Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 6, 2016

ဦးနေမျိုးဝေ၏ အစ်မအရင်းဖြစ်သူ ဒေါ်စန္ဒာဦးနှင့် တွေ့ဆုံခြင်း

“ကျွန်မက ရှေ့နေပါရှင့်။ ကျွန်မကိုယ်တိုင် ရှေ့နေလိုက်မှာပါ”
--------------------------------------

ဦးနေမျိုးဝေ၏ အစ်မအရင်းဖြစ်သူ ဒေါ်စန္ဒာဦးနှင့် တွေ့ဆုံခြင်း

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို မေလ ၄ ရက်နေ့က အမြန်လမ်း ၂၃ မိုင်တွင် ဖမ်းဆီး၍ ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းကို ရှေ့နေလုပ်သက် ၂၇ နှစ် ရှိပြီ ဖြစ်သော ဦးနေမျိုးဝေ၏ အစ်မအရင်းဖြစ်သူ ရှေ့နေဒေါ်စန္ဒာဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voiceး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓာတ်ပုံတွေကို ညစ်ညမ်းပုံတွေအဖြစ် အသုံးပြုပြီးတော့ အပုပ်ချတယ်ဆိုတဲ့ Nay Myo Wai ဆိုတဲ့ Facebook Account က ဦးနေမျိုးဝေသုံးတဲ့ အကောင့်အစစ်အမှန် ဟုတ်ပါသလား။

DSDOး မဟုတ်ဘူးရှင့်။ အဲဒီဝေယံအောင်ဆိုတဲ့သူက အဲဒီတစ်ယောက်က ကျွန်မမောင်သုံးတဲ့ Page မှာ ဘယ်တော့မှ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ ဘယ်သူမှ ညစ်ညစ်ညမ်းညမ်း ပြောခဲ့တာ မရှိဘူး။ အဲဒီဝေယံအောင်ဆိုတဲ့လူက တရားစွဲဖို့အတွက်ကို အကောင့်ကို ဘယ်လိုခေါ်မလဲ ကျွန်မမောင်ရဲ့ Page ကို အတုလုပ်ထားတဲ့ အကောင့်။ အဲဒီမှာ အသိသာကြီးပဲ။ စစ်ဆေးပေးလို့ရှိရင် ပညာရှင်တွေ စစ်ဆေးလို့ရှိရင် ပေါ်မှာပါ။

Voiceး နောက်ထပ်ကတော့ ဦးနေမျိုးဝေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အနေနဲ့ရော၊အစ်မအရင်း တစ်ယောက် အနေနဲ့ရော အခုနောက်ဆုံး အခြေအနေ ဘာတွေလုပ်နေပါသလဲ။

DSDOး ကျွန်မက ကျွန်မမောင်လေးကို စပြီးတော့ ခေါ်သွားတဲ့ အချိန်က စပြီးတော့ ပုသိမ်ကို အရောက်လာခဲ့တယ်။ ပုသိမ်ကို လာခဲ့တယ်ပေါ့နော်။ အခုအချိန်ထိ ကျွန်မ ပုသိမ်မှာ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ ပါတီရဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်တွေကနေ ပြီးတော့မှ စာတမ်းတစ်စောင် ထုတ်တယ်။ ထုတ်ပြန်ကြေညာတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မကို ဖုန်းနဲ့ပြောတယ်။ ဖုန်းနဲ့ပြောတဲ့အခါ ကဲ အဲဒီမှာ ဒုဥက္ကဋ္ဌတွေလည်း ရှိတယ်။ အဆင်ပြေတဲ့ဟာကို အကောင်းဆုံးဖြစ်အောင် လုပ်လို့ ကျွန်မ ပြောတယ်။ ကျွန်မ မောင်အတွက်ပဲ ကျွန်မ သောကရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖမ်းသွားတယ်။ ဖမ်းသွားတဲ့နေရာမှာ အမြန်လမ်း ၂၂ မိုင်နဲ့ ၂၃ မိုင်မှာ ဖမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာ အဲဒါမေးလိုက်တော့ ကန်ကြီးထောင့်ရဲလို့ ပြောလိုက်တယ်။ ကျွန်မတို့ ကန်ကြီးထောင့် ရဲစခန်းကို လိုက်တယ်။ လိုက်တော့ ကန်ကြီးထောင့် ရဲစခန်း ရောက်တော့လည်း မရှိဘူး။ မရှိတော့ ကျွန်မက ကျွန်မမောင်အတွက် သောကတွေ ရောက်နေတာလေ။ ကလေးကို ဘယ်ကိုဖမ်းသွားတာလဲ၊ ဘာညာသောကတွေ ရောက်နေတာလေ။ နောက်ပိုင်းကိစ္စကိုတော့ ကျွန်မသိပ်ပြီးတော့ မသိဘူးရှင့်။

