ကျန်းမာရေးနှင့်ညီညွတ်စေမည့်  ငပိရည်ဖျော်နည်း
ငပိရည်နှင့်တို့စရာပါလျှင် တော်ရုံဟင်းမကောင်းပေမယ့် ထမင်းစားမြိန်တတ်ကြတာ မြန်မာတို့ရဲ့ အစဉ်အလာတစ်ခုပါ။
ငပိရည်စားပြီးရင်လည်း သွေးတိုး၊ ခေါင်းကိုက်၊ ၀က်ခြံပေါက် စတဲ့အန္တရာယ်တွေမဖြစ်အောင် ကျန်းမာရေးနှင့်ညီညွတ်စေမည့်  ငပိရည်ဖျော်နည်းလေးကို လူမင်းသား(မြန်မာလက်ရာဒံပေါ က်) မှ မျှဝေပေးလိုက်ပါတယ်။
(၁) ငပိရည်ကျိုလျှင် နနွင်းမှုန့်ထည့်၍ ကျိုပါ။
(၂) နနွင်းမှုန့်ကြောင့် ငပိရည်ဟာ အနံ့ပိုမိုမွှေးကြိုင်လာသည့် အပြင် အရောင်လည်း ပိုမိုလှပါလာမယ်။ အညီအဟောက်များလည်း
ပျောက်သွားပါမယ်။
(၃) ပွတ်ပွတ်ဆူလာလျှင် အောက်ချပြီး ကြက်သွန်ဖြူကို ထောင်း၍ ထည့်ပါ။
(၄) အစပ်ကြိုက်လျှင် ဗိုက်မနာအောင် ငရုသီးစိမ်းကို မီးဖုတ်၍ သို့မဟုတ် လှော်ပြီးမှ အနည်းငယ် ထုထောင်း၍ ထည့်ပါ။
(၅) ငရုသီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကြောင့် ငပိရည်ဟာ အနံ့ရော အရသာပါ ပိုမိုထူးကဲလာပါမယ်။ အန္တရာယ်လည်း ကင်းစေပါတယ်။
(၆) ငရုတ်သီးအကျက်မှုန့် ထည့်လိုသူများ ထည့်နိုင်ပါတယ်။
(၇) အချိုမှုန့်အစား ပုဇွန်ခြောက်မှုန့်ကိုသာ ထည့်ပါ။ ကြက်သားမှုန့်၊ ဟင်းခတ်မှုန့်များ ဘာမှ မထည့်ပါနဲ့။
(၈) ခပ်ပျစ်ပျစ်လေးနဲ့ အရသာပိုကောင်းစေချင်ရင်တော့ ငါးကြင်း၊ ငါးကျီး၊ ငါးမြစ်ချင်း စတဲ့ငါးအသားအနည်းငယ်ကို အရိုးမပါအောင်နွှာပြီး ထည့်ပါ။
(၉) ပိုပြီးပြည့်စုံသွားအောင် စားခါနီးပန်ထဲထည့်ပြီးရင် သံပုရာစိတ်လေး ညှစ်ထည့်လိုက်ပါဦး။ သံပုရာဓါတ်က သွေးတိုး၊ ခေါင်းမူး စတာတွေကို ပြေပျောက်စေပါတယ်။
(၁၀) တို့စရာများကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် အစိမ်းလိုက်မစားပဲ ရေနွေးအရင်ဖျော်ပြီးမှ စားသင့်ပါတယ်။
မန်ကျီးသီးရည်နဲ့ ပြုတ်ထားတဲ့ ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ ဗူးသီး၊ ခရမ်းကျွတ်သီး၊ ရှောက်ရွက်၊ ပူစီနံ၊ သရက်သီး စသည်တို့နဲ့ ပိုမိုလိုက်ဖက်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးလို့ရအောင် သဘာဝငပိရည်လုပ်နည်း၊ ကိုယ်တိုင်လုပ် ငပိရည်လုပ်နည်းကိုလည်း မကြာခင် ရေးတင်ပေးပါဦးမယ်။ ဒီနည်းကတော့ ဆရာမပေါက်ပေါက်ရဲ့ ငပိရည်ဖျော်နည်းထဲကပါ။
ဖတ်ရှုသူများအားလုံးကို လူမင်းသား(မြန်မာလက်ရာဒံပေါ က်) မှ ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီး စောင့်မျှော် ဖတ်ရှုပေးကြပါဦေးနာ်။
Royal Sai
