ထူးအိမ်သင် နဲ့ စကားလုံးများလဲလှယ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
သူနှင့်ကျွန်တော် စကားပြောဖြစ်ဖို့ စီစဉ်ထားသည်မှာကြာပြီ။
သို့သော် အခြေအနေ အမျိုးမျိုးကြားထဲ လွဲသွားရတာပဲ
အဖတ်တင်သည်။
ယခု ပြောဖြစ်ကျတော့လည်း အတောမသတ်။
ကျွန်တော်က အမေးစကားလုံးတွေ သူ့ဆီ ထိုးအပ်လိုက်၏။
သူက အဖြေစကားလုံးများ ကျွန်တော့်ဆီ ပြန်ပို့ပေးသည်။
သူနှင့်ကျွန်တော်၏ “စကားလုံးများ လဲလှည်ခြင်း” အစီအစဉ်ဟု
အမည်တပ်ရတော့မည်။
========================== =======
Q - ပထမဆုံးမေးချင်တာက ကိုထူးအိမ်သင် ဂီတကိုစပြီး
စိတ်ဝင်စားတဲ့အချိန်၊ ကျွန်တော်တို့ဆီမှာ ဘယ်လိုဂီတတွေ
ခေတ်စားနေပြီလဲ။
========================== =======
A - အဲဒီတုန်းက ဘာတွေထွန်းကားသလဲဆိုရင် အတော့်ကို
ပြောရခက်တယ်။ ဟို စိုင်းထီးဆိုင်၊ စိုင်းခမ်းလိတ်တို့ Own
Tune ပေါ့။ သူတို့ရေးတဲ့ သီချင်းအမျိုးအစားတွေကိုက
နာမည်တပ်ဖို့ ခက်တယ်။ ပြောရရင် ငြီးငွေ့ဖို့ကောင်းတဲ့
(ဒိုင်ယာတောနစ်စကေး) နဲ့ ရေးထားတဲ့သီချင်းတွေ အများကြီး၊
ပြီးတော့ သီချင်းတွေကလည်း လေးလေးအီအီကြီးတွေ၊
အဲဒါမျိုးဆိုတော့ ဘာလိုဂီတမျိုးခေတ်စားနေသလဲ၊ ထွန်းကား
နေသလဲဆိုတာ ပြောပြဖို့ခက်တယ်။ Slow Go Go တွေ
ခေတ်စားနေတယ်လို့ ပြောရမယ်။ နောက် ကိုင်ဇာတိုခေတ်၊
Major Diatonic Scale နဲ့ရေးတဲ့ Foxtrot ရယ်၊ Minor
Diatonic Scale နဲ့ရေးတဲ့ Foxtrot တွေ၊ Cha...Cha တွေ၊
Slow Go Go တွေ ။ အဲဒီလိုပဲ ပြောရမယ်။
========================== ==========
Q - ဒါဆို အဲဒီဂီတတွေနဲ့ အရင်ဆုံး ထိတွေ့ရတာပေါ့ ဟုတ်လား။
========================== ==========
A - ဟုတ်တယ်။ အဲဒါတွေနဲ့ အရင်ဆုံးထိတွေ့ ရတာပေါ့။ နောက်ပြီး
ကျွန်တော်တို့ ဂစ်တာစ,တီးတဲ့အချိန်က ဘယ်သူနဲ့တည့်တည့်
တိုးသလဲဆိုတော့ ကိုင်ဇာနဲ့ တည့်တည့်သွားတိုးတယ်။ ၇၉၊ ၈၀
ကိုင်ဇာနဲ့ တည့်တည့်တိုးတယ်။ ကိုထီး(စိုင်းထီးဆိုင်) နဲ့ တိုးတယ်။
ပြီးတော့ (၇၉)မှာ ကိုခိုင်ထူး “အဉ္စလီ” စပြီး နာမည်ကြီးတာ။
ကိုခိုင်ထူးနဲ့တိုးတယ်။
========================== ===========
Q - ကိုထူးအိမ်သင်က ဒီတေးရေး၊ တေးဆို လမ်းကြောင်းအတွက်
ဂစ်တာတီးခဲ့၊ လေ့လာခဲ့...။ အဲဒီလို ကိုယ့်ရှေ့က အဆိုတော်တွေ၊
ဂီတအမျိုးအစားတွေနဲ့ ထိတွေ့ခဲ့ပြီး ပြောရရင်
.......ရည်ရွယ်ချက်ပေါ့လေ။
========================== ==========
A - ဂစ်တာကိုစတီးတုန်းကတော့ ဘာမှရယ်ရွယ်ချက် မရှိပါဘူး။
သူများတွေ ဂစ်တာတီးတာကိုပဲ အားကျတာပေါ့။ သူငယ်ချင်းတွေ
ဂစ်တာတီးတာကိုနားထောင်၊ သီချင်းတွေလိုက်ဆိုနဲ့ နောက်ကျတော့
သူများဂစ်တာတီးသလို ကိုယ်လည်းတီးချင်လာတယ်။ ဒါပါပဲ။
သူများတီးတာကို ကိုယ်ကလိုက်ဆိုရတာ အားမရတော့ဘူး။
ကိုယ်ဘာသာကိုယ်တီးပြီး ဆိုချင်တယ်။ အဲဒီကစပြီး
ဂစ်တာတီးမိတာ။
========================== ==========
Q - ဒါဆို အခု “ထူးအိမ်သင်” လို့ ဖြစ်လာရတာကရော...။
========================== ==========
A - အဲဒါက ပြောဖို့ခက်တယ်။ ကျွန်တော့်ဘဝလမ်းကြောင်း
တစ်ခုလုံးပြောင်းသွားတာက အရမ်းအရေးကြီးတယ်။ အရမ်းလည်း
ရှုပ်ထွေးတယ်။ ကိုယ့်ဟာကိုယ်လည်း ဘယ်လိုမှန်း သေသေချာချာ
မသိလိုက်ဘူး။ ဒီ Music ပေါ်ကို အာရုံစိုက်သွားတဲ့ စိတ်ကလေး
ပေါ်လာတဲ့အပြောင်းအလဲက အရမ်းကြီးမား၊ အရမ်းရှုပ်ထွေးပြီး
အရမ်းလဲသိမ်မွှေ့တယ်။ အဲသလို အကြောင်းတရားတွေအများကြီး
ပေါ်လာပြီး ဘာကြောင့်စူးစိုက်သွားရတယ်ဆိုတာကို ပြောလို့မရဘူး
ဖြစ်နေတယ်။
========================== ==========
Q - အဲဒီတော့ ကျွမ်းကျင်ဖို့အတွက်ကျတော့. ....
========================== ==========
A - အော်..ကြားထားတဲ့သီချင်းတွေ ၊ တိတ်ခွေထဲက သူများဆိုထားတဲ့
သီချင်းတွေကို ကိုယ့်ဟာကိုယ်တီးပြီး လိုက်ဆိုချင်တယ်။ ဒါပဲ။
အဲဒါကြောင့်လည်း ဂစ်တာစတီးတာပဲ။ တီးရင်းတီးရင်းနဲ့ တဖြည်းဖြည်း
စနစ်တကျဖြစ်ချင်တဲ့ စိတ်ဓာတ်ကပေါ်လာတယ်။ ဥပမာ - GoGo ဆိုရင်
ဒုံးချပ် ဒုံးဒုံးချပ်၊ Foxtrot ဆို ဒုံးချပ် ဒုံးချပ်၊ အဲသလိုမျိုး တီးနေတာ။
ဒါ..ဘာကြောင့် အဲသလို ဒုံးချပ် ဒုံးချပ် တီးရသလဲ။ ဘာကြောင့်
Foxtrot လို့ခေါ်တာလဲ။ အဲဒါမျိုးတွေကအစ အခြေခံကျကျ
သိချင်လာတယ်။ သိချင်လာတော့ အဲဒီတုန်းက သင်တန်း ဘာညာ
မရှိဘူး။ ကျွန်တော်တို့ နယ်မှာ၊ တောမှာ နေရတဲ့ကောင်တွေဆိုတော့
ဒီလိုပဲ ညကျစုပြီးတော့ တီးကြ၊ ဆိုကြ...ဒီလောက်ပဲဆိုတော့
သင်တန်းတွေ၊ စနစ်တကျပြမယ့်ဆရာတွေ မရှိဘူး။ စနစ်တကျ
တတ်တဲ့လူကလည်း အင်မတန်ရှားတယ်။ အဲဒီတော့ စာအုပ်တွေ
လိုက်ရှာဖတ်ရတယ်။ အဲဒီအချိန်က ဘာစာတွေ သွားတွေ့သလဲဆိုတော့
ဂစ်တာ ၁၊ ၂၊ ၃၊ ၄ တို့၊ ဆရာဖြစ် ဂစ်တာပညာတို့၊ သိန်းတန်(မြန်မာပြည်) ဂစ်တာတီးနည်းတို့..။ အဲဒါမျိုးတွေ။ အဲဒီစာအုပ်တွေနဲ့ သွားတိုးတယ်။
တိုးတော့ လက်စွဲထားပြီး ဖတ်ခဲ့တဲ့စာအုပ်က ဦးကျော့မှူးရဲ့ ဆရာဖြစ်
ဂစ်တာပညာ၊ အဲဒီစာအုပ်လေးက အဟောင်းလေး၊ တစ်ပိုင်းတစ်စ၊
ရှေ့မှာ ပြဲတောင်နေသေးတယ်။ အဲဒါလေး ရှားရှားပါးပါးတွေ့ပြီးတော့
အဲဒိစာအုပ်လေးဖတ်ပြီး။ နောက်..မောင်စစ်ငြိမ်း၊ ဂစ်တာ ၁၊ ၂၊ ၃၊ ၄၊
တွေ လိုက်ရှာတီး၊ ကျင့်၊ အဲဒီထဲမှာ Chord Construction, Chord
တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံတွေ။ နောက် Scale သံစဉ်ဖွဲ့စည်းပုံတွေ။
ပထမဖတ်ကာစတော့ နားမလည်ဘူး။ ဒါပေမယ့် ဖတ်ရင်းဖတ်ပြီးတော့
ဂစ်တာ Finger Board ပေါ်မှာ ပြန်ရှာတီးကြည့်၊ ဖတ်ရင်း Finger
Board ပေါ်မှာပြန်ရှာ၊ ပြန်တီးရင်းနဲ့ တဖြည်းဖြည်း သိလာတယ်။
သံစဉ်တည်ဆောက်ပုံ၊ ခုနှစ်သံစဉ်၊ ငါးသံစဉ်၊ Diatonic Scale,
Pantatonic Scale, Cromatic ဆယ့်နှစ်သံစဉ် စသဖြင့်ပေါ့လေ..။
အဲဒီလို Scale တွေ၊ တည်ဆောက်ပုံတွေ သိလာတယ်။ နောက်...