Voiceး ရှေ့နေ ဘယ်သူလိုက်မှာပါလဲ။ ပြီးတော့ ဦးနေမျိုးဝေနဲ့ တွေ့ခွင့်ရပြီလား။

DSDOး ကျွန်မက ရှေ့နေပါရှင့်။ ကျွန်မကိုယ်တိုင် ရှေ့နေလိုက်မှာပါ။ ဟုတ်ကဲ့ တွေ့ခွင့်ရပြီရှင့်။ ညနေက သုံးနာရီလောက်မှာ ကျွန်မ တွေ့ခွင့်ရပါတယ်။ အကျဉ်းထောင်မှာပါရှင့်။ တွေ့တုန်းမှာ အဓိကတော့ ကျွန်မက အဓိက မောင်လေးနေကောင်းအောင်နေ။ သွား။ သူများကျွေးတာတွေလည်း မစားပါဘူး။ သူက အိမ်အစားအစာပဲ စားတာများတယ်။ အဲဒါကြောင့် မောင်လေး နေကောင်းအောင်နေ။ အစားကိုစား။ ကိုယ့်ဘာကိုယ် တရားအားထုတ်။ မင်းအမှန်တိုင်း ဖြစ်ရမယ်။ မင်းဒီကိစ္စ မင်းလုပ်တာလည်း မဟုတ်ဘူး။ တခြားကိစ္စကတော့ သူကပြောပါတယ်။ အစ်မကြီး ငါ့ကိုမပူနဲ့။ ငါ ကျန်းမာရေးလည်း ကောင်းတယ်။ တခြားကိစ္စ ပါတီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့လူတွေနဲ့ စည်းစည်းရုံးရုံးလုပ်ပါ။ ငါ့ကို လုံးဝထည့်မတွက်နဲ့။ ငါက အကောင်းဆုံး ဖြေရှင်းနိုင်တယ်။ ငါ ဒီကိစ္စ ငါလုပ်တာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

Voiceး မေလ ၄ ရက် ရက်စွဲနဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဆိုပြီး နာမည်နဲ့ အချက် ငါးချက်ပါတဲ့ ဦးနေမျိုးဝေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက် တစ်စောင်ကို အွန်လိုင်းမှာ တွေ့ရပါတယ်။ အဲဒါက အစစ်အမှန်ပါလား ခင်ဗျာ။

DSDOး အဲဒါအစစ်အမှန်ပဲရှင့်။ အဲဒါကတော့ ပါတီဗဟိုကော်မတီ အဲဒီမှာ ကျန်တဲ့လူတွေ သဘောထားတွေ အကုန်လုံး ပါပါတယ်။ ကျွန်မကို သူတို့ဖုန်းနဲ့ ပြောပါတယ်။

Voiceး ဆရာမက အစ်မအရင်းလည်း ဖြစ်တယ်။ ပါတီနာမည်က မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ။ အခု ဦးနေမျိုးဝေ အမျိုးသားရေးဆိုပြီး လုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့ ပါတီနာမည်နဲ့ ဦးနေမျိုးဝေ လုပ်နေတာတွေနဲ့ တစ်ထပ်တည်းကျတယ်လို့ ထင်ပါသလား။

DSDOး အဲဒီလို မဟုတ်ဘူးရှင့်။ ပါတီထဲမှာတော့ များသောအားဖြင့် အမျိုးသားရေးကို စိတ်ဝင်စားတဲ့ လူတွေပါပါတယ်။ ကိုနေမျိုးဝေက ပါတီရဲ့ ဆိုက်အောက်မှာ အမျိုးသားရေးကို လုပ်တာမဟုတ်ဘူးရှင့်။ အမျိုးသားရေးကို သူက တစ်နိုင်ငံလုံးနဲ့ အမျိုးသားရေးကို လုပ်တာပါ။

Voiceး အမှုဖွင့်တိုင်ကြားသူတွေက ဦးနေမျိုးဝေကို လူပုဂ္ဂိုလ်အရ မုန်းတီးမှု မရှိဘူး။ နိုင်ငံတော်အတွက် ဆူပူမှုတွေ မဖြစ်အောင် ဆိုပြီးတော့ ဆက်သွယ်ရေး ဥပဒေအရ အမှုဖွင့်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဘာများပြောပါမလဲ။

