တစ်ခါတော့ မြက်တောထဲမှာ ကျက်စားနေကြတဲ့
နှံကောင်လေးတွေရှိတယ်။ အဲဒီနှံကောင်တွေဟာ ခုန်တဲ့နေရာမှာ
တော်ကြပြီးတော့သူတို့ဟာ ၄ ပေ ၅ ပေ လောက်အထိ ခုန်နိုင်ကြပါတယ်။
တစ်နေ့မှာတော့ လယ်သမား တစ်ယောက်ဟာ လယ်ထဲက ပေါင်းပင်တွေကို ရှင်းပြီးတော့
အိမ်အပြန်မှာ ခြင်းတောင်းတစ်ခုကို မြက်တော့ထဲမှာ မှောက်ပြီး ထားခဲ့ပါတယ်။ခြင်းတောင်းအောက်မှာတော့ နှံကောင်အုပ်စုက ပိတ်မိနေတာပေါ့။သူတို့ဟာ ကြိုးစားပြီးတော့ ခုန်ကြတယ်။ ၄ ပေ ၅ပေလောက်ရောက်မလားပေါ့။ ဒါပေမယ့် သူတို့ကို ၂ ပေပဲမြင့်တဲ့ တောင်းက အုပ်နေတော့ သူတို့ ဘယ်လောက်ခုန်ခုန် ၂ပေအထိသာရောက်သွားပါတယ်။
ဒီလိုနဲ့ နှံကောင်တွေဟာ ခုန်ရင်း ခုန်ရင်းနဲ့ နောက်နေ့မနက်ရောက်သွားပါတယ်။ နောက်နေ့အရောက်မှာတော့ လယ်သမားပြန်လာပြီးကို တောင်းကို ပြန်ယူသွားပါတယ်။ အဲဒီအချိန်မှာတော့ နှံကောင်တွေဟာ တောင်းထဲက နေပြန်ခုန်ထွက်လာကြပါတယ်။ ဒါပေမယ့် အဲဒီနှံကောင်တွေ ဘယ်လောက်ခုန်ခုန် ၂ ပေအမြင့်ထက် ပိုမခုန်နိုင်ကြတော့ပါဘူး။
သူတို့ဟာ တောင်းထဲမှာ နေခဲ့စဉ်ညက ၂ ပေသာခုန်နိုင်တဲ့အတွက် အားမတန်မာန်လျှော့ဆိုသလဲ ၂ပေပဲ ခုန်ခဲ့ကြပြီးတော့ အပြင်ပြန်ရောက်တဲ့အခါမှာလဲ အရင်အတိုင်းပြန်မခုန်နိုင်တော့ဘဲ ၂ ပေခန့်သာ ခုန်နိုင်ပါတော့သတဲ့။
ပုံပြင်လေးက တိုပါတယ်။ ဒါပေမယ့် ပေးထားတဲ့ မက်ဆေ့က ထိရောက်ပါတယ်။ ဒီလို တစ်ညလောက်ပိတ်လှောင်ခံရတဲ့ နှံကောင်လေးတွေ နောက်ထပ် ၄ ပေ ၅ ပေလောက်ပြန်ခုန်နိုင်ဖို့ တစ်ရက်လောက်တော့ အချိန်ယူရပါတယ်။
ဒီလိုပဲ နှစ် ၅၀ ကျော်ပိတ်လှောင်မှုတွေနဲ့ နေခဲ့ရတဲ့ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ချက်ချင်းလက်ငင်းတော့ သူများတွေခုန်နိုင်သလို ခုန်နိုင်မှာမဟုတ်တာ မဆန်းပါဘူး။ ဒါပေမယ့် အသားကျဖို့တော့ အချိန်အတိုင်းအတာတစ်ခု လိုအပ်နေပါသေးတယ် ဖြည်းဖြည်းမှန်မှန်နဲ့ တဖြည်းဖြည်းမြင့်ပြီး ခုန်ကြည့်ကြစို့
မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။