Chord တွေ၊ Major Chord ဆိုရင် ဒိုမီဆို၊ Minor Chord ဆိုရင်
ဒိုမာဆို၊ Dominant Seventh Chord ဆိုရင် ဒိုမီဆိုလာ..အဲသလိုပေါ့။
Construction လေးတွေ သိလာတယ်။ အဲဒီလိုသိလာလေ၊ ပိုပြီးတော့
Music ပေါ်မှာ စိတ်ဝင်စားလာလေပဲ။ Effect ဖြစ်တယ်ဆိုတာ ပိုပြီး
သဘောပေါက်လာတယ်။
========================== ==============
Q - မသိမသာနဲ့ ဂီတရဲ့ ဖမ်းစားခြင်းကို ခံလာရတယ်ပေါ့။ ဟုတ်လား။
========================== =============
A - ဒါတွေကလည်း စနစ်တကျဖွဲ့စည်းထားတာ။ အလကားနေရင်း
ဒုံးချပ် ဒုံးဒုံးချပ် လုပ်နေတာမဟုတ်ဘူး။ လူကြီးတွေပြောသလို
ဗြင်းဗြန်း ဗြင်းဗြန်း လုပ်နေတာမဟုတ်ဘူး။ ဒါကို တဖြည်းဖြည်း
လေ့လာရင်းနဲ့ သဘောပေါက်လာတာ။ ပိုပြီးတော့ စိတ်ဝင်စားလာတာ။
အဲဒီမှာ အာရုံက ပိုပြီးတော့ စူးနစ်သွားခဲ့တာ။

Q - လူကြီးတွေရဲ့ ဂစ်တာအပေါ်အမြင်ကတော့ တစ်မျိုးပဲနော်။

A - လူကြီးတွေကတော့ သိတဲ့အတိုင်း ရှုံ့ချတာပေါ့။ ကျွန်တော့်အဖေ
ဆိုရင် ခဏခဏ ပြောဖူးတယ်။ “ဟေ့ကောင်..မင်းတို့ဂစ်တာကြီးက
တဗြင်းဗြင်းပဲ ကြားနေရတယ်။ ဘာမှလည်း အသံမကြားရပါလား။
မင်းတို့သာ လက်က ဟိုရွှေ့ဒီရွှေ့ လုပ်နေတာ၊ ငါကတော့ နားထဲမှာ
တဗြင်းဗြင်းပဲ ကြားတယ်” လို့ ပြောတယ်။ :D အဲဒါကို ရှင်းပြချင်တယ်။
“အဖေ..အဖေကြားတာ၊ သိတာက မဟုတ်ဘူး။ သူ့မှာ စနစ်တကျ
တည်ဆောက်ဖွဲ့စည်းထားတာတွေ ရှိတယ်။ စနစ်တကျ သတ်မှတ်
ထားတာတွေ ရှိတယ်” လို့ ပြောချင်တာ။ ဒါပေမယ့် ကျွန်တော်
ကိုယ်တိုင်က အဲဒီအချိန်မှာ ကောင်းကောင်းမသိသေးတော့
ကျွန်တော့်အဖေကို မရှင်းပြတတ်သေးဘူး ဖြစ်နေတယ်။ အဲဒီမှာ
ပိုပြီး လေ့လာဖြစ်သွားတယ်။
========================== =============
Q - အဲဒီလို Music ကို လေ့လာပြီး ဘယ်နှစ်လောက်ကျမှ သီချင်း
စ,ရေးဖြစ်တာလဲ။

A - အင်း .. သီချင်းရေးတာက ဂစ်တာမတီးတတ်ချင်ကတည်းက
စရေးတာ။ ဟို ABBA စပြီးတော့ ခေတ်စားတဲ့အချိန်ပေါ့။ ဂစ်တာစပြီး
မတီးခင် ၇၈ ခုနှစ်လောက်အချိန်လေး။ အဲဒီအချိန်လေးကျော်တော့
ဂစ်တာစတီးဖြစ်ပြီ။ အဲဒီအချိန်ဟာ ABBA စပြီး နာမည်ကြီးတဲ့အချိန်ပေါ့။
ဘာသီချင်း နာမည်ကြီးနေလဲဆိုတော့ Hastamanana အဲဒီသီချင်းကို
အရမ်းကြိုက်သွားတယ်။ ကြိုက်ပြီး အင်္ဂလိပ်လိုဆိုရတာကိုလည်း
သိပ်ပြီး တစ်မျိုးကြီးပဲ။ ဒါကို မြန်မာလိုပြန်ဆိုချင်တာ။ ဂစ်တာကလည်း
မတီးတ်သေးဘူး။ ဂစ်တာမတီးတတ်ပေမယ့် အဲဒီအချိန်က ဘာလုပ်လဲ
ဆိုတော့ ဟို..ပုသိမ်မှာ ဘင်ခရာအဖွဲ့ထဲ ကျွန်တော်ဝင်ထားတယ်လေ။
ပုသိမ်မှာ ပထမဆုံးစဖွင့်တဲ့ ဘင်ခရာသင်တန်းမှာ ကျွန်တော်ပါတယ်။
အဲဒီဘင်ခရာအဖွဲ့မှာ ကျွန်တော်အစုံလုပ်တယ်။ Side Drum တီးတယ်။
ဘင်တီးတယ်။ Symbal တီးတယ်။ ပုလွေမှုတ်တယ်။ ပုလွေကတော့
အိမ်မှာ လွယ်လွယ်ကူကူရှိတယ်။ အဲဒီပုလွေလေးနဲ့ ခုနသီချင်းကို
မှတ်မိအောင် ပြန်ပြီးမှုတ်ကြည့် ပြီးတော့ Notes ကလေး ရေးချသွားတယ်။
ရေးချထားပြီး သီချင်းကလည်း အမြဲတမ်း ကြားနေရတာ မဟုတ်ဘူး။
ကျွန်တော့်မှာ ကက်ဆက်ကလည်း မရှိဘူး ကက်ဆက်ကလည်း
အရမ်းရှားနေတဲ့အချိန်။ ဒီတော့ ရေဒီယိုကနေ လာတဲ့အခိုက်
ဖမ်းဖမ်းမှတ်ပြီးတော့ Notes ကလေး ရေးရေးထားရတယ်။ ပြီးတော့
မြန်မာလို ပြန်ရေးတယ်။ အဲဒီသီချင်းရေးတော့ ဂစ်တာမတီးတတ်သေးဘူး။
ဒါပေမယ့် “ကန္တရနှလုံးသား” လို့ အမည်တပ်ပြီး ကိုယ့်ဟာကိုယ် ဟဲရတာ။
အဲဒါ ပထမဆုံး စရေးတဲ့သီချင်း။
========================== ============
Q - အဲဒီသီချင်းလေးကို ခင်ဗျားအဆိုတော်ဖြစ်တော့ ပြန်ဆိုသေးလား။
========================== ============
A - ဟာ...ဘယ်ဆိုဖြစ်တော့မလဲ။ ကောင်းကောင်းတောင် မမှတ်မိ
တော့ဘူး။ အရမ်းရယ်ရတယ်။ အဲဒီအချိန်က ကလေးအတွေးနဲ့
ရေးထားတဲ့ စာသားတွေ ဟဲ..ဟဲ...။
Q - သီချင်းရေးဆရာတိုင်း ကိုယ့်သီချင်းကိုယ် Arrange
လုပ်နိုင်သလားဗျ။
========================== =====
A - မလုပ်နိုင်ဘူး။ အဆိုတော်ဆို ပိုတောင်ဝေးသေး။ ခင်ဗျားကလည်း
ဂစ်တာတီးတတ်တဲ့ အဆိုတော်တောင် ခပ်ရှားရှား၊ မိန်းမအဆိုတော်ဆို
ပိုတောင်ဝေးသေးတယ်။
========================== =======
Q - ဒီ Rock N' Roll တို့၊ Country တို့ဟာ jazz တို့၊ Blue's တို့ကနေ
တော်လှန်တိုးတက် ပြောင်းလဲလာတာလို့ ပြောလို့ရသလား။
========================== =======
A - အင်း..ရတယ်။ ဒါအဆင့်ဆင့် ပြောင်းလဲလာတဲ့ ဖြစ်စဉ်
Evolution ။ Music ရဲ့  Evalution ဖြစ်စဉ်ပေါ့။ Music ရဲ့ 
အဆင့်ဆင့် ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်ပေါ့။ အဲဒါရှိတယ်။
ပြောလို့ရတယ်။
========================== =======
Q - ဒါဆိုရင် ကဗျာလောကမှာ အငြင်းပွားသလိုမျိုး၊ ဂန္တဝင်ကျေမှ
မော်ဒန်ရေးရမယ်တို့၊ မော်ဒန်ရေးသာရေး၊ ဂန္တဝင်ပြန်ကြည့်စရာ
မလိုဘူးတို့၊ အဲသလိုမျိုး Heavy Metal တို့၊ Rock တို့ဟာ.....
Jazz တို့ Blue's တို့က လာတာ၊ ပြန်ကြည့်ဖို့ သင့်တယ်လို့
ပြောလို့ရပါသလား။
========================== ========
A - အဲသလိုသိရင် ပိုကောင်းတယ်။ အခုကတော့ ဖြတ်လမ်းနည်းနဲ့
လုပ်ကြတာတွေ များတယ်လေ။ ဒါပေမယ့်လည်း ဒီဥစ္စာတွေ
လုပ်နေရင်းနဲ့ အလိုလို အဲဒီ Blue's တို့၊ ဘာတို့ ဆက်နွယ်ပြီးတော့
လေ့လာဖြစ်သွားတာ များတယ်။ အဲဒီတော့ သီးခြားကြီး တည်ရှိ
နေတဲ့ ကိစ္စမဟုတ်ဘူး။ Metal ကို လေ့လာရင် ဒီ Metal သီချင်းကို
တည်ဆောက်ထားတဲ့ Scale က ဘာ Scale လဲ ဆိုတာ လေ့လာ
နေရပြီ။ ဒီစကေးကို သိတော့ ဒါ Blue's Scale နဲ့ တည်ဆောက်
ထားတဲ့ Metal အမျိုးအစား၊ Blue's Scale နဲ့ ဖွဲ့ထားတဲ့ Metal
သီချင်းဆိုတာ သိလာရင် ဒီ Blue's Scale ကိုလေ့လာရပြီ။ ဒါနဲ့
အလိုလို Blue's Music ကို လေ့လာမိသား ဖြစ်သွားတယ်။
========================== =========
Q - အရင်တုန်းက အဲဒီ Heavy တို့၊ Metal တို့ကို နားထောင်ရတာ
အရသာလည်းမတွေ့ဘူး။ အသံတွေက ပြင်းပြင်းတွေနဲ့ တစ်ခါတစ်ခါ
အော်နေတာပဲသိတယ်။ အဆိုတော်ရဲ့ ပင်ကိုယ်သံရယ်၊ သီချင်းစာသား
တွေရယ်၊ တေးဂီတသံတွေရယ်။ အတော့်ကို ရောထွေးနေတယ်လို့
ခံစားရတယ်။ အခု...........
