ဘဝမှာတန်ဖိုးအရှိဆုံးဟာ"အချိန်"ပါ။
လူ့ဘဝကို.အချိန်နဲ့တိုင်းတာ တယ်။.လူ့ဘဝဟာတိုတောင်းတယ်လို့ပြောကြတာ.အချိန်နဲ့တိုင်း တာလို့ပေါ့။
ကမ္ဘာပေါ်မှာ.ဈေးအကြီးဆုံးပစ္စည်းတခုကိုပြောပြပါဆိုရင်.စိန်.ရွှေ.ငွေ.ကျောက်သံပတ္တမြားစတာတွေလေို့ပြောကြပါလိမ့်မ ယ်။.ဒါပေမဲ့.အဲဒီပစ္စည်းတွေကို.ပိုက်ဆံရှိရင်ဝယ်လို့ရပါ တယ်။
လောကကြီးမှာ.ပိုက်ဆံဘယ်လောက်ပဲပေးပေး.ဝယ်လို့မရတာ.အချိ န်ပဲဗျ။.မနေ့က.ကုန်ဆုံးသွား တဲ့အချိန်ကို.ဒေါ်လာတသန်းနဲ့ ဝယ်မယ်ဗျာ။.ရမလား။.မရဘူး။.င ယ်ငယ်က.ပျော်စရာကလေးလေးဘဝတုံးကကုန်ခဲ့တဲ့အချိန်လေးကို. ဒေါ်လာသန်းတထောင်ပေးပြီးဝယ်မ ယ်ဗျာ။.ဝယ်လို့ရမလား။.မရဘူး လေ။
ဒါကြောင့်.ဒီကမ္ဘာလောကကြီးမှာ.အဖိုးတန်ဆုံးအရာဟာ.အချိန် ပဲလို့ပြောရင်.ငြင်းနိုင်မယ်မထင်ပါဘူး။.ဒါဆိုရင်.ကျနော်တို့အလွန်အဖိုးတန်တဲ့အချိန်တွေကို.ဘာကြောင့်ဖြုန်းတီး နေကြတာလဲ။.အချိန်ရဲ့တန်ဖိုး ကို.မသိကြလို့ပေါ့။
အချိန်ဟာ.အဖိုးတန်တယ်ဆိုတာ အခုသိပြီ။.သိရင်.မိနစ်တိုင်း.စက္ကန့်တိုင်းကို.အကျိုးရှိအောင်သုံးကြပါစို့လား။.အချိန်တွေကို.အကျိုးမရှိတဲ့အရာ တွေနဲ့မကုန်ဆုံးအောင်ကြိုးစားကြစို့လား။
လက်ဖက်ရည်ဆိုင်ထိုင်လေပစ်နေ တာ.ဂိမ်းကစားနေတာ.facebookစာမျက်နှာလေးကို.လက်ညိုးလေးနဲ့ဟိုလှန်.ဒီလှန်လုပ်နေတဲ့အ ချိန်လေးတွေကိုပေါင်းကြည့်လိုက်စမ်းပါ။.သင်အံသြသွားလိမ့်မယ်။.တချို့ကလဲ.အခုဆိုရင် .ငါ့ရည်းစားဘာများလုပ်နေပါလိမ့်ဆိုပြီးလွမ်းဆွတ်တမ်းတေ နတတ်တယ်။.သူတမ်းတနေတဲ့အချိန်မှာ.သူ့ရည်းစားက.အချိန်ကို အကျိုးရှိအောင်အသုံးချပြီး. သိုးအောင်အိပ်နေပြီဆိုတာ.သူ ခမျာမသိရှာဘူး။
ကမ္ဘာပေါ်မှာ.ကြီးပွားအောင်မြ င်နေသူတိုင်းဟာ.အဲဒီတန်ဖိုး ရှိတဲ့အချိန်ကို.အကျိုးရှိရှိသုံးခဲ့ကြသူတွေဖြစ်ကြပါတယ်။
