"#သူများမလုပ်ချင်တဲ့ အလုပ်ကို နေ့စဉ်မှန်မှန် လုပ်ပါ။"
************************** ************************** *
သင်ဟာ တိုက်အမြင့်ကြီးတစ်ခု အောက်ကို ရောက်လာတယ်။ အပေါ် ၄ လွှာမှာ နေတဲ့ သူငယ်ချင်းရဲ့ တိုက်ခန်းကို သွားမလို့ပါ။ ကွန်ဒိုတိုက်ဆိုတော့ အပေါ်တက်ဖို့ ရိုးရိုးလှေခါးရော ဓါတ်လှေခါးပါ နှစ်ခုစလုံး ရှိတယ်။ သင် ဘာနဲ့ တက်သွားမလဲ။ ကမ္ဘာပေါ်က ၉၅ ရာခိုင်နူန်းသော လူတွေလိုပဲ သင်ဟာ ဓါတ်လှေခါးစီးပြီး အပေါ်တက်သွားမှာပါ။ ဘာကြောင့်လဲ။ လူသက်သာတယ်။ အချိန်တိုတိုနဲ့ အပေါ်ရောက်တယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဘဝမှာ အောင်မြင်ချင်ရင် အဲဒီဆုံးဖြတ်ချက်မျိုးကို မချသင့်ဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေးပါမယ်။
ဓါတ်လှေခါးနဲ့ တက်လိုက်တော့ ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ဘူး။ ဓါတ်လှေခါးက ခလုတ်ကို နှိပ်လိုက်တော့ တံခါးပွင့်လာတယ်။ အထဲဝင်လိုက်သွားပြီး သွားချင်တဲ့ အထပ်ရောက်တော့ ဓါတ်လှေခါးထဲက ထွက်လိုက်ရုံပဲ။ ခန္ဓာကိုယ်မှာ ဘာမှ မပြောင်းလဲသွားဘူး။ ရိုးရိုးလှေခါးက တက်ရင် ဘာဖြစ်မလဲ။ အများကြီး ပြောင်းလဲပါမယ်။ ခန္ဓာကိုယ်က ကယ်လိုရီတစ်ချို့ လောင်ကျွမ်းသွားမယ်။ (ကယ်လိုရီဆိုတာ လူတွေသိကြမှာပါ။ ကယ်လိုရီများရင် ကိုယ်အလေးချိန်များတယ်။ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေ ရစေနိုင်တယ်)။ ကြွက်သားတွေ လှုပ်ရှားရလို့ ကြွက်သားတွေ သန်မာလာတယ်။ နှလုံးခုန်အားမြင့်လာလို့ နှလုံးကို သန်မာလာစေတယ်။ တခြားဆေးပညာအရ အကျိုးရှိတာတွေလည်း ရှိမှာပါ။ တခါတလေမှ လှေခါးနဲ့ အပေါ်ထပ်ကို တက်လို့တော့ ဘာမှ မထူးခြားပါဘူး။ နေ့စဉ်တက်နေရင်တော့ လနဲ့ နှစ်ချီကြာလာတဲ့အခါ ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။
အဲဒီသဘောကို ဘဝမှာ အောင်မြင်ကြသူတွေဆီမှာ တွေ့ရတယ်။ သူတို့အောင်မြင်တာဟာ ကြီးကျယ်တာကြီးကို လုပ်ခဲ့လို့ မဟုတ်ပါဘူး။ သူများတွေ မလုပ်ချင်တဲ့ အလုပ်တွေကို နေ့စဉ်မှန်မှန် လုပ်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ သူများတွေ မလုပ်ချင်တဲ့ အလုပ်ဆိုတာ ဘာတွေလဲ မေးချင်ကြပါလိမ့်မယ်။ ဒီမေးခွန်းကို မဖြေခင် လူတွေ လုပ်ချင်တာ ဘာတွေလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ ဇိမ်နဲ့ နေချင်တယ်။ စာ မသင်ချင်ဘူး။ အလုပ်ကို ပင်ပင်ပန်းပန်း မလုပ်ချင်ဘူး။ အလုပ်က ပြန်လာရင် လက်ဖက်ရည်ဆိုင်ထိုင်မယ်။ အိမ်ရောက်ရင် ဖေ့ဘုတ်ကြည့်မယ်။ တီဗီကြည့်မယ်။ ရည်းစားနဲ့ ဖုန်းအကြာကြီး ပြောမယ်။ ပြီးရင် နေမြင့်အောင် ဖင်ထောင်အိပ်မယ်။
အဲဒီလူတွေ နေ့စဉ် ဒီလိုပဲနေသွားချိန်မှာ သင်ဟာ ကျောင်းသားဖြစ်ရင် စာကြိုးစားမယ်။ အလုပ်လုပ်နေရင် အလုပ်ကြိုးစားမယ်။ ကျောင်းက အိမ်က ပြန်လာရင် ထမင်းစားပြီး ကျောင်းစာ၊ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့စာ၊