========================== =========
A - ဒါက သီချင်းပုံသဏ္ဍာန်တွေ ပြောင်းလဲလာတာလည်း ပါတယ်။
ပထမဆုံး Heavy Metal ရယ်လို့စပြီး ပေါ်လာတဲ့အချိန်မှာ ....
သူ့သီချင်းတွေက တကယ့်ကို Melody မဲ့တဲ့ သီချင်းတွေပဲ။
တေးသွား အနိမ့်အမြင့် တော်တော့်ကို နည်းတယ်။ ဟို..အဓိကက
ပြင်းပြင်းထန်ထန် ဆူညံအော်ဟစ်ပေါက်ကွဲနေတာပဲ များတယ်။
အဲဒီတော့ သီချင်းဆိုနေတာထက် အော်ဟစ်နေတာက ပိုများတယ်။
Melody ပုံစံကျကျပေါ့လေ။ ပုံသဏ္ဍာန်တိတိကျကျ လှလှပပရှိတဲ့
Melody မျိုးတွေ မဟုတ်သေးဘူး။ ဒီ Heavy Metal စပေါ်တဲ့အချိန်က
ကျွန်တော်ကိုယ်တိုင် နားထဲမဝင်ခဲ့ဘူး၊ အော်ဟစ်နေတာပဲ ကြားတယ်။
ဒရမ်သံ ပြင်းပြင်းထန်ထန်တွေ၊ ဂစ်တာတွေ လက်ကုန်ဖွင့်ပြီး တဗြီးဗြီး
တဗြဲဗြဲ မည်အောင် တီးမယ်။ ဆိုတဲ့လူကလည်း ဆူညံအော်ဟစ်ပြီး
ပေါက်ကွဲနေမယ်။ အဲဒါမျိုးကနေစပြီး Heavy Metal ပေါ်လာတာ။
နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ ဆင့်ကဲတိုးတက်တဲ့သဘော
ုဖြစ်သွားတယ်။ အစပိုင်းကတော့ နည်းနည်းပရမ်းပတာ ဆန်တာပေါ့။
သိပ် ပုံသဏ္ဍာန်အတိအကျ မပေါ်သေးဘူး။ စည်းကမ်းစနစ်ဆိုတာလည်း
မရှိသေးဘူး။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ဒီ Heavy Metal
Music အမျိုးအစားတစ်ခု ခိုင်ခိုင်မာမာ ပုံသဏ္ဍာန်ပေါ်လွင် တိကျလာတယ်။
ရေးတဲ့ဆိုတဲ့ အပိုင်းတွေလည်း လှလှပပ ပညာသားပါပါ ဖြစ်လာတယ်။
အဲဒီတော့မှ Metal Music မှာ အမျိုးမျိုးခေါင်းစဉ်ကွဲလေး တွေ
ပေါ်လာကြပြီးတော့ Blue's Metal တို့၊ Pop Metal တို့၊ Classic Metal တို့
အဲဒါမျိုးလေးတွေ ပေါ်လာတယ်။ အထူးသဖြင့် ကျွန်တော်တို့နားထဲမှာ
ပိုပြီးတော့ ဝင်လာတာက Blue's Metal ရယ်၊ ဟို..Melodic Metal ပေါ့။
Melody လှလှပပလေးတွေနဲ့ ဖွဲ့စည်းရေးထားတဲ့ ဆိုထားတဲ့ အမျိုးအစား
တွေပေါ့။ Europe တို့၊ Bon Jovi တို့ အဲဒီလို အဖွဲ့ထဲက ပေါ်လာတယ်။
သူတို့ရေးကြ၊ ဆိုကြတဲ့ သီချင်းတွေက လှလှပပ ပုံစံကျကျ ဖြစ်လာတယ်။
အဲဒီမှာ ကျွန်တော်တို့နားထဲ ဝင်လာတယ်။ ခံစားလို့ ရလာတယ်။
========================== =======
Q - အခု ကျွန်တော်တို့မှာ Heavy Metal တို့၊ Heavy Rock တို့
ခေါင်းစဉ်တပ်ပြီး ဆိုနေကြတာက မူရင်းခွေရဲ့  ခေါင်းစဉ်တပ်မှုကိုပဲ
ပြန်သုံးလိုက်တာပေါ့ ဟုတ်လား။
========================== ==========
A - အဲ..သူတို့ကတော့ အဲဒီသဘောနဲ့ ခေါင်းစဉ်တပ်ကြတယ်လို့ပဲ
ကျွန်တော်ထင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း တချို့ တွေက
တပ်တဲ့ခေါင်းစဉ်နဲ့ ကိုက်ညီအောင် မှန်လာကြတယ်။ ဟို အစပိုင်းကတော့
အဲဒီလို မဟုတ်ကြဘူး။ Heavy Metal ခေါင်းစဉ်တပ်ထားပေမယ့်
Metal မဟုတ်တဲ့ တခြား Rock သီချင်းတွေလည်း ပါနေတတ်တာပဲ။
Rock N' Roll တွေ ပါနေတတ်တယ်။ ဒါမှမဟုတ် Country Rock
တွေ ပါနေတတ်တယ်။ ဒါမှမဟုတ်လည်း တခြား Progressive Rock
တွေ ပါနေတတ်တယ်။ အဲသလို ရောထွေးနေတယ်။ ဒါတွေကို
Heavy Metal လို့ ပြောမရတဲ့ Rock အမျိုးအစားတွေ။
========================== ==========
Q - ကိုထူးအိမ်သင်က ဘယ်လိုဂီတအမျိုးအစားထိ သီဆိုနေပါသလဲ။
========================== ===========
A - အလွန်ဆုံး Slow Rock အဆင့်ထိပဲ ရှိပါတယ်။
========================== ============
Q - ခင်ဗျားအနေနဲ့ အခြားဂီတအမျိုးအစားတွေကို သဘောမကျလို့လား
========================== ============
A - သဘောကျပါတယ်။ ဒါပေမယ့် လူတစ်ယောက်သဘောကျတိုင်း
ကိုယ်လုပ်နိုင်တယ်လို့ ယူဆလို့မှ မရနိုင်တာ။ ဥပမာ - လူတစ်ယောက်ဟာ
Jazz ဂီတကို သဘောကျတယ်။ ဒါပေမယ့် Jazz ဂီတကို သူကိုယ်တိုင်
လုပ်ဖို့ကျတော့ သူ့မှာ ဒီစွမ်းရည်ရှိဦးမှကိုး။ ဒါနဲ့ကိုက်ညီတဲ့ သူ့ပင်ကိုယ်
အရည်အချင်းလည်း ရှိဦးမှကိုး။
========================== =============
Q - ဟို...ကျွန်တော်ကြားဖူးတာလေး တစ်ခုရှိတယ်။ “ ငှားဝတ်တဲ့
အကျီ င်္ဟာ ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး ” ဆိုတာလေ။
========================== =============
A - ပြောကြတာပါ။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း...
ဖြစ်သွားတာပါပဲ။ အကျီ င်္ငှားဝတ်တယ်ဆိုပေမယ့် အလကားကြီး
မျက်စိမှိတ်ပြီး ဥပမာ ပေါင်(၂၅၀)လောက်ရှိတဲ့ လူတစ်ယောက်ရဲ့ 
အကျီ င်္ကို ပိန်ပိန်လေးက ဘယ်ငှားဝတ်မလဲ။ ကျွန်တော့်လို..
ပေါင်(၁၀၀)ဝန်းကျင်လောက် ရှိတဲ့လူ၊ ကျွန်တော့်လို ခန္ဓာနီးပါးလောက်
ရှိတဲ့လူတစ်ယောက်ဆီကပဲ ငှားဝတ်မှာပေါ့။ အဲသလို နည်းနည်းပါးပါး
ဆင်ခြင်ဥာဏ်ကလေးနဲ့ စဉ်းစားတွေးဆပြီး ငှားဝတ်တဲ့အခါ ကိုယ်နဲ့
အံဝင်ခွင်ကျ မဖြစ်တောင်မှ ရုပ်ပျက်ဆင်းပျက် ကြီးမားပွယောင်း
နေတာတို့၊ တိုးကြပ်သေးပြီးတော့ မဆန့်မပြဲ ဖြစ်နေတာမျိုးလည်း
မဖြစ်နိုင်ဘူးပေါ့။
========================== ==============
Q - မေးဦးမယ်ဗျာ။ အဲဒီ ဦးကျော့မှူး ဂီတစာအုပ်တွေ၊ ဘာတွေကို
လေ့လာတီးခတ်ပြီးတဲ့နောက်ပို င်း Music နဲ့ပတ်သတ်ပြီး စူးနစ်
လာတဲ့အပိုင်းရောက်ရော..ဘယ်ေ လာက်ထိဆက်ပြီး လေ့လာဖြစ်ခဲ့လဲ။
========================== =============
A - အဲဒါ မော်လမြိုင်ကို အမေတို့နောကိကို ကျွန်တော်လိုက်သွားတဲ့
အချိန်ကစပြီး ပြန်ပြောရလိမ့်မယ်။ အဲဒီမော်လမြိုင် ရောက်သွားတဲ့
အချိန်က အရပ်ထဲမှာ ဂစ်တာတီးတဲ့ ချာတိတ်တွေနဲ့ ခင်သွားတယ်။
ပြီးတော့ အတူတူတွဲပြီး ညဘက် ဂစ်တာတီးဖြစ်ကြတယ်။ ဂီတာ
တီးနေရင်းနဲ့ သူတို့ထဲက လူငယ်တစ်ယောက်က ပြောတယ်။ သူ့မှာ
ဆရာတစ်ယောက်ရှိတယ်ပေါ့။ ကျွန်တော်ကလည်း အမြဲတမ်း
ပြောပြောနေဖူးတယ်။ “ကျွန်တော်ဗျာ...အရမ်းသင်ချ င်တယ်။
Notaion တွေ၊ ဘာတွေ သေသေချာချာ စေ့စေ့စပ်စပ် သင်ပေးနိုင်မယ့်
ထိထိရောက်ရောက် သင်ပေးနိုင်မယ့် ဆရာ၊ တကယ်လည်း တတ်ကျွမ်း
နားလည်တတ်သိတဲ့ ဆရာမျိုးဆိုရင် အရမ်းသင်ချင်တယ်” လို့
ပြောဖူးတယ်။ အဲဒါကြောင့် သူက ပြောတာ။ ဆရာတစ်ယောက်ရှိတယ်။
အဲဒီလိုမျိုး သင်ပေးနေတာပေါ့။ တကယ်လည်းတတ်တယ်။ အဘိုးကြီး
အသက်တော့ကြီးပြီ မော်လမြိုင် တက္ကသိုလ်သွားတဲ့လမ်းနားမှာ
နေတယ်ပေါ့။ အဲဒါနဲ့ ကျွန်တော့်ကို လိုက်ပို့ပေးစမ်းပါဆိုပြီး
တောင်းပန်၊ ဒါနဲ့ ဒီကောင်က အိမ်လိုက်ပို့မယ်ဆိုပြီး သွားကြတယ်။
အဲဒီမှာ ကျွန်တော့်ဆရာဖြစ်မယ့် အဖိုးကြီးကို တွေ့ရတော့တာပဲ။
အိမ်ပေါ်တက်မယ်လည်းကြံရော၊ ဘိနပ်ချွတ်ပဲ တက်ရသေးတယ်
အဖိုးကြီးက ပက်လက်ကုလားထိုင်ပေါ်က ထလာပြီး “ သူငယ်ချင်း
ကိုယ်အသက်ကြီးပြီ အဲဒါတွေမလုပ်တော့ဘူး။ မလာနဲ့ သွားတော့”
လို့ပြောတယ်။ ကျွန်တော် ဖိနပ်ချွတ်ပဲ တက်ရရုံရှိသေးတယ်။
ခြေထောက်တစ်ဖက်က တန်းလန်းကြီး၊ ကျွန်တော်တို့လည်း
သွားဖြဲလေးတွေနဲ့ ဖြစ်သွားတာပေါ့။ “ဆရာ..ကျွန်တော်တို့
သိချင်တာ၊ မေးချင်တာလေးတွေ နည်းနည်းရှိလို့ လာတာပါ” လို့
ပြောလိုက်တယ်။ “ ဒါဆိုလည်း တက် လာ...လာ” တဲ့။
အဲဒါနဲ့ ကုပ်ချောင်းကုပ်ချောင်းလေးေ တွ ထိုင်နေကြရတယ်။
နောက် .. “ခင်ဗျား ဘာသိချင်တာလဲ” လို့ မေးတယ်။
ကျွန်တော်က Notation နဲ့ ပတ်သတ်ပြီး သိချင်ပါတယ်လို့ပြောတော့
“ ခင်ဗျာ Notation ကိုပြောတော့ Note ဘယ်နှစ်မျိုးရှိတာ သိလို့လဲ”
ဆိုပြီး ပြန်မေးရော။ ကျွန်တော်သိထားတာက တစ်နှစ်သုံးနဲ့ ရေးထားတာ
အိုရီရင်တယ်နုတ် (အရှေ့တိုင်းသုံး) သင်္ကေတပေါ့။ ဒီပဲတီပင်ပေါက်လို
မျဉ်းငါးလိုင်းနဲ့ ရေးထားတာကိုတော့ အင်တာနေရှင်နယ်နုတ်(ကမ္ဘာသုံး)
သင်္ကေတပေါ့။ အဲသလိုမျိုး ကျွန်တော်နားလည်ထားတာကိုး။ အဲဒါနဲ့
နှစ်မျိုးရှိတယ်လို့ ပြောလိုက်တယ်။ “ ဟုတ်ပြီ ဘာနဲ့ဘာလဲ” လို့
ဆက်မေးတယ်။ ကျွန်တော်က အိုရီရင်တယ်နုတ်နဲ့ ပတ်ကား..အဲ...