လူမင်းသား - မြန်မာလက်ရာဒံပေါက်
အမှတ်(4-C) မြင်သာ ၁၁ လမ်းနှင့်
သံသုမာလမ်းဒေါင့်
၁၄ ရပ်ကွက် တ/ဥက္ကလာပ။
ဖုန်း - 09256142929, 09780978070
(Max ဆီဆိုင်အရှေ့တည့်တည့်)
ငပိရည်နှင့်တို့စရာပါလျှင် တော်ရုံဟင်းမကောင်းပေမယ့် ထမင်းစားမြိန်တတ်ကြတာ မြန်မာတို့ရဲ့ အစဉ်အလာတစ်ခုပါ။
ငပိရည်စားပြီးရင်လည်း သွေးတိုး၊ ခေါင်းကိုက်၊ ၀က်ခြံပေါက် စတဲ့အန္တရာယ်တွေမဖြစ်အောင် ကျန်းမာရေးနှင့်ညီညွတ်စေမည်
(၁) ငပိရည်ကျိုလျှင် နနွင်းမှုန့်ထည့်၍ ကျိုပါ။
(၂) နနွင်းမှုန့်ကြောင့် ငပိရည်ဟာ အနံ့ပိုမိုမွှေးကြိုင်လာသည့်
ပျောက်သွားပါမယ်။
(၃) ပွတ်ပွတ်ဆူလာလျှင် အောက်ချပြီး ကြက်သွန်ဖြူကို ထောင်း၍ ထည့်ပါ။
(၄) အစပ်ကြိုက်လျှင် ဗိုက်မနာအောင် ငရုသီးစိမ်းကို မီးဖုတ်၍ သို့မဟုတ် လှော်ပြီးမှ အနည်းငယ် ထုထောင်း၍ ထည့်ပါ။
(၅) ငရုသီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကြောင့် ငပိရည်ဟာ အနံ့ရော အရသာပါ ပိုမိုထူးကဲလာပါမယ်။ အန္တရာယ်လည်း ကင်းစေပါတယ်။
(၆) ငရုတ်သီးအကျက်မှုန့် ထည့်လိုသူများ ထည့်နိုင်ပါတယ်။
(၇) အချိုမှုန့်အစား ပုဇွန်ခြောက်မှုန့်ကိုသာ ထည့်ပါ။ ကြက်သားမှုန့်၊ ဟင်းခတ်မှုန့်များ ဘာမှ မထည့်ပါနဲ့။
(၈) ခပ်ပျစ်ပျစ်လေးနဲ့ အရသာပိုကောင်းစေချင်ရင်တော့
(၉) ပိုပြီးပြည့်စုံသွားအောင် စားခါနီးပန်ထဲထည့်ပြီးရင် သံပုရာစိတ်လေး ညှစ်ထည့်လိုက်ပါဦး။ သံပုရာဓါတ်က သွေးတိုး၊ ခေါင်းမူး စတာတွေကို ပြေပျောက်စေပါတယ်။
(၁၀) တို့စရာများကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် အစိမ်းလိုက်မစားပဲ ရေနွေးအရင်ဖျော်ပြီးမှ စားသင့်ပါတယ်။
မန်ကျီးသီးရည်နဲ့ ပြုတ်ထားတဲ့ ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ ဗူးသီး၊ ခရမ်းကျွတ်သီး၊ ရှောက်ရွက်၊ ပူစီနံ၊ သရက်သီး စသည်တို့နဲ့ ပိုမိုလိုက်ဖက်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးလို့ရအောင် သဘာဝငပိရည်လုပ်နည်း၊ ကိုယ်တိုင်လုပ် ငပိရည်လုပ်နည်းကိုလည်း မကြာခင် ရေးတင်ပေးပါဦးမယ်။ ဒီနည်းကတော့ ဆရာမပေါက်ပေါက်ရဲ့ ငပိရည်ဖျော်နည်းထဲကပါ။
ဖတ်ရှုသူများအားလုံးကို လူမင်းသား(မြန်မာလက်ရာဒံပေါ
Royal Sai
လူမင်းသား - မြန်မာလက်ရာဒံပေါက်
အမှတ်(4-C) မြင်သာ ၁၁ လမ်းနှင့်
သံသုမာလမ်းဒေါင့်
၁၄ ရပ်ကွက် တ/ဥက္ကလာပ။
ဖုန်း - 09256142929, 09780978070
(Max ဆီဆိုင်အရှေ့တည့်တည့်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။