သင်.ညအိပ်မပျော်ခင်.နဖူးပေါ် လက်တင်ပြီးစဉ်းစားပါ။.ဒီနေ့ .ငါအချိန်ဘယ်လောက်ဖြုန်းမိခဲ့သလဲ။.အချိန်မဖြုန်းပဲ.ဘာေ တွလုပ်ခဲ့သလဲ။.ငါလုပ်ခဲ့တဲ့ အလုပ်ဟာ.ငါ့အတွက့်.ငါ့မိသား စုအတွက်.အကျိုးရှိရဲ့လား။.ငါ့နိုင်ငံအတွက်ရော.အကျိုးရှိရဲ့လား။.ညတိုင်းအဲဒီလို.တေ န့တာလုပ်ဆောင်ချက်တွေကိုပြန်သုံးသပ်နေမယ်ဆိုရင်.အဖိုးတ န်လှတဲ့အချိန်ကိုအကျိုးရှိရှိသုံးတတ်လာပါလိမ့်မယ်။
လူ့ဘဝဆိုတဲ့ရွှေအိုးကြီးထဲကေ န.အချိန်ဆိုတဲ့ရွှေဒင်္ဂါးတပြားကို.တမိနစ်တိုင်းထုတ်ယူသုံးနေရင်.တချိန်မှာ.အိုးထဲမှာ ရှိသမျှရွှေဒင်္ဂါးတွေကုန်သွား လိမ့်မယ်။.ကုန်သွားတာကို.ထပ်ဖြည့်လို့မရဘူးလေ။.ထုတ်သုံးလိုက်တဲ့ရွှေဒင်္ဂါးနဲ့.အကျိုးရှိတာလေးတွေဝယ်မထားခဲ့ဘူးဆိုရင်.အိုးထဲမှာလဲပြောင်ရော .လူဘဝကြီးမှာနေခဲ့ရတဲ့ကာလလေးဟာလဲ.အဓိပ္ပါယ်မဲ့ဗလာနထ္တိဖြ စ်ကျန်ခဲ့မှာပဲ။
ငယ်ငယ်ကမိဘတွေပညာသင်ပေးခဲ့ရ က်သားနဲ့.ငါပညာမသင်ခဲ့လို့. အခုငါ့သူငယ်ချင်းလက်အောက်မှာအောက်ကျခံလုပ်နေရတယ်ဆိုတဲ့ လူငယ်တယောက်ရဲ့စိတ်ပျက်အားင ယ်စကား။.ငါလုပ်နိုင်ကိုင်နိုင်တုံးက.ကြိုးစားပြီးစီးပွားမရှာခဲ့လို့.အခုငါ့သားသမီးတွေကို.လူတန်းစေ့မထားနိုင် ဘူးဆိုတဲ့အဖေတယောက်ရဲ့ဝမ်းနဲယူကျုံးမရပြောတဲ့စကား။.ငါ တရားအားထုတ်ဖို့အချိန်ရပေမဲ့ .အပျော်အပါးတွေနောက်လိုက်ေ နခဲ့တာမှားပြီဆိုတဲ့သေခါနီး လူကြီးတယောက်ရဲ့စိတ်ထိခိုက် ပြောစကား။.ဒါတွေအားလုံးဟာ.တ န်ဖိုးရှိတဲ့အချိန်တွေဖြုန်းတီးခဲ့တဲ့လူတွေရဲ့နှောင်းမှရတဲ့နောင်တစကားတွေပါ။.နောင်တရနေလဲနောက်ကျသွားပြီ။.ကုန်ဆုံးသွားတဲ့အချိန်ကိုပြန်မ ရနိုင်တော့ဘူး။
အချိန်နှောင်းမှ.နောင်တရငို ကြွေးနေရမဲ့လူတွေထဲမှာ.သင်မ ပါပါစေနဲ့။
ရေးသားသူ.ဗန်းမော်သိန်းဖေ
လူ့ဘဝကို.အချိန်နဲ့တိုင်းတာ
ကမ္ဘာပေါ်မှာ.ဈေးအကြီးဆုံးပစ
လောကကြီးမှာ.ပိုက်ဆံဘယ်လောက
ဒါကြောင့်.ဒီကမ္ဘာလောကကြီးမှ
အချိန်ဟာ.အဖိုးတန်တယ်ဆိုတာ
လက်ဖက်ရည်ဆိုင်ထိုင်လေပစ်နေ
ကမ္ဘာပေါ်မှာ.ကြီးပွားအောင်မြ
သင်.ညအိပ်မပျော်ခင်.နဖူးပေါ်
လူ့ဘဝဆိုတဲ့ရွှေအိုးကြီးထဲကေ
ငယ်ငယ်ကမိဘတွေပညာသင်ပေးခဲ့ရ
အချိန်နှောင်းမှ.နောင်တရငို
ရေးသားသူ.ဗန်းမော်သိန်းဖေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။