အင်တာနေရှင်နယ်နုတ်လို့ ပြောလိုက်တယ်။ ဒီတော့ အဲဒီဆရာကြီးက
ဘာပြောသလဲဆိုရင် “ သူငယ်ချင်း လုံးဝမဟုတ်ဘူး မှားတယ်” တဲ့။
ဟာ..ဟုတ်ကဲ့ဆရာ၊ ဘာနဲ့ ဘယ်လိုနှစ်မျိုးလဲလို့ ပြန်မေးရတာပေါ့။
“ မှတ်ထား နုတ်မှာ နှစ်မျိုးပဲရှိတယ်။ အဲဒါက Note on the Line နဲ့
Note Between the Lines ဆိုပြီး (၂)မျိုးပဲ ရှိတယ်။ သူပြောတာက
လိုင်းပေါ်မှာရှိတဲ့ သင်္ကေတနဲ့ လိုင်းကြားမှာရှိတဲ့ သင်္ကေတလို့ပြောတာ။
ဟဲ..ဟဲ..ကျွန်တော်လည်း သွားဖြဲလေးနဲ့ ဖြစ်သွားတာပေါ့။
ဟုတ်ကဲ့ဆရာ။ ကျွန်တော်မသိပါဘူး။ အခု ဆရာပြောမှ သိပါတယ်လို့
ပြောလိုက်တယ်။ “ နေဦး ခင်ဗျားကျုပ်ကို ဆရာ..ဆရာ..ခေါ်မနေနဲ့
ခင်ဗျားကို ကျုပ် ဘာမှ သင်ပေးရသေးတာ မဟုတ်ဘူး။ ခင်ဗျား
ကျုပ်ကို အန်ကယ်ခေါ်ရင်ရပြီ ” ။ အဲဒါကြောင့် ကျွန်တော်လည်း
ဟုတ်ကဲ့ အန်ကယ်၊ ဟုတ်ကဲ့အန်ကယ်နဲ့ခေါ်ရင်း ဒီနေ့ထိ
အန်ကယ်ပဲခေါ်ရတော့တယ်။ ရေရေလည်လည် ရီရတယ်။
အဲဒီကနေပြီး တဖြည်းဖြည်း သူနဲ့စကားပြောရင်း တည့်သွားပြီး
ကျွန်တော့်ကို သင်ပေးတယ်။ အဲဒီကစပြီး သေသေချာချာ၊ စနစ်တကျ
ပိုပြီး တိတိကျကျ လေ့လာဖြစ်သွားတယ်။ သူ့ဆီကလည်း စာအုပ်တွေ
အများကြီးရတယ်။
========================== ===========
Q - ဟုတ်ကဲ့ ကျွန်တော်လည်း သီချင်းတွေနဲ့ပတ်သတ်ပြီး သတိထား
နားထောင်မိပါတယ်။ ဘာကို သဘောတကျ တွေ့ထိခံစားရသလဲဆိုရင်
တချို့ သီချင်းတွေမှာ တေးစာသားနဲ့လိုက်ဖက်တဲ့ ဂီတသံတွေကို
မြင်ရ၊ ကြားရတယ်။ အဲဒါ ဂီတသံရဲ့ အဓိပ္ပာယ်ပေါ့လေ။ အဲဒီအသံရဲ့ 
အဓိပ္ပာယ်ခေါ်မလား။ အဲဒါ ရှိသလား။
========================== ============
A - ရှိတယ်လို့ ယူဆနိုင်တယ်။ ဂီတသံမှာ ဘာသာဗေဒ။ အသံရဲ့ 
ဘာသာဗေဒ၊ ဂီတမှာတင်မဟုတ်ဘဲ အခြားမှာရှိတဲ့ အသံတွေပေါ့။
အဲဒီအသံတွေအားလုံးမှာ ဘာသာဗေဒ ရှိတယ်။ အသံမှာကို သီးခြား
ဘာသာဗေဒ ရှိတယ်ပေါ့ဗျာ။ မြန်မာစကား၊ အင်္ဂလိပ်စကား စတဲ့
ဒီလိုဘာသာစကားမျိုးကိုပြောတာ မဟုတ်ဘူး။ မည်သည့်ဘာသာစကား
ကြိုက်တဲ့ဘာသာစကားဖြစ်စေ ဒီဘာသာစကားကို ဖော်ဆောင်တဲ့
အသံတွေမှာကို သီးသန့် ဘာသာဗေဒရှိတယ်။ ဒီအသံတွေရဲ့ 
အနိမ့်အမြင့်၊ တုန်ခါမှု၊ အစိပ်အကျဲ၊ အလေးအပေါ့၊ အတိုအရှည်၊
စသဖြင့် အဲဒီအပေါ်မှာ ဘာသာဗေဒဆိုတာ သပ်သပ်ကိုရှိတယ်။
အသံရဲ့  Language..၊ Audio Language ဒါအသံလှိုင်းနဲ့ အကျုံး
ဝင်တယ်။
========================== ============
Q - ခင်ဗျားသီချင်းတစ်ပုဒ်ကိုပဲ ထုတ်ပြီး မေးရဦးမယ်။ တေးစာသား
တွေက ရာဇဝင်အမှတ်တရ၊ အလွမ်းနဲ့အလွမ်းထဲက ပေါက်ဖွားစေတဲ့
အား၊ အချစ်၊ အဲ..တီးခတ်ထားတဲ့ ဂီတသံကလည်း နေရာတစ်ခုကို
ပြန်ခေါ်သွားသလိုလို ဖြစ်တည်နေတယ်။ အဲဒါမျိုးကျတော့.....
