Expect, Hope and Look forward to .. မတူတာလေးတွေသိတော့ ကောင်းတာပေါ့
..
ဆင်တူတဲ့ အသုံးလေးတွေမို့ အံဝင်ခွင်ကျ လှလှပပသုံးတတ်စေခြင်းငှာ တင်ဆက်လိုက်ခြင်းပါ ..
..
ပထမဆုံး expect နဲ့ hope ကို ကြည့်ကြပါစို့ ..
..
(1) expect ကို မျှော်လင့်သည် ဆိုတဲ့ အဓိပ္ပါယ်အပြင် မှန်းဆသည် တွေးထင်သည် တွက်သည်.. စတဲ့အဓိပ္ပါယ်တွေလည်းပါနေတယ် ဆိုတာ မှတ်သားရပါမယ်..
expect ဟာ ဖြစ်ပျက်နေသော အချက်အလက်များကို ထောက်ရှု၍ တွက်ချက်စဉ်းစား၍ မျှော်လင့်တယ် မှန်းဆတယ် ထင်တယ် ..ဆိုတဲ့သဘောဖြစ်ပါတယ် ။ မျှော်လင့်ရခြင်းအတွက် နောက်ခံအကြောင်းအချက် ဆင်ခြေ အကြောင်းပြချက် တစ်ခုခု ရှိနေပါတယ် ..
..
(2) hope ရဲ့ မျှော်လင့်သည် ..ကတော့ ခံစားမှုသဘော ၊ (တကယ်ဖြစ်နိုင်တဲ့အရာကို) ဖြစ်စေချင်သည် ..ဆိုတဲ့ သဘောဖြစ်ပါတယ်
If I expect something to happen, I have a good reason to think it will in fact happen.
Hoping is more emotional. If I hope for something to happen, I would like it to happen, but I do not know whether it will.
..
Compare: နှိင်းယှဉ်ကြည့်ပါ
..
- I ’m EXPECTING John to phone at three o ’clock. - I HOPE he’s got some good news.
သုံးနာရီမှာ ဂျွန်ဖုန်းဆက်မှာကို မျှော်နေပါတယ် ။ သူ့မှာ သတင်းကောင်း တချို့ ရှိပြီလို့ ထင်ပါတယ်
( သုံးနာရီမှာ ဖုန်းဆက်မယ်ဆိုတာ သိပြီးဖြစ်လို့ မျှော်နေတဲ့သဘောမို့လို့ expect သုံးလိုက်ပါတယ် ၊ သူ့မှာ ပြောပြစရာ သတင်းကောင်း ရှိပြီးဖြစ်စေချင်လို့ hope ကို သုံးလိုက်ပါတယ်)
..
- Lucy’s EXPECTING a baby . smile emoticon She's pregnant.) She’s HOPING it will be a girl.
လူစီမှာ ကိုယ်ဝန်ရှိနေပြီ ၊ သူက အဲဒီခလေးကို မိန်းခလေး ဖြစ်စေချင်နေတယ်
(ဗိုက်ကိုကြည့်ပြီးပဲဖြစ်ဖြ စ်
ဆေးစစ်ချက်အရပဲ ဖြစ်ဖြစ် ခလေးရတော့မယ်ဆိုတာ သိနေလို့ expect ကိုသုံးပါတယ် ၊
သူလိုချင်တာ ဖြစ်စေချင်တာက မိန်းခလေးမို့ hope ကိုသုံးပါတယ် ။
ကိုယ်ဝန်ရှိနေပြီဆိုတာကို စကားပရိယာယ်နဲ့ .. is expecting a baby ..လို့
သုံးလေ့ရှိပါတယ် ။ ဒါက common usage ပါ ၊ မှတ်ထားသင့်ပါတယ်)
..
အဖြစ်အပျက်တွေက အကောင်းအဆိုး အမျိုးမျိုးဖြစ်နိုင်လို့ expect ကိုတော့ ကောင်းတဲ့ကိစ္စမှာရော မကောင်းတဲ့ကိစ္စမှာပါ သုံးပါတယ် ၊ hope ကိုတော့ ဖြစ်စေချင်တဲ့ ဆန္ဒတွေအတွက်ပဲ သုံးပါတယ်
One can expect good or bad things, but one only hopes for things that one wants.
..
I EXPECT it will rain at the weekend . But I HOPE it won’t.
