါးတို့သည်၊အသက်(၁၇)နှစ်ခန့်၌မြို့သစ် အသစ်တည်ထောင်ရန်
လှည့်လည်ရှာဖွေခဲ့ရာ ထို ဟံသာဝတီကျွန်းကို တွေ့လေ၏။
သို့တွေ့သောအခါ၌ " ကုလားတို့ သံတိုင်စိုက်၍ အစောင့်ထားသည်မှာ အနှစ်(၉၀)ရှိလေပြီ။သို့ရာတွင် မွန် မင်းသားတို့က ငါတို့ မွန်နယ်ဖြစ်သည်။ ငါတို့သာ ပိုင်ထိုက်သည် " ဟု ဉာဏ်ကူ၍ အမှတ်မဲ့ ထိုကုလား သံတိုင်အောက်က သံကောက်ကိုးစင်း မြှုပ်ထားလိုက်၏။ ပြီးမှ မိမိတို့ကအလျင်ကျကြောင်း ၊ဦးကြောင်းဆို၍ တူးကြည့်ကြရာပြောသည့် အတိုင်းသံကောက်ကိုးစင်းတွေ့ရှိ၊မွန်မင်းသားတို့ကကျွန်ကို ရလေ၏။

(၄)
ထိုအခါမှ 'ဟံသာဝတီ'ဟုသမုတ်၍သမလကမင်းပြု၍ဝိမလကိုအိမ်ရှေ့ပေးထား၏။
ထိုဟံသာဝတီ တည်သောသက္ကရာဇ်ကား(၅၀၀)ကျော်ဖြစ်လေသည်။ သမလမင်းသည်မယ်ကပီထော်ဆိုသူကိုမိဖုရားမြှောက်၏။ထိုမိန်းမ၏ဖမိများမှာဖရုံစိုက်ပျိုးစားသောက် သူများ ဖြစ်၏။

၎င်းတို့၏သမီးပျိုအလွန်လှပချောမောသဖြင့်မင်းကတောင်းရာကြောက်၍ပြေး
ပုန်းသောကြောင့်ရှာဖွေသောအခါဖရုံရုံထဲကတွေ့လေ၏။သို့ကြောင့်
'မယ်ကပီထော်'ခေါ်သည်။မြန်မာဘာသာဖြင့်'ရွှေဖရုံမယ်ဟုခေါ်နိုင်၏။

ထိုမိဖုရားမယ်ကပီထော်မှသားတော်တစ်ပါးဖွား၍ငါးလ၊ခြောက်လခန့်တွင်
သမလမင်းနတ်ရွာစံလေ၏။ထိုအခါညီတော်ဝိမလသည်ထီးနန်းတက်၍
ထိုမရီးတော်ကိုပင်မိဖုရားမြှောက်ပြန်၏။သားတော်ကလေးကိုကား ရန်သူ ဖြစ်မည်စိုး၍ နယ်စွန်နယ်ဖျားသို့ သွား၍ ပစ်ရမည်ဟု မိန့်လေ၏။သို့အတိုင်း ပေါင်းလောင်းမြစ်အရှေ့ဘက် ' ကွမ်အပ်သား ' (ဝါ) ' ကွမ်အသား ' ရွာ ၊ မွန်ကရင်လူမျိုး မုဆိုးမ မိနန်းကလိုင်း (မိနန့်ကလိုင်း) ၏ ကျွဲခြံဝ၌ ညအခါ ကလေးကို စွန့်ပစ်ခဲ့လေ၏။