========================== ============
A - သီချင်းတစ်ပုဒ်မှာ အပိုင်း ၂ ပိုင်းရှိတယ်။ အဲဒီမှာ Lyric အပိုင်းနဲ့
Music ဂီတဖွဲ့စည်းမှုအပိုင်းနဲ့ စာသားဖွဲ့စည်းမှုအပိုင်းဆြို ပီး ၂ ပိုင်း
ရှိတယ်။ အဲဒီနှစ်ခုစလုံးက အကြောင်းအရာတစ်ခုတည်းကို ဖော်ဆောင်
ရမှာဖြစ်တယ်။ စာသားဖွဲ့စည်းမှု ပြင်းထန်ပြီးတော့ တက်ကြွပြီး
ပေါက်ကွဲတဲ့ ခံစားမှုကို ဖော်ဆောင်တဲ့အချိန်မှာ ဒီ Lyric ကို နောက်ကနေ
ပံ့ပိုးပေးတဲ့၊ ထောက်ခံပေးတဲ့ Music က ဝမ်းနည်းကြေကွဲနေပြီး
လေးလံထိုင်းမှိုင်းတဲ့ အကြောင်းအရာကို ဖော်ဆောင်နေမယ်ဆိုရင်
ဖြစ်မလား ဒီနှစ်ခုဟာ လုံးဝ ဆန့်ကျင်နေပြီ။ ပေးချင်တဲ့အဓိပ္ပာယ်
ပေးချင်တဲ့ခံစားမှုကို လုံးဝ အပြည့်အဝရနိုင်တော့မှာ မဟုတ်ဘူး။
ပျက်တောင်ပျက်စီးသွားနိုင်ေ သးတယ်။ စာသားရဲ့ ဘာသာစကားနဲ့
ဖွင့်ဆိုမှုကြောင့်သော်...အော်..ဒါပေါက်ကွဲနေပါလား။ သူပြင်းထန်
တက်ကြွနေပါလားဆိုပြီးတော့ စကားလုံးကြောင့်သာ သိမယ်။
နောက်ကနေ တီးခတ်ပေးနေတဲ့ Music က ဂီတက၊ အိလေးဆွဲ
ပြီးတော့ ပျင်းရိလေးလံထိုင်းမှိုင်းနေ ရင် စိတ်ထဲ ဘယ်လိုမှ
အပြည့်အဝ ခံစားလို့ရမှာ မဟုတ်ဘူး။ ဒီ Lyric က ပေးတဲ့
ခံစားမှုနဲ့ အနောက်က Music ကပေးတဲ့ ခံစားမှုနဲ့ တစ်ထပ်တည်း
ကျနေဖို့ လိုအပ်တာပေါ့။ ဒါမှ ကိုယ် ရည်ရွယ်တာကို
ဖော်ဆောင်တာကို စူးရှရှ ဖော်ဆောင်လို့ရမယ်။
(ဆက်ရန်)
~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
သူနှင့်ကျွန်တော် စကားပြောဖြစ်ဖို့ စီစဉ်ထားသည်မှာကြာပြီ။
သို့သော် အခြေအနေ အမျိုးမျိုးကြားထဲ လွဲသွားရတာပဲ
အဖတ်တင်သည်။
ယခု ပြောဖြစ်ကျတော့လည်း အတောမသတ်။
ကျွန်တော်က အမေးစကားလုံးတွေ သူ့ဆီ ထိုးအပ်လိုက်၏။
သူက အဖြေစကားလုံးများ ကျွန်တော့်ဆီ ပြန်ပို့ပေးသည်။
သူနှင့်ကျွန်တော်၏ “စကားလုံးများ လဲလှည်ခြင်း” အစီအစဉ်ဟု
အမည်တပ်ရတော့မည်။
==========================
Q - ပထမဆုံးမေးချင်တာက ကိုထူးအိမ်သင် ဂီတကိုစပြီး
စိတ်ဝင်စားတဲ့အချိန်၊ ကျွန်တော်တို့ဆီမှာ ဘယ်လိုဂီတတွေ
ခေတ်စားနေပြီလဲ။
==========================
A - အဲဒီတုန်းက ဘာတွေထွန်းကားသလဲဆိုရင် အတော့်ကို
ပြောရခက်တယ်။ ဟို စိုင်းထီးဆိုင်၊ စိုင်းခမ်းလိတ်တို့ Own
Tune ပေါ့။ သူတို့ရေးတဲ့ သီချင်းအမျိုးအစားတွေကိုက
နာမည်တပ်ဖို့ ခက်တယ်။ ပြောရရင် ငြီးငွေ့ဖို့ကောင်းတဲ့
(ဒိုင်ယာတောနစ်စကေး) နဲ့ ရေးထားတဲ့သီချင်းတွေ အများကြီး၊
ပြီးတော့ သီချင်းတွေကလည်း လေးလေးအီအီကြီးတွေ၊
အဲဒါမျိုးဆိုတော့ ဘာလိုဂီတမျိုးခေတ်စားနေသလဲ၊
နေသလဲဆိုတာ ပြောပြဖို့ခက်တယ်။ Slow Go Go တွေ
ခေတ်စားနေတယ်လို့ ပြောရမယ်။ နောက် ကိုင်ဇာတိုခေတ်၊
Major Diatonic Scale နဲ့ရေးတဲ့ Foxtrot ရယ်၊ Minor
Diatonic Scale နဲ့ရေးတဲ့ Foxtrot တွေ၊ Cha...Cha တွေ၊
Slow Go Go တွေ ။ အဲဒီလိုပဲ ပြောရမယ်။
==========================
Q - ဒါဆို အဲဒီဂီတတွေနဲ့ အရင်ဆုံး ထိတွေ့ရတာပေါ့ ဟုတ်လား။
==========================
A - ဟုတ်တယ်။ အဲဒါတွေနဲ့ အရင်ဆုံးထိတွေ့ ရတာပေါ့။ နောက်ပြီး
ကျွန်တော်တို့ ဂစ်တာစ,တီးတဲ့အချိန်က ဘယ်သူနဲ့တည့်တည့်
တိုးသလဲဆိုတော့ ကိုင်ဇာနဲ့ တည့်တည့်သွားတိုးတယ်။ ၇၉၊ ၈၀
ကိုင်ဇာနဲ့ တည့်တည့်တိုးတယ်။ ကိုထီး(စိုင်းထီးဆိုင်) နဲ့ တိုးတယ်။
ပြီးတော့ (၇၉)မှာ ကိုခိုင်ထူး “အဉ္စလီ” စပြီး နာမည်ကြီးတာ။
ကိုခိုင်ထူးနဲ့တိုးတယ်။
==========================
Q - ကိုထူးအိမ်သင်က ဒီတေးရေး၊ တေးဆို လမ်းကြောင်းအတွက်
ဂစ်တာတီးခဲ့၊ လေ့လာခဲ့...။ အဲဒီလို ကိုယ့်ရှေ့က အဆိုတော်တွေ၊
ဂီတအမျိုးအစားတွေနဲ့ ထိတွေ့ခဲ့ပြီး ပြောရရင်
.......ရည်ရွယ်ချက်ပေါ့လေ။
==========================
A - ဂစ်တာကိုစတီးတုန်းကတော့ ဘာမှရယ်ရွယ်ချက် မရှိပါဘူး။
သူများတွေ ဂစ်တာတီးတာကိုပဲ အားကျတာပေါ့။ သူငယ်ချင်းတွေ
ဂစ်တာတီးတာကိုနားထောင်၊ သီချင်းတွေလိုက်ဆိုနဲ့ နောက်ကျတော့
သူများဂစ်တာတီးသလို ကိုယ်လည်းတီးချင်လာတယ်။ ဒါပါပဲ။
သူများတီးတာကို ကိုယ်ကလိုက်ဆိုရတာ အားမရတော့ဘူး။
ကိုယ်ဘာသာကိုယ်တီးပြီး ဆိုချင်တယ်။ အဲဒီကစပြီး
ဂစ်တာတီးမိတာ။
==========================
Q - ဒါဆို အခု “ထူးအိမ်သင်” လို့ ဖြစ်လာရတာကရော...။
==========================
A - အဲဒါက ပြောဖို့ခက်တယ်။ ကျွန်တော့်ဘဝလမ်းကြောင်း
တစ်ခုလုံးပြောင်းသွားတာက အရမ်းအရေးကြီးတယ်။ အရမ်းလည်း
ရှုပ်ထွေးတယ်။ ကိုယ့်ဟာကိုယ်လည်း ဘယ်လိုမှန်း သေသေချာချာ
မသိလိုက်ဘူး။ ဒီ Music ပေါ်ကို အာရုံစိုက်သွားတဲ့ စိတ်ကလေး
ပေါ်လာတဲ့အပြောင်းအလဲက အရမ်းကြီးမား၊ အရမ်းရှုပ်ထွေးပြီး
အရမ်းလဲသိမ်မွှေ့တယ်။ အဲသလို အကြောင်းတရားတွေအများကြီး
ပေါ်လာပြီး ဘာကြောင့်စူးစိုက်သွားရတယ်ဆ
ဖြစ်နေတယ်။
==========================
Q - အဲဒီတော့ ကျွမ်းကျင်ဖို့အတွက်ကျတော့.
==========================
A - အော်..ကြားထားတဲ့သီချင်းတွေ
သီချင်းတွေကို ကိုယ့်ဟာကိုယ်တီးပြီး လိုက်ဆိုချင်တယ်။ ဒါပဲ။
အဲဒါကြောင့်လည်း ဂစ်တာစတီးတာပဲ။ တီးရင်းတီးရင်းနဲ့ တဖြည်းဖြည်း
စနစ်တကျဖြစ်ချင်တဲ့ စိတ်ဓာတ်ကပေါ်လာတယ်။ ဥပမာ - GoGo ဆိုရင်
ဒုံးချပ် ဒုံးဒုံးချပ်၊ Foxtrot ဆို ဒုံးချပ် ဒုံးချပ်၊ အဲသလိုမျိုး တီးနေတာ။
ဒါ..ဘာကြောင့် အဲသလို ဒုံးချပ် ဒုံးချပ် တီးရသလဲ။ ဘာကြောင့်
Foxtrot လို့ခေါ်တာလဲ။ အဲဒါမျိုးတွေကအစ အခြေခံကျကျ
သိချင်လာတယ်။ သိချင်လာတော့ အဲဒီတုန်းက သင်တန်း ဘာညာ
မရှိဘူး။ ကျွန်တော်တို့ နယ်မှာ၊ တောမှာ နေရတဲ့ကောင်တွေဆိုတော့
ဒီလိုပဲ ညကျစုပြီးတော့ တီးကြ၊ ဆိုကြ...ဒီလောက်ပဲဆိုတော့
သင်တန်းတွေ၊ စနစ်တကျပြမယ့်ဆရာတွေ မရှိဘူး။ စနစ်တကျ
တတ်တဲ့လူကလည်း အင်မတန်ရှားတယ်။ အဲဒီတော့ စာအုပ်တွေ
လိုက်ရှာဖတ်ရတယ်။ အဲဒီအချိန်က ဘာစာတွေ သွားတွေ့သလဲဆိုတော့
ဂစ်တာ ၁၊ ၂၊ ၃၊ ၄ တို့၊ ဆရာဖြစ် ဂစ်တာပညာတို့၊ သိန်းတန်(မြန်မာပြည်) ဂစ်တာတီးနည်းတို့..။ အဲဒါမျိုးတွေ။ အဲဒီစာအုပ်တွေနဲ့ သွားတိုးတယ်။
တိုးတော့ လက်စွဲထားပြီး ဖတ်ခဲ့တဲ့စာအုပ်က ဦးကျော့မှူးရဲ့ ဆရာဖြစ်
ဂစ်တာပညာ၊ အဲဒီစာအုပ်လေးက အဟောင်းလေး၊ တစ်ပိုင်းတစ်စ၊
ရှေ့မှာ ပြဲတောင်နေသေးတယ်။ အဲဒါလေး ရှားရှားပါးပါးတွေ့ပြီးတော့
အဲဒိစာအုပ်လေးဖတ်ပြီး။ နောက်..မောင်စစ်ငြိမ်း၊ ဂစ်တာ ၁၊ ၂၊ ၃၊ ၄၊
တွေ လိုက်ရှာတီး၊ ကျင့်၊ အဲဒီထဲမှာ Chord Construction, Chord
တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံတွေ။ နောက် Scale သံစဉ်ဖွဲ့စည်းပုံတွေ။
ပထမဖတ်ကာစတော့ နားမလည်ဘူး။ ဒါပေမယ့် ဖတ်ရင်းဖတ်ပြီးတော့
ဂစ်တာ Finger Board ပေါ်မှာ ပြန်ရှာတီးကြည့်၊ ဖတ်ရင်း Finger
Board ပေါ်မှာပြန်ရှာ၊ ပြန်တီးရင်းနဲ့ တဖြည်းဖြည်း သိလာတယ်။
သံစဉ်တည်ဆောက်ပုံ၊ ခုနှစ်သံစဉ်၊ ငါးသံစဉ်၊ Diatonic Scale,
Pantatonic Scale, Cromatic ဆယ့်နှစ်သံစဉ် စသဖြင့်ပေါ့လေ..။
အဲဒီလို Scale တွေ၊ တည်ဆောက်ပုံတွေ သိလာတယ်။ နောက်...