သီတင်းပတ်ကုန်ပိတ်ရက်မှာ မိုးရွာမယ်ထင်တယ် ၊ ဒါပေမယ့် ကျနော်ကတော့ မရွာစေချင်ပါဘူး
(မိုးလေ၀သ ခန့်မှန်းချက်လိုမျိုးကို ကြည့်ပြီး ထင်တာ ဒါကြောင့် expect သုံးလိုက်ပါတယ် ၊ သူ့ဆန္ဒအမှန် သူဖြစ်စေချင်တာက မရွာစေချင်ဘူး ဒါကြောင့် hope ကိုသုံးပါတယ် )
..
(3) Look forward (to) ကကျတော့ တစ်ခုခု ဖြစ်လာလျှင် ကောင်းမွန်လာမယ် ..အဲဒါနဲ့ ပတ်သက်ပြီးတော့ ပျော်ရွှင်ကျေနပ်ရမယ် ဖြစ်ဖို့လည်း သေချာတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်လာဖို့ကို စောင့်စားနေတဲ့ သဘောဖြစ်ပါတယ် .. formal သုံးလည်းဖြစ်သလို business မှာဆို အသုံးများပါတယ်
Look forward means ‘think about (something in the future) with pleasure’.
One looks forward to something that is certain to happen, and that one is glad
about.
..
He's LOOKING FORWARD TO his birthday.
သူက သူ့ရဲ့မွေးနေ့(ကျရောက်ဖို့) ကို မျှော်နေတယ်
(မွေးနေ့ကျလျှင် သူပျော်ရမှာမို့လို့ မွေးနေ့ကျဖို့ကိုမျှော်နေတာ )
..
See you on Sunday. _ I LOOK FORWARD TO it.
တနင်္ဂနွေနေ့မှာ တွေ့မယ်နော် ..တွေ့ရဖို့ မျှော်လင့်ပါတယ်
(တွေ့လျှင် ပျော်ရလိမ့်မယ် ဆိုတဲ့သဘောလည်း ပါနေပါတယ်)
...
ကဲ ဒီလောက်ဆို တော်တော်လေး သိသွားပါပြီ ၊ ပြန်သုံးဖို့ အပိုင်းပဲ ကျန်ပါတော့တယ် ။
အင်္ဂလိပ်စာဖြင့် ရှင်းလင်းချက်များ နမူနာဝါကျများအားလုံးဟာ (Oxford Practical English Usage –Michael Swan) မှဖြစ်ပါတယ် ..
..
ရေးသားရန် အကြံပြုသူ Ko Win Ko Win အားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်
.
မေတ္တာဖြင့်
..
ဆင်တူတဲ့ အသုံးလေးတွေမို့ အံဝင်ခွင်ကျ လှလှပပသုံးတတ်စေခြင်းငှာ တင်ဆက်လိုက်ခြင်းပါ ..
..
ပထမဆုံး expect နဲ့ hope ကို ကြည့်ကြပါစို့ ..
..
(1) expect ကို မျှော်လင့်သည် ဆိုတဲ့ အဓိပ္ပါယ်အပြင် မှန်းဆသည် တွေးထင်သည် တွက်သည်.. စတဲ့အဓိပ္ပါယ်တွေလည်းပါနေတယ်
expect ဟာ ဖြစ်ပျက်နေသော အချက်အလက်များကို ထောက်ရှု၍ တွက်ချက်စဉ်းစား၍ မျှော်လင့်တယ် မှန်းဆတယ် ထင်တယ် ..ဆိုတဲ့သဘောဖြစ်ပါတယ် ။ မျှော်လင့်ရခြင်းအတွက် နောက်ခံအကြောင်းအချက် ဆင်ခြေ အကြောင်းပြချက် တစ်ခုခု ရှိနေပါတယ် ..
..
(2) hope ရဲ့ မျှော်လင့်သည် ..ကတော့ ခံစားမှုသဘော ၊ (တကယ်ဖြစ်နိုင်တဲ့အရာကို) ဖြစ်စေချင်သည် ..ဆိုတဲ့ သဘောဖြစ်ပါတယ်
If I expect something to happen, I have a good reason to think it will in fact happen.
Hoping is more emotional. If I hope for something to happen, I would like it to happen, but I do not know whether it will.
..
Compare: နှိင်းယှဉ်ကြည့်ပါ
..