နံနက်စောစောကျွဲတို့ကိုလွှတ်ရာကျွဲမကြီးတစ်ကောင်သည်အလျင်ထွက်၍
ခြံဝရှိကလေးကိုခွ၍ရပ်နေ၏။ကျွဲရှင်မိနန်းကလိုင်း(မိနန့်ကလိုင်း)ကတွေ့ရှိကာ၊မွေးစားထားလေ၏။ဤသူငယ်သည်ကြီးလာသော်ကျွဲများ၊နွားများကိုကျောင်းရ၏။ကျွဲတို့ကိုအလွန်ယုယလေသဖြင့်ကျွဲတို့ကလည်းအလွန်ခင်မင်ယဉ်ပါးလေသည်။ထိုသူငယ်မှာထွားကျိုင်း၊သန်မာ၊လျင်မြန်၊ပေါ့ပါး၏။ကျွဲတို့အပေါ်၌တက်စီး၊တစ်ကောင်မှတစ်ကောင်ကူးစသည်ဖြင့်ချိုကြားတို့၌ပင်ခုန်လွှားကစားနေလေ့ရှိ၏။ဤသို့သန်စွမ်းကျင်လည်ကြောင်း အနီးအဝေး ကျော်စောလေသည်။

ဝိမလမင်းနန်းစံ (၈) နှစ်တွင် ကုလားတို့သည် မကျေနပ်၍ အရပ်(၇) တောင်
မြင့်သော လန်ဘား ဆိုသူကုလားကြီးကဗိုလ်ပြုလျက် သင်္ဘော(၇)စင်းနှင့် လာရောက်ကြပြန်၏။ထိုကုလားရန်ကိုဖြိုဖျက်နိုင်သူ မရှိ၍ ဖြိုဖျက်နိုင်သူ လူစွမ်းကောင်းကို ရှာစေတော်မူ၏။

(၅)
ထိုအခါမှထိုကျော်စောသောသူငယ်ကိုတွေ့ရှိပြီး၊ကျွဲကြီးကိုစီး၍လိုက်လာခဲ့၏။
ရောက်မှတူတော်ဖြစ်ကြောင်းသိရှိ၍၊ကုလားရန်ကိုဖြိုဖျက်စေ၏။ကုလားလန်ဘားနှင့်မွန်မင်းသားတို့နှစ်ယောက်ချင်းတိုက်ကြမည်ဟုသဘောတူကြ၏။
ကုလားကြီးသည်သံချပ်ဝတ်လျက်ငှက်ပျောရွက်ခန့်ရှိဓားကြီးကိုထမ်းလာ၏။ မင်းသားကလည်းငှက်ပျောရွက်ခန့်ရှိလှံနှစ်စင်းကိုဆွဲ၍ထွက်လာ၏။နှစ်ဦးနှစ်ဖက်လူတို့လည်းဘေးက ကြည့်နေကြကုန်၏။

နှစ်ယောက်ယှဉ်၍တိုက်မည့်ဆဲဆဲတွင်မွန်မင်းသားကဉာဏ်ကူ၍
"ငါတို့နှစ်ယောက်ချင်းတိုက်မည်ဟု ကတိထားလျက် အဘယ်ကြောင့် နောက်လိုက် အကူအညီ ခေါ်ခဲ့သနည်း " ဟုဆိုလိုက်၏။ထိုအခါ ကုလားကြီးက"ငါ့မှာအဖော်မပါတကား" ဟုဆို၍နောက်သို့လှည့်ကြည့်လိုက်၏။ထိုသတိလစ်သောခဏ၌
မွန်မင်းသားကလှံဖြင့်လည်မျိုကိုထိုးလိုက်ရာကုလားကြီးကျလေ၏။
ကုလားတို့လည်းပြေးကြရလေကုန်၏။ကုလားတို့ကိုဥပါယ်တံမျဉ်ဖြင့်နိုင်ရလေသည်ဟု'ဥပါယ်ခိုး'နောက်စကားရွေ့၍'ပဲခိုး'၊'ပဲခူး'တွင်သည် ဆိုသည်။