Chord တွေ၊ Major Chord ဆိုရင် ဒိုမီဆို၊ Minor Chord ဆိုရင်
ဒိုမာဆို၊ Dominant Seventh Chord ဆိုရင် ဒိုမီဆိုလာ..အဲသလိုပေါ့။
Construction လေးတွေ သိလာတယ်။ အဲဒီလိုသိလာလေ၊ ပိုပြီးတော့
Music ပေါ်မှာ စိတ်ဝင်စားလာလေပဲ။ Effect ဖြစ်တယ်ဆိုတာ ပိုပြီး
သဘောပေါက်လာတယ်။
==========================
Q - မသိမသာနဲ့ ဂီတရဲ့ ဖမ်းစားခြင်းကို ခံလာရတယ်ပေါ့။ ဟုတ်လား။
==========================
A - ဒါတွေကလည်း စနစ်တကျဖွဲ့စည်းထားတာ။ အလကားနေရင်း
ဒုံးချပ် ဒုံးဒုံးချပ် လုပ်နေတာမဟုတ်ဘူး။ လူကြီးတွေပြောသလို
ဗြင်းဗြန်း ဗြင်းဗြန်း လုပ်နေတာမဟုတ်ဘူး။ ဒါကို တဖြည်းဖြည်း
လေ့လာရင်းနဲ့ သဘောပေါက်လာတာ။ ပိုပြီးတော့ စိတ်ဝင်စားလာတာ။
အဲဒီမှာ အာရုံက ပိုပြီးတော့ စူးနစ်သွားခဲ့တာ။
==========================
Q - လူကြီးတွေရဲ့ ဂစ်တာအပေါ်အမြင်ကတော့ တစ်မျိုးပဲနော်။
==========================
A - လူကြီးတွေကတော့ သိတဲ့အတိုင်း ရှုံ့ချတာပေါ့။ ကျွန်တော့်အဖေ
ဆိုရင် ခဏခဏ ပြောဖူးတယ်။ “ဟေ့ကောင်..မင်းတို့ဂစ်တာကြ
တဗြင်းဗြင်းပဲ ကြားနေရတယ်။ ဘာမှလည်း အသံမကြားရပါလား။
မင်းတို့သာ လက်က ဟိုရွှေ့ဒီရွှေ့ လုပ်နေတာ၊ ငါကတော့ နားထဲမှာ
တဗြင်းဗြင်းပဲ ကြားတယ်” လို့ ပြောတယ်။ :D အဲဒါကို ရှင်းပြချင်တယ်။
“အဖေ..အဖေကြားတာ၊ သိတာက မဟုတ်ဘူး။ သူ့မှာ စနစ်တကျ
တည်ဆောက်ဖွဲ့စည်းထားတာတွေ ရှိတယ်။ စနစ်တကျ သတ်မှတ်
ထားတာတွေ ရှိတယ်” လို့ ပြောချင်တာ။ ဒါပေမယ့် ကျွန်တော်
ကိုယ်တိုင်က အဲဒီအချိန်မှာ ကောင်းကောင်းမသိသေးတော့
ကျွန်တော့်အဖေကို မရှင်းပြတတ်သေးဘူး ဖြစ်နေတယ်။ အဲဒီမှာ
ပိုပြီး လေ့လာဖြစ်သွားတယ်။
==========================
Q - အဲဒီလို Music ကို လေ့လာပြီး ဘယ်နှစ်လောက်ကျမှ သီချင်း
စ,ရေးဖြစ်တာလဲ။
==========================
A - အင်း .. သီချင်းရေးတာက ဂစ်တာမတီးတတ်ချင်ကတည်းက
စရေးတာ။ ဟို ABBA စပြီးတော့ ခေတ်စားတဲ့အချိန်ပေါ့။ ဂစ်တာစပြီး
မတီးခင် ၇၈ ခုနှစ်လောက်အချိန်လေး။ အဲဒီအချိန်လေးကျော်တော့
ဂစ်တာစတီးဖြစ်ပြီ။ အဲဒီအချိန်ဟာ ABBA စပြီး နာမည်ကြီးတဲ့အချိန်ပေါ့။
ဘာသီချင်း နာမည်ကြီးနေလဲဆိုတော့ Hastamanana အဲဒီသီချင်းကို
အရမ်းကြိုက်သွားတယ်။ ကြိုက်ပြီး အင်္ဂလိပ်လိုဆိုရတာကိုလည်း
သိပ်ပြီး တစ်မျိုးကြီးပဲ။ ဒါကို မြန်မာလိုပြန်ဆိုချင်တာ။ ဂစ်တာကလည်း
မတီးတ်သေးဘူး။ ဂစ်တာမတီးတတ်ပေမယ့် အဲဒီအချိန်က ဘာလုပ်လဲ
ဆိုတော့ ဟို..ပုသိမ်မှာ ဘင်ခရာအဖွဲ့ထဲ ကျွန်တော်ဝင်ထားတယ်လေ။
ပုသိမ်မှာ ပထမဆုံးစဖွင့်တဲ့ ဘင်ခရာသင်တန်းမှာ ကျွန်တော်ပါတယ်။
အဲဒီဘင်ခရာအဖွဲ့မှာ ကျွန်တော်အစုံလုပ်တယ်။ Side Drum တီးတယ်။
ဘင်တီးတယ်။ Symbal တီးတယ်။ ပုလွေမှုတ်တယ်။ ပုလွေကတော့
အိမ်မှာ လွယ်လွယ်ကူကူရှိတယ်။ အဲဒီပုလွေလေးနဲ့ ခုနသီချင်းကို
မှတ်မိအောင် ပြန်ပြီးမှုတ်ကြည့် ပြီးတော့ Notes ကလေး ရေးချသွားတယ်။
ရေးချထားပြီး သီချင်းကလည်း အမြဲတမ်း ကြားနေရတာ မဟုတ်ဘူး။
ကျွန်တော့်မှာ ကက်ဆက်ကလည်း မရှိဘူး ကက်ဆက်ကလည်း
အရမ်းရှားနေတဲ့အချိန်။ ဒီတော့ ရေဒီယိုကနေ လာတဲ့အခိုက်
ဖမ်းဖမ်းမှတ်ပြီးတော့ Notes ကလေး ရေးရေးထားရတယ်။ ပြီးတော့
မြန်မာလို ပြန်ရေးတယ်။ အဲဒီသီချင်းရေးတော့ ဂစ်တာမတီးတတ်သေးဘူး။
ဒါပေမယ့် “ကန္တရနှလုံးသား” လို့ အမည်တပ်ပြီး ကိုယ့်ဟာကိုယ် ဟဲရတာ။
အဲဒါ ပထမဆုံး စရေးတဲ့သီချင်း။
==========================
Q - အဲဒီသီချင်းလေးကို ခင်ဗျားအဆိုတော်ဖြစ်တော့ ပြန်ဆိုသေးလား။
==========================
A - ဟာ...ဘယ်ဆိုဖြစ်တော့မလဲ။ ကောင်းကောင်းတောင် မမှတ်မိ
တော့ဘူး။ အရမ်းရယ်ရတယ်။ အဲဒီအချိန်က ကလေးအတွေးနဲ့
ရေးထားတဲ့ စာသားတွေ ဟဲ..ဟဲ...။
Q - သီချင်းရေးဆရာတိုင်း ကိုယ့်သီချင်းကိုယ် Arrange
လုပ်နိုင်သလားဗျ။
==========================
A - မလုပ်နိုင်ဘူး။ အဆိုတော်ဆို ပိုတောင်ဝေးသေး။ ခင်ဗျားကလည်း
ဂစ်တာတီးတတ်တဲ့ အဆိုတော်တောင် ခပ်ရှားရှား၊ မိန်းမအဆိုတော်ဆို
ပိုတောင်ဝေးသေးတယ်။
==========================
Q - ဒီ Rock N' Roll တို့၊ Country တို့ဟာ jazz တို့၊ Blue's တို့ကနေ
တော်လှန်တိုးတက် ပြောင်းလဲလာတာလို့ ပြောလို့ရသလား။
==========================
A - အင်း..ရတယ်။ ဒါအဆင့်ဆင့် ပြောင်းလဲလာတဲ့ ဖြစ်စဉ်
Evolution ။ Music ရဲ့  Evalution ဖြစ်စဉ်ပေါ့။ Music ရဲ့ 
အဆင့်ဆင့် ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်ပေါ့။ အဲဒါရှိတယ်။
ပြောလို့ရတယ်။
==========================
Q - ဒါဆိုရင် ကဗျာလောကမှာ အငြင်းပွားသလိုမျိုး၊ ဂန္တဝင်ကျေမှ
မော်ဒန်ရေးရမယ်တို့၊ မော်ဒန်ရေးသာရေး၊ ဂန္တဝင်ပြန်ကြည့်စရာ
မလိုဘူးတို့၊ အဲသလိုမျိုး Heavy Metal တို့၊ Rock တို့ဟာ.....
Jazz တို့ Blue's တို့က လာတာ၊ ပြန်ကြည့်ဖို့ သင့်တယ်လို့
ပြောလို့ရပါသလား။
==========================
A - အဲသလိုသိရင် ပိုကောင်းတယ်။ အခုကတော့ ဖြတ်လမ်းနည်းနဲ့
လုပ်ကြတာတွေ များတယ်လေ။ ဒါပေမယ့်လည်း ဒီဥစ္စာတွေ
လုပ်နေရင်းနဲ့ အလိုလို အဲဒီ Blue's တို့၊ ဘာတို့ ဆက်နွယ်ပြီးတော့
လေ့လာဖြစ်သွားတာ များတယ်။ အဲဒီတော့ သီးခြားကြီး တည်ရှိ
နေတဲ့ ကိစ္စမဟုတ်ဘူး။ Metal ကို လေ့လာရင် ဒီ Metal သီချင်းကို
တည်ဆောက်ထားတဲ့ Scale က ဘာ Scale လဲ ဆိုတာ လေ့လာ
နေရပြီ။ ဒီစကေးကို သိတော့ ဒါ Blue's Scale နဲ့ တည်ဆောက်
ထားတဲ့ Metal အမျိုးအစား၊ Blue's Scale နဲ့ ဖွဲ့ထားတဲ့ Metal
သီချင်းဆိုတာ သိလာရင် ဒီ Blue's Scale ကိုလေ့လာရပြီ။ ဒါနဲ့
အလိုလို Blue's Music ကို လေ့လာမိသား ဖြစ်သွားတယ်။
==========================
Q - အရင်တုန်းက အဲဒီ Heavy တို့၊ Metal တို့ကို နားထောင်ရတာ
အရသာလည်းမတွေ့ဘူး။ အသံတွေက ပြင်းပြင်းတွေနဲ့ တစ်ခါတစ်ခါ
အော်နေတာပဲသိတယ်။ အဆိုတော်ရဲ့ ပင်ကိုယ်သံရယ်၊ သီချင်းစာသား
တွေရယ်၊ တေးဂီတသံတွေရယ်။ အတော့်ကို ရောထွေးနေတယ်လို့
ခံစားရတယ်။ အခု...........
