လင်ကွန်းနှင့်သူ၏တိုင်များ
==============
အမေရိကန်သမ္မတကြီး အေဘရာဟန်လင်ကွန်း ဆိုရင် မသိသူခပ်ရှားရှားပါ…
ကျေးလက်တောသားလေးဘဝကနေ စာတွေကြိုးစားပန်းစားဖတ်ပြီး အခက်ခဲပေါင်းများစွာ ဖြတ်ကျော်ကာ သမ္မတဖြစ်လာခဲ့သူပါ ။
သူ့ရဲ့အရည်အချင်းတွေ ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်ချက်တွေလည်း ကြားဖူးနားဝရှိကြမှာပါ။ ခု ကျနော်ပြောပြချင်တာလေးက လူသိနည်းတဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ ကျနော်တို့ ရွှေတွေအတုယူသင့်တာလေးမို့ပါ ။
လင်ကွန်းဟာ ငယ်စဉ်က တောမှာကြီးခဲ့ရတယ်။ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးခြံတွေ ကို ခြံဝန်းခတ်တဲ့ လက်သမားအလုပ်လုပ်ခဲ့ရဖူးတယ် ။
နောက်ပိုင်း သူရွေးကောက်ပွဲဝင်ပြိုင်တဲ့ အချိန်မှာတော့ သူ့ငယ်ဘဝအကြောင်းသိတဲ့ပြိုင်ဘက်တစ်ဦးက လင်ကွန်းရဲ့ငယ်ကျိုးငယ်နာဖော်ထုတ် အပုတ်ချပါတယ်။ လင်ကွန်းဟာ တောသား ခြံဝန်းခတ်တဲ့လက်သမားသာဖြစ် ကြောင်း သမ္မတရာထူးနဲ့မထိုက်ကြောင်း လူအများအလယ်မှာပြောတယ်။
ဒီလိုအချိန်မှာ ကျနော်တို့ခင်များတို့ ဆိုဘယ်လိုတုန့်ပြန်မလဲ ။ ရှက်ရွံ့ပြီးခေါင်းငုံ့သွား မလား … ရှုးရှုးရှားရှားဒေါသပုန်ထသွားမလား…
ဒါပေမယ့် သမ္မတလောင်းဖြစ်တဲ့လင်ကွန်း ကတော့ အဲ့ဒီလိုပြောလာတဲ့သူကို ပြန်မေးလိုက်တယ်။
" ကျုပ်စိုက်ခဲ့တဲ့ ခြံဝန်းတိုင်တွေ ခုထိခိုင်တုန်းပဲ မဟုတ်လား…? "
ဒါပဲ … ဘယ်အသိုင်းဝိုင်းကဆင်းသက်လာ တယ်ဆိုတာအဓိကမကျဘူး... အလုပ်ကိုဘယ်လိုစေ့စပ်သေချာေ အာင်လုပ်တတ်တယ်ဆိုတာက ပိုအရေးကြီးတယ်ဆိုတာကို တစ်ခွန်းတည်းနဲ့ချေပလိုက်တာ ။
ကျနော်တို့တွေရော လောကအတွက် ဘာတွေတီထွင်ဖန်တီးနိုင်ပြီလဲ… ပညာနည်းလို့ ဘာမှ မတီထွင်တတ်တောင်မှ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် ကာလဘယ်လောက်ကြာ အာမခံနိုင်သလဲ…
မြန်မာဖြစ်စစ်စစ်ဖြစ်တဲ့ လွယ်အိပ်ကလေးတောင် မလွယ်ရသေးခင် ချုပ်ရိုးပြန်လိုက်နေရတာမဟု တ်လား…
ဆိုတော့… မင်းကအမေကျော်ဒွေးတော်လွမ်း နေတယ်မထင်ပါနဲ့ဦး
အမေ့ကိုဒွေးတော်လိုဖြစ်စေချ င်ရုံသက်သက်ပါ……
ဦးသုည
Credit; For the soul
==============
အမေရိကန်သမ္မတကြီး အေဘရာဟန်လင်ကွန်း ဆိုရင် မသိသူခပ်ရှားရှားပါ…
ကျေးလက်တောသားလေးဘဝကနေ စာတွေကြိုးစားပန်းစားဖတ်ပြီ
သူ့ရဲ့အရည်အချင်းတွေ ကြိုးစားအားထုတ်မှုတွေ လုပ်ဆောင်ချက်တွေလည်း ကြားဖူးနားဝရှိကြမှာပါ။ ခု ကျနော်ပြောပြချင်တာလေးက လူသိနည်းတဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ ကျနော်တို့ ရွှေတွေအတုယူသင့်တာလေးမို့ပါ
လင်ကွန်းဟာ ငယ်စဉ်က တောမှာကြီးခဲ့ရတယ်။ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးခြံတွေ
နောက်ပိုင်း သူရွေးကောက်ပွဲဝင်ပြိုင်တဲ့
ဒီလိုအချိန်မှာ ကျနော်တို့ခင်များတို့ ဆိုဘယ်လိုတုန့်ပြန်မလဲ ။ ရှက်ရွံ့ပြီးခေါင်းငုံ့သွား
ဒါပေမယ့် သမ္မတလောင်းဖြစ်တဲ့လင်ကွန်း ကတော့ အဲ့ဒီလိုပြောလာတဲ့သူကို ပြန်မေးလိုက်တယ်။
" ကျုပ်စိုက်ခဲ့တဲ့ ခြံဝန်းတိုင်တွေ ခုထိခိုင်တုန်းပဲ မဟုတ်လား…? "
ဒါပဲ … ဘယ်အသိုင်းဝိုင်းကဆင်းသက်လာ
ကျနော်တို့တွေရော လောကအတွက် ဘာတွေတီထွင်ဖန်တီးနိုင်ပြီလ
မြန်မာဖြစ်စစ်စစ်ဖြစ်တဲ့ လွယ်အိပ်ကလေးတောင် မလွယ်ရသေးခင် ချုပ်ရိုးပြန်လိုက်နေရတာမဟု
ဆိုတော့… မင်းကအမေကျော်ဒွေးတော်လွမ်း
အမေ့ကိုဒွေးတော်လိုဖြစ်စေချ
ဦးသုည
Credit; For the soul
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။