သုတရသစာတွေဖတ်မယ်။ ညပိုင်း အကျိုးရှိမယ့် သင်တန်းတက်မယ်။ အင်တာနက်ကနေ
လေ့လာစရာတွေ လေ့လာမယ်။ အချိန်ကို အကျိုးရှိအောင် အသုံးချမယ်။
အပေါင်းအသင်းတွေက လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လာခေါ်ရင်လည်း စိတ်ထိန်းပြီး
မလိုက်ဘူး။ သင်ဟာ လူအများစု မလုပ်ချင်တာကို လုပ်နေသူတစ်ယောက်ပါ။
နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ စောစောက လူနဲ့ အခြေအနေချင်း တူပါ့အုံးမလား။
အများကြီး ကွာခြားသွားမယ်လို့ သေချာပေါက် လောင်းရဲပါတယ်။
ဒီနေ့အတွက် ပေးချင်တဲ့ ဘဝအောင်မြင်ရေးအတွက် နည်းလေးတစ်ခုက "သူများတွေ မလုပ်ချင်တဲ့ အလုပ်တွေကို နေ့စဉ်မှန်မှန် လုပ်ပါ" ဆိုတာပါပဲ။ သင်ဟာ အောင်မြင်ကြီးပွားချင်သူတစ် ယောက်ဆိုရင် ဒီနည်းကိုလိုက်နာကျင့်သုံးမှာပါ။
************************** ************************** *************************
Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း…. ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့ သွားကြစို့….။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ▲▲▲▲
Jobs4U (Jobs Hunting Agency & Organization Development Consultant)
အမှတ်(၃)၊ ၆-လွှာ၊ လှည်းတန်း (၃) လမ်း၊ ဦးထွန်းလင်းခြံလမ်းနှင့် ဈေးလမ်းကြား၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Email: info.Jobs4Uall@gmail.com, hr.Jobs4Uall@gmail.com
Phone: 09 450 541 444, 09 2549 17366, 09 767 00 2230, 09 767 00 2210
www.Facebook.com/Jobs4Uall

Credit to ဗန်းမော်သိန်းဖေ၏မျှဝေသောအေ တွးများ
**************************
သင်ဟာ တိုက်အမြင့်ကြီးတစ်ခု အောက်ကို ရောက်လာတယ်။ အပေါ် ၄ လွှာမှာ နေတဲ့ သူငယ်ချင်းရဲ့ တိုက်ခန်းကို သွားမလို့ပါ။ ကွန်ဒိုတိုက်ဆိုတော့ အပေါ်တက်ဖို့ ရိုးရိုးလှေခါးရော ဓါတ်လှေခါးပါ နှစ်ခုစလုံး ရှိတယ်။ သင် ဘာနဲ့ တက်သွားမလဲ။ ကမ္ဘာပေါ်က ၉၅ ရာခိုင်နူန်းသော လူတွေလိုပဲ သင်ဟာ ဓါတ်လှေခါးစီးပြီး အပေါ်တက်သွားမှာပါ။ ဘာကြောင့်လဲ။ လူသက်သာတယ်။ အချိန်တိုတိုနဲ့ အပေါ်ရောက်တယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဘဝမှာ အောင်မြင်ချင်ရင် အဲဒီဆုံးဖြတ်ချက်မျိုးကို မချသင့်ဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပေးပါမယ်။