==========================
A - ဒါက သီချင်းပုံသဏ္ဍာန်တွေ ပြောင်းလဲလာတာလည်း ပါတယ်။
ပထမဆုံး Heavy Metal ရယ်လို့စပြီး ပေါ်လာတဲ့အချိန်မှာ ....
သူ့သီချင်းတွေက တကယ့်ကို Melody မဲ့တဲ့ သီချင်းတွေပဲ။
တေးသွား အနိမ့်အမြင့် တော်တော့်ကို နည်းတယ်။ ဟို..အဓိကက
ပြင်းပြင်းထန်ထန် ဆူညံအော်ဟစ်ပေါက်ကွဲနေတာပဲ များတယ်။
အဲဒီတော့ သီချင်းဆိုနေတာထက် အော်ဟစ်နေတာက ပိုများတယ်။
Melody ပုံစံကျကျပေါ့လေ။ ပုံသဏ္ဍာန်တိတိကျကျ လှလှပပရှိတဲ့
Melody မျိုးတွေ မဟုတ်သေးဘူး။ ဒီ Heavy Metal စပေါ်တဲ့အချိန်က
ကျွန်တော်ကိုယ်တိုင် နားထဲမဝင်ခဲ့ဘူး၊ အော်ဟစ်နေတာပဲ ကြားတယ်။
ဒရမ်သံ ပြင်းပြင်းထန်ထန်တွေ၊ ဂစ်တာတွေ လက်ကုန်ဖွင့်ပြီး တဗြီးဗြီး
တဗြဲဗြဲ မည်အောင် တီးမယ်။ ဆိုတဲ့လူကလည်း ဆူညံအော်ဟစ်ပြီး
ပေါက်ကွဲနေမယ်။ အဲဒါမျိုးကနေစပြီး Heavy Metal ပေါ်လာတာ။
နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ ဆင့်ကဲတိုးတက်တဲ့သဘော
ုဖြစ်သွားတယ်။ အစပိုင်းကတော့ နည်းနည်းပရမ်းပတာ ဆန်တာပေါ့။
သိပ် ပုံသဏ္ဍာန်အတိအကျ မပေါ်သေးဘူး။ စည်းကမ်းစနစ်ဆိုတာလည်း
မရှိသေးဘူး။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ဒီ Heavy Metal
Music အမျိုးအစားတစ်ခု ခိုင်ခိုင်မာမာ ပုံသဏ္ဍာန်ပေါ်လွင် တိကျလာတယ်။
ရေးတဲ့ဆိုတဲ့ အပိုင်းတွေလည်း လှလှပပ ပညာသားပါပါ ဖြစ်လာတယ်။
အဲဒီတော့မှ Metal Music မှာ အမျိုးမျိုးခေါင်းစဉ်ကွဲလေး
ပေါ်လာကြပြီးတော့ Blue's Metal တို့၊ Pop Metal တို့၊ Classic Metal တို့
အဲဒါမျိုးလေးတွေ ပေါ်လာတယ်။ အထူးသဖြင့် ကျွန်တော်တို့နားထဲမှာ
ပိုပြီးတော့ ဝင်လာတာက Blue's Metal ရယ်၊ ဟို..Melodic Metal ပေါ့။
Melody လှလှပပလေးတွေနဲ့ ဖွဲ့စည်းရေးထားတဲ့ ဆိုထားတဲ့ အမျိုးအစား
တွေပေါ့။ Europe တို့၊ Bon Jovi တို့ အဲဒီလို အဖွဲ့ထဲက ပေါ်လာတယ်။
သူတို့ရေးကြ၊ ဆိုကြတဲ့ သီချင်းတွေက လှလှပပ ပုံစံကျကျ ဖြစ်လာတယ်။
အဲဒီမှာ ကျွန်တော်တို့နားထဲ ဝင်လာတယ်။ ခံစားလို့ ရလာတယ်။
==========================
Q - အခု ကျွန်တော်တို့မှာ Heavy Metal တို့၊ Heavy Rock တို့
ခေါင်းစဉ်တပ်ပြီး ဆိုနေကြတာက မူရင်းခွေရဲ့  ခေါင်းစဉ်တပ်မှုကိုပဲ
ပြန်သုံးလိုက်တာပေါ့ ဟုတ်လား။
==========================
A - အဲ..သူတို့ကတော့ အဲဒီသဘောနဲ့ ခေါင်းစဉ်တပ်ကြတယ်လို့ပဲ
ကျွန်တော်ထင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း တချို့ တွေက
တပ်တဲ့ခေါင်းစဉ်နဲ့ ကိုက်ညီအောင် မှန်လာကြတယ်။ ဟို အစပိုင်းကတော့
အဲဒီလို မဟုတ်ကြဘူး။ Heavy Metal ခေါင်းစဉ်တပ်ထားပေမယ့်
Metal မဟုတ်တဲ့ တခြား Rock သီချင်းတွေလည်း ပါနေတတ်တာပဲ။
Rock N' Roll တွေ ပါနေတတ်တယ်။ ဒါမှမဟုတ် Country Rock
တွေ ပါနေတတ်တယ်။ ဒါမှမဟုတ်လည်း တခြား Progressive Rock
တွေ ပါနေတတ်တယ်။ အဲသလို ရောထွေးနေတယ်။ ဒါတွေကို
Heavy Metal လို့ ပြောမရတဲ့ Rock အမျိုးအစားတွေ။
==========================
Q - ကိုထူးအိမ်သင်က ဘယ်လိုဂီတအမျိုးအစားထိ သီဆိုနေပါသလဲ။
==========================
A - အလွန်ဆုံး Slow Rock အဆင့်ထိပဲ ရှိပါတယ်။
==========================
Q - ခင်ဗျားအနေနဲ့ အခြားဂီတအမျိုးအစားတွေကို သဘောမကျလို့လား
==========================
A - သဘောကျပါတယ်။ ဒါပေမယ့် လူတစ်ယောက်သဘောကျတိုင်း
ကိုယ်လုပ်နိုင်တယ်လို့ ယူဆလို့မှ မရနိုင်တာ။ ဥပမာ - လူတစ်ယောက်ဟာ
Jazz ဂီတကို သဘောကျတယ်။ ဒါပေမယ့် Jazz ဂီတကို သူကိုယ်တိုင်
လုပ်ဖို့ကျတော့ သူ့မှာ ဒီစွမ်းရည်ရှိဦးမှကိုး။ ဒါနဲ့ကိုက်ညီတဲ့ သူ့ပင်ကိုယ်
အရည်အချင်းလည်း ရှိဦးမှကိုး။
==========================
Q - ဟို...ကျွန်တော်ကြားဖူးတာလေ
အကျီ င်္ဟာ ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး ” ဆိုတာလေ။
==========================
A - ပြောကြတာပါ။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း...
ဖြစ်သွားတာပါပဲ။ အကျီ င်္ငှားဝတ်တယ်ဆိုပေမယ့် အလကားကြီး
မျက်စိမှိတ်ပြီး ဥပမာ ပေါင်(၂၅၀)လောက်ရှိတဲ့ လူတစ်ယောက်ရဲ့ 
အကျီ င်္ကို ပိန်ပိန်လေးက ဘယ်ငှားဝတ်မလဲ။ ကျွန်တော့်လို..
ပေါင်(၁၀၀)ဝန်းကျင်လောက် ရှိတဲ့လူ၊ ကျွန်တော့်လို ခန္ဓာနီးပါးလောက်
ရှိတဲ့လူတစ်ယောက်ဆီကပဲ ငှားဝတ်မှာပေါ့။ အဲသလို နည်းနည်းပါးပါး
ဆင်ခြင်ဥာဏ်ကလေးနဲ့ စဉ်းစားတွေးဆပြီး ငှားဝတ်တဲ့အခါ ကိုယ်နဲ့
အံဝင်ခွင်ကျ မဖြစ်တောင်မှ ရုပ်ပျက်ဆင်းပျက် ကြီးမားပွယောင်း
နေတာတို့၊ တိုးကြပ်သေးပြီးတော့ မဆန့်မပြဲ ဖြစ်နေတာမျိုးလည်း
မဖြစ်နိုင်ဘူးပေါ့။
==========================
Q - မေးဦးမယ်ဗျာ။ အဲဒီ ဦးကျော့မှူး ဂီတစာအုပ်တွေ၊ ဘာတွေကို
လေ့လာတီးခတ်ပြီးတဲ့နောက်ပို
လာတဲ့အပိုင်းရောက်ရော..ဘယ်ေ
==========================
A - အဲဒါ မော်လမြိုင်ကို အမေတို့နောကိကို ကျွန်တော်လိုက်သွားတဲ့
အချိန်ကစပြီး ပြန်ပြောရလိမ့်မယ်။ အဲဒီမော်လမြိုင် ရောက်သွားတဲ့
အချိန်က အရပ်ထဲမှာ ဂစ်တာတီးတဲ့ ချာတိတ်တွေနဲ့ ခင်သွားတယ်။
ပြီးတော့ အတူတူတွဲပြီး ညဘက် ဂစ်တာတီးဖြစ်ကြတယ်။ ဂီတာ
တီးနေရင်းနဲ့ သူတို့ထဲက လူငယ်တစ်ယောက်က ပြောတယ်။ သူ့မှာ
ဆရာတစ်ယောက်ရှိတယ်ပေါ့။ ကျွန်တော်ကလည်း အမြဲတမ်း
ပြောပြောနေဖူးတယ်။ “ကျွန်တော်ဗျာ...အရမ်းသင်ချ
Notaion တွေ၊ ဘာတွေ သေသေချာချာ စေ့စေ့စပ်စပ် သင်ပေးနိုင်မယ့်
ထိထိရောက်ရောက် သင်ပေးနိုင်မယ့် ဆရာ၊ တကယ်လည်း တတ်ကျွမ်း
နားလည်တတ်သိတဲ့ ဆရာမျိုးဆိုရင် အရမ်းသင်ချင်တယ်” လို့
ပြောဖူးတယ်။ အဲဒါကြောင့် သူက ပြောတာ။ ဆရာတစ်ယောက်ရှိတယ်။
အဲဒီလိုမျိုး သင်ပေးနေတာပေါ့။ တကယ်လည်းတတ်တယ်။ အဘိုးကြီး
အသက်တော့ကြီးပြီ မော်လမြိုင် တက္ကသိုလ်သွားတဲ့လမ်းနားမှာ
နေတယ်ပေါ့။ အဲဒါနဲ့ ကျွန်တော့်ကို လိုက်ပို့ပေးစမ်းပါဆိုပြီး
တောင်းပန်၊ ဒါနဲ့ ဒီကောင်က အိမ်လိုက်ပို့မယ်ဆိုပြီး သွားကြတယ်။
အဲဒီမှာ ကျွန်တော့်ဆရာဖြစ်မယ့် အဖိုးကြီးကို တွေ့ရတော့တာပဲ။
အိမ်ပေါ်တက်မယ်လည်းကြံရော၊ ဘိနပ်ချွတ်ပဲ တက်ရသေးတယ်
အဖိုးကြီးက ပက်လက်ကုလားထိုင်ပေါ်က ထလာပြီး “ သူငယ်ချင်း
ကိုယ်အသက်ကြီးပြီ အဲဒါတွေမလုပ်တော့ဘူး။ မလာနဲ့ သွားတော့”
လို့ပြောတယ်။ ကျွန်တော် ဖိနပ်ချွတ်ပဲ တက်ရရုံရှိသေးတယ်။
ခြေထောက်တစ်ဖက်က တန်းလန်းကြီး၊ ကျွန်တော်တို့လည်း
သွားဖြဲလေးတွေနဲ့ ဖြစ်သွားတာပေါ့။ “ဆရာ..ကျွန်တော်တို့
သိချင်တာ၊ မေးချင်တာလေးတွေ နည်းနည်းရှိလို့ လာတာပါ” လို့
ပြောလိုက်တယ်။ “ ဒါဆိုလည်း တက် လာ...လာ” တဲ့။
အဲဒါနဲ့ ကုပ်ချောင်းကုပ်ချောင်းလေးေ
နောက် .. “ခင်ဗျား ဘာသိချင်တာလဲ” လို့ မေးတယ်။
ကျွန်တော်က Notation နဲ့ ပတ်သတ်ပြီး သိချင်ပါတယ်လို့ပြောတော့
“ ခင်ဗျာ Notation ကိုပြောတော့ Note ဘယ်နှစ်မျိုးရှိတာ သိလို့လဲ”
ဆိုပြီး ပြန်မေးရော။ ကျွန်တော်သိထားတာက တစ်နှစ်သုံးနဲ့ ရေးထားတာ
အိုရီရင်တယ်နုတ် (အရှေ့တိုင်းသုံး) သင်္ကေတပေါ့။ ဒီပဲတီပင်ပေါက်လို
မျဉ်းငါးလိုင်းနဲ့ ရေးထားတာကိုတော့ အင်တာနေရှင်နယ်နုတ်(ကမ္ဘာသုံ
သင်္ကေတပေါ့။ အဲသလိုမျိုး ကျွန်တော်နားလည်ထားတာကိုး။ အဲဒါနဲ့
နှစ်မျိုးရှိတယ်လို့ ပြောလိုက်တယ်။ “ ဟုတ်ပြီ ဘာနဲ့ဘာလဲ” လို့
ဆက်မေးတယ်။ ကျွန်တော်က အိုရီရင်တယ်နုတ်နဲ့ ပတ်ကား..အဲ...
