အတွေ့ အကြုံ မျှဝေခြင်း
.
ကားပြင်ရင်း ရတဲ့ အတွေ့အကြုံလေး တစ်ခု
xxxxxxxxxxxxxxxxxxxxxxxxxxxx
ကား စက်နိုးလိုက်တော့ Dashboard မှာ ပြတဲ့
ABS မီးလေးက
ငြိမ်းမသွားပဲ လင်းနေပါတယ် ...
ABS ဆိုတာလေး Google မှာ မွှေနှောက် ရှာဖွေလိုက်တော့
Anti-lock Braking System ဖြစ်ပြီး
ကားမောင်းနေချိန် ဘီး (၄)ဘီး ရဲ့ Speed ကို
Sensor ကနေ အာရုံခံပြီး
ECU ကို အဆက်မပြတ် ပေးပို့ကာ
Brake နင်းလိုက်တာနဲ့
ဘီး တွေကို ညှစ်ပြီး ဖမ်းမယ့်အားကို
လိုသလို တွက်ချက်ထုတ်ပေးတာ ဖြစ်လို့
Brake အုပ်ချိန် ကားလည်ထွက်သွားတာ
တစ်ဖက်ဆွဲသွားတာ
ဘီးက မလည်တော့ပဲ တရွတ်တိုက်ပါသွားတာတွေ
မရှိအောင် Control လုက်ပေးကြောင်း ......
Dashboard မှ Error မီး လင်းလာပါက
Brake ဆီ စစ်ရန်
Brake Shoe များ ပါးနေပါက လဲရန်
Fuse Box or ABS Relay Box များထဲမှ
Fuse ပြတ် မပြတ် စစ်ရန်
Relay များ စစ်ရန်
ဘီး အတွင်းပိုင်း မှာ တတ်ထားတဲ့ Speed Sensor များ စစ်ရန်
လို့ ဖတ်လိုက်ရပါတယ်...
ကား စက်ဖုန်းကို ဖွင့်ပြီး
Brake ဆီ ကြည့်လိုက်တော့ မလျော့ ...
Brake Shoe တွေ ပါးလာရင်လဲ Brake ဆီက လျော့ တတ်ပါတယ် ...
ရှေ့ဘီး (၂) ခုက Brake Shoe တွေကို ဖြုတ်စရာ မလိုပဲ
မျက်စီနဲ့ ကြည့်ရုံနဲ့ မြင်နေရလို့
စစ်လိုက်တော့ ပါးနေတာနဲ့
လဲဖို့ အသစ် (၁)စုံ ၀ယ် လိုက်ပါတယ် ...
ABS Fuse တွေ စစ်ကြည့်တော့လဲ မပြတ်ပဲ ကောင်းနေတာ
တွေ့ရပါတယ် ....
Car Workshop ကို မောင်းလာချိန် မှာ
ABS မီးက တစ်ချက် တစ်ချက် ပျောက်သွားပေမယ့်
ပြန်လင်း လာပါတယ် ....
ဘရိတ် နင်း ရင်လဲ မိပေမယ့်
အရင်ကလောက် မိအား မကောင်းပဲ
နည်းနည်း အားစိုက်နင်းမှ
မိတာကို သတိထား မိပါတယ် ....
Car Workshop ရောက်တော့
ရှေ့ဘီးက Shoe ခြမ်းတွေ လဲပြီး
စက်နိုး စမ်းကြည့် မောင်းကြည့်တော့လဲ
ABS မီးက ပျောက်မသွားပါဘူး...
" ABS အဆံ လေး တိုနေရင်လဲ
လင်းတယ် ... အသစ်လဲ မှ ရမယ်...
ကားကို ခုံ ပေါ်တင်ပေးပါ " လို့ ပြောလို့
တင်ပေးပြီး ကိုပါ လိုက်ဆင်းသွားပါတယ် ...
ကားဘီး အတွင်းပိုင်းက တတ်ထားတာလေးကို ဖြုတ်ပြီး
ကျနော့ကို ပြပါတယ် ....
" တွေ့လား အစ်ကို ဒီထိပ်မှာ အဆံလေး ပါတယ်
တိုနေပီ လဲမှ ရမယ် ..."
" မဖြစ်နိုင်ဘူး ဒါက Sensor ပဲ
ကျိုးနေတဲ့ ပုံစံလဲ မရှိဘူး
သန့်ရှင်းရေးလုပ်ပြီး ပြန်တတ်ပေးပါ " လို့ ပြောလိုက်တော့ ...
" ကော်ပတ် ယူခဲ့ဟေ့ " လို့ လှမ်းအော်လိုက်တော့...
" ဘာ လုပ် မလို့လဲ အစ်ကို"
" ဒီထိပ်လေး ကော်ပတ်နဲ့ စားပြီး ပြန်တတ်ပေးမယ်
တစ်ခါ တစ်လေ ပြန်ကောင်းတတ်တယ် ..." တဲ့..
" ရတယ် ရတယ် အဝတ်နဲ့ ပွတ် သန့်ရှင်းပြီး
ပြန်တတ်ပေးပါ" လို့ ပြောပြီး
သန့်ရှင်းရေး လုပ်တာ
Speed Sensor ပြန်တတ်တာပြီးတဲ့အထိ စောင့်ပြီး
စက်နိုးကြည့်တော့လဲ ABS မီးက မပျောက် ... frown emoticon
"ဝါရာရိန်း ကြောင့် ဖြစ်မယ်...