(ရှေးက ထိုပင်လယ်တိမ် အရပ်ရေတွင် များစွာသော ဝမ်းဘဲများ ကူးသန်းစားသောက် ရှိနေကြသဖြင့် ' ဝမ်းပဲကူး ' ၊ ' ပဲကူး ' ၊ ' ပဲခူး ' ခေါ်တွင်လာဟန်ကိုလည်း အချို့ ကြံဆကြသည်။)

ဝိမလမင်းသည် တူတော်အား အိမ်ရှေ့ပေး၏။ ဝိမလမင်း နတ်ရွာစံသော် တူတော် နန်းတက်၍ အနှစ်( ၂၀) မျှ မင်းပြုပြီးမှ အနိစ္စရောက်လေသည်။' ကွမ်အသား ' ရွာတွင် ကြီးပြင်းခဲ့ရသူဖြစ်၍'အသားမင်းသား ' ၊ ' အသားမင်း ' ဟု ယခုတိုင် ကျော်စော ထင်ရှားလေသတည်း။

(၆)
သို့လျှင်အသားမင်းသား၏ရာဇဝင်ဆုံးခန်းတိုင်သည်တွင်မှ၊ကျွန်တော်
ကောင်းကောင်းဇာတ်ရည်လည်တော့သည်။မွန်သူရဲကောင်းလဂွန်းအိမ်
လျှောက်တင်ချက်၏အနှစ်သာရကိုထဲထဲဝင်ဝင်သိမြင်ခံစားနိုင် တော့သည်။
လဂွန်းအိမ်၏လျှောက်တင်ထုချေချက်နှင့်အသားမင်းသား၏ရာဇဝင်ကိုကောင်းစွာချိတ်ဆက်မိသည့်အခါ၊ကျမ်းပြုပုဂ္ဂိုလ်၏ဆိုလိုရင်းကို၊ပြည့်စုံစွာသိရှိသည့်
အခြေသို့ဆိုက်၏။ဤလောကကြီးတွင်အနိုင်ရသည်ဆိုသည်နှင့်မပြီး၊အမှန်တရားတည်းဟူသောသစ္စာထိုက်မှသာအောင်ပွဲဟုဆိုနိုင်ကြောင်းပြက်ပြက်ထင်ထင်ဆင်ခြင်သုံးသပ်နိုင်တော့သည်။

အချို့သောဇာတ်၊နိပါတ်၊ပုံပြင်၊ဇာတ်လမ်း၊ရာဇဝင်သမိုင်း၊သီချင်းစာသားစသည်တို့၌၊စာရေးသူအနေဖြင့်၊ရှေးကဖြစ်ခဲ့ဖူးသောမှတ်တမ်းရာဇဝင်တို့နှင့်ချိတ်
ဆက်ဖော်ပြရေးသားလေ့ရှိကြသည်။ထိုသို့ရေးသား ဖော်ပြရာတွင်အများ
သိပြီးဖြစ်သည်ဟုမျှော်လင့်၍တစ်ကြောင်း၊အကျယ်တဝင့်ရှည်လျားစွာဖော်ပြရန်မသင့်သည်ကတစ်ကြောင်း၊အကြောင်းကြောင်းတို့ကြောင့်အတိုချုံ့အကျဉ်းမျှသာဖော်ပြတတ်လေရာ၊မြှုပ်ကွက်အချို့ပါရှိနေတတ်သည်။

ထိုအခါစာဖတ်သူအနေဖြင့်၊ယင်းမြှုပ်ကွက်ကို၊ရှင်းလင်းစွာနားလည်
သဘောပေါက်မှသာ၊စာရေးသူ၏ဆိုလိုရင်းအနှစ်သာရ၊ပေးလိုသော
သတင်းစကားကိုခြုံငုံမိနိုင်မည်ဖြစ်၏။သို့မှသာစာရေးသူနှင့်ရင်ဘောင်တန်းနိုင်သောစာဖတ်သူဖြစ်လာနိုင်ပေလိမ့်မည်။

သရုပ်ဖော်ပုံ။ ။ဖေသစ်တည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။