DSDOး ကျွန်မက သိတာကလေ ဆက်သွယ်ရေးပုဒ်မ ဆိုပြီးတော့ သူတို့က အခုလောလောဆယ်ပေါ့ဗျာ။ ဆက်သွယ်ရေးပုဒ်မနဲ့ အရေးယူဖို့အတွက် ရမန်ယူထားတယ်။ ရမန်ယူထားတယ်။ အဲဒါပဲသိတယ်။ ဒါပေမဲ့ ဘယ်လိုခေါ်မလဲ။ ဒီရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီသံရုံးကို လက်ရှိအစိုးရ အနေနဲ့ပေါ့နော်။ စာထုတ်ပေးဖို့၊ ကန့်ကွက်ပေးဖို့ ဒါမျိုးတွေတော့ တောက်လျှောက်ပြောနေတာတော့ ရှိတယ်ပေါ့။ ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါကိုတော့ ကျွန်မတိတိကျကျ မပြောနိုင်ဘူးနော်။ အခု ကျွန်မ စုံစမ်းသိရှိသလောက်တော့ ၆၆ (ဃ) ကိုလည်း စွဲရသေးတာ မဟုတ်ဘူး။ တရားစွဲရသေးတာ မဟုတ်ဘူး။ ဒါကိုတရားစွဲဖို့ အတွက်ကို ရမန်ယူပြီး စစ်ဆေးတဲ့ အချိန်ပဲ ဖြစ်တယ်။

Voiceး အမှုဖွင့်တိုင်ကြားသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘာများပြောဖို့ ရှိတာလဲ။

DSDOး ကျွန်မက ဦးဝေယံအောင်ဆိုတဲ့ လူတိုင်ထားတဲ့ တိုင်စာနဲ့ ပတ်သက်ပြီးတော့ တွေ့ပြီ။ တွေ့ပြီဆိုတော့ သူတို့ကို ကျွန်မ ပြောစရာ မလိုဘူးလေ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးပြီးတဲ့အခါမှာ မဟုတ်မမှန်ဘူးဆိုလို့ ရှိရင်တော့ ဥပဒေကြောင်း အရပေါ့နော်။ သူလုပ်ရပ်က သူခံရမှာပေါ့ဗျာ။ ဥပဒေကြောင်းအရပဲ။

Voiceး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ ရှိပါသလဲ။

DSDOး ရှေ့ဆက်လုပ်ဖို့ ရှိတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်မက လောလောဆယ် ဒါကိုထုတ်ပြန်ပြီး ပြောလို့မရသေးပါဘူး။

Voiceး ဦးနေမျိုးဝေကို ဖမ်းဆီးခံတာနဲ့ ပတ်သက်ပြီး ဘာထပ်ပြောဖို့ ရှိမလဲ။

DSDOး ဦးနေမျိုးဝေကို ပြောဆိုဝေဖန်နေသူတွေဟာ ဦးနေမျိုးဝေကို မလိုလားတဲ့သူတွေပဲ။ ဒါနဲ့ပတ်သက်ပြီး အစ်မ ဒီနေ့ အစ်မမောင်လေးကို ပြောပါတယ်။ အစ်မတို့ရဲ့ မြတ်စွာဘုရားကိုတောင်မှပဲ အဖျက်တွေ ရှိတယ်လေ။ အဲဒီတော့ကာ ကိုယ့်ရဲ့ရပ်တည်ချက်ဟာ ကိုယ့်တိုင်းရင်းသား ၁၃၅ မျိုးအတွက် ရပ်တည်ချက် မှန်အောင်ပဲ ရပ်တည်။ ဘယ်သူဘာပြောပြော ဂရုစိုက်စရာ မလိုဘူး။ စည်းနဲ့ဘောင်နဲ့ ကိုယ်လုပ်စရာ ရှိတာကို လုပ်ရမယ်လို့ အစ်မ အမြဲတမ်း ပြောပါတယ်။ သူတို့က အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အဲဒါ ကိုနေမျိုးဝေကို မကောင်းပြောလို့ ရှိရင်လည်း လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ ဒါက သူတို့ရဲ့ စိတ်ခံစားချက်ပဲ။ အဲဒီလို မကောင်းပြောနေတဲ့ သူတွေကလည်း ဘာပဲဖြစ်ဖြစ် သူ့ကို ဦးထိပ်ထားနေသလိုပါပဲ။ သူ့ကို စောင့်ကြည့်နေပြီးတော့ ပြောနေတဲ့အတွက်အစ်မက အဲလို အစ်မမောင်လေးကို အမြဲတမ်း ဆုံးမပါတယ်။ အစ်မ စိတ်ထဲမှာလည်း အဲဒီလိုပဲ ထားပါတယ်။

(နေဇာကျော်)

ဆက်စပ်အင်တာဗျူး - မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဦးဝေယံအောင်နှင့် တွေ့ဆုံခြင်း
https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/1144751292211795/?type=3

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။