ဝါရာရိန်း ဆရာ ခေါ်ပေးမယ်" တဲု့ ...
ရောက်လာတော့
" အဲဒါ Auto Break မီးကွ
ဒီကားတွေက မြင့်တယ်
မင်းတို့ စစ်ရင် (၄) ဘီးလုံး စစ်ရတယ် ...
မင်းတို့က ရှေ့ပဲ စစ်တာကိုး" တဲ့ smile emoticon
(( Anti နဲ့ Auto အမှတ်မှားနေပုံ ရပါတယ်...))
ကားနောက်ပိုင်း အောက်ကို ဝင်သွားပြီး
" ဒီမှာ ဒါလေး ဖြုတ်စစ်ရတယ်ကွ" လို့
ဝပ်ရှော့ က သူကို ပြောပါတယ် ...
Dashboard ကို ကြည့်လိုက်တော့
Hand Break မီး လင်းလာလို့
" ဟေ့ ဟေ့ မဆိုင်ဘူး
အဲဒါ ပြန်တတ်ပေး" လို့ ပြောလိုက်မှ
တတ်ပေးလို့
Hand Brake မီး အနီလေး ပျောက်သွားပါတယ် ...
" Fuse တွေတော့ မပြတ်ဘူး ကျနော် ကြည့်ပြီးပြီ
Sensor တွေ အလုပ် လုပ်မလုပ် ဝါရာလိုင်း စစ်ကြည့်ပေးပါ ... "
ပြောလိုက်တော့...
ဝါရာရိန်း သမား ကြည့်ရတာ အခြေအနေ မဟန် ...
ဒါနဲ့ "ကွန်ပျူတာနဲ့ စစ်တာရှိလား" လို့ မေးလိုက်တော့
ရှိတယ်ဆိုတာနဲ့
အဲဒိဆိုင်ကို ကားမောင်းသွားပြီး
OBD Test လုပ်လိုက်တော့
Front Left Hand Side (ရှေ့ဘယ်ဘက်က)
Speed Sensor အလုပ် မလုပ်ကြောင်း
အဖြေပေါ်လာပါတယ် ...
ပိုပြီး သေချာအောင် ကားမောင်းရင်း
Driving အချိန်မှာ Data Monitoring လုပ်ကြည့်တော့
LH Sensor ရဲ့ Signal က "0" ပြနေပါတယ်....
Fault တွေ့ပြီ ဖြစ်လို့
Sensor ဖြုတ်ပြီး မစစ်ခင်
ရွှံ့ကာခွာပြီး Sensor ကြိုးကို စစ်ကြည့်လိုက်တော့
Socket နေရာမှာ ဝါယာကြိုး ပြတ်နေတာ တွေ့လိုက်ရပါတယ် ....
ကြိုးကို သေချာအောင် ပြန်ဆက်
Socket မှာ ပြန်တတ်
စက်နိုးကြည့်တော့ ABS မီး လင်းနေသေးပေမယ့်
ကားစ မောင်းလိုက်တာနဲ့
Speed Signal အမှန်ရပြီး
လင်းနေတာ ပျောက်သွားပါကြောင်းနဲ့
Brake ဖမ်းရတာလဲ ပိုကောင်းသွားပါတယ်...
Brake Shoe (၂) စုံက (၉၀၀၀) ကျပ်
တတ်ခ က (၃၀၀၀) ကျပ်
OBD Test က (၂၀၀၀၀) ကျပ်
ဝါယာကြိုး နဲ့ Socket ပြင်ခ (၅၀၀၀)ကျပ်
ပေါင်း (၃၇၀၀၀) ကျပ်သာကျပြီး
ပြန်ကောင်းသွားသလို
မလိုအပ်ပဲ ဆုံးရှုံးကောင်းကျမှုတွေ မရှိတော့ပါဘူး ...
စာဖတ်ရတာ ရှည်ပေမယ့်လဲ ....
Model မြင့် ကားတွေ များလာပြီး
လက်တင် မောင်းနေကြချိန်
ကားဝပ်ရှော့တွေသာ များလာပြီး စနစ်တကျ ပြုပြင်ပေးနိုင်တဲ့ဆိုင်တွေ
နည်းပါး နေချိန်မှာ
မိတ်ဆွေများ စီးနေတဲ့ ကား
ဒါမှမဟုတ် မိသားစု သူငယ်ချင်းများရဲ့ ကားမှာ
ABS မီးလင်းပြီး Error ပြလို့ စစ်ဆေးပြုပြင်တာမျိုးကြုံရပါက
ဆုံးရှုံးမှု နည်းပါးပြီး ပြုပြင်နိုင်ရေး
ကျွန်တော့ရဲ့ အတွေ့အကြုံလေးအား
မျှဝေတင်ပြ အပ်ပါတယ်.... smile emoticon smile emoticon
လေးစားစွာဖြင့်
ထွန်းဝဏ္ဏ
(၁၁.၅.၂၀၁၆)
.
Credit - U Htun Wunna

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။