ဓါတ်လှေခါးနဲ့ တက်လိုက်တော့ ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ဘူး။ ဓါတ်လှေခါးက ခလုတ်ကို နှိပ်လိုက်တော့ တံခါးပွင့်လာတယ်။ အထဲဝင်လိုက်သွားပြီး သွားချင်တဲ့ အထပ်ရောက်တော့ ဓါတ်လှေခါးထဲက ထွက်လိုက်ရုံပဲ။ ခန္ဓာကိုယ်မှာ ဘာမှ မပြောင်းလဲသွားဘူး။ ရိုးရိုးလှေခါးက တက်ရင် ဘာဖြစ်မလဲ။ အများကြီး ပြောင်းလဲပါမယ်။ ခန္ဓာကိုယ်က ကယ်လိုရီတစ်ချို့ လောင်ကျွမ်းသွားမယ်။ (ကယ်လိုရီဆိုတာ လူတွေသိကြမှာပါ။ ကယ်လိုရီများရင် ကိုယ်အလေးချိန်များတယ်။ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေ ရစေနိုင်တယ်)။ ကြွက်သားတွေ လှုပ်ရှားရလို့ ကြွက်သားတွေ သန်မာလာတယ်။ နှလုံးခုန်အားမြင့်လာလို့ နှလုံးကို သန်မာလာစေတယ်။ တခြားဆေးပညာအရ အကျိုးရှိတာတွေလည်း ရှိမှာပါ။ တခါတလေမှ လှေခါးနဲ့ အပေါ်ထပ်ကို တက်လို့တော့ ဘာမှ မထူးခြားပါဘူး။ နေ့စဉ်တက်နေရင်တော့ လနဲ့ နှစ်ချီကြာလာတဲ့အခါ ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။
အဲဒီသဘောကို ဘဝမှာ အောင်မြင်ကြသူတွေဆီမှာ တွေ့ရတယ်။ သူတို့အောင်မြင်တာဟာ ကြီးကျယ်တာကြီးကို လုပ်ခဲ့လို့ မဟုတ်ပါဘူး။ သူများတွေ မလုပ်ချင်တဲ့ အလုပ်တွေကို နေ့စဉ်မှန်မှန် လုပ်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ သူများတွေ မလုပ်ချင်တဲ့ အလုပ်ဆိုတာ ဘာတွေလဲ မေးချင်ကြပါလိမ့်မယ်။ ဒီမေးခွန်းကို မဖြေခင် လူတွေ လုပ်ချင်တာ ဘာတွေလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ ဇိမ်နဲ့ နေချင်တယ်။ စာ မသင်ချင်ဘူး။ အလုပ်ကို ပင်ပင်ပန်းပန်း မလုပ်ချင်ဘူး။ အလုပ်က ပြန်လာရင် လက်ဖက်ရည်ဆိုင်ထိုင်မယ်။ အိမ်ရောက်ရင် ဖေ့ဘုတ်ကြည့်မယ်။ တီဗီကြည့်မယ်။ ရည်းစားနဲ့ ဖုန်းအကြာကြီး ပြောမယ်။ ပြီးရင် နေမြင့်အောင် ဖင်ထောင်အိပ်မယ်။
အဲဒီလူတွေ နေ့စဉ် ဒီလိုပဲနေသွားချိန်မှာ သင်ဟာ ကျောင်းသားဖြစ်ရင် စာကြိုးစားမယ်။ အလုပ်လုပ်နေရင် အလုပ်ကြိုးစားမယ်။ ကျောင်းက အိမ်က ပြန်လာရင် ထမင်းစားပြီး ကျောင်းစာ၊ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့စာ၊
ဒီနေ့အတွက် ပေးချင်တဲ့ ဘဝအောင်မြင်ရေးအတွက် နည်းလေးတစ်ခုက "သူများတွေ မလုပ်ချင်တဲ့ အလုပ်တွေကို နေ့စဉ်မှန်မှန် လုပ်ပါ" ဆိုတာပါပဲ။ သင်ဟာ အောင်မြင်ကြီးပွားချင်သူတစ်
**************************
Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Jobs4U (Jobs Hunting Agency & Organization Development Consultant)
အမှတ်(၃)၊ ၆-လွှာ၊ လှည်းတန်း (၃) လမ်း၊ ဦးထွန်းလင်းခြံလမ်းနှင့် ဈေးလမ်းကြား၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Email: info.Jobs4Uall@gmail.com, hr.Jobs4Uall@gmail.com
Phone: 09 450 541 444, 09 2549 17366, 09 767 00 2230, 09 767 00 2210
www.Facebook.com/Jobs4Uall
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
Credit to ဗန်းမော်သိန်းဖေ၏မျှဝေသောအေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။