- I ’m EXPECTING John to phone at three o ’clock. - I HOPE he’s got some good news.
သုံးနာရီမှာ ဂျွန်ဖုန်းဆက်မှာကို မျှော်နေပါတယ် ။ သူ့မှာ သတင်းကောင်း တချို့ ရှိပြီလို့ ထင်ပါတယ်
( သုံးနာရီမှာ ဖုန်းဆက်မယ်ဆိုတာ သိပြီးဖြစ်လို့ မျှော်နေတဲ့သဘောမို့လို့ expect သုံးလိုက်ပါတယ် ၊ သူ့မှာ ပြောပြစရာ သတင်းကောင်း ရှိပြီးဖြစ်စေချင်လို့ hope ကို သုံးလိုက်ပါတယ်)
..
- Lucy’s EXPECTING a baby . smile emoticon She's pregnant.) She’s HOPING it will be a girl.
လူစီမှာ ကိုယ်ဝန်ရှိနေပြီ ၊ သူက အဲဒီခလေးကို မိန်းခလေး ဖြစ်စေချင်နေတယ်
(ဗိုက်ကိုကြည့်ပြီးပဲဖြစ်ဖြ
..
အဖြစ်အပျက်တွေက အကောင်းအဆိုး အမျိုးမျိုးဖြစ်နိုင်လို့ expect ကိုတော့ ကောင်းတဲ့ကိစ္စမှာရော မကောင်းတဲ့ကိစ္စမှာပါ သုံးပါတယ် ၊ hope ကိုတော့ ဖြစ်စေချင်တဲ့ ဆန္ဒတွေအတွက်ပဲ သုံးပါတယ်
One can expect good or bad things, but one only hopes for things that one wants.
..
I EXPECT it will rain at the weekend . But I HOPE it won’t.
သီတင်းပတ်ကုန်ပိတ်ရက်မှာ မိုးရွာမယ်ထင်တယ် ၊ ဒါပေမယ့် ကျနော်ကတော့ မရွာစေချင်ပါဘူး
(မိုးလေ၀သ ခန့်မှန်းချက်လိုမျိုးကို ကြည့်ပြီး ထင်တာ ဒါကြောင့် expect သုံးလိုက်ပါတယ် ၊ သူ့ဆန္ဒအမှန် သူဖြစ်စေချင်တာက မရွာစေချင်ဘူး ဒါကြောင့် hope ကိုသုံးပါတယ် )
..
(3) Look forward (to) ကကျတော့ တစ်ခုခု ဖြစ်လာလျှင် ကောင်းမွန်လာမယ် ..အဲဒါနဲ့ ပတ်သက်ပြီးတော့ ပျော်ရွှင်ကျေနပ်ရမယ် ဖြစ်ဖို့လည်း သေချာတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်လာဖို့ကို စောင့်စားနေတဲ့ သဘောဖြစ်ပါတယ် .. formal သုံးလည်းဖြစ်သလို business မှာဆို အသုံးများပါတယ်
Look forward means ‘think about (something in the future) with pleasure’.
One looks forward to something that is certain to happen, and that one is glad
about.
..
He's LOOKING FORWARD TO his birthday.
သူက သူ့ရဲ့မွေးနေ့(ကျရောက်ဖို့)
(မွေးနေ့ကျလျှင် သူပျော်ရမှာမို့လို့ မွေးနေ့ကျဖို့ကိုမျှော်နေတာ
..
See you on Sunday. _ I LOOK FORWARD TO it.
တနင်္ဂနွေနေ့မှာ တွေ့မယ်နော် ..တွေ့ရဖို့ မျှော်လင့်ပါတယ်
(တွေ့လျှင် ပျော်ရလိမ့်မယ် ဆိုတဲ့သဘောလည်း ပါနေပါတယ်)
...
ကဲ ဒီလောက်ဆို တော်တော်လေး သိသွားပါပြီ ၊ ပြန်သုံးဖို့ အပိုင်းပဲ ကျန်ပါတော့တယ် ။
အင်္ဂလိပ်စာဖြင့် ရှင်းလင်းချက်များ နမူနာဝါကျများအားလုံးဟာ (Oxford Practical English Usage –Michael Swan) မှဖြစ်ပါတယ် ..
..
ရေးသားရန် အကြံပြုသူ Ko Win Ko Win အားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်
.
မေတ္တာဖြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။