အင်တာနေရှင်နယ်နုတ်လို့ ပြောလိုက်တယ်။ ဒီတော့ အဲဒီဆရာကြီးက
ဘာပြောသလဲဆိုရင် “ သူငယ်ချင်း လုံးဝမဟုတ်ဘူး မှားတယ်” တဲ့။
ဟာ..ဟုတ်ကဲ့ဆရာ၊ ဘာနဲ့ ဘယ်လိုနှစ်မျိုးလဲလို့ ပြန်မေးရတာပေါ့။
“ မှတ်ထား နုတ်မှာ နှစ်မျိုးပဲရှိတယ်။ အဲဒါက Note on the Line နဲ့
Note Between the Lines ဆိုပြီး (၂)မျိုးပဲ ရှိတယ်။ သူပြောတာက
လိုင်းပေါ်မှာရှိတဲ့ သင်္ကေတနဲ့ လိုင်းကြားမှာရှိတဲ့ သင်္ကေတလို့ပြောတာ။
ဟဲ..ဟဲ..ကျွန်တော်လည်း သွားဖြဲလေးနဲ့ ဖြစ်သွားတာပေါ့။
ဟုတ်ကဲ့ဆရာ။ ကျွန်တော်မသိပါဘူး။ အခု ဆရာပြောမှ သိပါတယ်လို့
ပြောလိုက်တယ်။ “ နေဦး ခင်ဗျားကျုပ်ကို ဆရာ..ဆရာ..ခေါ်မနေနဲ့
ခင်ဗျားကို ကျုပ် ဘာမှ သင်ပေးရသေးတာ မဟုတ်ဘူး။ ခင်ဗျား
ကျုပ်ကို အန်ကယ်ခေါ်ရင်ရပြီ ” ။ အဲဒါကြောင့် ကျွန်တော်လည်း
ဟုတ်ကဲ့ အန်ကယ်၊ ဟုတ်ကဲ့အန်ကယ်နဲ့ခေါ်ရင်း ဒီနေ့ထိ
အန်ကယ်ပဲခေါ်ရတော့တယ်။ ရေရေလည်လည် ရီရတယ်။
အဲဒီကနေပြီး တဖြည်းဖြည်း သူနဲ့စကားပြောရင်း တည့်သွားပြီး
ကျွန်တော့်ကို သင်ပေးတယ်။ အဲဒီကစပြီး သေသေချာချာ၊ စနစ်တကျ
ပိုပြီး တိတိကျကျ လေ့လာဖြစ်သွားတယ်။ သူ့ဆီကလည်း စာအုပ်တွေ
အများကြီးရတယ်။
==========================
Q - ဟုတ်ကဲ့ ကျွန်တော်လည်း သီချင်းတွေနဲ့ပတ်သတ်ပြီး သတိထား
နားထောင်မိပါတယ်။ ဘာကို သဘောတကျ တွေ့ထိခံစားရသလဲဆိုရင်
တချို့ သီချင်းတွေမှာ တေးစာသားနဲ့လိုက်ဖက်တဲ့ ဂီတသံတွေကို
မြင်ရ၊ ကြားရတယ်။ အဲဒါ ဂီတသံရဲ့ အဓိပ္ပာယ်ပေါ့လေ။ အဲဒီအသံရဲ့ 
အဓိပ္ပာယ်ခေါ်မလား။ အဲဒါ ရှိသလား။
==========================
A - ရှိတယ်လို့ ယူဆနိုင်တယ်။ ဂီတသံမှာ ဘာသာဗေဒ။ အသံရဲ့ 
ဘာသာဗေဒ၊ ဂီတမှာတင်မဟုတ်ဘဲ အခြားမှာရှိတဲ့ အသံတွေပေါ့။
အဲဒီအသံတွေအားလုံးမှာ ဘာသာဗေဒ ရှိတယ်။ အသံမှာကို သီးခြား
ဘာသာဗေဒ ရှိတယ်ပေါ့ဗျာ။ မြန်မာစကား၊ အင်္ဂလိပ်စကား စတဲ့
ဒီလိုဘာသာစကားမျိုးကိုပြောတ
ကြိုက်တဲ့ဘာသာစကားဖြစ်စေ ဒီဘာသာစကားကို ဖော်ဆောင်တဲ့
အသံတွေမှာကို သီးသန့် ဘာသာဗေဒရှိတယ်။ ဒီအသံတွေရဲ့ 
အနိမ့်အမြင့်၊ တုန်ခါမှု၊ အစိပ်အကျဲ၊ အလေးအပေါ့၊ အတိုအရှည်၊
စသဖြင့် အဲဒီအပေါ်မှာ ဘာသာဗေဒဆိုတာ သပ်သပ်ကိုရှိတယ်။
အသံရဲ့  Language..၊ Audio Language ဒါအသံလှိုင်းနဲ့ အကျုံး
ဝင်တယ်။
==========================
Q - ခင်ဗျားသီချင်းတစ်ပုဒ်ကိုပဲ
တွေက ရာဇဝင်အမှတ်တရ၊ အလွမ်းနဲ့အလွမ်းထဲက ပေါက်ဖွားစေတဲ့
အား၊ အချစ်၊ အဲ..တီးခတ်ထားတဲ့ ဂီတသံကလည်း နေရာတစ်ခုကို
ပြန်ခေါ်သွားသလိုလို ဖြစ်တည်နေတယ်။ အဲဒါမျိုးကျတော့.....
==========================
A - သီချင်းတစ်ပုဒ်မှာ အပိုင်း ၂ ပိုင်းရှိတယ်။ အဲဒီမှာ Lyric အပိုင်းနဲ့
Music ဂီတဖွဲ့စည်းမှုအပိုင်းနဲ့ စာသားဖွဲ့စည်းမှုအပိုင်းဆြို
ရှိတယ်။ အဲဒီနှစ်ခုစလုံးက အကြောင်းအရာတစ်ခုတည်းကို ဖော်ဆောင်
ရမှာဖြစ်တယ်။ စာသားဖွဲ့စည်းမှု ပြင်းထန်ပြီးတော့ တက်ကြွပြီး
ပေါက်ကွဲတဲ့ ခံစားမှုကို ဖော်ဆောင်တဲ့အချိန်မှာ ဒီ Lyric ကို နောက်ကနေ
ပံ့ပိုးပေးတဲ့၊ ထောက်ခံပေးတဲ့ Music က ဝမ်းနည်းကြေကွဲနေပြီး
လေးလံထိုင်းမှိုင်းတဲ့ အကြောင်းအရာကို ဖော်ဆောင်နေမယ်ဆိုရင်
ဖြစ်မလား ဒီနှစ်ခုဟာ လုံးဝ ဆန့်ကျင်နေပြီ။ ပေးချင်တဲ့အဓိပ္ပာယ်
ပေးချင်တဲ့ခံစားမှုကို လုံးဝ အပြည့်အဝရနိုင်တော့မှာ မဟုတ်ဘူး။
ပျက်တောင်ပျက်စီးသွားနိုင်ေ
ဖွင့်ဆိုမှုကြောင့်သော်...အေ
တက်ကြွနေပါလားဆိုပြီးတော့ စကားလုံးကြောင့်သာ သိမယ်။
နောက်ကနေ တီးခတ်ပေးနေတဲ့ Music က ဂီတက၊ အိလေးဆွဲ
ပြီးတော့ ပျင်းရိလေးလံထိုင်းမှိုင်းနေ
အပြည့်အဝ ခံစားလို့ရမှာ မဟုတ်ဘူး။ ဒီ Lyric က ပေးတဲ့
ခံစားမှုနဲ့ အနောက်က Music ကပေးတဲ့ ခံစားမှုနဲ့ တစ်ထပ်တည်း
ကျနေဖို့ လိုအပ်တာပေါ့။ ဒါမှ ကိုယ် ရည်ရွယ်တာကို
ဖော်ဆောင်တာကို စူးရှရှ ဖော်ဆောင်လို့ရမယ်။
(ဆက်ရန်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။